Knowledge

အချိန်မရလဲ (1)မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ်

အချိန်မရလဲ (1)မိနစ်စာလောက် ခဏဝင်၍ ဖတ်ကြည့်ပေးစေချင်တယ်

မနက် 11 : 30 အချိန်လောက် ရှိနေပြီ ” လမ်းဘေးက ကော်ဖီဆိုင်ရဲ့မြေတလင်းပြင်လေးမှာ ( ၇၅ ) နှစ် အရွယ် ၊အမေအို တစ်ယောက်နဲ့ တွေ့တော့

စကားမစပ် မေးမိပါတယ် ” အမေ” ဒီမှာ ဘာထိုင်လုပ်နေတာလဲ လို့ပေါ့ချိ့နဲ့နဲ့ အားအင်လေးနဲ့ ထကာကတုန်ကယင် အသံလေးတွေနဲ့ အမအိုပြောပုံက

သားနဲ့ / သမီး လွှဲလိုက်တဲ့ ပိုက်ဆံလာထုပ်တာပါဘဏ်ရုံးမဖွင့်သေးလို့. ခနထိုင်စောင့်နေတာပါတဲ့ ၊၊အမေ ဘာစားပြီးပြီလဲ မေးတော့ဘာမှ့မစားရသေးပါဘူး သားရယ် မနက်ကတည်းကရုံးဖွင်မည့် အချိန်ကို စောင့်နေတာ ”

လာပါ ” အမေ ဆိုပြီး မုန့်ဟင်းခါး ဆိုင်ဘေးနားက ” ထမင်းဆိုင်လေးမှာအမေအို အတွက် ထမင်းပွဲလေး မှာပြီး စီစဉ်ပေးလိုက်တယ် ၊၊

ဗိုက်ဆာနေလို့လား မသိပါဘူး ” အမအို စားလိုက်တာ ဇွတ်ရောတင်းရောပဲကျွန်တော်ဖြင့် သနားလိုက်တာ ၊ မျက်ရည်တောင် ဝဲမိတယ် ၊၊

နေ့လယ်အချိန် ရောက်လာတော့ ရုံးက မဖွင့်သေးဘူး ဒီနေ့ရုံးပိတ်များလား မသိဘူးသေချာအောင် အမေ့ သားသမီးတွေဆီဖုန်းဆက်ကြည့်ပါ့လား

ဖုန်းပါလား မေးလိုက်တော့ပါတယ် ပါပါတယ် သားရယ် ပြောကာ အိပ်ထဲက ဖုန်းလေးကို မမ်ိတမိ ဆွဲကာကျွန်တော်ကို လှမ်းကြည့်နေတယ် ၊၊ဖုန်းနံပတ် သိလား အမေ ”

” ဒါပဲ သား ဒိဖုန်းနံပါတ်ပဲဆိုပြီးပြောရင်းဆိုရင်း အမေအိုက ဖုန်းကိုဖွင့်ကာနံပတ်တွေအား နှိပ်တော့တယ် ၊၊ လက်တွေ တုန်နေတာမို့ ၊နှိပ့်၍ မရပေ ၊၊

ကျွန်တော်လည်း ဖုန်းနံပတ်ကို အတိအကျ နှိပ့်ပြီး ဖုန်းခေါ်ကြည့်တော့ ဖုန်းဝင်သွားတယ်ဗျ့ “( ဟဲလို ) အကိုဒီမှာ အကိုရဲ့ ” အမေ ” ဘဏ်ရုံးမှာ လွှဲပေးတဲ့ အကိုပိုက်ဆံအချို့ကိုလာပြီး ထုပ်တယ် ၊၊အကို လွဲပေးလိုက်ပြီလား ”

လွဲမပေးပါဘူး ပိုက်ဆံရှာရတာ လွယ်တာ မဟုတ်ဘူးကွ “အိမ်လည်း ပြန်လာမအားဘူး ” အလုပ်ရူပ်နေတယ်ကျွန်တော် အဖွားအိုဘက် တစ်ချက်လှည့်ကြည့်တော့ ” ပြုံးစိစိနဲ့ အဖွားကလုပ်နေတယ် ၊၊

ငါ့သားလေးက ငါ့ကို လွမ်းနေတဲ့ အကြောင်းတွေ ပြောနေတာ ဖြစ်မယ်ဆိုပြီးအဖွားက ပြုံးပြုံးလေးနဲ့ ပြောပြနေတယ် ၊၊

( ဟဲလို ) အကိုအေးပိုက်ဆံ လွဲမပေးတော့ဘူးလို့ ပြောလိုက် အဲ့အဖွားကြီးကို ” ပြီးတော့ ငါကဒီမှာမိသားစု့ရှိနေပြီ” ပျော်ပျော်ရွှင်ရွှင်လေး နေပါရစေကွာ ၊၊

လာမနှောက်ယှက်ပါနဲ့လို့ ပြောလိုက် အဖွားကြီးကို ဒါပဲ ဖုန်းချပြီ “ဖုန်းပြောပီးအချိန်မှာ ” အမေအိုက “သားဘာပြောလဲဟင် ၊၊အမေ့ကို နေကောင်းလားလို့

မေးတယ်မလား ၊၊အိမ်ပြန်လာမယ်လို့ရောပြောသေးလား အမေအို ကြားချင်နေတဲ့ စကားတွေ ကျွန်တော် လိမ်ညာပီး ဖြည့်ပြောပေးရမှာလား ၊၊

သားသမီးတွေရဲ့ စကားတွေကို ပြန်ပြောပြလိုက်ရင် ” အမေအို ရင်ကွဲပက်လက်ဖြစ်သွားမှာ စိုးတယ်ကျွန်တော် ထိန်းမရတဲ့ မျက်ရည်တွေနဲ့. ငိုချပစ်လိုက်တယ် ၊၊

အမေ့ရဲ့ အဖြစ်ကို ကြည့်ပြီး ရင့်ကျိုးမရဖြစ်ခဲ့မိတယ် ကျွန်တော်ငိုတာကို ” အမေအိုက မြင်တော့ ဘာလို့ ငိုနေတာလဲ ” သား ”

သြော်အမေ့ရဲ့.( သားသမိးတွေဆီက ဝမ်းသာတဲ့ စကားကြားရလိူ့ပါ ဒါကြောင့်ငိုတာပါ အမေလို့ပြန်ပြောရင်းကျွန်တော် အမေအိုကို အိမ်ခေါ်သွားတယ် ၊၊

” အိမ်ပြန်ရောက်တော့ ” ယူပါ အမေဒါက အမေ့ရဲ့ သားသမီးဆီက လွှဲပေးတဲ့ငွေတွေပါ တကယ်တော့ အဖွားအို မသိအောင်

ကျွန်တော့်ရဲ့. ပိုက်ဆံအိပ်ထဲက ငွေ ( ၂ )သိန်းကို ထုတ်ပြီး အဖွားအိုအတွက် ကန်တော့လိုက်တာပါ ကျေးဇူးမသိတဲ့ သားတွေ ၊ သမီးတွေအတွက်ရင်လေးမိပါတယ် ၊၊

မုန်းလည်း မုန်းတီးမိပါတယ် ၊၊ရှာမကျွေးချင်နေပါ ဒုက္ခမပေးကြပါနဲ့လုပ်မကျွေးချင်နေပါမစော်ကားကြပါနဲ့မေမေ ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်နိုင်ကြတဲ့ သားကောင်း ၊ သမီးကောင်း ရတနာလေးများဖြစ်နိုင်ကြပါစေ ၊၊

Credit

zawgyi








ဖုန်းပါလား မေးလိုက်တော့ပါတယ် ပါပါတယ် သားရယ် ပြောကာ အိပ်ထဲက ဖုန်းလေးကို မမိတမိ ဆွဲကာကျွန်တော်ကို လှမ်းကြည့်နေတယ် ၊၊ဖုန်းနံပတ် သိလား အမေ ”










သြော်အမေ့ရဲ့.( သားသမိးတွေဆီက ဝမ်းသာတဲ့ စကားကြားရလို့ပါ ဒါကြောင့်ငိုတာပါ အမေလို့ပြန်ပြောရင်းကျွန်တော် အမေအိုကို အိမ်ခေါ်သွားတယ် ၊၊




Credit