( တန်ဖိုးကြီး ရှားပါးပြီး မြင်တွေ့ရခဲတဲ့ သင်္ဘောသီး အမြုတေနဲ့ အမြုတေ (၉) ပါးအကြောင်း သိကောင်းစရာ )
ဒီနေ့ ဒကာကြီးတစ်ယောက် သင်္ဘောသီး အမြုတေ(အမတေ) ရခဲ့တာနဲ့ ဆက်စပ်ပြီး အမြုတေ(အမတေ) အကြောင်း ဗဟုသုတ ရစေခြင်းငှာ တင်ပေးလိုက်ပါတယ်။
အမြုတေ (၉) ပါး
၁။ ရဇတ မုတ္တာအမြူတေ – ငွေအဆင်းကဲ့သို့ဖြူသော အရောင်ရှိ၏၊ စားကောင်းသောက်ဖွယ် ကျေးဇူးပြု၏။
၂။ သုဝဏ္ဏ မုတ္တာအမြုတေ – ရွှေနီ အဆင်းကဲ့သို့ နီသော အရောင်ရှိ၏၊ နှစ်သက်ဖွယ် အဆင်းသဏ္ဌာန် ကျေးဇူးပြု၏။
၃။ ဂံသုတ္တာ အမြုတေ – ကြေးနီ မရမ်းစေ့ အဆင်းကဲ့သို့ နီသောအရောင်ရှိ၏၊ ကြောက်လန့်ဖွယ်သော အသံကိုကျေးဇူးပြု၏။
၄။ လောဟိတမုတ္တာအမြုတေ – အောင်မည်းညို အပွင့်ကဲ့သို့ အဆင်းအရောင်ရှိ၏၊ အခြွေအရံကျေးဇူးပြု၏။ ။
၅။ နီလမုတ္တာအမြုတေ – ညိုမောင်းသော အဆင်းအရောင်ရှိ၏၊ အဝတ်ပုဆိုးကို ကျေးဇူးပြု၏။
၆။ ပီတမုတ္တာ အမြုတေ – မြသားမြရည် အဆင်းကဲ့သို့ စိမ်းသောအရောင်ရှိ၏၊ ဥယျာဉ် သစ်သီးသစ်ပွင့် တို့ကိုကျေးဇူးပြု၏။
၇။ ကာဠမုတ္တာ အမြုတေ – မင်သွေးကဲ့သို့ မည်းနက်သောအရောင်ရှိ၏၊ ရှိန်းဆာယာကွယ်ကာစေတတ်ခြင်းဖြင့် ကျေးဇူးပြု၏။
၈။ ပဘဿရမုတ္တာ အမြုတေ – အနီ အဝါ အပြာ အစိမ်း အဖြူ အမောင်း ခြောက်သွယ်သော အရောင်ရှိ၏။ အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း ကွယ်ပျောက်စေခြင်း၊နှစ်သက်ဖွယ် အသံသာယာခြင်း၊ ရန်သူကို အောင်ခြင်း၊ ဘီလူး သစ် ကျား မြွေအဆိပ်သင့်သော အောက်များကို ပယ်ရှားခြင်း ကျေးဇူးပြု၏။
၉။ ဝယောဇနမုတ္တာ အမြုတေ – နဝရတ်ကိုးပါးအဆင်းကဲ့သို့ ပြိုးပြိုးပြက် တစ်ခဲနက် ဝင်းဝင်းပြောင်ပြောင် ဆီမီးရောင် ထွန်းပခြင်းရှိ၏။ ကောင်းကင်ပျံခြင်း၊ မြေလျှိုးခြင်း၊ လူတို့နှစ်သက်ခြင်း၊ ရန်သူအပေါင်း ကြောက်ရွံ့ခြင်း၊
အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း၊ သေနတ် သစ်ချွန် ဓား လှံ လက်နက် မစူးရှနိုင်ခြင်း၊ ခွန်အားကြီးခြင်း၊ ရွှေငွေရတနာတို့နှင့် တကွ အသုံးအဆောင်မျိုးဟူသမျှ အကျိုးပြုစေတတ်၏။
အရှင်စန္ဒဇောတိ – သာသနာနွယ်ဖောင်ဒေးရှင်း
တန္ဖိုးႀကီး ရွားပါးၿပီး ျမင္ေတြ႕ရခဲတဲ့ သေဘၤာသီး အျမဳေတနဲ႕ အျမဳေတ (၉) ပါးအေၾကာင္း သိေကာင္းစရာ
ဒီေန႕ ဒကာႀကီးတစ္ေယာက္ သေဘၤာသီး အျမဳေတ(အမေတ) ရခဲ့တာနဲ႕ ဆက္စပ္ၿပီး အျမဳေတ(အမေတ) အေၾကာင္း ဗဟုသုတ ရေစျခင္းငွာ တင္ေပးလိုက္ပါတယ္။
အျမဳေတ (၉) ပါး
၁။ ရဇတ မုတၱာအျမဴေတ – ေငြအဆင္းကဲ့သို႔ျဖဴေသာ အေရာင္ရွိ၏၊ စားေကာင္းေသာက္ဖြယ္ ေက်းဇူးျပဳ၏။
၂။ သုဝဏၰ မုတၱာအျမဳေတ – ေ႐ႊနီ အဆင္းကဲ့သို႔ နီေသာ အေရာင္ရွိ၏၊ ႏွစ္သက္ဖြယ္ အဆင္းသဏၭာန္ ေက်းဇူးျပဳ၏။
၃။ ဂံသုတၱာ အျမဳေတ – ေၾကးနီ မရမ္းေစ့ အဆင္းကဲ့သို႔ နီေသာအေရာင္ရွိ၏၊ ေၾကာက္လန႔္ဖြယ္ေသာ အသံကိုေက်းဇူးျပဳ၏။
၄။ ေလာဟိတမုတၱာအျမဳေတ – ေအာင္မည္းညို အပြင့္ကဲ့သို႔ အဆင္းအေရာင္ရွိ၏၊ အေႁခြအရံေက်းဇူးျပဳ၏။
၅။ နီလမုတၱာအျမဳေတ – ညိုေမာင္းေသာ အဆင္းအေရာင္ရွိ၏၊ အဝတ္ပုဆိုးကို ေက်းဇူးျပဳ၏။
၆။ ပီတမုတၱာ အျမဳေတ – ျမသားျမရည္ အဆင္းကဲ့သို႔ စိမ္းေသာအေရာင္ရွိ၏၊ ဥယ်ာဥ္ သစ္သီးသစ္ပြင့္ တို႔ကိုေက်းဇူးျပဳ၏။
၇။ ကာဠမုတၱာ အျမဳေတ – မင္ေသြးကဲ့သို႔ မည္းနက္ေသာအေရာင္ရွိ၏၊ ရွိန္းဆာယာကြယ္ကာေစတတ္ျခင္းျဖင့္ ေက်းဇူးျပဳ၏။
၈။ ပဘႆရမုတၱာ အျမဳေတ – အနီ အဝါ အျပာ အစိမ္း အျဖဴ အေမာင္း ေျခာက္သြယ္ေသာ အေရာင္ရွိ၏။ အထူးထူးေသာ နာနာ႐ုပ္တို႔ကို ဖန္ဆင္းနိုင္ျခင္း ကြယ္ေပ်ာက္ေစျခင္း၊ႏွစ္သက္ဖြယ္ အသံသာယာျခင္း၊ ရန္သူကို ေအာင္ျခင္း၊ ဘီလူး သစ္ က်ား ေႁမြအဆိပ္သင့္ေသာ ေအာက္မ်ားကို ပယ္ရွားျခင္း ေက်းဇူးျပဳ၏။ ။
၉။ ဝေယာဇနမုတၱာ အျမဳေတ – နဝရတ္ကိုးပါးအဆင္းကဲ့သို႔ ၿပိဳးၿပိဳးျပက္ တစ္ခဲနက္ ဝင္းဝင္းေျပာင္ေျပာင္ ဆီမီးေရာင္ ထြန္းပျခင္းရွိ၏။ ေကာင္းကင္ပ်ံျခင္း၊ ေျမလွ်ိုးျခင္း၊ လူတို႔ႏွစ္သက္ျခင္း၊ ရန္သူအေပါင္း ေၾကာက္႐ြံ႕ျခင္း၊
အထူးထူးေသာ နာနာ႐ုပ္တို႔ကို ဖန္ဆင္းနိုင္ျခင္း၊ ေသနတ္ သစ္ခြၽန္ ဓား လွံ လက္နက္ မစူးရွနိုင္ျခင္း၊ ခြန္အားႀကီးျခင္း၊ ေ႐ႊေငြရတနာတို႔ႏွင့္ တကြ အသုံးအေဆာင္မ်ိဳးဟူသမွ် အက်ိဳးျပဳေစတတ္၏။
အရွင္စႏၵေဇာတိ – သာသနာႏြယ္ေဖာင္ေဒးရွင္း