Knowledge

သွေးထွက်အောင်မှန်လွန်းလှတဲ့ ရှေးလူကြီးတွေပြောခဲ့တဲ့ အတိတ်တဘောင်များ…

ရှေးလူကြီးတွေပြောခဲ့တဲ့ အတိတ်တဘောင်တွေမှန်ပုံကတော့ ဒီနေ့ခေတ်ကို ဘေးကနေထိုင်ကြည့်ပြီး ပြောနေသလားမှတ်ရတယ်ဗျာ။ ကွက်တိကိုမှန်နေတော့တာပဲ။

အဲဒါကြောင့် “အတိတ်တဘောင်ဆိုတာ နိမိတ်ဆောင်တယ်” ဆိုတဲ့စကားပုံ ပေါ်လာတာဖြစ်ရမယ်ဗျ။

ရှေးလူကြီးတွေရဲ့ အမြင်စူးရှပုံကတော့ချီးကျူးဖို့ကောင်းပါတယ်။ရှေးလူကြီးတွေပြောခဲ့တဲ့ အတိတ်တဘောင်တွေကို အောက်ပါအတိုင်းဖော်ပြ လိုက်ရပါတယ်ခင်ဗျာ။

(၁)တရားကိုတေးဆို၊ အဖေကိုသားကဆဲ။

(၂)ဆွေမျိုးထဲကဓါးပြတိုက်၊ မိုက်လျှင်သောတာပန်။

(၃)မကောင်းကြံလျှင်သမာဓိ၊ ရွှေရှိမှလူလိမ္မာ။

(၄)လိမ်နိုင်မှသစ္စာရှင်၊ ပညာရှင်ကိုပယ်၍ထား။

(၅)အချစ်ဆုံးကသစ္စာပျက်၊ ရိုးသားသူကိုအရူးဆို။

(၆)အပျိုငယ်ကလင်နေစော၊ အင်္ကျီပါးနဲ့ဥပုသ်သည် ဇရပ်အလယ်ကို့ယို့ကားယား၊ အမျိုးသမီးကောင်းကပိုက်ဆံရှာ။

(၇)အပျိုမဖြစ်ခင်ကရည်းစားထား၊ ဆင်းရဲသားကသူဌေးယောင်ဆောင်။

(၈)အဝတ်ပြောင်မှလူရိုသေ၊ လင်ရှိမယားကအပျိုလုပ်။

(၉)မသာပို့ရင်းအပျိုလှည့်၊ အလှူပေးရင်းထမင်းရောင်း။

(၁၀)ဆယ်နှစ်သမီးကအိမ်ထောင်ကျ၊ ဆယ်အိမ်ခေါင်းကစိတ်ကြီးဝင်။

(၁၁)ပွဲသဘင်ပါမှအလှူဖြစ်၊ စာမတတ်သူကတရားပြ။

(၁၂)ဇာတ်သမားမှလူခေါ်ချင်၊ သူတော်စင်ကိုပယ်၍ထား။

(၁၃)ကြွေးပေးသူကကျွန်နဲ့တူ၊ ကြွေးယူသူကသခင်ဖြစ်။

(၁၄)မုန့်ပေးလျှင်ကျမ်းဂန်တတ်၊ ရွှေကပ်သည့်ဘုရားမှလူရိုသေ။

(၁၅)အဖေအမေကကျွန်နဲ့တူ၊ သားသမီးကသခင်ဖြစ်။

(၁၆)ခေတ်ကြီးကိုတော့အပြစ်ဆို၊ မိမိကိုယ်တော့အကောင်းပြော။

(၁၇)ဂုံံးတိုက်လျှင်ကျေးဇူးရှင်၊ ဖြောင့်မတ်လျှင်လူမသုံး။

(၁၈)သီလယူရင်းမျက်စပစ်၊

သူတော်ကောင်းတို့ တရားပျက်ကြလေပြီ။ရှေးစာဆိုတို့၏ အတိတ်တဘောင်များကို မေတ္တာရှေ့ထား ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ပါသည်။