ဆဲတဲ့အကျင့်လေးတွေ ရှိရင် ဒီပို့စ်လေးကို ဖတ်ကြည့်ပါ ။
” ပါးစပ်က ထွက်သော ထိုစကားကြောင့် ” တဲ့တစ်ခါကရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာတစ်ပါးက မေးတယ်။အသက်ကလည်း ငယ်တယ်၊ အရွယ်လည်းရှိပါရဲ့နဲ့ဘာ့ကြောင့်အိမ်ထောင် မပြုတာလည်းဆိုတော့ တစ်ပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။
သူဟာ ဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ပေါင်းသင်းပြီး..မကြာခင်မှာဘဲ ယောင်္ကျားကကုန်ကူးသွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။ယောက္ခမတွေက သူ့သားနဲ့ ရတဲ့ကိုယ်ဝန်မဟုတ်ဘူး ဆိုပြီး နှင်ချလိုက်တယ်။
ဗိုက်တစ်လုံးနဲ့ ထွက်သွားခဲ့ရတယ်။ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီးကလေးမွေးတယ်။ကလေးကိုဇရပ်မှာ ခဏထားပြီးရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်ကစွန့်ပစ်ထားတဲ့ ကလေးဆိုပြီး ယူသွားတယ်။ဒီလိုနဲ့ စိတ်လေပြီ..း လျောက်သွားနေတုန်းဓါးပြဗိုလ်ကြီးနဲ့တွေ့ပြီး ပေါင်းသင်းခဲ့ပြန်တယ်။
မိန်းခလေးတစ်ယောက် မွေးတယ်။တစ်နေ့ ကလေးပုခက်ထဲက ပြုတ်ကျပြီးခေါင်းမှာ ဒဏ်ရာရလို့ ယောင်္ကျားကိုကြောက်ပြီးထွက်ပြေးခဲ့ပြန်တယ်။အဲဒီလိုနဲ့ တစ်ယောက်ထဲ နှစ်ပေါင်းများစွာလျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။
အဲဒီ ကုန်သည်ပေါက်စလေးနဲ့ ပေါင်းသင်းနေတုန်းမှာဘဲတစ်နေ့ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကိုခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရပြန်တယ်။တစ်နေ့တော့ မယားအငယ်လေးကိုသန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကိုတွေ့တော့သူ့သမီးဒဏ်ရာနဲ့ တူလိုက်တာလို့ တွေးပြီးဇာတိကိုမေးကြည့်တော့ တကယ်ဘဲ ဓါးပြဗိုလ်ကြီးနဲ့ရခဲ့တဲ့ သူ့သမီး ဖြစ်နေပါတော့တယ်။
သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီးသူတို့လင်ကို ပြောပြတော့ သူ့လင်ကလည်းတစ်ချိန်ကဇရပ်မှာ ပျောက်သွားတဲ့ သူ့သားလေးဖြစ်နေပြန်တယ်။ဆိုးလိုက်တဲ့ အဖြစ်ရယ်နော်။ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကိုပြောပြပြီး သူလောကီမှာ မနေဝံ့တော့လို့တရားထူးရအောင် အားထုတ်ရတာပါလို့ပြောပြခဲ့ပါတယ်။
အဲဒါဟာ သူ ” မအေ ” နဲ့တပ်ပြီး ဆဲခဲ့မိလို့ပြန်လည် ပေးဆပ်ရတာပါတဲ့။ ဘယ်လောက်ထိကြောက်စရာ ကောင်းလိုက်ပါသလဲ..?ညီမလေးတို့ဘာကြောင်းနဲ့ပဲ ဖြစ်ဖြစ်ဘယ်လောက်ဘဲ ဒေါသထွက်နေပါစေ။သူတစ်ပါးကို ” မအေ” နဲ့တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။
ဘု ရား စာ ရွတ် လို့ ကု သိုလ် ရ တာ လည်း ဒီ ပါး စပ် က ထွက် တာ ပါ ဘဲ..။ဆဲ လို့ သံ သ ရာ မှာ ပေး ဆပ် ရ မှာလည်း ဒီ ပါး စပ် က ထွက် တာ ပါ ဘဲ။ ဘု ရား ရှင် က ” ပါး စပ် ” က ထွက် တဲ့ စ ကား လုံး တွေ ဟာ အ ကျိုး မ ခံ စား ရ ဘဲ ပျောက် ပျက် မ သွား ပါ ဘူး ” တဲ့..။ ပါး စပ် စည်း ကမ်း ရှိ နိုင် ကြ ပါ စေ..။
>>>Credit to Original Writer<<<