ရှေးခေတ် ဗြဟ္မာကြီးတွေ မြေသင်းစား လို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်ခဲ့ သတဲ့ (မင်းအောင် သီချင်းထဲကြားဖူးခဲ့တာ)တစ်ကယ် မြေကြီးကို စားစရာ အဖြစ်ရောင်းမှန်း ခုမှသိတယ်။
တစ်သက်နဲ့ တစ်ကိုယ် အခုမှ မြင်ဖူးကြားဖူးတာပါ၊ မိတ်ဆွေတို့ရော၊ဗဟုသုတ အနေနဲ့ မျှဝေပါရစေ။အောင်ပန်းဈေး နေ့တိုင်း မြေကြီးခဲ လာရောင်းတဲ့ မို့အို။
စားလို့ရတဲ့ မြေခဲလေးတွေပါ။မြေခဲတိုင်း စားလို့မရပါဘူး ။ပအိုဝ်းလူမျိုးအခေါ်အဝေါ်က *ဟမ်းတော့*လို့ခေါ်တယ် ။မြေကြီးတော့ဟုတ်တယ် ၊ ရိုးရိုးမြေကြီး တော့ မဟုတ်ပါဖူး။လွယ်လွယ်နဲ့ ရှာလို့မရပါဘူး။ဒီစားလို့ရတဲ့ မြေကြီးတွေက နေရာသက်သက် ရှိပါတယ် ။
များသောအားဖြင့် အဖိုးအဖွား တွေကြိုက်ကြတယ် ။အစာပြေပေါ့ ထမင်းစားပြီးရင် စားကြတာများတယ်။တချို့ကြ စားတာ စွဲသွားရင် မစားဘဲ မနေနိုင်ဖြစ်သွားပါတယ်။နို့ဆီဘူးတဘူး ငါးရာပါ။အရသာက စိမ့်ပါတယ် ။ ထုံးဓါတ် အနဲငယ်ပါပါတယ်။
အနဲငယ် စပ်ပါတယ်။ရှမ်းလို လိန်ဟွမ်း လို့ခေါ်တယ် ။ ဗမာလို မြေကြီးမွေး လို့အဓိပ္ပါယ်ရတယ်။
ရှမ်းပြည်တောင်ပိုင်းမှာဆို ဗအို့လူမျိုးတွေ အစားများတယ်။ထူးထူးဆန်းဆန်း လေးမို့ မိတ်ဆွေတို့ အတွက် မျှဝေပေးလိုက်တာပါ ။
Crd,မူရင်း
Zawgyi
ေရွးေခတ္ ျဗဟၼာႀကီးေတြ ေျမသင္းစား လို႔ ထူးဆန္းတဲ့ အခ်စ္ျဖစ္ေပၚခဲ့ သတဲ့ (မင္းေအာင္ သီခ်င္းထဲၾကားဖူးခဲ့တာ)တစ္ကယ္ ေျမႀကီးကို စားစရာ အျဖစ္ေရာင္းမွန္း ခုမွသိတယ္။
တစ္သက္နဲ႕ တစ္ကိုယ္ အခုမွ ျမင္ဖူးၾကားဖူးတာပါ၊ မိတ္ေဆြတို႔ေရာ၊ဗဟုသုတ အေနနဲ႕ မွ်ေဝပါရေစ။ေအာင္ပန္းေဈး ေန႕တိုင္း ေျမႀကီးခဲ လာေရာင္းတဲ့ မို႔အို။
စားလို႔ရတဲ့ ေျမခဲေလးေတြပါ။ေျမခဲတိုင္း စားလို႔မရပါဘူး ။ပအိုဝ္းလူမ်ိဳးအေခၚအေဝၚက *ဟမ္းေတာ့*လို႔ေခၚတယ္ ။ေျမႀကီးေတာ့ဟုတ္တယ္ ၊ ရိုးရိုးေျမႀကီး ေတာ့ မဟုတ္ပါဖူး။လြယ္လြယ္နဲ႕ ရွာလို႔မရပါဘူး။ဒီစားလို႔ရတဲ့ ေျမႀကီးေတြက ေနရာသက္သက္ ရွိပါတယ္ ။
မ်ားေသာအားျဖင့္ အဖိုးအဖြား ေတြႀကိဳက္ၾကတယ္ ။အစာေျပေပါ့ ထမင္းစားၿပီးရင္ စားၾကတာမ်ားတယ္။တခ်ိဳ႕ၾက စားတာ စြဲသြားရင္ မစားဘဲ မေနနိုင္ျဖစ္သြားပါတယ္။နို႔ဆီဘူးတဘူး ငါးရာပါ။အရသာက စိမ့္ပါတယ္ ။ ထုံးဓါတ္ အနဲငယ္ပါပါတယ္။
အနဲငယ္ စပ္ပါတယ္။ရွမ္းလို လိန္ဟြမ္း လို႔ေခၚတယ္ ။ ဗမာလို ေျမႀကီးေမြး လို့အဓိပ္ပါယ်ရတယ်။
ရွမ္းျပည္ေတာင္ပိုင္းမွာဆို ဗအို႔လူမ်ိဳးေတြ အစားမ်ားတယ္။ထူးထူးဆန္းဆန္း ေလးမို႔ မိတ္ေဆြတို႔ အတြက္ မွ်ေဝေပးလိုက္တာပါ ။
Crd,မူရင္း