Knowledge

ပရဟိတမင္းသားႀကီး ဉီးေက်ာ္သူရဲ႕ ေနာက္ဆုံး အမွာစကားမ်ား…..

ပရဟိတမင်းသားကြီး ဉီးကျော်သူရဲ့ နောက်ဆုံး အမှာစကားများ…

ငါသေဆုံးသွားတဲ့အခါ နေ့မကူးဘဲ…သဂြိုဟ်ပေးပါ သုံးရက် ငါးရက်အယူမသည်းပါနဲ့..။

သေပြီးငါ့အား ဓာတ်ပုံထောင်၍ နံနက် ညနေစားစရာတွေ မကျွေးပါနဲ့။

ငါ့အားကျွေးမည့် စားကောင်း သောက်ဖွယ်များအား ဆာလောင်မွတ်သိပ်နေသူများကို ကျွေးပေးပါ။

အသက်မရှိတော့တဲ့ ငါ့ခန္ဓာအား ရေချိုးအလှပြင်ဖို့ မလုပ်ပါနဲ့ ကမ္ဘာမှာ ရေချိုတွေရှားနေတာ သတိရပါ။

မသာကောင်ကို အလှဆင်ဖို့ ငွေကုန်ခံပြီး ပန်းတွေ မဝယ်ပါနဲ့ ဘုရားကိုလှုလိုက်ခြင်းက သင်တို့အတွက် ပိုမြတ်ပါတယ်။

ငါ့ခန္ဓာအား အရှက်လုံလောက်သော အဝတ်အဟောင်းသာ ဝတ်ပေးလိုက်ပါ။

ပြာကျမည့်အစား ချို့တဲ့သူအတွက် လုံခြုံအောင် လှုလိုက်ပါ။

ငါ့ခြေထောက်မှာ မွေးကတည်းက ဖိနပ်မပါလာ၍ ဖိနပ်ထည့်ပေးရန် မလိုပါ။

ပြာကျမည့် ဖိနပ်တစ်ရံအား ဖိနပ်မရှိသူကို လှုလိုက်ပါ။

ရေအိုးခွဲမည့် လွဲမှားသော အယူများနဲ့ ငါ့အား လမ်းမခွဲလိုက်ပါနဲ့…။

အိုးမခွဲလဲ ငါဖက်တွယ်မထားပါဘူး ကိုယ့်လမ်းကိုယ် ဆက်လျှောက်မှာပါ။

ကူးတို့ခလည်း ထည့်ပေးစရာမလိုပါ လိုအပ်တဲ့နေရာ လှုလိုက်ပါ။

ငါ့မှာကူးတို့ခအဖြစ် ကုသိုလ် အကုသိုလ် အထုတ်ယူသွားမှာပါ။

ဝမ်းနည်းခြင်း ပန်းခြင်းများအစား ငါ့အားကြည့်၍ သံဝေဂယူပါ ခန်းမအလယ်၌ ငါ့အားပြင်ပြီး လူမြင်ကောင်းအောင် မငိုကြပါနဲ့။

ခန်းမငှားခအား ဘိုးဘွားရိပ်သာကို လှူလိုက်ပါ။

သေပြီးခန္ဓာ ငါ့မသာအား အခေါင်းလှလှ ထဲ့ဖို့အကြံဉာဏ် မပေးပါနဲ့။

ခေါင်းပျဉ်ပြာကျ ဆုံးရှုံးရမဲ့အစား အခင်းအကာမဲ့သူတွေ အများကြီးကို မြင်တတ် စာနာတတ်ပါစေ။

ငါ့ဝိညာဉ်အား ပုတ်ကာခေါ်၍ သင်တို့အိမ်ကို ခေါ်ဆောင်ခြင်းအမှု အယူလွဲစွာမပြုပါနှင့်…။

ငါသင်တို့နှင့် အပြီးတိုင် လမ်းခွဲသွားသူပါ။

ငါ့ခန္ဓာကိုယ်ကို မြေ၌ရှိသော ဆာလောင်မွတ်သိပ် သတ္တဝါတို့အား ငါ့အသွေးသား စားသောက်စေရန် မီးသဂြိုဟ်ခြင်း ပြုမည့်အစား မြေ၌မြုပ်နှံပေးကျပါ။

ငါ့အားမြုပ်နှံသည့်အခါ အုတ်ဂူမလုပ်ဘဲ မြေတူးကာမြုပ်၍ သစ်ပင်ငယ်တစ်ပင်သာ စိုက်ပေးခဲ့ပါ။

ငါ၏ယိုယွင်းပျက်စီးသော ခန္ဓာအား ငါ့မြေငါ့ရေအတွက် မြေဆီမြေနှစ်အဖြစ် အသုံးပြုခွင့်ပြန်ရပါစေ။

Credit

ပရဟိတမင္းသားႀကီး ဉီးေက်ာ္သူရဲ႕ ေနာက္ဆုံး အမွာစကားမ်ား

ငါေသဆုံးသြားတဲ့အခါ ေန႔မကူးဘဲ သၿဂိဳဟ္ေပးပါ သုံးရက္ ငါးရက္အယူမသည္းပါနဲ႔။

ေသၿပီးငါ့အား ဓာတ္ပုံေထာင္၍ နံနက္ ညေနစားစရာေတြ မေကြၽးပါနဲ႔။

ငါ့အားေကြၽးမည့္ စားေကာင္း ေသာက္ဖြယ္မ်ားအား ဆာေလာင္မြတ္သိပ္ေနသူမ်ားကို ေကြၽးေပးပါ။

အသက္မရွိေတာ့တဲ့ ငါ့ခႏၶာအား ေရခ်ိဳးအလွျပင္ဖို႔ မလုပ္ပါနဲ႔ ကမာၻမွာ ေရခ်ိဳေတြရွားေနတာ သတိရပါ။

မသာေကာင္ကို အလွဆင္ဖို႔ ေငြကုန္ခံၿပီး ပန္းေတြ မဝယ္ပါနဲ႔ ဘုရားကိုလႈလိုက္ျခင္းက သင္တို႔အတြက္ ပိုျမတ္ပါတယ္။

ငါ့ခႏၶာအား အရွက္လုံေလာက္ေသာ အဝတ္အေဟာင္းသာ ဝတ္ေပးလိုက္ပါ။

ျပာက်မည့္အစား ခ်ိဳ႕တဲ့သူအတြက္ လုံၿခဳံေအာင္ လႈလိုက္ပါ။

ငါ့ေျခေထာက္မွာ ေမြးကတည္းက ဖိနပ္မပါလာ၍ ဖိနပ္ထည့္ေပးရန္ မလိုပါ။

ျပာက်မည့္ ဖိနပ္တစ္ရံအား ဖိနပ္မရွိသူကို လႈလိုက္ပါ။

ေရအိုးခြဲမည့္ လြဲမွားေသာ အယူမ်ားနဲ႔ ငါ့အား လမ္းမခြဲလိုက္ပါနဲ…႔။

အိုးမခြဲလဲ ငါဖက္တြယ္မထားပါဘူး ကိုယ့္လမ္းကိုယ္ ဆက္ေလွ်ာက္မွာပါ။

ကူးတို႔ခလည္း ထည့္ေပးစရာမလိုပါ လိုအပ္တဲ့ေနရာ လႈလိုက္ပါ။

ငါ့မွာကူးတို႔ခအျဖစ္ ကုသိုလ္ အကုသိုလ္ အထုတ္ယူသြားမွာပါ။

ဝမ္းနည္းျခင္း ပန္းျခင္းမ်ားအစား… ငါ့အားၾကည့္၍ သံေဝဂယူပါ ခန္းမအလယ္၌ ငါ့အားျပင္ၿပီး လူျမင္ေကာင္းေအာင္ မငိုၾကပါနဲ႔။

ခန္းမငွားခအား ဘိုးဘြားရိပ္သာကို လႉလိုက္ပါ။

ေသၿပီးခႏၶာ ငါ့မသာအား အေခါင္းလွလွ ထဲ့ဖို႔အႀကံဉာဏ္ မေပးပါနဲ႔။

ေခါင္းပ်ဥ္ျပာက် ဆုံးရႈံးရမဲ့အစား အခင္းအကာမဲ့သူေတြ အမ်ားႀကီးကို ျမင္တတ္ စာနာတတ္ပါေစ။

ငါ့ဝိညာဥ္အား ပုတ္ကာေခၚ၍ သင္တို႔အိမ္ကို ေခၚေဆာင္ျခင္းအမႈ အယူလြဲစြာမျပဳပါႏွင့္။

ငါသင္တို႔ႏွင့္ အၿပီးတိုင္ လမ္းခြဲသြားသူပါ။

ငါ့ခႏၶာကိုယ္ကို ေျမ၌ရွိေသာ ဆာေလာင္မြတ္သိပ္ သတၱဝါတို႔အား ငါ့အေသြးသား စားေသာက္ေစရန္ မီးသၿဂိဳဟ္ျခင္း ျပဳမည့္အစား ေျမ၌ျမဳပ္ႏွံေပးက်ပါ။

ငါ့အားျမဳပ္ႏွံသည့္အခါ အုတ္ဂူမလုပ္ဘဲ ေျမတူးကာျမဳပ္၍ သစ္ပင္ငယ္တစ္ပင္သာ စိုက္ေပးခဲ့ပါ။

ငါ၏ယိုယြင္းပ်က္စီးေသာ ခႏၶာအား ငါ့ေျမငါ့ေရအတြက္ ေျမဆီေျမႏွစ္အျဖစ္ အသုံးျပဳခြင့္ျပန္ရပါေစ။

Credit