လူတစ်ယောက်မှာ မျက်တောင်မွှေးရှည်ချင်ကလည်း အလှအပကို စွဲဆောင်စေတဲ့ အဓိကအချက်တစ်ချက်ပါပဲ။
ဒါပေမဲ့ မျက်တောင်မွှေးရှည်ခြင်းဟာလူတိုင်းလိုလိုတော့ မရရှိနိုင်တဲ့ ရှားပါးတဲ့ အလှတရား လက္ခဏာတစ်ရပ်ပဲဖြစ်တာကြောင့်
မျက်တောင်မွှေးကို ရှည်အောင်ဘယ်လိုပြုလုပ်မလဲ၊ ထိန်းသိမ်းမလဲ ဆိုတာ မျှဝေပေးလိုက်ပါတယ်။
ဗီတာမင္အီး
မျက်တောင်ကော့တဲ့အခါမှာအသုံးပြုတဲ့ Brush တံကို ဗီတာမင်အီး အနည်းငယ်စွတ်ပြီး သင့်ရဲ့ မျက်တောင်မွှေးကို အချိန် ၅မိနစ်လောက် ဖြီးလိမ်းပေးပါ။
တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်ခြင်းဟာ မျက်တောင်မွှေးရဲ့ ကြီးထွားနှုန်းကို လှုံ့ဆော်ပေးစေတဲ့အပြင် သာမန်ထက်လည်း အရှည်ပိုမြန်စေပါတယ်။
အုန်းဆီ သို့မဟုတ် သံလွင်
အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီတွင် အဟာရဓာတ်များကြွယ်ဝစေတဲ့ Fatty Acids များစွာပါဝင် တာကြောင့် သင့်မျက်တောင်မွှေးအတွက် အထူးကောင်းမွန်ပါတယ်။
သန့်စင်တဲ့ Brush တံ သို့မဟုတ် လက်နဲ့ပဲဖြစ်ဖြစ် အုန်ဆီ/သံလွင်ဆီကို နည်းငယ်စွတ်ပြီး အိမ်ယာသို့ မဝင်ခင်သုတ်လိမ်းပေးပါ။
Vaseline ခရင်မ်
Vaseline ခရင်မ်ဟာ မျက်တောင်မွှေးခြောက်သွေ့ခြင်းနဲ့ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။အိပ်ယာသို့ မဝင်ခင် မျက်တောင်ကော့တဲ့အခါမှာအသုံးပြုတဲ့ Brush တံ သို့မဟုတ်
လက်နဲ့ပဲဖြစ်ဖြစ် Vaseline ခရင်မ်အနည်းငယ် သုတ်လိမ်းပေးပါ။မျက်လုံးမထိအောင် ဂရုတစိုက်သုတ် လိမ်းသင့်ပြီး မနက်အိပ်ယာထတဲ့အခါ မျက်နှာကိုသန့်စင်အောင် ဆေးကြောပေးပါ။
ဗီတာမင်ကြွယ်ဝသော အစားအစာ
ဗီတာမင်ကြွယ်ဝမှုမရှိလျှင် ဆံပင်များ၊ မျက်တောင်မွှေးများ ကျွတ်ခြင်း စတဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့် ပရိုတိန်းဓာတ်၊ ဗီတာမင် နဲ့ Fatty Acids ကြွယ်ဝမှုရှိတဲ့ အခွံမာသီး၊ အသား၊ ငါး၊ ဥ၊ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်များကို မျှမျှတတ စားသုံးသင့်ပါတယ်။
အစိမ်းရောင်လက်ဖက်
အစိမ်းရောင်လက်ဖက်တွင် Antioxidants ဓာတ်များနဲ့ ဗီတာမင်းများစွာပါဝင်တာကြောင့် အလှကုန်ပစ္စည်းတော်တော်များများမှာပါဝင်ပါတယ်။
ဆံပင်ဆုံးရှုံးမှုကို အထူးကာကွယ်ပေးတာကြောင့် သင့်မျက်တောင်မွှေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။အစိမ်းရောင်လက်ဖက်ရည်ကို အအေးခံပြီးဝါဂွမ်းဖြင့် သင့်ရဲ့ မျက်တောင်မွှေးကို တစ်နေ့ နှစ်ကြိမ်သုတ်လိမ်းပေးပါ။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဟာ ဆံကေသာအတွက်လည်း အားကောင်းစေပြီး မျက်တောင်မွှေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။လတ်ဆတ်တဲ့ရှားစောင်းလက်ပတ်ရွက်မှ အရည်ကိုညှစ်ယူပြီး သကြားမှုန့် သို့မဟုတ် သံလွင်ဆီ အနည်းငယ်ရောမွှေပေးပါ။
ညအိပ်ယာမဝင်ခင်ထိုရည်ဖြင့် သင့်ရဲ့ မျက်တောင်မွှေးကိုသုတ်လိမ်းပေးပြီး နံနက်မိုးလင်းတဲ့အခါ မျက်လုံးကို သန့်စင်အောင် ဆေးကြောပေးပါ။
နှိပ်နယ်ပေးခြင်း
မျက်တောင်နေရာတစ်ဝှိုက်ကို နှိပ်နယ်ပေးခြင်းဟာ မျက်တောင်မွှေးကြီးထွားနှုန်းကို လှုံ့ဆော်ပေးစေပါတယ်။မနှိပ်ခင်သင့်လက်ကို သန့်စင်အောင်အရင်ဆေးကြောပါ။
ပြီးလျှင် သင့်လက်ချောင်းကို သံလွင်ဆီ ဒါမှမဟုတ် အုန်ဆီအနည်းငယ်သုတ်ပြီး ၅မိနစ်ခန့် မျက်ခမ်း နဲ့ မျက်တောင်တစ်လျှောက်ကိုနှိပ်နယ်ပေးပါ။တစ်ပတ်ကို အကြိမ်းပေါင်းများစွာ ပြုလုပ်နိုင်ပါတယ်။
ကြက်ဥ
ကြက်ဥဟာ ဆံပင်နဲ့ မျက်တောင်မွှေး ကို အားကောင်းလာစေတဲ့ ဗီတာမင်ဘီအုပ်စုများစွာပါဝင်ပါတယ်။ကြက်ဥတစ်လုံးကို အလှဆီ သို့မဟုတ်
Vaseline ခရင်မ် စာပွဲတင်ဇွန်း တစ်ဇွန်းစာ ရော နှောပြီး သင့်ရဲ့ မျက်တောင်ပေါ်တွင် သုတ်လိမ်းပေးပါ။တစ်ပတ်ကို ၃ကြိမ်ထိပြုလုပ်နိုင်ပါတယ်။
သန့်စင်ပေးခြင်း
မျက်တောင်ကော့ဆေးကို အသုံးပြုပြီးတဲ့အခါမှာ ညဘက်အိပ်ယာဝင်လျှင် သင့်မျက်နှာကို စင်ကြယ်အောင်ဆေးကြောဖို့ မမေ့ပါနဲ့။
အဆိုပါ မျက်တောင်ကော့ဆေးဟာHair Spray နဲ့တူတာကြောင့် ခေါင်းဦး သို့မဟုတ် တစ်ခုခုနဲ့ ထိတဲ့အခါ ကျွတ်ခြင်း ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် ညဘက်အိပ်တဲ့အခါ မျက်နှာကိုနှိုက်နှိုက်ချွတ်ချွတ်ဆေးကြောပေးသင့်ပါတယ်။ခရက္ဒစ္