၂၈.၁၁.၂၀၂၂ မှ ၄.၁၂.၂၀၂၂ အထိ တနင်္ဂနွေသားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောကိန်း
တနင်္ဂနွေသားသမီးများသည် အစပိုင်းရက်များတွင် အပြိုင်အဆိုင် ရန်အတိုက်အခံများ ကြုံတွေ့ရတတ်သည်။ မိမိက မပြိုင်သော်လည်း မိမိကို လာရောက်ပြိုင်ဆိုင်သူများနှင့် စကားများ ရန်ဖြစ်ရတတ်သည်။ အောက်လက်ငယ်သားတို့၏ အံတုဖက်ပြိုင်ခြင်း၊ မိမိ၏စကားကို နားမထောင်ဘဲ ပြန်ခံပြောခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ မိမိဝန်ထမ်းအောက်လက်ငယ်သားတို့၏ ပြဿနာများကြောင့် စိတ်ရှုပ်ခေါင်းရှုပ်ရသော အဖြစ်မျိုးကို ကြုံတွေ့ရတတ်သည်။ အတန်ငယ် စိတ်တိုဒေါသထွက်ရသော ကာလအပိုင်းအခြားဖြစ်သည်။ ယာဉ်တစ်မျိုးမျိုးကြောင့်
အန္တရာယ်ကြုံတွေ့ခြင်း၊ ပြဿနာဖြစ်ခြင်း၊ စကားများ ဖြေရှင်းရခြင်းတို့ ကြုံတွေ့ရတတ်သည်။ ခရီးသွားနေသူများ ဖြစ်ပါက.. လမ်းခရီးတွင် ပြဿနာကြုံတွေ့ခြင်း၊ ပြဿနာရှိရာ အရပ်ဒေသသို့ သွားရခြင်း စသည်တို့ ဖြစ်ပေါ်တတ်သည်။ ..ကျန်းမာရေး၌ ခန္ဓာကိုယ်တစ်ခြမ်း အောင့်သကဲ့သို့ ခံစားရတတ်သည်။ ခရီးများသွားခြင်းကြောင့် ခြေထောက်များ နာကျင်ကိုက်ခဲရတတ်သည်။ ၃၀ ရက်နေ့ နောက်ပိုင်းတွင်တော့ မိမိ၏ ကံကြမ္မာကောင်းများ ပြန်လည်ပေါ်ထွက်လာပါလိမ့်မည်။ ရပ်ဝေးသို့ ရောက်ရှိနေသော အိမ်သားတစ်ဦး ပြန်လည်ရောက်ရှိလာရတတ်သည်။ ထွက်နေဆုံးရှုံးနေသောငွေများ၊ ပစ္စည်းများ၊ အခွင့်အရေးဟောင်းများ ပြန်လည်ရရှိလာပါလိမ့်မည်။ ကွဲကွာနေသူများ ပျောက်ဆုံးနေသူများနှင့် ပြန်လည်ဆုံးဆည်း
ရတတ်သည်။ မိမိအပေါ် မျက်မုန်းကျိုးနေသော အထက်အရာရှိတစ်ဦး ဌာနပြောင်းရွှေ့ရတတ်သည်။ လက်တွဲဖော် မိတ်ကောင်းဆွေကောင်းများနှင့် ဆုံဆည်းရတတ်သည်။ လုပ်ငန်းဟောင်း၊ နေရာဟောင်းများသို့ ပြန်လည်လုပ်ကိုင်ရတတ်သည်။ အကူအညီကောင်းပေးမည့်သူများ ပေါ်ထွက်လာရတတ်သည်။ အမျိုးသမီးတစ်ဦးဦး၏ အကူအညီကို ရရှိလိမ့်မည်။ မိမိမျှော်လင့်ထားသော အကြောင်းအရာများ လက်ဝယ်ပိုင်ဆိုင်ရရှိရတတ်သည်။ အရင်က ရပ်ဆိုင်းထားသော.. လုပ်ငန်းများ ပြန်လည်ရှင်သန်လာလိမ့်မည်။ အဖိုးတန်ပစ္စည်းများ ဝင်ရောက်ရတတ်သည်။ လာဘ်လာဘ အလွန်ရွှင်လန်းရတတ်သည်။ လုပ်ငန်း၌ နာမည်ကောင်းရရှိရတတ်သည်။ ဘုန်းကြီးလူထွက်တစ်ယောက်ယောက်၏ ကူညီမ,စမှုကို ရရှိလိမ့်မည်။
လူမှုရေး
လူမှုရေးတွင် မိမိကို မနာလိုသူများ၊ ပြိုင်ဆိုင်တိုက်လိုက်သူများ ပေါသော်လည်း ပြန်လည်မတုံ့ပြန်ပါက နာမည်ဂုဏ်သတင်းကျော်ကြားရတတ်သည်။
အချစ်ရေး
အချစ်ရေးတွင် ချစ်သူက မိမိဖက်၌ရှိသော်လည်း အပြိုင်ချစ်ကြိုက်နေသူတစ်ယောက်ယောက်ကြောင့် စိတ်ညစ်ရတတ်သည်။
အိပ်မက်
မိမိအရင်က အလှူမင်္ဂလာလုပ်ခဲ့သော ဖြစ်ရပ်များကို ပြန်လည်အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၇-၀-၅
ယတြာ
မနက်ခင်း အာရုဏ်ဆွမ်းခံကြွသော ဘုန်းကြီးများကို ငွေ ငါးရာ လှူဒါန်းလိုက်ပါ။
၂၈.၁၁.၂၀၂၂ မှ ၄.၁၂.၂၀၂၂ အထိ တနင်္လာသားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောကိန်း
တနင်္လာသားသမီးများသည် ဒီကာလတွင် လူကြီးမိဘ၊ ကြီးကဲသူများနှင့် အဆင်မပြေဖြစ်ရတတ်သည်။ စာချုပ်စာတမ်းတစ်ခု၌ လက်မှတ်ရေးထိုးရတတ်သည်။ မိမိအတွက် အကျိုးရှိသော လက်မှတ်ရေးထိုးခြင်းမျိုး ဖြစ်ရတတ်သည်။ အစိုးရဝန်ထမ်းဖြစ်ပါက သူကောင်းပြုချီးမြှင့်ခံရတတ်သည်။ ခရီးတစ်ခုကို သွားရတတ်သည်။ ထိုခရီး၌ ပြဿနာတစ်ခုဖြေရှင်းရတတ်သည်။ အလုပ်တစ်ခုမှ တစ်ခုသို့ အပြောင်းအလဲ ဖြစ်ရတတ်သည်။ အမှုအခင်း ရုံးပြင်ကနားများ၌ မိမိကိုယ်တိုင် ပါဝင်ပတ်သက်ရခြင်း သို့မဟုတ် သက်သေလိုက်ရခြင်းများ ကြုံတွေ့ရတတ်သည်။ အိမ်တွင်းရေး အဆင်မပြေဖြစ်ရတတ်သည်။ လူပျို အပျိုများ အလှအပရေးရာကိစ္စ တစ်ခုခုကြောင့် စိတ်သောကရောက်ရတတ်သည်..။ သောကြာသားသမီး၊ သောကြာ
နာမည်ရှင်များကြောင့် စိတ်ညစ်ရတတ်သည်။ ခြေထောက်တွင် ဥပါဒ်ပေးတတ်သည်။ သို့သော်လည်း ခေါင်းအေးအေးထားပြီး ဖြေရှင်းနိုင်ပါက ပြဿနာရပ်များ ပြေလည်သွားပြီး ကံဇာတာ ပြန်လည်ကောင်းမွန်လာပါလိမ့်မည်။ ဆရာသမား၊ ကြီးကဲသူတို့၏ ချစ်ခင်ကူညီမှုကို ပြန်လည်ရရှိလာပါလိမ့်မည်။ ဘုရားဖူးခရီး၊ ဘာသာရေးခရီးများ သွားရောက်ရတတ်သည်။ ရပ်ဝေးမှ သတင်းကောင်း၊ အဆက်အသွယ်ကောင်းများ ကြားသိရတတ်သည်။ မိမိကို ကူညီမည့် ဧည့်သည်ကောင်းမျာ ရောက်ရှိလာရတတ်သည်။ စက်ပစ္စည်းအသစ်တစ်ခု
ဝင်ရောက်ရတတ်သည်။ ပညာရေးကိစ္စများ၊ စာမေးပွဲကိစ္စမျာ..း ထူးချွန်စွာ အောင်မြင်မှု ရရှိရတတ်သည်။ ပြည်ပအလုပ်အကိုင်၊ ပြည်ပသင်တန်းများမှ ဝမ်းသာစရာသတင်းများ ကြားသိရတတ်သည်။ လုပ်ငန်းကြီးများ၌ မိမိကိုယ်တိုင် ပါဝင်ဆုံးဖြတ်ရတတ်သည်။ တစ်စုံတစ်ယောက်နှင့် တရားရင်ဆိုင်ရတတ်သည်။ မိမိကသာအနိုင်ရရှိပါလိမ့်မည်။ တရားစောင့်နတ်သမီး၏ ကူညီမ,စမှုကို ရရှိရတတ်သည်။ ဒီကာလတွင် မည်သည့်ပြဿနာပဲဖြစ်ဖြစ် အမှန်တရားဖက်က ရပ်တည်ပါက သို့မဟုတ် မိမိဖက်ကသာ မှန်ပါစေ ကျိန်းသေပေါက် မိမိကို ကူညီမည့်သူများ ပေါ်လာပါလိမ့်မည်။
လူမှုရေး
လူမှုရေးတွင် မိမိမှာ အကြီးအကဲတစ်ယောက်ကဲ့သို့ နေရ၍ လက်အောက်ငယ်သားများ၏ ပြဿနာများကို ဖြေရှင်းဆုံးဖြတ်ရသော ကာလဖြစ်သည်။
အချစ်ရေး
အချစ်ရေးတွင် ရှင်းလေရှုပ်လေ ပြဿနာများ ပေါ်ပေါက်တတ်သည်။ သတိထားပါ။
အိပ်မက်
ကြီးကျယ်ခမ်းနားသော နန်းတော်အဆောက်အဦးများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၄-၉-၂
ယတြာ
လမ်းမှာတွေ့သော သက်ကြီးရွယ်အိုများကို ငွေကိုးရာ လှူဒါန်းလိုက်ပါ။
၂၈.၁၁.၂၀၂၂ မှ ၄.၁၂.၂၀၂၂ အထိ အင်္ဂါသားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောကိန်း
အင်္ဂါသားသမီးများသည် ဒီကာလတွင် နိုင်ငံရပ်ခြားနှင့် သက်ဆိုင်သောကိစ္စများ ပေါ်ပေါက်လာရတတ်သည်။ မိမိကိုယ်တိုင်လည်း ရပ်ဝေးမြေခြားခရီး၊ နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ ရပ်ဝေးမှ အဆက်အသွယ်ကောင်း၊ အချိတ်အဆက်ကောင်းများကို ကြားသိလာရတတ်သည်။ မိမိကိုးကွယ်သော နတ်အစောင့်အရှောက်ပုဂ္ဂိုလ်များ၏ မ,စမှုကို ခံယူရရှိရတတ်သည်။ အလုပ်နှစ်မျိုး၊ ဝင်ငွေနှစ်မျိုး ရရှိရတတ်သည်။ အကြံသစ်၊ ဉာဏ်သစ်၊ စိတ်ကူးသစ်များ ပေါ်ထွက်လာရတတ်သည်။ သိုလှောင်ပစ္စည်းများမှ အမြတ်အစွန်းရရှိရတတ်
သည်။ သကြား မ,သကဲ့သို့ ထီပေါက်ခြင်း၊ ငွေကြေးမြောက်များစွာ ရရှိခြင်းတို့ ကြုံတွေ့ရတတ်သည်။ စိတ်ချမ်းသာမှု၊ တိုးတက်မှုများ တစ်ခုပြီးတစ်ခု ရရှိရတတ်သည်။ မိမိကို မနာလိုသူများ၏ ချောက်တွန်းခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းများကို ကြုံတွေ့ရတတ်သည်။ လောင်းကစားလုပ်သူများ အလျော်အစား များပြားတတ်သည်။ သတိထားပါ။ ငွေများဝင်သလောက် ထွက်
စရာများလည်း ကြုံတွေ့ရတတ်သည်။ အိုးသစ်အိမ်သစ် ပြောင်းရွှေ့ခြင်း သို့မဟုတ် အိမ်ပြင်ရခြင်းများ ဖြစ်ပေါ်တတ်သည်။ ကောင်းသောခရီးများ ထွက်ခွာရတတ်သည်။ ရပ်ဝေးမှ ဆွေမျိုးမိတ်ဆွေများ ရောက်ရှိလာရတတ်သည်။ မိမိထံသို့ ကောင်းကျိုးမပေးသော ဆရာတစ်ဦးလည်း ရောက်ရှိလာရတတ်သည်။ သတိထားပါ။ ရွှေထည်ပစ္စည်းများ ဝင်ရောက်ရတတ်သည်။ လက်တစ်ဖက် နာကျင်ကိုက်ခဲရတတ်သည်။ လုပ်ငန်းသစ်များ ပေါ်လိမ့်မည်။
လူမှုရေး
လူမှုရေးတွင် နာမည်ဂုဏ်သတင်းကြီးသလောက် မနာလိုသူများလည်း ပေါ်ပေါက်လာရတတ်သည်။
အချစ်ရေး
အချစ်ရေးတွင် ချစ်သူနှင့် ရပ်ဝေးခရီးများ ပျော်ပျော်ပါးပါး ထွက်ခွာရတတ်သည်။
အိပ်မက်
ဘိုးတော်၊ မယ်တော်၊ ဝိဇ္ဇာများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၂-၈-၁
ယတြာ
တုတ်ချောင်းတစ်ချောင်းတွင် မိမိဖြစ်ပေါ်နေသော အခက်အခဲများကို ရေးသားပြီး အဝေးသို့ လွတ်ပစ်လိုက်ပါ။
၂၈.၁၁.၂၀၂၂ မှ ၄.၁၂.၂၀၂၂ အထိ ဗုဒ္ဓဟူးနှင့်ရာဟု သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောကိန်း
ဗုဒ္ဓဟူးနှင့်ရာဟု သားသမီးများသည် ဒီကာလတွင် အလုပ်နေရာ၊ အိမ်နေရာ ပြောင်းရွှေ့ခြင်းများ ကြုံတွေ့ရတတ်သည်။ အိမ်ပြင်အိမ်ဆောက်ခြင်းများ ပြုလုပ်ရတတ်သည်။ ရေလမ်းခရီးမှ ဧည့်သည်တစ်ဦးဦး ရောက်ရှိလာရတတ်သည်။ ရုတ်တရက်ရာထူးတိုးခြင်း၊ ရုတ်တရက် စီးပွားတိုးတက်ခြင်းများ ကြုံတွေ့ရတတ်သည်။ အရင်ကကြန့်ကြာနေသော အလုပ်ကိစ္စများ၊ စာချုပ်စာတမ်းကိစ္စများ ပြေလည်သွားလိမ့်မည်။ စိတ်သဘောထားမတိုက်ဆိုင်သူများနှင့် ညှိနှိုင်းပြေလည်သွားရတတ်သည်။ သမီးရှိသူများ အိမ်မှထွက်သွားတတ်သည်။ ငွေ
အကုန်အကျများခြင်းများ သိသိသာသာလျော့ပါးသွားလိမ့်မည်။ ကျန်းမာရေး ညံ့နေသူများ ကောင်းသွားရတတ်သည်။ ငွေကြေးလာဘ်လာဘများ ရွှင်လန်းပြီး ထီပေါက်သကဲ့သို့ ငွေများ ဝင်လာရတတ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ လုပ်ငန်းတိုးချဲ့ဖို့ အခွင့်အရေးများ ပေါ်ပေါက်လာရတတ်သည်။ နာမည်ဂုဏ်သတင်းကျော်ဇောခြင်း၊ ရာထူးဂုဏ်သိက္ခာမြင့်တက်ခြင်းတို့ ကြုံတွေ့ရတတ်သည်။ ငွေကြေးလာဘ်လာဘများ ဝင်လာမစဲ တသဲသဲဖြစ်သော်လည်း သေချာမစုဆောင်းမိပါက သဲထဲရေသွန်သကဲ့သို့ ဖြစ်ရတတ်သည်။ ၃ ရက် ၄ ရက်
နောက်ဆုံးရက်များတွင်တော့ လုပ်ငန်းများ အနည်းငယ် ရပ်တန့်ရတတ်သည်။ အရောင်းအဝယ်များ အေးစက်သွားရတတ်သည်။ အကျိုးမရှိသော ခရီးတိုများ ဆက်တိုက်ထွက်နေရတတ်သည်။ ခိုက်ရန်အမှုအခင်းများ ဖြစ်ပွားရတတ်သည်။ သက်ကြီးရွယ်အိုများကို မိမိအိမ်သို့ လာရောက်တည်းမခိုမိရန် သတိပြုပါ။ လာရောက်တည်းခိုပါက မိမိအိမ်၌ ဆုံးပါးသွားရတတ်သည်။ ခန္ဓာကိုယ် ဘယ်ဖက်ခြမ်း မကြာခဏ အောင့်နေရတတ်သည်။ အပိုင်တွက်ဆထားသော လုပ်ငန်းကိစ္စများ လွဲချော်ပျက်ယွင်းသွားတတ်သည်။ ဒီရက်ပိုင်းများတွင် ဘာလုပ်လုပ် ဘာကိုင်ကိုင် သေချာသတိထားပြီး လုပ်ပါလို့ အကြုံပြုပါတယ်။
လူမှုရေး
လူမှုရေးတွင် အရင်ကမိမိကို မကြည်လင်သောလူများ ကြည်လင်လာပြီး မိမိအပေါ် ယုံကြည်အားကိုးလာရတတ်သည်။
အချစ်ရေး
အချစ်ရေးတွင် ယခင်က မတည့်သောချစ်သူစုံတွဲများ ဒီကာလတွင် တည့်လာပြီး၊ ယခင်က တည့်နေသော ချစ်သူစုံတွဲများ ဒီကာလတွင် ရန်ဖြစ်စကားများပြီး စိတ်ဆိုးစိတ်ကောက်ရတတ်သည်။
အိပ်မက်
ကြယ်များ ခူးဆွတ်ပြီး စားသောက်ရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၄-၇-၀
ယတြာ
မိမိအိမ်က ဘုရားတွင် မိမိအတွက် ရည်စူးပြီး သောက်တော်ရည်တစ်ခွက် ကပ်လှူပူဇော်ပေးပါ။ ပြီးရင်လိုရာဆုတောင်းပါ။
၂၈.၁၁.၂၀၂၂ မှ ၄.၁၂.၂၀၂၂ အထိ ကြာသပတေးသားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောကိန်း
ကြာသပတေးသားသမီးများသည် ဒီကာလတွင် ခရီးသွားဖို့ စီစဉ်ထားသူများ တစ်ခါထဲနှင့် အထမမြောက်ဖြစ်ရတတ်သည်။ အကြံအစည်ပျက်ပြားခြင်း၊ လုပ်ငန်းဆုံးရှုံးခြင်းများ ကြုံတွေ့ရတတ်သည်။ သံ၊ သွပ်၊ သစ် ကိစ္စများကြောင့် စိတ်ညစ်ရတတ်သည်။ အမှုအခင်း တရားတဘောင်များ ရင်ဆိုင်ရတတ်သည်။ တနင်္လာသားသမီး၊ တနင်္လာနာမည်ရှင် သို့မဟုတ် အမေကြောင့် စိတ်ညစ်ရတတ်သည်။ ငွေကြေးကြောင့် စကားများရန်ဖြစ်ရတတ်သည်။ အလုပ်ပြုတ်ခြင်း၊ အလုပ်မှထွက်ရခြင်းတို့ ကြုံတွေ့ရတတ်သည်။ မိမိအားကိုးနေသော အကြီးအကဲ
တစ်ဦး ဌာနပြောင်း၊ အလုပ်ပြောင်းခြင်းများ ကြုံတွေ့ရတတ်သည်။ အိမ်တွင်းရေး မသာမယာဖြစ်ရတတ်သည်။ ရုတ်တရက် ခါးနာခြင်း၊ ခါးကိုက်ခြင်းတို့ ကြုံတွေ့ရတတ်သည်။ မိမိအိမ်အနီးအနား၌ မီးလောင်ခြင်း၊ မီးလန့်ခြင်းများ ဖြစ်ပေါ်တတ်သည်။ သတိမထားပါက အဖိုးတန်ပစ္စည်းများ ဆုံးရှုံးရတတ်သည်။ မိမိနှင့် ရင်းနှီးသော ဆွေမျိုးမိတ်ဆွေများ ဆေးရုံဆေးခန်းရောက်ရှိရတတ်သည်။ သွား၍မေးရမည်။ အစောင့်အဖြစ် လိုက်ပါစောင့်ရှောက်ပေးရမည်။ သို့မှသာ မိမိကံကြမ္မာအညံ့အခိုက်များလည်း သက်သာပြေလည်သွားပါလိမ့်မည်။ ဒီကာလ
တွင်ကြာသပတေးသားသမီးများသည် ကိုယ်ကျင့်တရား အရေးကြီးပါသည်။ ကိုယ်ကျင့်တရားပျက်ပါက ရေရှည်ဒုက္ခရောက်ရတတ်သည်။ တစ်ယောက်ယောက်၏ ထိန်းချုပ်အကြပ်ကိုင်ခြင်းကို ကြုံတွေ့ရတတ်သည်။ မကောင်းသောအတတ်ဖြင့် ပြုစားထားသကဲ့သို့ စိတ်တွင်ထင်နေရတတ်သည်။ မိမိမလုပ်ချင်သောအလုပ်များ၊ စိတ်မပါသောအလုပ်များကို လုပ်ကိုင်နေရတတ်သည်။ အမွေကိစ္စများအတွက် စကားများရန်ဖြစ်ရတတ်သည်။ မိမိဖက်ကသာ အနစ်နာခံရတတ်သည်။ လုပ်ငန်း၌ ရန်ခဏခဏပေါ်ပေါက်ရတတ်သည်။ အထူးသတိထားရမည့် ကာလဖြစ်သည်။ အိမ်မွေးတိရိစ္ဆာန်များ၏ ရန်ပြုတိုက်ခိုက်ခြင်းကို ခံရတတ်သည်။
လူမှုရေး
လူမှုရေးတွင် လူအများ၏ အထင်သေးရှုံ့ချခြင်းကို ခံရတတ်သော ကာလဖြစ်သည်။
အချစ်ရေး
အချစ်ရေးတွင် ရုတ်တရက် ပြဿနာဖြစ် စကားများပြီး အခန့်မသင့်ပါက လမ်းခွဲပြတ်စဲသွားရတတ်သည်။ သတိထားပါ။
အိပ်မက်
ခမ်းနားသောအဆောက်အဦးများ တည်ဆောက်နေသည်ကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၆-၃-၈
ယတြာ
ပြုပြင်မွမ်းမံနေသော ဘုရားစေတီများတွင် တတ်နိုင်သလောက် ပါဝင်ကူညီလုပ်ကိုင်ပေးလိုက်ပါ။
၂၈.၁၁.၂၀၂၂ မှ ၄.၁၂.၂၀၂၂ အထိ သောကြာသားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောကိန်း
သောကြာသားသမီးများသည် ဒီကာလတွင် ကောင်းသောအပြောင်းအလဲများ ဖြစ်ပေါ်လာရတတ်သည်။ အိုးသစ်အိမ်သစ်ဆောက်ရခြင်း၊ အိမ်ပြင်ရခြင်းများ ကြုံတွေ့ရတတ်သည်။ ရာထူးတက်ခြင်း၊ လာဘ်ရွှင်ခြင်းများ ကြုံတွေ့ရတတ်သည်။ စာချုပ်စာတမ်း၊ စာရင်းဇယားကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ ထူးခြားသော ဓာတ်ပုံတစ်ပုံ ဝင်ရောက်လာရတတ်သည်။ ထိုပစ္စည်းဝင်လာပါက အလွန်ကောင်းသော နိမိတ်များ ကြုံတွေ့ရတတ်သည်။ ပညာရေးကိစ္စများ၊ သင်တန်းရေးရာ ကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ စာမေးပွဲဖြေဆိုသူများ၊
အင်တာဗျူးဖြေထားသူများ ထူးချွန်စွာအောင်မြင် ရွေးချယ်ခြင်းခံရလိမ့်မည်။ ကောင်းသောခရီးဝေးများသွားရလိမ့်မည်။ စက်ပစ္စည်းတစ်ခု ဝင်ရောက်ရတတ်သည်။ ကောင်းသောစက်ပစ္စည်းဖြစ်လိမ့်မည်။ ပြည်ပခရီး၊ ရေကြောင်းခရီး စီစဉ်ထားသူများ အောင်မြင်ချောမွေ့စွာ ထွက်ခွာရတတ်သည်။ မိမိတတ်ထားသော အတတ်ပညာနှင့်ပတ်သက်ပြီး ချီးမြှင့်ပူဇော်ခြင်းကို ခံရတတ်သည်။ ငွေရေးကြေးရေးများ လာဘ်ရွှင်အဆင်ပြေသော ကာလဖြစ်သည်။ ရပ်ဝေးမှ ဝမ်းသာစရာ သတင်းကောင်းများ၊ ဧည့်သည်ကောင်းများ ရောက်ရှိလာရတတ်
သည်။ မျှော်လင့်မထားသော လူတစ်ယောက်၏ အကူအညီကို ရရှိလိမ့်မည်။ ပညာကောင်းများ သင်ယူရတတ်သည်။ ကြီးကဲသူတို့ထံမှ လက်ဆောင်ပစ္စည်း၊ ဂုဏ်ပြုပစ္စည်း ရရှိရတတ်သည်။ တန်ခိုးဩဇာ မြင့်မားရတတ်သော ကာလဖြစ်သည်။ အလုပ်နှင့် ပတ်သက်ပြီး ခရီးကောင်းများ ထွက်ခွာရတတ်သည်။ အဖေနှင့် ပတ်သက်ပြီး ဂုဏ်ယူရတတ်သည်။ ဆွေမျိုးသားချင်းများထဲမှ ကိုယ်ဝန်ရခြင်း၊ သားသမီးရတနာရခြင်း စသော သတင်းကောင်းများ ကြားသိရတတ်သည်။ ကားအကောင်းစားများ ဝင်ခြင်း၊ ကားနှင့်ပတ်သက်ပြီး အကျိုးအမြတ်ရရှိခြင်းများ ကြုံတွေ့ရတတ်သည်။
လူမှုရေး
လူမှုရေးတွင် လူချစ်လူခင်များပြီး လူအများ၏ ချီးကျူးခြင်း၊ ဂုဏ်ပြုခြင်းကို ခံရတတ်သည်။
အချစ်ရေး
အချစ်ရေးတွင် အပြိုင်အဆိုင်များ ပေါ်ပေါက်တတ်သည်။ သို့သော် မိမိကသာ အနိုင်ရရှိပါလိမ့်မည်။
အိပ်မက်
ရေကန်ထဲတွင် ကြာပန်းများ ခူးရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၁-၆-၃
ယတြာ
မိမိအိမ်တွင်ရှိသော စက်ပစ္စည်းအဟောင်းများကို စွန့်ပစ်လိုက်ပါ။
၂၈.၁၁.၂၀၂၂ မှ ၄.၁၂.၂၀၂၂ အထိ စနေသားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာဟောကိန်း
စနေသားသမီးများသည် ဒီကာလတွင် အမျိုးသမီးများ၏ ကူညီစောင့်ရှောက်မှုကို ခံယူရရှိရတတ်သည်။ အလုပ်အကိုင်များ တိုးတက်ကောင်းမွန်လာရတတ်သည်။ ငွေအလုံးအရင်းနှင့် ဝင်လာရတတ်သည်။ ထီပေါက်ခြင်း၊ ငွေကြေးလာဘ်လာဘရွှင်လန်းခြင်း၊ ငွေကြေးကိစ္စများ အဆင်ပြေအောင်မြင်ခြင်းတို့ ကြုံတွေ့ရတတ်သည်။ အိမ်နားတွင် ပွဲဘမ်းသဘင်များ ဖြစ်ပေါ်လိမ့်မည်။ ထိုသို့ဖြစ်ပေါ်ပါက စီးပွားတက်လိမ့်မည်။ ထီထိုးလျှင် အပူးများများပါသော ထီလက်မှတ်များကို ထိုးပါ။ ဝမ်းသာစရာသတင်းများ ကြားသိရတတ်သည်။ စာချုပ်စာတမ်း
ကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ အောက်လက်ငယ်သားများနှင့် ပတ်သက်ပြီး သတင်းကောင်းများ ကြားရလိမ့်မည်။ ၎င်းတို့၏ အောင်မြင်မှုသတင်းများ ဖြစ်လိမ့်မည်။ နာမည်ဂုဏ်သတင်းတိုးတက်ခြင်း၊ ဩဇာအာဏာတိုးတက်ခြင်းများ ကြုံရလိမ့်မည်။ စပ်တူလုပ်ငန်းများ လုပ်ကိုင်ရလိမ့်မည်။ အောင်မြင်မည့်ကာလဖြစ်သည်။ ဘယ်အလုပ်ပဲလုပ်လုပ် ရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်ဖို့လိုပါသည်။ ပျော်ရွှင်ဖွယ်ခရီး၊ အကျိုးထူးသောခရီးများ သွားရလိမ့်မည်။ ကား၊ စက်ဘီး ၊ ဆိုင်ကယ် စသော ယာဉ်တစ်မျိုးမျိုး ဝင်ရောက်လာရတတ်သည်။
ပြည်တွင်းခရီး၊ ပြည်ပခရီးများ သွားရလိမ့်မည်။ ပညာရေးနှင့် ပတ်သက်ပြီး ထူးချွန်စွာအောင်မြင်သော သတင်းများကြားသိရတတ်သည်။ ၃ ရက် ၄ ရက် နောက်ဆုံးရက်များတွင်တော့ ကံဇာတာပြန်လည်နိမ့်ပါးရတတ်သည်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ကျဉ်းထဲကြပ်ထဲအခြေအနေများ ကြုံလာရတတ်သည်။ လုပ်သမျှကိစ္စအားလုံး တိုးလို့တန်းလန်းဖြစ်နေရတတ်သည်။ ငွေများဝင်သော်လည်း အဖတ်မတင်ဖြစ်ရတတ်သည်။ ကျန်းမာရေး တစ်ခုပြီးတစ်ခု ညံ့နေရတတ်သည်။ ခြေထောက်ပိုင်းတွင် ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသရခြင်းများ ကြုံတွေ့ရတတ်သည်။ အမျိုးသား၊ အမျိုးသမီးနှင့်ဆိုင်သော ရောဂါများ ဖြစ်ပေါ်ခံစားရတတ်သည်။ အမှုအခင်းဖြစ်ပွားသူများ အချုပ်အနှောင်ကျခံရတတ်သည်။ သတိထားပါ။
လူမှုရေး
လူမှုရေးတွင် မိမိအပေါ် ကောင်းသူများလည်းရှိသလို၊ မနာလို ချောက်တွန်းသူများလည်း ပေါ်ပေါက်ရတတ်သည်။ သတိထားပါ။
အချစ်ရေး
အချစ်ရေးတွင် မိမိတို့ ချစ်သူနှစ်ဦးကြား အဆင်ပြေသော်လည်း အမေ၊ အစ်မတို့ကြောင့် စိတ်ညစ်ရတတ်သည်။
အိပ်မက်
မိမိတို့မိသားစု ထမင်းလက်ဆုံစားရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၂-၉-၃
ယတြာ
ဆေးရုံဆေးခန်းတက်နေရသူများရှိပါက အဖော်အဖြစ် လူနာစောင့်လိုက်ပေးလိုက်ပါ။ခရက္ဒစ္