ေရကန္တစ္ခုက ေဖာ္ျပလိုက္တဲ့ လူအမ်ားစုရဲ႕ ဆင္းရဲရျခင္းအေၾကာင္းတရား
ဒါေၾကာင့္_ဆင္းရဲၾကပါသည္။
ေက်း႐ြာ တစ္႐ြာအတြက္ ေရကန္လုပ္ဖို႔ . . .အလႉရွင္က ေငြလႉၿပီး ႐ြာကို အပ္ပါတယ္
တ႐ြာလုံးက စြမ္းအင္မလိုပဲ သုံးႏိုင္ေအာင္ . . .႐ြာထိပ္က အျမင့္ဆုံးေနရာမွာ . . .ေရကန္တည္ထား ေပးခဲ့ပါတယ္။
ေရကန္ၿပီးေတာ့ ႐ြာကလူေတြက . . .ေရသယ္ရတာ အဆင္ေျပေအာင္ . . .အိမ္ေတြ ကိုယ္စီ ကိုယ္စီ ေရရရွိေရး . . .လုပ္ၾကမည္ဆိုၿပီး . .
အတူတူလုပ္ဖို႔ ေဆြးေႏြးပါတယ္။
ဇာတ္လမ္းက စပါၿပီ !ေရကန္နဲ႔ နီးသူေတြက ပိုက္လိုင္း သိပ္မေဝးလို႔ . . ေငြကို အခ်ိဳးက် မထည့္ႏိုင္ဘူး တဲ့။
ေရကန္နဲ႔ ေဝးေနတဲ့ သူေတြကလည္း . . .အကြာအေဝးအတိုင္း အခ်ိဳးခ်လိုက္ရင္ . . .သူတို႔သုံးရမဲ့ ေရက ငါးမူးပိုက္က လာတဲ့ေရျဖစ္လို႔
ကုန္က်စရိတ္ တြက္ၾကည့္ၿပီး . . .က်သင့္ေငြမ်ားေနေတာ့ သေဘာမတူၾကျပန္ဘူး တဲ့။
ဒီေတာ့ ဘယ္လိုမွ ညႇိမရေတာ့ . . .႐ြာဦး ေက်ာင္းဘုန္းႀကီးကို ေလွ်ာက္ထားတယ္။ဘုန္းႀကီးက ဝင္ေရာက္ညႇိႏႈိင္းေပးေသာ္လည္းမရ .
ေနာက္ဆုံး ညႇိေပးလို႔ မရေတာ့တဲ့ အဆုံးမွာ . . ” ေမာင္ရင္တို႔ သေဘာ လုပ္ခ်င္တာလုပ္ေတာ့ ” ဆိုၿပီးဝင္မပါေတာ့ပါဘူး တဲ့။
ဒီေတာ့မွ ပုံပါ ျမင္ရသည့္အတိုင္း . . .ေရကန္ကို ငါးမူးပိုက္မ်ား ဝိုင္းေဖာက္ ေရသြယ္ၿပီး . . .ကိုယ့္အိမ္လိုင္း ကိုယ့္ဘာသာကို . . .သြယ္
ယူ သုံးၾကပါေတာ့တယ္ တဲ့။
တစ္လခန္႔ အၾကာမွာေတာ့ . . .တစ္ဦးနဲ႔တစ္ဦး စကားမ်ားၾက ရန္ျဖစ္ၾက . . .တုတ္ဓါးဆြဲၿပီး တြယ္ေတာ့မယ္ျဖစ္နဲ႔ . . .ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေရာက္ကုန္ေရာတဲ့။
သူမ်ား အိမ္ေရွ႕ကေန ေရျဖတ္ဆြဲေတာ့ . . .ေရပိုက္ကို ခြဲပစ္လို႔ ေရက မရ . . .ကိုယ့္ေရ မရေတာ့ ဘယ္သူ႔လိုင္းမွန္းမသိ . . .ျဖတ္ဆက္ၿပီး သြယ္ပါေလေရာ . . .
အဲဒီေတာ့ မူလ ပိုက္ပိုင္ရွင္ဆီ ေရက မေရာက္ . . .ေနာက္ဆုံးေတာ့ . . .ဘယ္ပိုက္က ဘယ္သူ႔ဟာမွန္း မသိ . .ဦးသူ ကိုယ့္ဟာလုပ္ၿပီး ေရရေအာင္ ႀကံၾကရင္းနဲ႔ . . .တ႐ြာလုံးနီးပါး ရန္ျဖစ္ စကားမ်ားၾကကာ . . .
တစ္ဦးနဲ႔တစ္ဦး . . .တစ္အိမ္နဲ႔ တစ္အိမ္ . . .ရန္သူႀကီးေတြလို ရန္ေစာင္ေနၾကသတဲ့ေလ
အလႉရွင္ သာဓုေခၚႏိုင္ပါေစ . . .။
မိတ္ေဆြတစ္ဦးရဲ႕ျပန္လည္မွ်ေဝမႈေလး ရွယ္လာပါသည္။
အတၱေတြကို ေရွ႕တန္းတင္ၾက အခ်င္းခ်င္း နားလည္မေပးႏိုင္ၾက ကိုယ့္အတြက္သာ ကိုယ္ၾကည့္ၾကၿပီး
စည္းလုံးမႈမရွိတဲ့ လုပ္ရပ္ေတြေၾကာင့္ မကုန္သင့္တဲ့ေငြေတြ ကုန္ရ၊ လုပ္ထားသမွ် အက်ိဳးမခံစားရ၊
အခ်င္းခ်င္းရန္ေစာင္ေနၾကတာနဲ႔ အခ်ိန္မကုန္သင့္ပဲကုန္ လူပင္ပန္း စိတ္ပင္ပန္းျဖစ္ၾကရ…ဒါေတြဟာ
ဆင္းရဲျခင္း အေၾကာင္းတရားေတြပဲ ျဖစ္ပါတယ္
Crd…
ရေကန်တစ်ခုက ဖော်ပြလိုက်တဲ့ လူအများစုရဲ့ ဆင်းရဲရခြင်းအကြောင်းတရား
ဒါကြောင့်_ဆင်းရဲကြပါသည်။
ကျေးရွာ တစ်ရွာအတွက် ရေကန်လုပ်ဖို့ . . .အလှူရှင်က ငွေလှူပြီး ရွာကို အပ်ပါတယ် . . .
တရွာလုံးက စွမ်းအင်မလိုပဲ သုံးနိုင်အောင် . . .ရွာထိပ်က အမြင့်ဆုံးနေရာမှာ . . .ရေကန်တည်ထား ပေးခဲ့ပါတယ်။
ရေကန်ပြီးတော့ ရွာကလူတွေက . . .ရေသယ်ရတာ အဆင်ပြေအောင် . . .အိမ်တွေ ကိုယ်စီ ကိုယ်စီ ရေရရှိရေး . . .လုပ်ကြမည်ဆိုပြီး . . .အတူတူလုပ်ဖို့ ဆွေးနွေးပါတယ်။
ဇာတ်လမ်းက စပါပြီ !ရေကန်နဲ့ နီးသူတွေက ပိုက်လိုင်း သိပ်မဝေးလို့ . . ငွေကို အချိုးကျ မထည့်နိုင်ဘူး တဲ့။
ရေကန်နဲ့ ဝေးနေတဲ့ သူတွေကလည်း . . .အကွာအဝေးအတိုင်း အချိုးချလိုက်ရင် . . .သူတို့သုံးရမဲ့ ရေက ငါးမူးပိုက်က လာတဲ့ရေဖြစ်လို့ . . .ကုန်ကျစရိတ် တွက်ကြည့်ပြီး . . .ကျသင့်ငွေများနေတော့ သဘောမတူကြပြန်ဘူး တဲ့။
ဒီတော့ ဘယ်လိုမှ ညှိမရတော့ . . .ရွာဦး ကျောင်းဘုန်းကြီးကို လျှောက်ထားတယ်။ဘုန်းကြီးက ဝင်ရောက်ညှိနှိုင်းပေးသော်လည်းမရ . .
နောက်ဆုံး ညှိပေးလို့ မရတော့တဲ့ အဆုံးမှာ . . ” မောင်ရင်တို့ သဘော လုပ်ချင်တာလုပ်တော့ ” ဆိုပြီးဝင်မပါတော့ပါဘူး တဲ့။
ဒီတော့မှ ပုံပါ မြင်ရသည့်အတိုင်း . . .ရေကန်ကို ငါးမူးပိုက်များ ဝိုင်းဖောက် ရေသွယ်ပြီး . . .ကိုယ့်အိမ်လိုင်း ကိုယ့်ဘာသာကို . . .သွယ်ယူ သုံးကြပါတော့တယ် တဲ့။
တစ်လခန့် အကြာမှာတော့ . . .တစ်ဦးနဲ့တစ်ဦး စကားများကြ ရန်ဖြစ်ကြ . . .တုတ်ဓါးဆွဲပြီး တွယ်တော့မယ်ဖြစ်နဲ့ . . .ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရောက်ကုန်ရောတဲ့။
သူများ အိမ်ရှေ့ကနေ ရေဖြတ်ဆွဲတော့ . . .ရေပိုက်ကို ခွဲပစ်လို့ ရေက မရ . . .ကိုယ့်ရေ မရတော့ ဘယ်သူ့လိုင်းမှန်းမသိ . . .ဖြတ်ဆက်ပြီး သွယ်ပါလေရော . . .
အဲဒီတော့ မူလ ပိုက်ပိုင်ရှင်ဆီ ရေက မရောက် . . .နောက်ဆုံးတော့ . . .ဘယ်ပိုက်က ဘယ်သူ့ဟာမှန်း မသိ . .ဦးသူ ကိုယ့်ဟာလုပ်ပြီး ရေရအောင် ကြံကြရင်းနဲ့ . . .တရွာလုံးနီးပါး ရန်ဖြစ် စကားများကြကာ . . .
တစ်ဦးနဲ့တစ်ဦး . . .တစ်အိမ်နဲ့ တစ်အိမ် . . .ရန်သူကြီးတွေလို ရန်စောင်နေကြသတဲ့လေ
အလှူရှင် သာဓုခေါ်နိုင်ပါစေ . . .။
မိတ်ဆွေတစ်ဦးရဲ့ပြန်လည်မျှဝေမှုလေး ရှယ်လာပါသည်။
အတ္တတွေကို ရှေ့တန်းတင်ကြ အချင်းချင်း နားလည်မပေးနိုင်ကြ ကိုယ့်အတွက်သာ ကိုယ်ကြည့်ကြပြီး
စည်းလုံးမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် မကုန်သင့်တဲ့ငွေတွေ ကုန်ရ၊ လုပ်ထားသမျှ အကျိုးမခံစားရ၊
အချင်းချင်းရန်စောင်နေကြတာနဲ့ အချိန်မကုန်သင့်ပဲကုန် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ကြရ…ဒါတွေဟာ
ဆင်းရဲခြင်း အကြောင်းတရားတွေပဲ ဖြစ်ပါတယ်
Crd