Knowledge
ကလေး ၂၁ ယောက်မွေးပြီးနောက် ကိုယ်ဝန်ထပ်မဆောင်တော့ဖို့ တရားဝင် တားမြစ်ပိတ်ပင်ခံခဲ့ရတဲ့ အမျိုးသမီး
Unicode
အရှေ့အာဖရိက Uganda နိုင်ငံရှိ Mariam Nabatanzi အမည်ရှိအမျိုးသမီးတစ်ဦးဟာကောင်းမွန်လွန်းတဲ့.. အကြောင်းပြချက်တွေကြောင့် ‘ကမ္ဘာ့ကလေးမွေးနိုင်ဆုံးဆု’ကို ရရှိခဲ့ပါတယ်။ယုံကြည်ဖို့ခက်ခဲနိုင်ပေမဲ့ သူမဟာ ကလေး ၂၁ ယောက် မွေးဖွားခဲ့ပါတယ်။
ဘယ်လိုတောင်ဖြစ်နိုင်မလဲလို့တွေးမိသွားကြမှာပါ။တစ်ကယ်လည်း Mariam ဟာ သူမ အသက် ၁၃ နှစ်အရွယ်မှ..ာ ပထမဆုံးအကြိမ် အမြွှာပူးနှစ်ယောက် မွေးခဲ့ပါတယ်။ထို့ကြောင့် သူမဟာ မိသားစုတစ်ခုလုံးကိုထောက်ပံ့ဖို့ အလုပ်သုံးခုလုပ်ရင်းရုန်းကန်နေခဲ့ရပါတယ်။“
သူတို့ကဘာမှမလိုအပ်ပါဘူး ၊ဒါပေမဲ့ သူတို့ကို ကျောင်းပို့ပေးရမယ် ” လို့ သူမက ဆိုပါတယ်။Mariamဆရာဝန်ရဲ့အဆိုအရ သူမမှာအထူးသဖြင့်ကြီးမားတဲ့သားဥအိမ်များရှိနေပါတယ်။ကံမကောင်းစွာနဲ့ မွေးမြူရေးကို ထိန်းချုပ်ခြင်းက သူမရဲ့ကျန်းမာရေးပြဿနာများဖြစ်ပေါ်စေခဲ့ပါတယ်။
သားဖွားမီးယပ်ဆရာဝန် ဒေါက်တာ Charles Kiggundu က Mariam အနေနဲ့ မျိုးဥတစ်မျိုးတည်းမှာ ဥများစွာကို ထုတ်လွှတ်နေသောကြောင့် မျိုးပွါးခြင်းအခွင့်အလမ်းကို သိသိသာသာတိုးပွါးစေကြောင်း ဆိုခဲ့ပါတယ်။သို့ပေမဲ့လည်း Mariam ဟာ အခက်အခဲအားလုံးကို ဘေးချိတ်ထားပြီး.. ကလေးတွေအတွက် သူမကို့သူမအမြဲ တွန်းအားပေးနေဖို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။
Mariam က သူမကလေးများအား ဘုရားသခင်ပေးတဲ့အရာဖြစ်ကြောင်း အသိအမှတ်ပြုထားပြီး ဘယ်လိုပင်ဖြစ်နေပါစေ။ သူတို့အားလုံးကို ကောင်းကောင်းဂရုစိုက်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
Credit
Zawgyi
Credit