Knowledge















Crd

Unicode Version

မယုံဘူးဆိုရင် လက်တွေ့စမ်းသပ်ဖို့ အုတ်ခဲတစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်…

မယုံဘူးဆိုရင် လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်လုပ်ကြည်ပါ

လက်တွေ့ စမ်းသပ်ဖို့ အုတ်ခဲ တစ်ခဲနဲ့ ပုဆိုးတစ်ကွင်းပဲ လိုပါတယ်…

ညောင်းငြာကိုက်ခဲသူများအတွက်ဆေးထိုးဆေးစား-အနှိပ်အနင်းမလိုဘဲ လက်တွေ့သက် သာပျောက်ကင်းစေသောနည်းလေးအား တင်ပြလိုက်ပါသည်။

ကိုယ်လက်ညောင်းညာကိုက်ခဲသူများ-ဒူးနာခါးနာသူများ အတွက် လွန်စွာအသုံးတည့်ပါသည်…

ကုတင်တစ်လုံးပေါ်တွင် ပက်လက်လှန်အိပ်ပြီး ပုဆိုးတွင်အုတ်နီခဲကျိုး၁-လုံး-သို့-၂-လုံးကိုလိပ်ပြီး နဖူးကိုချိတ်ဆွဲပေးခြင်းဖြစ်ပါသည်။

ခါးပတ်ပြားကြီးကြီး-ကြိုးပြားကြီးကြီးများဖြင့်လည်းဆွဲနိုင် ပါသည်လက်နှစ်ဖက်ကိုဆန့်တန်းထားပြီ ခြေနှစ်ဖက်ကိုစုထားပါ

မိမိခန္ခာကိုယ်ခံနိုင်ရည်ရှိမည့် အလေးချိန် အတိုင်းအတာ ကိုဆွဲကြည့်ပါဒူး-ခါး-တစ်ကိုယ်လုံး အရိုးအကြောများ တရှိန်းရှိန်း နှင့်ပါလာပါလိမ့်မည်။

၁၅-မိနစ်၊ နာရီဝက်၄၅-မိနစ်စမ်းကြည့်ပါ သိသိသာသာကြီး အကြောအချဉ်များ ပြေခြင်း -ဒူးနာ-ခါးနာများ သက်သာ ပျောက်ကင်းခြင်းကို အမှန်ခံစားရပါမည်

အမှတ်မထင် မိတ်ဆွေတစ်ဦးအိမ်တွင် ခါးနာသူ တစ်ဦးအုတ်ခဲဆွဲနေသည်ကို မြင်ရ၍မေးကြည့်ရာ

အကြောအချဉ်တွေတက်လွန်းပြီး ခါးနာခြင်း အတွက် ဆရာဝန်က နဖူးတွင်အုတ်ခဲဆွဲလေ့ကျင့်ခန်း လုပ်ခိုင်း၍ ဆောင်ရွက်နေသည်ဟုဆိုပါသည်။

မိမိကိုယ်တိုင်လည်း စမ်းသပ်လုပ်ကိုင်ကြည့်ရာ အတော်ပင်အကြောတက် -ညောင်းညာကိုက်ခဲမှုများ ပြေလျော့သည်မှာအမှန်ပင်ဖြစ်ပါသည်

နေ့စဉ်အားလပ်ချိန်လေးတွင် ကုတင်လေးပေါ်ပက်လက် လှန်ရင် အုတ်ခဲဆွဲလေ့ကျင့်ခန်းလေးပြုလုပ်ပါက အနှိပ် အနင်း သာ မက ဒူးနာ-ခါးနာပါ သက်သာပျောက် ကင်းစေနိုင် ပါ ကြောင်းသိမီသမျှဝေလိုက်ရပါသည်။

Crd