Health Care


မျက်စိတိမ်စွဲရောဂါအတွက် သဘာဝဆေးပင်..

ယခုပုံမှာ မြင်နေရတဲ့ အပင်ကတော့ တိမ်ဂမုန်းပင်လို့ ခေါ်ပါတယ်။ တစ်ချို့ဒေသမှာတော့ ဂမုန်းတိမ်ပြာလို့ ခေါ်ကြပါတယ်။ မျက်စိရောဂါများအတွက် အလွန်ဆေးဖက်၀င်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။

တောရဆောက်တည်နေသော ဆရာတော်တစ်ပါး၏ လက်တွေ့ပျောက်ကင်းခဲ့သော ဆေးနည်းတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ ဆရာတော်ကိုယ်တိုင် ထိုတိမ်ဂမုန်းဖြင့် တိမ်စွဲနေသော မျက်စိကို ကုသ၍ ပျောက်ကင်းခဲ့ပါတယ်။

ဆေးနည်း

(၁) တိမ်ဂမုန်းပင်၏ ဥကိုတူယူ၍ နေရိပ်တွင် အခြောက်လှန်းပါ။

(၂) ထိုဥကို အမှုန့်ကြိတ်၍ ပျားရည်နှင့် မန်ကျည်းစေ့ခန့် လုံးထားကာ ညစဉ် တစ်လုံးစီ သောက်ပါ။

(၃) ထိုအမှုန့်ကို မကြာခဏ ရှူပေးပါ။

(၄) ထိုအမှုန့်ကို အ၀တ်သန့်သန့်တွင် ထည့်၍ မျက်စိပေါ်ကို (၁၀) မိနစ်ခန့် အုပ်ထားပေးပါ။

(၅) တိမ်ဂမုန်း၏ ဥကို ပြုတ်၍ ၄င်းပြုတ်ရည်ဖြင့် မျက်နှာသစ်ပါ။ မျက်စိကို ဆေးကြောပေးပါ။
ထိခိုက်ရှနာနှင့် ဒဏ်ရာများအတွက် ၄င်းတိမ်ဂမုန်းဥကို ထုထောင်း၍ ဒဏ်ရာပေါ်ကို အုပ်ပေးထားပါက ဒဏ်ရာများ အမြန်ပျောက်ကင်းသက်သာစေပါသည်။

မျက်စိတိမ်စွဲနေသော ဝေဒနာရှင်များအတွက် ဒီဆေးနည်းကို မျှဝေပေးနိုင်ကြပါသည်။

စောနွဲ့နေဆိုင် (ပူတာအို)

Credit

zawgyi




ဆေးနည်း








Credit