စီးပွားတက်ချင်ရင် လင်နဲ့ မယား ရန်မဖြစ် ကြဖို့လိုတယ်
လင်နှင့်မယားချစ်ကြင်ငြားစီးပွားတက်မည်သာ။စီးပွားတက်ချင်ရင် လင်နဲ့မယား ရန်မဖြစ်ကြဖို့လိုတယ်။ ဘာဖြစ်လို့ ရန်ဖြစ်ရင် စီးပွားမတက်တာလဲ။ရန်ဖြစ်ပြီဆိုတာနဲ့ဝစီဒုစရိုက်မနောဒုစရိုက်မှုတွေကျူးလွန်မိတော့တာကို..း။
လင်နဲ့မယား ရန်မဖြစ်တဲ့အချိန်က နက္ခတ်ကောင်းတဲ့အချိန်ပါပဲ။နက္ခတ်ကောင်းရင် စီးပွားတက်မှာပဲ။ နက္ခတ်ကောင်းဖို့ ယတြာချေနေဖို့ မလိုဘူး။ လင်နဲ့မယား ရန်မဖြစ်ဖို့ပဲ လိုတယ်။
လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်းပဲထင်နေတတ်ကြတယ်။ ပုထုဇဉ်တွေပဲဆိုတော့ အကောင်းချည်းပဲဆိုတာတော့ဖြစ်မလာဘူး။လင်မယားဆိုတာ ကောင်းတိုင်ပင် ဆိုးတိုင်ပင်ရှိရမယ်။
တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်..အပြစ်မတင်ရဘူ..း။တစ်ယောက်ကိုတစ်ယောက် မေတ္တာရှေ့ထားပြီးတော့ အပြုသဘောဆောင်ပြီးသတိပေးကြရမယ်။လင်နှင့်မယားရန်ဖြစ်ငြားစီးပွားပျက်မည်သာ။ဒါကတော့
မိုးသု -(မန္တလေး) က စီးပွားတက်ဖို့အတွက်ရန်မဖြစ်မိကြဖို့အိမ်ထောင်သည်တွေကိုသတိပေးထားတာလေးပေါ့။အိမ်ထောင်တစ်ခု စီးပွားတက်ဖို့ဆိုရင်မှန်ပါတယ် မိုးသု ရှင်းပြထားသလို လင်မယားတွေရန်သတ်နေလို့မဖြစ်ပါဘူး။ဒါဟာလည်း စီးပွားဖြစ်ခြင်း၊မဖြစ်ခြင်းထက် နံပါတ်(၁)အချက်ကတော့ အမြဲ ရန်သတ်နေတဲ့ အိမ်က သာယာတဲ့ စိတ်ချမ်းသာမှု မရတာတော့အမှန်ပဲ။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျက်သရေမရှိတဲ့အိမ်ပေါ့။ကျွန်တော် ဝန်ထမ်းအိမ်ထောင်သည် စုံတွဲကလေးတွေ တစ်ရက်ခြား ရန်ဖြစ်ကြတယ်။ ရန်ဖြစ်တိုင်းခေါ်ဆုံးမရတာက အလုပ်တစ်လုပ်။တချို့ကြတော့ ရန်ဖြစ်ပြီဆို အလုပ်ပျက်၊အလုပ်ခန၊ခနပျက်ရင် ကြာတော့ အလုပ်ထုတ်ရတော့တာပေါ့(ဒါလည်းစီးပွားပျက်ခြင်းတမျိုးပဲ)..။
တချို့ ချစ်ချစ်ခင်ခင်နေတဲ့ အိမ်ထောင်သည်စုံတွဲတွေကြပြန်တော့၊လင်အလုပ်မယားကကူ၊မယားအလုပ်လင်ကကူနဲ့သူတို့လေးတွေကြြန်တော့ ရွှေတွဲလွဲငွေတွဲလွဲနဲ့ပေါ့။ဒါက ဝန်ထမ်းအိမ်ထောင်သည်တွေနဲ့ဥပမာနှိုင်းပြတာ။ကျွန်တော် တို့လင်မယား နှစ်ယောက်အပေါ် ဝန်ထမ်းကလေးတွေ ပဟေဠိ ဖြစ်နေတဲ့အချက်တစ်ခုရှိတယ်၊အဲဒါက ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ်တာမတွေ့ကြလို့တဲ့ဗျ..။
အိမ်ထောင်သည်ဝန်ထမ်းတွေကော၊အိမ်ထောင်မသည်သေးတဲ့ဝန်ထမ်းလေးတွေကောပေါ့.သူတို့ကျင်လည်လာတဲ့ပတ်ဝန်းကျင်၊သူတို့မိဘတွေ ရန်ခနခနဖြစ်ကြတယ်တဲ့၊တည့်တဲ့အချိန်ကနဲတယ်၊ကိုကိုကြီးနဲ့မမ ကြတော့ရန်ဖြစ်တာ တစ်ခါမှမတွေ့ဘူးဆိုပြီးလာမေးကြတဲ့အထိပေါ့.သူတို့ရှေ့မှာ ရန်ဖြစ်တာမတွေ့လို့လာမေးကြတာ။
ရှေ့မှာရန်မဖြစ်သလိုကွယ်ရာမှာလဲရန်မဖြစ်ဘူး။
ဘာကြောင့်ရန်မဖြစ်ကြတာလဲ?တစ်ယောက်ကိုတစ်ယောက်ချစ်လို့ယူထားကြတာလေ။ရန်ဖြစ်ဖို့ယူတာမှမဟုတ်တာ။ရည်းစားဘဝမှာ ဘယ်လောက်ပဲအလိုလိုက်လိုက်၊ဘယ်လောက်ပဲချစ်ချစ်၊တချို့တချို့တွေအိမ်ထောင်ကြ ပြီးနောက်ပိုင်း လက်ပါလာကြတယ်။
အလွန်အမင်းရိုက်နက်ကြတဲ့သူတွေလည်းရှိတယ်။သူတို့တွေကို တွေ့တော့ ရည်စားဘဝတုန်းက ဘယ်လိုများ ချစ်စကားပြောလာကြလည်းဆိုတာအရမ်းသိချင်မိတယ်။မိန်းခလေးဘက်ကလည်း ဘယ်လောက်ထိ အိုက်တင်ခံပြီးမှ အဖြေပေးသလဲဆိုတာသိချင်မိတယ်။
ကျွန်တော်တုန်းကခက်ခက်ခဲခဲချစ်ခွင့်ပန်ခဲ့ရတယ်၊အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်၊ဒီလိုခက် ခဲစွာရယူလာခဲ့ရတဲ့အချစ်ကို တန်ဖိုးထားတယ်၊မြတ်နိုးတယ်။
တကယ်တော့ လင်မယားဆိုတာ အရင်းနီးဆုံးမိတ်ဆွေတွေလေ၊ထိလျှလွယ်တယ်။ရန်မဖြစ်မိအောင်အတတ်နိုင်ဆုံးဖြေလျော့တတ်ရမယ်။ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်နားလည်းမှုအပြည့်ရှိကြတယ်။နားလည်မှုဆိုတာ ဆင်းရဲတာ၊ချမ်းသာတာနဲ့မဆိုင်ဘူးနော်။နောက်တစ်ချက်က ငါဆိုတဲ့ အတ္တစွဲတွလျော့ချပစ်ရမယ်။
လူပဲအခ န့်မသင့်ရင် စိတ်တော့တိုတတ်ကြတာပေါ့။စိတ်တိုတိုင်းလည်းပေါက်ကွဲပြစ်လို့မရဘူး၊ပေါက်ကွဲမှုပြင်းရင်ပြင်းသလို အပိုင်းအဆတွေက လွှင့်စင်ထွက်သွားတတ်ကြတယ်၊နဂိုအတိုင်းပြန်ဖြစ်ဖို့လွှင့်သွားတဲ့ စိတ်ဒဏ်ရာ အပိုင်းအဆတွေကိုပြန်ဆက်ရတာမလွယ်ဘူးလေ။ဒီတော့ ဒေါသရဲ့ပေါက်ကွဲမှုအားကို နည်းနိုင်သလောက်နည်းအောင် ပထမအဆင့်လျော့ချနိုင်ရမယ်။မဖြစ်နိုင်တာမရှိပါဘူး၊
ခင်ဗျား တို့ရဲ့ ထစ်ကတည်းနေရင် ထွက်တတ်တဲ့ဒေါသအကျင့်ကလေးကို ဖြေးဖြေးချင်းလျော့ချကြည့်ပါကိုယ့်ကိုလေးစားအထင်ကြီးလာလေပါပဲ၊စိတ်ချမ်းသာမှုအမြဲရနေရင်။
လင်မယားတွေရန်ဖြစ်တာ နည်းလာလေ၊ပတ်ဝန်းကျင်က အလုပ်လုပ်ရတာလည်း အဆင်ပြေ လာမယ်၊စီးပွားလည်းသူ့အလိုလိုဖြစ်လာတာပေါ့။ကျွန်တော်တို့နှစ်ယောက် ရန်မဖြစ်ကြဘူး။ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီ တယ်။ဒါကြောင့် အိမ်ထောင်မှုသာယာတယ်၊စီးပွားလည်းတက်တယ်ဆိုတာ နိဂုံး ချုပ်ပြောပြချင်ပါတယ်။
လေးစားစွာဖြင့်.ဇော်မိုးပိုင်အိုးနီးယား ၁၁၅ ,
Credit- Zaw Moe