Knowledge

ပုဂံရာဇဝင်ထဲက ငရမန်ကန်း

ပုဂံတွင် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်းနန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကိုအခွင့်ကောင်းယူပြီး အောက်အရပ်မှ မွန်တို့ကို စုစည်းပုန်ကန်သည့် ငရမန်ကန်းမှာ မွန်လူမျိုးဖြစ်သည်။

စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည်ဟုလည်းဆိုသည်။မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်။

တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်းထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက “ငရမန်ကန်း..သင်ယောင်္ကျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ” ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။

(စောလူးမင်းနှင့်ကြွေအံကစားစဉ် တစ်ချီတွင်ငရမန်ကန်းနိုင်သွားလေရာ ငရမန်ကန်းက လက် ပမ်းပေါက်ထ၍ခတ်သည် (လက်ခမောင်းခတ်သည်) ဟုဆိုပါသည်။ ထိုအခါ ဘုရင်ဖြစ်သူစောလူးက ကြွေအံတစ်ပွဲနိုင်ကာမျှဖြင့် ဤမျှဝင့်ဝါမောက်ကြွားရမည်လောဟုအမျက်ဝင်ကာ သင်တစ်ကယ်အစွမ်းအစရှိပါကငါ့ကိုပုန်စားချေဟု ဆိုကြောင်းမှတ်သားရဖူးပါသည်။)

နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်း ပရိယာယ်ဖြင့်ပင် ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်။ ငရမန်က သစ်တပ်တည်၍တပ်စွဲထားသည်ဆို၏။ (စောလူးမင်းမရှိ၍ တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကိုမင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကိုရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်။

သို့ရာတွင် စောလူးမင်းကတွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုငါ့အား သတ်ရန်လာရောက်ခိုးယူခြင်းဖြစ်ရာသည်။ ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ငါ့အားမသတ်ရာ ဟူ၏။ ထို့ကြောင့် ကျန်စစ်သားငါ့ကိုခိုးယူလေပြီဟုအော်ဟစ်အသိပေးလေရာ ကျန်စစ်သားက “ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက်၏လက်တွင် ခွေးသေဝက်သေ သေရစ်ပေရော့” ဟုဆိုကာပစ်ချထားလျက်ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်။)

နောက် ငရမန်ကန်းသည် စောလူးမင်းကိုကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီး ပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်းရေကြောင်းမှစုန်ဆင်းပြေးရလေသည်။ သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီးစူးစမ်းသောငရမန်လည်း မြှားထိမှန်ကာ သေရလေသည်။

ငရမန်ကန်း။ ။ ငရမန်ကာန်းသည် အနော်ရထာမင်းက မွန်၊ မြန်မာနှင့် ပျူအင်အားစုများကို ပေါင်းစည်း၍ တည်ထောင်ထားခဲ့သော ပုဂံနိုင်ငံတော်ကို ပြိုကွဲအောင်ကြံ စည်ခဲ့သူ ဖြစ်သည်။ ငရမန် ကာန်းသည် စောလူးမင်း၏ အထိန်းတော်သား ဖြစ်သည်။

အနော်ရထာမင်း နတ်ရွာစံ၍ စောလူးမင်းနန်းတက်သောအခါ နို့စို့ဖက်ဖြစ်ဘူးသူ ငရမန်ကာန်းအား ယုံကြည် ချစ်ခင်သည့် အလျောက် ပဲခူးမြို့ကို စားစေသည်။ပဲခူးမြို့သည် ထိုစဉ်က ဆိပ် ကမ်းမြို့ကြီးဖြစ်၍ အလွန်စည်ပင် ဝပြော ချမ်းသာသော မြို့ကြီးဖြစ်လေသည်။ မွန်နှင့် မြန်မာတို့ ရောနှောနေထိုင် စီးပွားရှာသောမြို့လည်း ဖြစ်သည်။

ထိုကဲ့သို့ပင် နိုင်ငံ၏ မြို့တော်ဖြစ်သော ပုဂံ၌လည်း မွန်များ၊ ပျူများ၊ မြန်မာများ ရောပြွန်း၍ နေထိုင်ကြကြောင်းကို မွန်၊ မြန်မာ၊ ပျူစာများဖြင့် ကျောက်စာထိုးထားခဲ့သည်တို့ကို ထောက်၍ သိနိုင်သည်။

ငရမန်ကာန်းသည် ချမ်းသာကြွယ်ဝ၍ စည်ပင်သာယာသော ပဲခူးမြို့ကို အုပ်ချုပ်ရသည်မှစ၍ လောဘရမ္မက် တက်လာကာ ပိုင်နိုင်စွာ မင်း လုပ် လိုဟန်တူ၏။ လူအင်အား၊ ပစ္စည်းအင်အား တောင့်တင်းလှသော ပဲခူးမြို့ကို အားကိုးပြု၍ ပုန်ကန်ရန် အကြံရှိ၏။ တစ်ခါသော်စောလူးမင်းနှင့် ငရမန်ကာန်းတို့ အန် ကစားကြရာတွင် ငရမန်ကာန်းနိုင်၍ မလန်းပေါက် (လက်ပမ်း ပေါက်) ထ၍ ခတ်၏။

စောလူးမင်းက အန်တစ်ပွဲမျှနိုင်သည် ကို မလန်းပေါက်ထ၍ ခတ်သည်။ ယောကျာ်းဟုတ်နိုးသော် ပဲခူးနှင့် ပုန်စားလေဟု ငရမန်ကာန်းအား မိန့်တော်မူသည်။ ငရမန်ကာန်းလည်း မူလကပင် အကြံရှိသူဖြစ်၍ ပဲခူးသို့ သွားပြီးသော် ရဲမက်ဗိုလ်ပါစုရုံးလျက် ရေအားကြည်းအားဖြင့် ပုဂံသို့ ချီလာလေ၏။

ငရမန်ကာန်းတပ်သည် ပြည်တော်သာကျွန်း(မိကျောင်းရဲ အောက်ရှိ ကျွန်းတောကျွန်း)သို့ ရောက်သော် ခေတ္တစခန်းချ၏။ ထိုသတင်းကိုကြားလျှင် ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်း အများ နှင့် ကျန်စစ်သားကို တပ်ဦးချီစေပြီး စောလူးမင်းသည် နောက် တပ်ပြုလျက် လိုက်၏။ ကျန်စစ်သား ၏ စစ်အရာ၌ လိမ္မာ သည်ကို သိသဖြင့် ငရမန်ကာန်းသည် အကြံပြု၍ ဤသို့ စီရင်သည်။

ရွှံ့ညွန့်ထူပြော၍ ဆင်ခင်း မြင်းခင်း မသာသော အရပ်တွင် ဆင်စီး၍ စစ်ဆင်ဟန် အရုပ်ပြုလုပ်ထား၏။ စောလူးမင်း စစ်တပ်သည်တို့ မိုးချုပ်မှ ရောက်လာရာ၊ ငရမန် ကာန်းသည် လရောင်ဝိုးဝါးတွင် တိုက်စစ်ဆင်လေသည်။ စောလူးမင်းသည် အရုပ်ကို အကယ်ထင်မှတ်၍ တိုက်လေသော် စီးတော်ဆင် ရွှံ့သို့ကျ၍ ကျွံချေ၏။ စောလူးမင်းလည်း ဆင် ထက်မှ ဆင်းသက်ပြေးရကာ စစ်တပ်ပျက်လေသည်။

ကျန်စစ် သားလည်း ပုဂံသို့ ဆုတ်ရ၏။ ငရမန်ကာန်းလည်း စောလူးမင်း နှင့် ကျန်စစ်သားကို မရလျှင် မမေ့မလျော့ မနေကောင်းဟု စစ်သည်ဗိုလ်ပါတို့နှင့် အလုံအခြုံတပ်မြို့ပြုကာ နေလေသည်။ ငရမန်ကာန်းသည် စောလူးမင်းအား ပုန်းအောင်းရာနေရာကို သိရှိဖမ်းမိလျှင် အကျဉ်းချထားလျက် ရေအား ကြည်းအားဖြင့် ဆန်တက်လေသည်။ ပုဂံတောင် မြင်းကပါးအရပ်တွင် တပ်ကြီး တည်၍ စခန်းချစဉ် ကျန်စစ်သားသည် ငရမန်ကာန်း တပ်တွင်း သို့ ဝင်၍ စောလူးမင်းအား ခိုးယူရာ မအောင်မြင်ချေ။

ငရမန် ကာန်းကား စောလူးမင်းကို ပျူမင်းထီး ငှက်ကြီး ခေါင်းမြှုပ်ရာ အနုရာဓမည်သော အရပ်တွင် ကွပ်မျက်လိုက်၏။ ယင်းသို့ ကွပ်မျက်ပြီးနောက် ပုဂံတွင် မင်းပြုရန် ရေအား ကြည်းအားဖြင့် မြို့သို့ ချဉ်းကပ်လေသည်။ ထိုအခါ မှူးမတ်တို့က ကျန်စစ်သား သည် လယ်တွင်းတစ်ဆဲ့တစ်ရွာကို ချုပ်၍ မင်းပြုနေသဖြင့် ကျန်စစ်သားကို စစ်ထိုး၍အောင်မှ မင်းပြုပါဆိုလျက် မြို့ တံခါးကို မဖွင့်ဘဲ အခိုင်အလုံ နေကြ၏။

ငရမန်ကာန်း သည် ကျန်စစ်သားကို လုပ်ကြံဦးမည်ဟု ရေအားကြည်းအားဖြင့် ဆန်တက်၍ အင်းဝတည်ရာအရပ်၌ တပ်တည် နေလေသည်။ ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ချီ၍ ငရမန်ကာန်း ကို တိုက်၏။ အင်းဝစစ်ပွဲ၌ ငရမန်ကာန်း အရေးနိမ့်သဖြင့် မြင်းကပါသို့ ဆုတ်ရလေသည်။ ကျန်စစ်သားလည်း ရွှေစည်းခုံ တောင်တွင် တပ်တည်၍ နေ၏။

တစ်ဖန် မြင်းကပါ၌ တိုက်ပွဲ ဖြစ်ပြန်ရာ ငရမန်ကာန်း တပ်ဆုတ်ရပြန်လေသည်။ငရမန်ကာန်း စုန်ပြေးကြောင်းကို ကျန်စစ်သားသိလျှင် မုဆိုးငစဉ့်ကို လိုက်၍ လုပ်ကြံစေ၏။ မုဆိုးငစဉ့်လည်း ငရမန်ကာန်းကို ရွာသာ အောက်တွင်မီ၍ရေသဖန်းပင်ထက်မှ သာယာလှသောငှက်၏ အသံကဲ့သို့မြည်၏။

ငရမန်ကာန်းလည်း ရွှေဖောင်တံခါးကို ဖွင့်၍ သာယာသောအသံရှင် ငှက်ကို ကြည့်စဉ် ချောင်းနေ သော ငစဉ့်ကလေးနှင့်ပစ်ရာ မျက်စိကိုမှန်၍ အသက်ဆုံးရ လေသည်။ ထိုငစဉ့်ကူးအရပ်တွင် ငရမန်ကာန်းဆုံးလျှင် သူ၏ တပ်ပျက်လေသည်။ မွန်၊ မြန်မာ၊ ပျူတို့၏ ပုဂံနိုင်ငံတော်ကြီး လည်း ပြိုကွဲခြင်းအန္တရာယ်မှ လွတ်ခဲ့လေသည်။

ကိုးကား – မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

Credit- မူရင်း

==============

ပုဂံတြင္ အေနာ္ရထာမင္း လြန္၍ သားေတာ္ေစာလူးမင္းနန္းတက္လွ်င္ ေစာလူးမင္း၏ ႏုနယ္မႈကိုအခြင့္ေကာင္းယူၿပီး ေအာက္အရပ္မွ မြန္တို႔ကို စုစည္းပုန္ကန္သည့္ ငရမန္ကန္းမွာ မြန္လူမ်ိဳးျဖစ္သည္။

ေစာလူးမင္းႏွင့္ ငယ္သူငယ္ခ်င္းမ်ားျဖစ္သျဖင့္ ပဲခူးကို စားေစသည္ဟုလည္းဆိုသည္။မြန္ဘာသာအားျဖင့္ ရမန္ မွာ မြန္လူမ်ိဳးျဖစ္ၿပီး ကန္း မွာ ျမန္မာဘာသာအားျဖင့္ ကင္း ျဖစ္သျဖင့္ မြန္လူမ်ိဳးတို႔၏ အႀကီးအကဲတစ္ဦးလည္း ျဖစ္သည္ဟု ဆိုႏိုင္ပါသည္။မၾကာခဏ ေႂကြအံပစ္ကစားျခင္းကို ႏွစ္ဦးဆုံတိုင္း ကစားေလ့ရွိသည္။

တစ္ႀကိမ္တြင္ ငရမန္ကန္းက ခ်ည္းႏိုင္သျဖင့္ ေစာလူးကစိတ္တြင္မေက်မနပ္ျဖစ္သည္။ ငရမန္ကန္းကလည္းထိုမေက်နပ္မႈကို ႀကီးထြားေစရန္ ပရိယာယ္ျဖင့္ စကားနာထိုးရာ ေနာက္ဆုံးတြင္ ေစာလူးက “ငရမန္ကန္း..သင္ေယာက်ၤားေကာင္းမွန္လွ်င္ သင္အပိုင္စားရတဲ့ ပဲခူးကေန ငါ့ကိုပုန္စားေခ်” ဟုဆိုေလရာမွ ငရမန္ကန္း၏ ပုန္ကန္မႈစေလသည္။

(ေစာလူးမင္းႏွင့္ေႂကြအံကစားစဥ္ တစ္ခ်ီတြင္ငရမန္ကန္းႏိုင္သြားေလရာ ငရမန္ကန္းက လက္ ပမ္းေပါက္ထ၍ခတ္သည္ (လက္ခေမာင္းခတ္သည္) ဟုဆိုပါသည္။ ထိုအခါ ဘုရင္ျဖစ္သူေစာလူးက ေႂကြအံတစ္ပြဲႏိုင္ကာမွ်ျဖင့္ ဤမွ်ဝင့္ဝါေမာက္ႂကြားရမည္ေလာဟုအမ်က္ဝင္ကာ သင္တစ္ကယ္အစြမ္းအစရွိပါကငါ့ကိုပုန္စားေခ်ဟု ဆိုေၾကာင္းမွတ္သားရဖူးပါသည္။)

ႏွစ္ဦးသားစစ္ၿပိဳင္ရာ ျပည္ေတာ္သာကြၽန္းတိုက္ပြဲတြင္လည္း ပရိယာယ္ျဖင့္ပင္ ပုဂံတပ္ကို အႏိုင္ယူၿပီး ေစာလူးမင္းကို အမိဖမ္းႏိုင္ခဲ့သည္။ ငရမန္က သစ္တပ္တည္၍တပ္စြဲထားသည္ဆို၏။ (ေစာလူးမင္းမရွိ၍ တိုင္းေရးျပည္ရာမၿငိမ္မသက္ရွိရာတြင္ မူးမတ္မ်ားက က်န္စစ္သားကိုမင္းျပဳရန္တိုင္တြန္းေသာ္လည္း က်န္စစ္သားကလက္မခံပဲ ငါ၏အရွင္ကိုရွာေဖြကယ္တင္ဦးမည္ဆိုကာ ငရမန္၏တပ္စခန္းအတြင္းခိုးဝင္၍ အခ်ဳပ္ေႏွာင္တြင္းမွေစာလူးမင္းအား ကယ္တင္ရန္ႀကံသည္။

သို႔ရာတြင္ ေစာလူးမင္းကေတြးမိသည္မွာ က်န္စစ္သားကို ငါလည္း မ်က္ဖူးသည္၊ ငါ့ဖခင္လည္း အမ်က္ထားဖူးသည္၊ ယခုငါ့အား သတ္ရန္လာေရာက္ခိုးယူျခင္းျဖစ္ရာသည္။ ငရမန္ကား ငါႏွင့္ ႏို႔စို႔ဖက္ျဖစ္၍ငါ့အားမသတ္ရာ ဟူ၏။ ထို႔ေၾကာင့္ က်န္စစ္သားငါ့ကိုခိုးယူေလၿပီဟုေအာ္ဟစ္အသိေပးေလရာ က်န္စစ္သားက “ေက်းဇူးမသိေသာ မင္းဆိုးမင္းညစ္ ကြၽန္သေဘာက္၏လက္တြင္ ေခြးေသဝက္ေသ ေသရစ္ေပေရာ့” ဟုဆိုကာပစ္ခ်ထားလ်က္ကိုယ္လြတ္တိမ္းေရွာင္သြားခဲ့သည္။)

ေနာက္ ငရမန္ကန္းသည္ ေစာလူးမင္းကိုကြပ္မ်က္လိုက္သည့္အတြက္ က်န္စစ္သား မင္းျဖစ္လာၿပီး ပုန္ကန္မႈမ်ားကို ဆက္လက္ႏွိမ္ႏွင္းရာ ငရမန္ကန္းလည္းေရေၾကာင္းမွစုန္ဆင္းေျပးရေလသည္။ သို႔ရာတြင္ က်န္စစ္သား၏ ေလးသည္ေတာ္ မုဆိုးငစဥ့္က လမ္းခရီးမွပုန္းကြယ္ေစာင့္လတ္၍ ထူးဆန္းေသာ ငွက္မည္သံျပဳရာ တင္းတိမ္ကိုမၿပီးစူးစမ္းေသာငရမန္လည္း ျမႇားထိမွန္ကာ ေသရေလသည္။

ငရမန္ကန္း။ ။ ငရမန္ကာန္းသည္ အေနာ္ရထာမင္းက မြန္၊ ျမန္မာႏွင့္ ပ်ဴအင္အားစုမ်ားကို ေပါင္းစည္း၍ တည္ေထာင္ထားခဲ့ေသာ ပုဂံႏိုင္ငံေတာ္ကို ၿပိဳကြဲေအာင္ႀကံ စည္ခဲ့သူ ျဖစ္သည္။ ငရမန္ ကာန္းသည္ ေစာလူးမင္း၏ အထိန္းေတာ္သား ျဖစ္သည္။

အေနာ္ရထာမင္း နတ္႐ြာစံ၍ ေစာလူးမင္းနန္းတက္ေသာအခါ ႏို႔စို႔ဖက္ျဖစ္ဘူးသူ ငရမန္ကာန္းအား ယုံၾကည္ ခ်စ္ခင္သည့္ အေလ်ာက္ ပဲခူးၿမိဳ႕ကို စားေစသည္။ပဲခူးၿမိဳ႕သည္ ထိုစဥ္က ဆိပ္ ကမ္းၿမိဳ႕ႀကီးျဖစ္၍ အလြန္စည္ပင္ ဝေျပာ ခ်မ္းသာေသာ ၿမိဳ႕ႀကီးျဖစ္ေလသည္။ မြန္ႏွင့္ ျမန္မာတို႔ ေရာေႏွာေနထိုင္ စီးပြားရွာေသာၿမိဳ႕လည္း ျဖစ္သည္။

ထိုကဲ့သို႔ပင္ ႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ပုဂံ၌လည္း မြန္မ်ား၊ ပ်ဴမ်ား၊ ျမန္မာမ်ား ေရာႁပြန္း၍ ေနထိုင္ၾကေၾကာင္းကို မြန္၊ ျမန္မာ၊ ပ်ဴစာမ်ားျဖင့္ ေက်ာက္စာထိုးထားခဲ့သည္တို႔ကို ေထာက္၍ သိႏိုင္သည္။

ငရမန္ကာန္းသည္ ခ်မ္းသာႂကြယ္ဝ၍ စည္ပင္သာယာေသာ ပဲခူးၿမိဳ႕ကို အုပ္ခ်ဳပ္ရသည္မွစ၍ ေလာဘရမၼက္ တက္လာကာ ပိုင္ႏိုင္စြာ မင္း လုပ္ လိုဟန္တူ၏။ လူအင္အား၊ ပစၥည္းအင္အား ေတာင့္တင္းလွေသာ ပဲခူးၿမိဳ႕ကို အားကိုးျပဳ၍ ပုန္ကန္ရန္ အႀကံရွိ၏။ တစ္ခါေသာ္ေစာလူးမင္းႏွင့္ ငရမန္ကာန္းတို႔ အန္ ကစားၾကရာတြင္ ငရမန္ကာန္းႏိုင္၍ မလန္းေပါက္ (လက္ပမ္း ေပါက္) ထ၍ ခတ္၏။

ေစာလူးမင္းက အန္တစ္ပြဲမွ်ႏိုင္သည္ ကို မလန္းေပါက္ထ၍ ခတ္သည္။ ေယာက်ာ္းဟုတ္ႏိုးေသာ္ ပဲခူးႏွင့္ ပုန္စားေလဟု ငရမန္ကာန္းအား မိန႔္ေတာ္မူသည္။ ငရမန္ကာန္းလည္း မူလကပင္ အႀကံရွိသူျဖစ္၍ ပဲခူးသို႔ သြားၿပီးေသာ္ ရဲမက္ဗိုလ္ပါစု႐ုံးလ်က္ ေရအားၾကည္းအားျဖင့္ ပုဂံသို႔ ခ်ီလာေလ၏။

ငရမန္ကာန္းတပ္သည္ ျပည္ေတာ္သာကြၽန္း(မိေက်ာင္းရဲ ေအာက္ရွိ ကြၽန္းေတာကြၽန္း)သို႔ ေရာက္ေသာ္ ေခတၱစခန္းခ်၏။ ထိုသတင္းကိုၾကားလွ်င္ ရဲမက္ဗိုလ္ပါ ဆင္လုံးျမင္းရင္း အမ်ား ႏွင့္ က်န္စစ္သားကို တပ္ဦးခ်ီေစၿပီး ေစာလူးမင္းသည္ ေနာက္ တပ္ျပဳလ်က္ လိုက္၏။ က်န္စစ္သား ၏ စစ္အရာ၌ လိမၼာ သည္ကို သိသျဖင့္ ငရမန္ကာန္းသည္ အႀကံျပဳ၍ ဤသို႔ စီရင္သည္။

႐ႊံ႕ၫြန႔္ထူေျပာ၍ ဆင္ခင္း ျမင္းခင္း မသာေသာ အရပ္တြင္ ဆင္စီး၍ စစ္ဆင္ဟန္ အ႐ုပ္ျပဳလုပ္ထား၏။ ေစာလူးမင္း စစ္တပ္သည္တို႔ မိုးခ်ဳပ္မွ ေရာက္လာရာ၊ ငရမန္ ကာန္းသည္ လေရာင္ဝိုးဝါးတြင္ တိုက္စစ္ဆင္ေလသည္။ ေစာလူးမင္းသည္ အ႐ုပ္ကို အကယ္ထင္မွတ္၍ တိုက္ေလေသာ္ စီးေတာ္ဆင္ ႐ႊံ႕သို႔က်၍ ကြၽံေခ်၏။ ေစာလူးမင္းလည္း ဆင္ ထက္မွ ဆင္းသက္ေျပးရကာ စစ္တပ္ပ်က္ေလသည္။

က်န္စစ္ သားလည္း ပုဂံသို႔ ဆုတ္ရ၏။ ငရမန္ကာန္းလည္း ေစာလူးမင္း ႏွင့္ က်န္စစ္သားကို မရလွ်င္ မေမ့မေလ်ာ့ မေနေကာင္းဟု စစ္သည္ဗိုလ္ပါတို႔ႏွင့္ အလုံအၿခဳံတပ္ၿမိဳ႕ျပဳကာ ေနေလသည္။ ငရမန္ကာန္းသည္ ေစာလူးမင္းအား ပုန္းေအာင္းရာေနရာကို သိရွိဖမ္းမိလွ်င္ အက်ဥ္းခ်ထားလ်က္ ေရအား ၾကည္းအားျဖင့္ ဆန္တက္ေလသည္။ ပုဂံေတာင္ ျမင္းကပါးအရပ္တြင္ တပ္ႀကီး တည္၍ စခန္းခ်စဥ္ က်န္စစ္သားသည္ ငရမန္ကာန္း တပ္တြင္း သို႔ ဝင္၍ ေစာလူးမင္းအား ခိုးယူရာ မေအာင္ျမင္ေခ်။

ငရမန္ ကာန္းကား ေစာလူးမင္းကို ပ်ဴမင္းထီး ငွက္ႀကီး ေခါင္းျမႇဳပ္ရာ အႏုရာဓမည္ေသာ အရပ္တြင္ ကြပ္မ်က္လိုက္၏။ ယင္းသို႔ ကြပ္မ်က္ၿပီးေနာက္ ပုဂံတြင္ မင္းျပဳရန္ ေရအား ၾကည္းအားျဖင့္ ၿမိဳ႕သို႔ ခ်ဥ္းကပ္ေလသည္။ ထိုအခါ မႉးမတ္တို႔က က်န္စစ္သား သည္ လယ္တြင္းတစ္ဆဲ့တစ္႐ြာကို ခ်ဳပ္၍ မင္းျပဳေနသျဖင့္ က်န္စစ္သားကို စစ္ထိုး၍ေအာင္မွ မင္းျပဳပါဆိုလ်က္ ၿမိဳ႕ တံခါးကို မဖြင့္ဘဲ အခိုင္အလုံ ေနၾက၏။

ငရမန္ကာန္း သည္ က်န္စစ္သားကို လုပ္ႀကံဦးမည္ဟု ေရအားၾကည္းအားျဖင့္ ဆန္တက္၍ အင္းဝတည္ရာအရပ္၌ တပ္တည္ ေနေလသည္။ ထိုအခါ က်န္စစ္သားသည္ အင္းဝအရပ္သို႔ခ်ီ၍ ငရမန္ကာန္း ကို တိုက္၏။ အင္းဝစစ္ပြဲ၌ ငရမန္ကာန္း အေရးနိမ့္သျဖင့္ ျမင္းကပါသို႔ ဆုတ္ရေလသည္။ က်န္စစ္သားလည္း ေ႐ႊစည္းခုံ ေတာင္တြင္ တပ္တည္၍ ေန၏။

တစ္ဖန္ ျမင္းကပါ၌ တိုက္ပြဲ ျဖစ္ျပန္ရာ ငရမန္ကာန္း တပ္ဆုတ္ရျပန္ေလသည္။ငရမန္ကာန္း စုန္ေျပးေၾကာင္းကို က်န္စစ္သားသိလွ်င္ မုဆိုးငစဥ့္ကို လိုက္၍ လုပ္ႀကံေစ၏။ မုဆိုးငစဥ့္လည္း ငရမန္ကာန္းကို ႐ြာသာ ေအာက္တြင္မီ၍ေရသဖန္းပင္ထက္မွ သာယာလွေသာငွက္၏ အသံကဲ့သို႔ျမည္၏။

ငရမန္ကာန္းလည္း ေ႐ႊေဖာင္တံခါးကို ဖြင့္၍ သာယာေသာအသံရွင္ ငွက္ကို ၾကည့္စဥ္ ေခ်ာင္းေန ေသာ ငစဥ့္ကေလးႏွင့္ပစ္ရာ မ်က္စိကိုမွန္၍ အသက္ဆုံးရ ေလသည္။ ထိုငစဥ့္ကူးအရပ္တြင္ ငရမန္ကာန္းဆုံးလွ်င္ သူ၏ တပ္ပ်က္ေလသည္။ မြန္၊ ျမန္မာ၊ ပ်ဴတို႔၏ ပုဂံႏိုင္ငံေတာ္ႀကီး လည္း ၿပိဳကြဲျခင္းအႏၲရာယ္မွ လြတ္ခဲ့ေလသည္။

ကိုးကား – ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၃)

Credit – မူရင္း