Knowledge

လူသားတွေ ကျေးဇူးကန်းတဲ့အခါနတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုးတဲ့ (ဖတ်ကြည့်ကြပါနော်)

ဖတ်ကြည့်နော်

လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။

စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။

ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး အာမတောင်ခံလိုက်သေး။

အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။

အချိန်တန်လို့ ပြောင်းပေးဖို့ပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။

တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့မပြောနဲ့ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။

သူငယ်ချင်းတစု အတူတူပေါင်းပြီးအဆောင်ငှါးနေကြတယ်။

စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။

အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။

ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။

အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။

လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။

နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ အမြဲတမ်း အစာခေါ်ခေါ်ကျွေးလိုက်တာ။

အရင်က အဲ့ဒီသစ်ပင်နား တခါတလေတွေ့ရတုန်းက လူမြင်တိုင်း အမြဲတမ်း ကြောက်ပြီးရှောင်ပြေးတတ်တဲ့ခွေးဟာအပင်အောက်မှာ အစာလာစားတာကြာလာတော့ အဲ့ဒီသစ်ပင်ကို သူပိုင်တယ်လို့ထင်သွားပုံရတယ်။

နောက်ပိုင်းကျတော့အပင်နားရောက်လာတဲ့ တွေ့တဲ့သူတိုင်းကို ဟောင်တော့တာပဲ။

ကုမ္ပဏီတခုမှာ အလုပ်သမားတွေ အလုပ်နောက်ကျလို့မရဘူးဆိုတဲ့ စည်းကမ်းရှိတယ်။

တခါတလေနောက်ကျတာကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။

အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ်ဆိုပြီး ကျေးဇူးတင်ကြတာ။

ကြာလာတော့ သူတို့ဟာ နောက်ကျခွင့်ရှိတယ်လို့မြင်လာပြီး အမြဲလိုလိုနောက်ကျမှအလုပ်တက်ကြတော့တယ်။

နောက်ကျဖန်များလာလို့ နောက်မကျဖို့ပြောတဲ့အခါကျတော့ အရင်ကပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတော့ပဲ သူတို့ရဲ့ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လို့မြင်လာကြတယ်။

လူတွေရဲ့အကျင့်က အမြဲတမ်း

ပေါပေါများများရနေပြီဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလို့မထင်တော့ဘူး။

တခါတလေ ရခဲတဲ့အရာမျိုးလောက်ပဲ ကျေးဇူးတင်တတ်ကြတာမျိုး။

မိဘနဲ့သားသမီး

ဆရာနဲ့တပည့်

အလုပ်ရှင်အလုပ်သမား

သူငယ်ချင်းကြား

ချစ်သူကြား

မိတ်ဆွေကြား

အသင်းအဖွဲ့တွေကြား စသည့်ဘယ်ဆက်ဆံရေးမှာမဆိုအခွင့်အရေးဆိုတာပေးသင့်သလောက်ပဲပေးရတယ်။

အမြဲတမ်းပေးတော့မယ်ဆိုလည်း

ကိုယ်ပေးနိုင်တဲ့ပမာဏလောက်ပဲပေးသင့်တယ်။

လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးပေးမိလျှင် ကြာလာတဲ့အခါ ရပိုင်ခွင့်လို့ထင်သွားကြတယ်။

တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေဆက်မပေးနိုင်တော့တဲ့အခါကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင် သူတို့ရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ထင်လာတတ်ကြတယ်၊ ကိုယ်ကပဲမှားနေတယ်လို့လည်း သူတို့က မြင်လာကြတယ်။

အချို့သောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက်အနည်းငယ်သော အလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာ အမြဲတမ်းမြင်နေတတ်တဲ့သဘောရှိတယ်။

ဒါကြောင့် ပေးဆပ်ဖို့စဉ်းစားတိုင်းမှာ

တချိန်ချိန်မှာဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသေးတယ်။

မဟုတ်ရင်အဲ့ဒီစေတနာတွေဟာ

အဆုံးမှာစော်ကားစရာအဖြစ်သာ ကျန်နေလိမ့်မယ်။

စကားတစ်ခုရှိတယ်

“လူသားတွေ ကျေးဇူးကန်းတဲ့အခါ

နတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုး

မူရင္းေရးသားသူကိုေလးစားစြာ ခရက္ဒစ္ေပးပါသည္ ။

========

ဖတ္ၾကည့္ေနာ္

လူတေယာက္ ေနစရာမရွိတုန္းက သူနဲ႔သိပ္ရင္းႏွီးတဲ့သူငယ္ခ်င္းက သူ႔အိမ္မွာေပးေနလိုက္တယ္။

စစခ်င္း ေနခြင့္ရတုန္းကေတာ့ အရမ္းေက်းဇူးတင္သြားတာ။

ေျပာင္းေစခ်င္တဲ့အခါ အခ်ိန္မေ႐ြးေျပာပါ ေျပာင္းေပးပါ့မယ္ဆိုၿပီး အာမေတာင္ခံလိုက္ေသး။

အေနလည္း ၾကာလာေတာ့ သူမ်ားအိမ္ကို သူ႔အိမ္လို စိတ္ထဲမွာ မွတ္ယူလာေတာ့တယ္။

အခ်ိန္တန္လို႔ ေျပာင္းေပးဖို႔ေျပာေတာ့ မေက်မနပ္ေတြျဖစ္လာတယ္။

တခ်ိန္က ေနခြင့္ေပးခဲ့တဲ့ ေက်းဇူးဆိုတာကို သတိရဖို႔မေျပာနဲ႔ေက်းဇူးရွင္ကိုေတာင္ ရန္သူတေယာက္လိုျမင္သြားတယ္။

သူငယ္ခ်င္းတစု အတူတူေပါင္းၿပီးအေဆာင္ငွါးေနၾကတယ္။

ေစတနာေကာင္းတဲ့သူငယ္ခ်င္းက ခ်က္ျပဳတ္ေကြၽးတယ္။

အစတုန္းကေတာ့ ခ်က္ေကြၽးတာကို ေက်းဇူးေတြတင္ေနၾကတယ္။

ၾကာလာေတာ့ ခ်က္ျပဳတ္ေကြၽးတာကို သူကပဲ မျဖစ္မေနလုပ္ရမည့္ တာဝန္တစ္ခုလိုျမင္လာၾကတယ္။

အေၾကာင္းေၾကာင္းေၾကာင့္ ခ်က္မေကြၽးျဖစ္တဲ့အခါ ခ်က္ေကြၽးခဲ့တာေတြ ေက်းဇူးတင္ဖို႔ေနေနသာသာ ခ်က္မေကြၽးရေကာင္းလားဆိုၿပီး ၿငိဳျငင္လာၾကတယ္။

လူတေယာက္ အျပင္သြားတဲ့အခါတိုင္း သစ္ပင္တပင္ေအာက္က ျဖတ္သြားေနက်။

ေနာက္ေတာ့ လမ္းေဘးက ေတြ႕ေနက် ေခြးတေကာင္ကို သနားလို႔ အနီးနားက အပင္တပင္ေအာက္မွာ အၿမဲတမ္း အစာေခၚေခၚေကြၽးလိုက္တာ။

အရင္က အဲ့ဒီသစ္ပင္နား တခါတေလေတြ႕ရတုန္းက လူျမင္တိုင္း အၿမဲတမ္း ေၾကာက္ၿပီးေရွာင္ေျပးတတ္တဲ့ေခြးဟာအပင္ေအာက္မွာ အစာလာစားတာၾကာလာေတာ့ အဲ့ဒီသစ္ပင္ကို သူပိုင္တယ္လို႔ထင္သြားပုံရတယ္။

ေနာက္ပိုင္းက်ေတာ့အပင္နားေရာက္လာတဲ့ ေတြ႕တဲ့သူတိုင္းကို ေဟာင္ေတာ့တာပဲ။

ကုမၸဏီတခုမွာ အလုပ္သမားေတြ အလုပ္ေနာက္က်လို႔မရဘူးဆိုတဲ့ စည္းကမ္းရွိတယ္။

တခါတေလေနာက္က်တာကို သနားသျဖင့္ ခြင့္လႊတ္ေပးထားတယ္။

အစတုန္းကေတာ့ ကုမၸဏီကို နားလည္မႈရွိတယ္ဆိုၿပီး ေက်းဇူးတင္ၾကတာ။

ၾကာလာေတာ့ သူတို႔ဟာ ေနာက္က်ခြင့္ရွိတယ္လို႔ျမင္လာၿပီး အၿမဲလိုလိုေနာက္က်မွအလုပ္တက္ၾကေတာ့တယ္။

ေနာက္က်ဖန္မ်ားလာလို႔ ေနာက္မက်ဖို႔ေျပာတဲ့အခါက်ေတာ့ အရင္ကေပးခဲ့တဲ့ အခြင့္အေရးေတြကို ေက်းဇူးတင္ရေကာင္းမွန္းမသိေတာ့ပဲ သူတို႔ရဲ႕ရပိုင္ခြင့္ကိုေတာင္ ခ်ိဳးေဖာက္တယ္လို႔ျမင္လာၾကတယ္။

လူေတြရဲ႕အက်င့္က အၿမဲတမ္း

ေပါေပါမ်ားမ်ားရေနၿပီဆိုရင္ အဲ့ဒါကို ေက်းဇူးတင္စရာလို႔မထင္ေတာ့ဘူး။

တခါတေလ ရခဲတဲ့အရာမ်ိဳးေလာက္ပဲ ေက်းဇူးတင္တတ္ၾကတာမ်ိဳး။

မိဘနဲ႔သားသမီး

ဆရာနဲ႔တပည့္

အလုပ္ရွင္အလုပ္သမား

သူငယ္ခ်င္းၾကား

ခ်စ္သူၾကား

မိတ္ေဆြၾကား

အသင္းအဖြဲ႕ေတြၾကား စသည့္ဘယ္ဆက္ဆံေရးမွာမဆိုအခြင့္အေရးဆိုတာေပးသင့္သေလာက္ပဲေပးရတယ္။

အၿမဲတမ္းေပးေတာ့မယ္ဆိုလည္း

ကိုယ္ေပးႏိုင္တဲ့ပမာဏေလာက္ပဲေပးသင့္တယ္။

လိုတာထက္ပိုတဲ့ အခြင့္အေရးမ်ိဳးေပးမိလွ်င္ ၾကာလာတဲ့အခါ ရပိုင္ခြင့္လို႔ထင္သြားၾကတယ္။

တခ်ိန္ခ်ိန္မွာ ကိုယ္က အခြင့္အေရးေတြဆက္မေပးႏိုင္ေတာ့တဲ့အခါကိုယ့္လုပ္ပိုင္ခြင့္နဲ႔ကိုယ္လုပ္တာေတာင္ သူတို႔ရဲ႕ရပိုင္ခြင့္ကို ခ်ိဳးေဖာက္တယ္လို႔ ထင္လာတတ္ၾကတယ္၊ ကိုယ္ကပဲမွားေနတယ္လို႔လည္း သူတို႔က ျမင္လာၾကတယ္။

အခ်ိဳ႕ေသာသူေတြရဲ႕စ႐ိုက္ကမ်ားျပားလြန္းတဲ့ ေက်းဇူးတင္စရာေတြထက္အနည္းငယ္ေသာ အလိုမက်မႈေလးေတြကိုသာစိတ္ထဲမွာ အၿမဲတမ္းျမင္ေနတတ္တဲ့သေဘာရွိတယ္။

ဒါေၾကာင့္ ေပးဆပ္ဖို႔စဥ္းစားတိုင္းမွာ..

တခ်ိန္ခ်ိန္မွာျဖစ္လာႏိုင္တဲ့ရလဒ္ကိုလည္း ထည့္သြင္းစဥ္းစားဖို႔လိုေသးတယ္။

မဟုတ္ရင္အဲ့ဒီေစတနာေတြဟာ

အဆုံးမွာေစာ္ကားစရာအျဖစ္သာ က်န္ေနလိမ့္မယ္။

စကားတစ္ခုရွိတယ္

“လူသားေတြ ေက်းဇူးကန္းတဲ့အခါ

နတ္ဘုရားေတြေတာင္ ဘုရားျပန္တေနရတာမ်ိဳး

မူရင္းေရးသားသူကိုေလးစားစြာ ခရက္ဒစ္ေပးပါသည္ ။