သင့်ကို နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်နေရင်… သိနိုင်မယ့် နိမိတ် ၅ မျိုး
တစ်ချို့လူတွေဟာ သူတို့ရဲ့ မွေးရာပါ ကံလို့ပဲ ပြောရမလား၊ ထူးခြားချက်လို့ပဲ ပြောရမလား… (အကြောင်း မျိုးမျိုးကြောင့်) နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်း ကို အမြဲတမ်း ခံရပါတယ်
သင့်ကို နတ်ကောင်း နတ်မြတ်တွေကစောင့်ရှောက်တယ် ဆိုတာ သိနိုင်မယ့် အချက် (၅) ချက် ရှိပါတယ်။
တကယ်လို့ ဒီအရာလေးတွေကို သင် အမြဲလိုလို ကြုံတွေ့နေရတယ် ဆိုရင်တော့… သင်ဟာ မမြင်ရတဲ့ နတ်ကောင်း နတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်း ကို ခံရသူပါ။
(၁) ငှက်မွှေးလေး ကျလာတယ်… တကယ်လို့ သင့်အနားလေးမှာ ငှက်မွှေးလေး ဝဲနေတယ် ဒါမှမဟုတ် သင့်အပေါ်လေးကို ကျလာတယ်ဆိုရင်တော့… ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ သင်္ကေတ ဖြစ်ပါတယ်။
သင့်ဘေးမှာ သူတို့ အမြဲ ရှိနေတယ် ဆိုတာကို ပြောပြချင်လို့ ဖြစ်ပြီး… သူတို့ဟာ သင့်ကို ချစ်ခင်တယ်၊ မစတယ် ဆိုတာကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
အထူးသဖြင့် သမရိုးကျ နေရာတွေ မဟုတ်တဲ့ ဧည့်ခန်း၊ အိပ်ခန်းလို နေရာမျိုးလေးတွေမှာ တွေ့ရင်တော့ ပိုလို့တောင် သေချာပါတယ်။
(၂) ၁၁း၁၁ နာရီ…၁၁း၁၁ နာရီကို မကြာခဏေ တွ့ဖူးလား။ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ ဂဏန်း ဖြစ်ပါတယ်။ ဒီ ဂဏန်းလေးကို တွေ့ပြီဆိုရင်… သင် ကံကောင်းတော့မယ်ဆိုတာ အသေအချာပါပဲ။
(၃) တိမ် ပုံသဏ္ဍာန်များ…ကောင်းကင် ကို အမှတ်တမဲ့ မော့ကြည့် လိုက်လို့ တိမ်ရဲ့ ပုံသဏ္ဍာန်လေးတွေက ထူးခြားနေတယ်ဆိုရင်… သင့်ကို လုပ်ဆောင်ဖို့ ညွှန်ပေးနေတာ ဖြစ်နိုင်ပါတယ်။
ဥပမာ… အသည်းပုံ တိမ်လေးကို မြင်ရင်… အချစ်ရေးနဲ့ ပတ်သက်ပြီး ကံကောင်းမယ် ဒါမှမဟုတ် တစ်ခုခု လုပ်သင့်တယ် ဆိုတာမျိုးပေါ့။
(၄) မွှေးရနံ့…နတ်ကောင်း နတ်မြတ်တွေဟာ မွှေးရနံ့တွေနဲ့လည်း အချက်ပြ တတ်ပါတယ်။ ဥပမာ… ပန်းရနံ့ သင်းသင်းလေး ဒါမှမဟုတ် ချောကလက်နံ့လို စားချင်စရာလေး၊ ချိုမြိန်တဲ့ ရနံ့လေးတွေနဲ့ သူတို့ သင့်ကို စောင့်ရှောက်နေကြောင်း အသိပေး တတ်ပါတယ်။ နောက်ပြီး… ရေမွှေးနံ့လိုမျိုး သင်းပျံ့တဲ့ ရနံ့တွေက သင့်ကို သူတို့ ချစ်ခင်တယ်၊ စောင့်ရှောက်တယ် ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။
(၅) ခံစားချက်…သင်ဟာ တစ်ယောက်တည်း ဖြစ်နေရင်တောင် သင့်ဘေးနားမှာ အဖော်တစ်ယောက်လောက် အမြဲရှိနေသလို ခံစားရမှာပါ။
လုံခြုံပြီး အလိုလို ပျော်နေတဲ့ ခံစားချက်ကို ခံစားရမှာပါ။ စိတ်ကြည်လင်ပြီး စိတ်ခွန်အားတွေကို တွေ့မြင်သမျှ အရာတွေကနေတစ်ဆင့် ရရှိမာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့… နတ်ကောင်းနတ်မြတ်တွေက သင့်ကို အားပေးချစ်ခင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
Crd