ေသတတ္သည္ (သတိထားပါ )ညေနကေတာင္ျဖစ္ေသးတယ္ တံေတြးခန္းၿပီး လူက မိုက္ကနဲပဲ ေရေျပးေသာက္လိုက္မွ သက္သာတယ္အယ္နီညိဳမွာဒီေရာဂါေၾကာင့္အမ်ား ႀကီးေသနိင္ပါတယ္။
Heat Stroke အပူလွ်ပ္တဲ့ေရာဂါေပါ့။ ကြၽန္ေတာ္ျဖစ္ဖူးပါတယ္။ ။
ကားစီးေနရင္းခႏၶာကိုယ္တစ္ခုလုံးပူလာပါတယ္။ပါးစပ္ႏွာေခါင္း မ်က္စိေတြကအစေပါ့။ ၿပီးေတာ့ဒီေလာက္ပူေနတာေခြၽးမထြက္ဘူး။
ေခါင္းေတြမူးေျခေတြလက္ေတြတုန္လာတယ္။ျဖစ္တာကဥကၠံၿမိဳ႕အေက်ာ္ဖလုံ႐ြာနားမွာ။ Expressေပၚမွာနာရီတြက္ၾကည့္မိတယ္။
ေနာက္မိနစ္၂၀မွတိုက္ႀကီးေရာက္မယ္ ။ေရသန္႔ဗူးကိုေသာက္ပါတယ္။ မရ။ေသာက္ၿပီးတာနဲ႔ပါးစပ္ထဲမွာတံေတြးမရွိေတာ့ပါ။
ေျခာက္ကပ္သြားပါတယ္။ေရလဲကုန္ၿပီ။ေပလို႔မရေတာ့။ ကားစပါယ္ယာေခၚၿပီးဓါတ္ဆားထုပ္ ဘယ္သူ႔မွာပါလည္းဆိုၿပႌးအကူအညီေတာင္းပါတယ္။ဓါတ္ဆားႏွစ္ထုပ္ရပါတယ္။
ေရဗူးေတြလည္းရပါတယ္။ေသာက္လိုက္ေတာ့ပါးစပ္မွာတံေတြးျပန္ထြက္လာပါတယ္။
မူးတာမေပ်ာက္ႏွလုံးခုန္ျမန္တာနဲနဲသက္သာပါတယ္။ မူးတာနဲ႔ေျခေတြလက္ေတြ ကေတာ့ကပ္ေနတုန္းပါ။တိုက္ႀကီးမွာဆင္းၿပီးအနီးဆုံးေဆးခန္းကိုကြၽန္ေတာ္ေျပးပါတယ္။ ဟိုေရာက္ေတာ့ဆရာဝန္ကို Heat Stroke မိတာထင္တယ္လို႔ေျပာပါတယ္။
ေသြးခ်ိန္ေတာ့၅၀/၄၀ကိုက်သြားပါၿပီ။ဆရာဝန္ မေလးကခ်က္ခ်င္းဒရစ္ခ်ိတ္ဆယ္လူေပးၿပီေပါ့။ရွင့္ဆုံးျဖတ္ခ်က္မွန္တယ္။ မဟုတ္ရင္အသက္
အႏၲရာယ္နီးတယ္တဲ့။ ဒရစ္ခ်ိတ္ၿပီးေတာ့၆၀/၇၀ျပန္တက္လာတယ္။ သတိရွိလို႔ပါ။ ေပရင္ေသပါတယ္။
ဒါေၾကာင့္ေခြၽးမထြက္ပဲတကိုယ္လုံးပူလာမယ္ တံေတြးဆုတ္သြားရင္ သတိထားပါ။ မရွက္ပါနဲ႔။ ေရေဖ်ာ္ရည္ဓါတ္ဆားေရေသာက္ပါ။ အခ်ိန္မဆြဲပါနဲ႔။
ေရာက္တဲ့ေနရာက က်န္းမာေရးဌာနာမွာ ဒရစ္ခ်ိတ္ပါ။ ဓါတ္ဆားကေတာ့ ေနရာတိုင္း ရွိပါတယ္။ ခ်က္ခ်င္းေသာက္ပါလို႔ျဖစ္ဖူးတာကိုတင္ျပပါတယ္။
အယ္နီညိဳမွာ ကိုယ့္ဟာကိုယ္Heat Stroke ျဖစ္တာမသိရင္ဒုကၡနဲ႔လွလွေတြ႕မွာပါ။ သတိထားေပးၾကပါ။ေပလို႔မရပါ။ ၁၅မိနစ္
အေတာအတြင္း Body heat ကို ၄၀ေအာက္ျပန္မခ်နိင္ရင္ ဆိုး႐ြားသြားနိင္ပါတယ္။ ေရေဖ်ာ္ရည္ဓါတ္ဆားအဓိကပါ။
မဟုတ္တဲ့ ေဆးေတြေလွ်ာက္တိုက္ရင္အဖ်ားေဆးေတြေသာက္မိရင္ အဆင္းဘီးတပ္သလို ထိန္းရေတာ့မွာမဟုတ္ပါ။ဒါေၾကာင့္အပူလွ်ပ္တာကိုဖ်ားတာ နဲ႔ေရာမွာစိုးလို႔ပါ။ ။
ဒီလိုအခ်ိန္မွာ က်န္းမာေရးကိုလဲ ဂ႐ုစိုက္ၾကပါ။နီးစပ္ရာလည္းသတိေပးပါ။ လာမွာေနာ္အယ္နီညိဳနဲ႔ အတူHeat Stroke တဲ့။
Credit
သေတတ်သည် (သတိထားပါ )ညနေကတောင်ဖြစ်သေးတယ် တံတွေးခန်းပြီး လူက မိုက်ကနဲပဲ ရေပြေးသောက်လိုက်မှ သက်သာတယ်အယ်နီညိုမှာဒီရောဂါကြောင့်အများ ကြီးသေနိင်ပါတယ်။
Heat Stroke အပူလျှပ်တဲ့ရောဂါပေါ့။ ကျွန်တော်ဖြစ်ဖူးပါတယ်။
ကားစီးနေရင်းခန္ဓာကိုယ်တစ်ခုလုံးပူလာပါတယ်။ပါးစပ်နှာခေါင်း မျက်စိတွေကအစပေါ့။ ပြီးတော့ဒီလောက်ပူနေတာချွေးမထွက်ဘူး။
ခေါင်းတွေမူးခြေတွေလက်တွေတုန်လာတယ်။ဖြစ်တာကဥက္ကံမြို့အကျော်ဖလုံရွာနားမှာ။ Expressပေါ်မှာနာရီတွက်ကြည့်မိတယ်။
နောက်မိနစ်၂၀မှတိုက်ကြီးရောက်မယ် ။ရေသန့်ဗူးကိုသောက်ပါတယ်။ မရ။သောက်ပြီးတာနဲ့ပါးစပ်ထဲမှာတံတွေးမရှိတော့ပါ။
ခြောက်ကပ်သွားပါတယ်။ရေလဲကုန်ပြီ။ပေလို့မရတော့။ ကားစပါယ်ယာခေါ်ပြီးဓါတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုြင်္ပီးအကူအညီတောင်းပါတယ်။ဓါတ်ဆားနှစ်ထုပ်ရပါတယ်။
ရေဗူးတွေလည်းရပါတယ်။သောက်လိုက်တော့ပါးစပ်မှာတံတွေးပြန်ထွက်လာပါတယ်။
မူးတာမပျောက်နှလုံးခုန်မြန်တာနဲနဲသက်သာပါတယ်။ မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပါ။တိုက်ကြီးမှာဆင်းပြီးအနီးဆုံးဆေးခန်းကိုကျွန်တော်ပြေးပါတယ်။ ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပါတယ်။
သွေးချိန်တော့၅၀/၄၀ကိုကျသွားပါပြီ။ဆရာဝန် မလေးကချက်ချင်းဒရစ်ချိတ်ဆယ်လူပေးပြီပေါ့။ရှင့်ဆုံးဖြတ်ချက်မှန်တယ်။ မဟုတ်ရင်အသက်
အန္တရာယ်နီးတယ်တဲ့။ ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။ သတိရှိလို့ပါ။ ပေရင်သေပါတယ်။
ဒါကြောင့်ချွေးမထွက်ပဲတကိုယ်လုံးပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။ မရှက်ပါနဲ့။ ရေဖျော်ရည်ဓါတ်ဆားရေသောက်ပါ။ အချိန်မဆွဲပါနဲ့။ ။
ရောက်တဲ့နေရာက ကျန်းမာရေးဌာနာမှာ ဒရစ်ချိတ်ပါ။ ဓါတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။ ချက်ချင်းသောက်ပါလို့ဖြစ်ဖူးတာကိုတင်ပြပါတယ်။
အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာမသိရင်ဒုက္ခနဲ့လှလှတွေ့မှာပါ။ သတိထားပေးကြပါ။ပေလို့မရပါ။ ၁၅မိနစ်
အတောအတွင်း Body heat ကို ၄၀အောက်ပြန်မချနိင်ရင် ဆိုးရွားသွားနိင်ပါတယ်။ ရေဖျော်ရည်ဓါတ်ဆားအဓိကပါ။
မဟုတ်တဲ့ ဆေးတွေလျှောက်တိုက်ရင်အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာမဟုတ်ပါ။ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။
ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။နီးစပ်ရာလည်းသတိပေးပါ။ လာမှာနော်အယ်နီညိုနဲ့ အတူHeat Stroke တဲ့။ ။
Credit


