ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ဖြစ်အောင်လျှော်ကြည့်ပါ(ဆန်ဆေးရည် ကောင်းကျိုးများနှင့် ပြုလုပ်ပုံ)
ဆန်ဆေးရေနဲ့ ခေါင်းလျှော်ဖြစ်အောင် လျှော်ကြည့်ပါ …။
ဆန်ဆေးရေ ဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားတဲ့ ဆန်ကို ထမင်းအဖြစ်မချက်ခင်မှာ ရေနဲ့ ဆန်ကို ဆေးရာကနေ ရတဲ့ ရေပါ။ ကျွန်တော်တို့ အတော်များများကတော့ ဆန်ဆေးရေကို သွန်ပစ်ကြလေ့ ရှိပါတယ် …။
သို့သော် ရှေးယခင်ကတည်းက ဆန်ဆေးရေရဲ့ အကျိုးအာနိသင်ကို သိပြီး ဆန်ဆေးရေကို အလှအပအတွက်သုံးခဲ့တဲ့ လူတွေလည်းရှိ
ပါတယ်။
သုတေသနပညာရှင်များရဲ့ အဆိုအရ ဂျပန်နိုင်ငံရဲ့ H e i a n ခေတ် (794 AD – 1185) မှာ ဂျပန်အမျိုးသမီးတွေရဲ့ ဆံပင်အရှည်ဟာ ခေါင်းကနေ ခြေဖျားထိရှိပြီး ဆံသားကလည်း ကောင်းတယ်လို့ အဆိုရှိပါတယ် …။
အဲ့လိုဆံပင်ရှည်ပြီး ဆံသားကောင်းဖို့ကို ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ခဲ့ကြတယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။
အဲ့ခေတ်ကာလက တော်တော်ကြာခဲ့ပြီဆိုတော့ တချို့တွေ အနေနဲ့ ယုံချင်မှ ယုံပါလိမ့်မယ် …။
ဒါပေမယ့် အဲ့ခေတ်က ဂျပန်အမျိုးသမီးတွေရဲ့ ဆံပင်အရှည်လိုမျိုး အခုခေတ် တရုတ်နိုင်ငံ H u a n g l u o ရွာက Yao လူမျိုးစုတွေမှာ တွေ့နိုင်ပါတယ်။
အဲ့လူမျိုးစုတွေရဲ့ ဆံပင်အရှည်က ခြောက်ပေနီးပါးရှိလို့ ဂရင်းနစ် မှတ်တမ်းစာအုပ်မှာတောင် ဖော်ပြခြင်း ခံခဲ့ရပါတယ် …။
ဆံပင်ရှည်တာအပြင် အသက် ၈၀ ကျော်သည်အထိလည်း ဆံပင်ဖြူတာ မရှိကြပါဘူး။
ဒီလို ဆံသားတွေ ရှည်လျားသန်စွမ်းနက်မှောင်ရတဲ့ အကြောင်းရင်းကို မေးမြန်းကြည့်တဲ့အခါမှာ သူတို့ခေါင်းလျှော်တဲ့အခါ
ဆန်ဆေးရည်သုံးပြီး ခေါင်းလျှော်တဲ့အတွက် ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားပါတယ် …။
ခုနောက်ပိုင်း လေ့လာချက်တွေအရလည်း ဆန်ဆေးရေထဲမှာ အလှအပအတွက်နဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ ဓါတ်တွေများစွာပါကြောင်း တွေ့ရပါတယ်။
ဆန်ဆေးရေမှာပါတဲ့ အင်နိုစီတော (Inositol) ဓါတ်ဟာ ဆံပင်ကျွတ်ခြင်းကို ကင်းဝေးစေပြီး ဆံပင်ကို သန်စွမ်းစေပါတယ်။
အမိုင်နိုအက်စစ်ဓါတ်ကလည်း ဦးရေပြားနဲ့ ဆံသားကိုအားဖြည့်ပေးကာ ဆံသားကို ထူထဲစေနိုင်ပါတယ် …။
ဒါတွေအပြင် ဆန်ဆေးရေထဲမှာ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ သံဓါတ်၊ မဂ္ဂနီဆီယန်၊ ဆီလီနီယန်၊ ဖောစဖောရပ် စတဲ့
သတ္ထုဓါတ်များစွာနဲ့ အန်တီအောက်ဆီးဒန့်ခေါ် ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေများစွာလည်း ပါဝင်ပါတယ်။
ဒီလိုဓါတ်တွေများစွာပါတဲ့အတွက် ဆန်ဆေးရေဟာ ဆံပင်ကျန်းမာရေးအတွက်သာမက အသားအရေ အတွက်လည်း အထောက်အကူပြုပါသေးတယ် …။
အရေပြားမှာ ရောင်ရမ်းပြီး အနီစက်တွေထွက်ပါက ဆန်ဆေးရေကို သုတ်လိမ်းခြင်းဖြင့် သော်လည်းကောင်း ဖြစ်တဲ့အရေပြားနေရာပေါ်ကို
ဆန်ဆေးရေထဲစိမ်ထားတဲ့ အဝတ်သန့် ဂွမ်းလေးကို တင်အုပ်ထားပေးခြင်းဖြင့်သော် လည်းကောင်း သက်သာ ပျောက်ကင်းစေပါတယ် …။
ဆန်ဆေးရေဟာ အသားအရေအစိုဓါတ်ကို ထိန်းပေးနိုင်ပြီး သူ့မှာ အန်တီအောက်ဆီးဒန့်ခေါ် ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေ
များစွာပါတဲ့အတွက် အသားအရေခြောက်သွေ့တာ အရေးအကြောင်းဖြစ်တာတွေအတွက် များစွာ အထောက်အကူပြုပါတယ် …။
မျက်နှာ အဆီပြန်လွယ်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်များအနေနဲ့လည်း ဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးပါက မွှေးညှင်းပေါက်တွေကို
ကျဉ်းမြှောင်းစေပြီး အဆီပြန်မှုကို လျှော့ချပေးတဲ့အတွက် ဝက်ခြံ ခဏခဏဖြစ်တာကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ် …။
ပြုလုပ်နည်း
ဆန်ကို တစ်ရေ ၂ ရေလောက်ဆေးလိုက်ပါ။ ပြီးရင် ခွက်အကြီးတစ်လုံးထဲမှာထည့်ထားပြီး ရေ ၃ ခွက်လောက်ထည့်ပါ။
ပြီးရင် ပလတ်စတစ်နဲ့ ဖုံးလိုက်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ စိမ်ထားပါ …။
အဲဒီနောက် ရေဆစ်လိုက်ပြီး ပလတ်စတစ်နဲ့ထပ်ဖုံးလိုက်ကာ အခန်းထဲမှာ တစ်ရက် (သို့) တစ်ည ထားထားပါ။ နောက်တစ်နေ့မှာ အနံ့က ချဉ်စုတ်စုတ် ထွက်လာပါလိမ့်မယ် …။
အဲဒီရေကို ဆူအောင်တည်ပြီး အအေးခံပြီးမှ ခေါင်းလျှော်နိုင်သလို ဒီအတိုင်းလည်း လျှော်လို့ရပါတယ်။
ဇလုံးအကြီးတစ်ခုထဲကို လောင်းထည့်ပြီး ခေါင်းပေါ်မှာ လောင်းချပေးပါ။ ပြီးရင် ရေစင်စင် ဆေးချလိုက်ရုံပါပဲ …။
ဒီလိုပုံမှန်လုပ်ပေးမယ်ဆိုရင် တလ နှစ်လလောက်အတွင်းမှာ သိသိသာသာထူးခြားလာမှာပဲ ဖြစ်ပါတယ်နော် …။ ။
Credit – Dr သီတာနွယ် (အမရပူရ)
naethitmyanmar
ဆန္ေဆးရည္နဲ႔ ေခါင္းေလွ်ာ္ျဖစ္ေအာင္ ေလွ်ာ္ၾကည့္ပါ (သင္မသိေသးတ့ဲ ဆန္ေဆးရည္ ေကာင္းက်ိဳးမ်ားႏွင့္ ျပဳလုပ္ပုံ)
ဆန္ေဆးရည္နဲ႔ ေခါင္းေလွ်ာ္ျဖစ္ေအာင္ေလွ်ာ္ၾကည့္ပါ(ဆန္ေဆးရည္ ေကာင္းက်ဳိးမ်ားႏွင့္ ျပဳလုပ္ပုံ)
ဆန္ေဆးေရနဲ႔ ေခါင္းေလွ်ာ္ျဖစ္ေအာင္ ေလွ်ာ္ၾကည့္ပါ …။
ဆန္ေဆးေရ ဆိုတာဟာ ကြၽန္ေတာ္တို႔ ေန႔စဥ္စားတဲ့ ဆန္ကို ထမင္းအျဖစ္မခ်က္ခင္မွာ ေရနဲ႔ ဆန္ကို ေဆးရာကေန ရတဲ့ ေရပါ။ ကြၽန္ေတာ္တို႔ အေတာ္မ်ားမ်ားကေတာ့ ဆန္ေဆးေရကို သြန္ပစ္ၾကေလ့ ရွိပါတယ္ …။
သို႔ေသာ္ ေရွးယခင္ကတည္းက ဆန္ေဆးေရရဲ႕ အက်ိဳးအာနိသင္ကို သိၿပီး ဆန္ေဆးေရကို အလွအပအတြက္သုံးခဲ့တဲ့ လူေတြလည္းရွိပါတယ္။
သုေတသနပညာရွင္မ်ားရဲ႕ အဆိုအရ ဂ်ပန္ႏိုင္ငံရဲ႕ H e i a n ေခတ္ (794 AD – 1185) မွာ ဂ်ပန္အမ်ိဳးသမီးေတြရဲ႕ ဆံပင္အရွည္ဟာ ေခါင္းကေန ေျခဖ်ားထိရွိၿပီး ဆံသားကလည္း ေကာင္းတယ္လို႔ အဆိုရိွပါတယ္ …။
အဲ့လိုဆံပင္ရွည္ၿပီး ဆံသားေကာင္းဖို႔ကို ဆန္ေဆးရည္နဲ႔ ေခါင္းေလွ်ာ္ခဲ့ၾကတယ္လို႔ သုေတသနပညာရွင္မ်ားက ဆိုပါတယ္။
အဲ့ေခတ္ကာလက ေတာ္ေတာ္ၾကာခဲ့ၿပီဆိုေတာ့ တခ်ိဳ႕ေတြ အေနနဲ႔ ယုံခ်င္မွ ယုံပါလိမ့္မယ္ …။
ဒါေပမယ့္ အဲ့ေခတ္က ဂ်ပန္အမ်ိဳးသမီးေတြရဲ႕ ဆံပင္အရွည္လိုမ်ိဳး အခုေခတ္ တ႐ုတ္ႏိုင္ငံ H u a n g l u o ႐ြာက Yao လူမ်ိဳးစုေတြမွာ ေတြ႕ႏိုင္ပါတယ္။
အဲ့လူမ်ိဳးစုေတြရဲ႕ ဆံပင္အရွည္က ေျခာက္ေပနီးပါးရွိလို႔ ဂရင္းနစ္ မွတ္တမ္းစာအုပ္မွာေတာင္ ေဖာ္ျပျခင္း ခံခဲ႔ရပါတယ္ …။
ဆံပင္ရွည္တာအျပင္ အသက္ ၈၀ ေက်ာ္သည္အထိလည္း ဆံပင္ျဖဴတာ မရွိၾကပါဘူး။
ဒီလို ဆံသားေတြ ရွည္လ်ားသန္စြမ္းနက္ေမွာင္ရတဲ့ အေၾကာင္းရင္းကို ေမးျမန္းၾကည့္တဲ့အခါမွာ သူတို႔ေခါင္းေလွ်ာ္တဲ့အခါ
ဆန္ေဆးရည္သုံးၿပီး ေခါင္းေလွ်ာ္တဲ့အတြက္ ျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္ဆိုၿပီး သတင္းေတြမွာ ေဖာ္ျပထားပါတယ္ …။
ခုေနာက္ပိုင္း ေလ့လာခ်က္ေတြအရလည္း ဆန္ေဆးေရထဲမွာ အလွအပအတြက္နဲ႔ က်န္းမာေရးအတြက္ အေထာက္အကူျပဳႏိုင္တဲ့ ဓါတ္ေတြမ်ားစြာပါေၾကာင္း ေတြ႕ရပါတယ္။
ဆန္ေဆးေရမွာပါတဲ့ အင္ႏိုစီေတာ (Inositol) ဓါတ္ဟာ ဆံပင္ကြၽတ္ျခင္းကို ကင္းေဝးေစၿပီး ဆံပင္ကို သန္စြမ္းေစပါတယ္။
အမိုင္ႏိုအက္စစ္ဓါတ္ကလည္း ဦးေရျပားနဲ႔ ဆံသားကိုအားျဖည့္ေပးကာ ဆံသားကို ထူထဲေစႏိုင္ပါတယ္ …။
ဒါေတြအျပင္ ဆန္ေဆးေရထဲမွာ ဗီတာမင္ဘီ၊ ဗီတာမင္အီး၊ သံဓါတ္၊ မဂၢနီဆီယန္၊ ဆီလီနီယန္၊ ေဖာစေဖာရပ္ စတဲ့
သတၳဳဓါတ္မ်ားစြာနဲ႔ အန္တီေအာက္ဆီးဒန႔္ေခၚ ဓါတ္တိုးဆန႔္က်င္ ပစၥည္းေတြမ်ားစြာလည္း ပါဝင္ပါတယ္။
ဒီလိုဓါတ္ေတြမ်ားစြာပါတဲ့အတြက္ ဆန္ေဆးေရဟာ ဆံပင္က်န္းမာေရးအတြက္သာမက အသားအေရ အတြက္လည္း အေထာက္အကူျပဳပါေသးတယ္ …။
အေရျပားမွာ ေရာင္ရမ္းၿပီး အနီစက္ေတြထြက္ပါက ဆန္ေဆးေရကို သုတ္လိမ္းျခင္းျဖင့္ ေသာ္လည္းေကာင္း ျဖစ္တဲ့အေရျပားေနရာေပၚကို
ဆန္ေဆးေရထဲစိမ္ထားတဲ့ အဝတ္သန႔္ ဂြမ္းေလးကို တင္အုပ္ထားေပးျခင္းျဖင့္ေသာ္ လည္းေကာင္း သက္သာ ေပ်ာက္ကင္းေစပါတယ္ …။
ဆန္ေဆးေရဟာ အသားအေရအစိုဓါတ္ကို ထိန္းေပးႏိုင္ၿပီး သူ႔မွာ အန္တီေအာက္ဆီးဒန႔္ေခၚ ဓါတ္တိုးဆန႔္က်င့္ပစၥည္းေတြ
မ်ားစြာပါတဲ့အတြက္ အသားအေရေျခာက္ေသြ႕တာ အေရးအေၾကာင္းျဖစ္တာေတြအတြက္ မ်ားစြာ အေထာက္အကူျပဳပါတယ္ …။
မ်က္ႏွာ အဆီျပန္လြယ္ၿပီး ဝက္ၿခံျဖစ္လြယ္တဲ့ အသားအေရပိုင္ရွင္မ်ားအေနနဲ႔လည္း ဆန္ေဆးေရနဲ႔ မ်က္ႏွာသစ္ေပးပါက ေမႊးညႇင္းေပါက္ေတြကို
က်ဥ္းေျမႇာင္းေစၿပီး အဆီျပန္မႈကို ေလွ်ာ့ခ်ေပးတဲ့အတြက္ ဝက္ၿခံ ခဏခဏျဖစ္တာကို သက္သာ ေပ်ာက္ကင္းေစႏိုင္ပါတယ္ …။
ျပဳလုပ္နည္း
ဆန္ကို တစ္ေရ ၂ ေရေလာက္ေဆးလိုက္ပါ။ ၿပီးရင္ ခြက္အႀကီးတစ္လုံးထဲမွာထည့္ထားၿပီး ေရ ၃ ခြက္ေလာက္ထည့္ပါ။
ၿပီးရင္ ပလတ္စတစ္နဲ႔ ဖုံးလိုက္ၿပီး ၁၀ မိနစ္ကေန ၁၅ မိနစ္အထိ စိမ္ထားပါ …။
အဲဒီေနာက္ ေရဆစ္လိုက္ၿပီး ပလတ္စတစ္နဲ႔ထပ္ဖုံးလိုက္ကာ အခန္းထဲမွာ တစ္ရက္ (သို႔) တစ္ည ထားထားပါ။ ေနာက္တစ္ေန႔မွာ အနံ႔က ခ်ဥ္စုတ္စုတ္ ထြက္လာပါလိမ့္မယ္ …။
အဲဒီေရကို ဆူေအာင္တည္ၿပီး အေအးခံၿပီးမွ ေခါင္းေလွ်ာ္ႏိုင္သလို ဒီအတိုင္းလည္း ေလွ်ာ္လို႔ရပါတယ္။
ဇလုံးအႀကီးတစ္ခုထဲကို ေလာင္းထည့္ၿပီး ေခါင္းေပၚမွာ ေလာင္းခ်ေပးပါ။ ၿပီးရင္ ေရစင္စင္ ေဆးခ်လိုက္႐ုံပါပဲ …။
ဒီလိုပုံမွန္လုပ္ေပးမယ္ဆိုရင္ တလ ႏွစ္လေလာက္အတြင္းမွာ သိသိသာသာထူးျခားလာမွာပဲ ျဖစ္ပါတယ္ေနာ္ …။
Credit – Dr သီတာႏြယ္ (အမရပူရ)
naethitmyanmar