Knowledge

အင်မတန်မှဖူးမြင်ရခဲတဲ့ မြတ်စွာဘုရားရဲ့ အရိုးကွင်းဆက်များအကြောင်း

အင်မတန်မှဖူးမြင်ရခဲတဲ့ မြတ်စွာဘုရားရဲ့ အရိုးကွင်းဆက်များအကြောင်း

မြတ်စွာဘုရားရှင်၊ ရဟန္တာများ နှင့် အရိုးကွင်းဆက်များ လူသားတွေရဲ့ အရိုးတစ်ခုနဲ့တစ်ခုဆက်ပုံက ကွင်းဆက် ချိတ်ဆက် တေ့ဆက် လို့ သုံးမျိုးရှိပါတယ်။

အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက ကွင်းဆက် ဖြစ်ပြီးအလယ်အလတ်မြင့်မြတ်သူတွေရဲ့ အရိုးက ချိတ်ဆက် ဖြစ်ပါတယ်။

သာမန် မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေရဲ့ အရိုးကတော့ တေ့ဆက် တွေချည်းပါ။

အမြင့်မြတ်ဆုံးလူသားတွေဆိုတာသစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လဲသိ ကျွတ်ထိုက်သမျှ

ဝေနေယျတွေကိုလည်း သိအောင်ဟောပြောညွှန်ပြတော်မူနိုင်တဲ့ သမ္မာ သမ္ဗုဒ္ဓ ဘုရားရှင် တွေပါ။

သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု ကွင်းဆက် ဆက်နေကြပါတယ်။

သံကွင်း တစ်ကွင်းနဲ့တစ်ကွင်းကိုဂဟေဆော်ပြီး.. တွဲဆက်ထားသလို တစ်လုံးတစ်ခဲတည်း တစ်ဆက်တစ်စပ်တည်း ဆက်နေကြပါတယ်။

အလယ်အလတ်မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်သာသိမြင်ပြီး

သတ္တဝါ ဝေနေယတွေကို သိအောင်ဟောပြတော်မမူနိုင်တဲ့ပစ္စေက ဗုဒ္ဓါ ဘုရားရှင် တွေပါ။

ပစ္စေကဗုဒ္ဓါ ဘုရားရှင် အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆက်နေကြပါတယ်။

ချွန်းချိတ်တွေ အချင်းချင်း ငြိကပ်နေသလိုမျိုး အရိုးကွေးကွေး တစ်ခုပေါ် အရိုးကောက်ကောက်တစ်ခုကချိတ်တွယ်ငြိကပ်ဆက်စပ်နေကြပါတယ်။

သာမန်မြင့်မြတ်သူတွေဆိုတာကတော့ သစ္စာလေးပါးအမှန်တရားကို ကိုယ်တိုင်မသိမြင်နိုင်ပဲ၊ဘုရားဟောတဲ့တရားကိုဘုရားထံက

တိုက်ရိုက်ဖြစ်စေ သာဝက ဘုရားတပည့် ထံက ထပ်ဆင့်ဖြစ်စေနာယူရမှ သိမြင်နိုင်တဲ့ သောတပန်သကဒါဂါမ် အနာဂါမ် ရဟန္တာ အရိယာ ပုဂ္ဂိုလ်ကြီးတွေပါ။

ရိုးရိုးလူသားတွေဆိုတာကတော့ကံနဲ့ ကံရဲ့ အကျိုးကို နှစ်နှစ်ကာကာယုံကြည်ပြီး

ရုပ်နာမ်ဖြစ်ပျက်ကို မြင်နိုင်စွမ်းတဲ့ ကလျာဏ ပုထုဇဉ် ပုထုဇဉ်အကောင်း)ပုဂ္ဂိုလ်တွေနဲ့

ကံ ကံရဲ့ အကျိုးကို မယုံကြည်ဘဲ ဗေဒင် ယတြာဓာတ်ရိုက်ဓာတ်ဆင်စတဲ့ လောကီမင်္ဂလာတွေကို

ယုံကြည်တဲ့ရုပ်နာမ်ဖြစ်ပျက်ကိုမမြင်ဘဲ ပုဂ္ဂိုလ်သတ္တဝါပညတ်တွေမှာ

အစွဲအလန်းကြီးနေတဲ့ အန္ဓပုထုဇဉ် ပုထုဇဉ်အကန်း ပုဂ္ဂိုလ်တွေပါ။

ရဟန္တာပုဂ္ဂိုလ်ကြီးမျးအပါအဝင်သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေအားလုံးရဲ့ အရိုးတွေဟာ တစ်ခုနဲ့တစ်ခု တေ့ဆက် ဆက်နေကြပါတယ်။

အရိုးတစ်ခုနဲ့တစ်ခုရဲ့ ထိပ်နဲ့ တစ်ခြားအရိုးတစ်ခုရဲ့ထိပ်ထိပ် ထိပ်ချင်းထိစပ်ပြီး တေ့တွဲ တွဲပူးကပ်ဆက်စပ်နေကြပါတယ်။

တရားရိပ်သာနဲ့ ဆေးခန်းပိုစတာတွေမှာပြသထားတဲ့ အဲဒီအရိုးတွေအားလုံးဟာ ဘုရား ပစ္စေက ဗုဒ္ဓါမဟုတ်တဲ့

လူသားတွေရဲ့ အရိုးတွေချည်းဖြစ်လို့ အရိုးအားလုံးဟာ တေ့ဆက် ဆက်နေကြတာချည်းပါ။

အနှစ်ချုပ်ပြန်ပြောရရင် သမ္မာ သမ္ဗုဒ္ဓ ဘုရားရှင်တို့ရဲ့ အရိုးဟာ

ကွင်းဆက် ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ရဲ့ အရိုးဟာချိတ်ဆက်ရဟန္တာအပါအဝင် ကျန်လူသားအားလုံးရဲ့အရိုးဟာ တေ့ဆက် ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ အရိုးတော်တွေဟာ အဆက်ကြီး တစ်ဆယ့်နှစ်ဆက်နဲ့ လက်ချောင်းတော် အဆစ်နေရာတွေကလွဲရင်

တစ်ကိုယ်တော်လုံး အရိုးဆက်တွေအားလုံး သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေကြပါတယ်။

အဆက်ကြီး တစ်ဆယ့်နှစ်ဆက်ဆိုတာက လက်ဝဲ လက်ယာ လက်ကောက်ဝတ်နှစ်ခုနဲ့..

လက်ဆက်တဲ့အဆက်နှစ်ခု လက်ကောက်ဝတ်ကနေတံတောင်ဆစ်အထိ လက်နဲ့ လက်မောင်းဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲ လက်ယာ )

လက်မောင်းနဲ့ လက်ပြင်ရိုး ( ညှပ်ရိုး ) ဆက်တဲ့အဆက်နှစ်ခု ( ဝဲ ယာ ) ခြေဖမိုးတော်နဲ့ ခြေသလုံးတော် ဆက်တဲ့အဆက်နှစ်ခု( ဝဲ ယာ )

ခြေသလုံးရိုးနဲ့ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု( ဝဲ ယာ)ပေါင်ရိုးနဲ့ တင်ပါးဆုံရိုးဆက်တဲ့ အဆက်နှစ်ခု( ဝဲ ယာ ) တို့ပါ

မြတ်စွာဘုရားရှင်ရဲ့ လည်ပင်းအရိုးတော်တွေဟာ သံကွင်းဆက်တွေ ဂဟေဆော်ထားသလို

တစ်လုံးတစ်ခဲတည်း တွဲဆက်နေတဲ့အတွက် တစ်နေရာရာကို နောက်ပြန်လှည့်ကြည့်တော့မယ်ဆိုရင် လည်ပင်းတော်ချည်း သက်သက်လှည့်ကြည့်လို့ မရပါဘူး။

တစ်ကိုယ်တော်လုံးလှည့်ကြည့်မှရပါတယ်။“အရိုးကွင်းဆက်” ဆိုတာသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေနဲ့သာ

သက်ဆိုင်တဲ့ သီးခြားဂုဏ်ထူးတစ်ခုဖြစ်သလိုအရိုးချိတ်ဆက် ဆိုတာလည်း ပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့နဲ့သာ သက်ဆိုင်တဲ့ သီးခြားဝိသေသတစ်ခု ဖြစ်ပါတယ်။

ရဟန္တာဆိုတာ ဘုရား ပစ္စေကဗုဒ္ဓါတို့နဲ့နှိုင်းယှဉ်ရင် ပါရမီချင်းရော အသိဉာဏ်ချင်းရောအဆင့်အတန်းအများကြီး နိမ့်တာမို့

သာမန်လူတွေလိုအရိုးတေ့ဆက် လို့ပဲပိဋကတ်တော်နဲ့ အညီ သံသယမရှိ မှတ်သားထားသင့်ပါတယ်

Credit to Original Writer

>>>>><<<<<

အင္မတန္မွဖူးျမင္ရခဲတဲ့ ျမတ္စြာဘုရားရဲ့ အရိုးကြင္းဆက္မ်ားအေၾကာင္း

ျမတ္စြာဘုရားရွင္၊ ရဟႏၲာမ်ား ႏွင့္ အရိုးကြင္းဆက္မ်ား လူသားေတြရဲ့ အရိုးတစ္ခုနဲ႔တစ္ခုဆက္ပုံက ကြင္းဆက္ ခ်ိတ္ဆက္ ေတ့ဆက္ လို႔ သုံးမ်ိဳးရွိပါတယ္။

အျမင့္ျမတ္ဆုံး လူသားေတြရဲ့ အရိုးက ကြင္းဆက္ ျဖစ္ၿပီးအလယ္အလတ္ျမင့္ျမတ္သူေတြရဲ့ အရိုးက ခ်ိတ္ဆက္ ျဖစ္ပါတယ္။

သာမန္ ျမင့္ျမတ္သူေတြနဲ႔ ရိုးရိုးလူသားေတြရဲ့ အရိုးကေတာ့ ေတ့ဆက္ ေတြခ်ည္းပါ။

အျမင့္ျမတ္ဆုံးလူသားေတြဆိုတာသစၥာေလးပါး အမွန္တရားကို ကိုယ္တိုင္လဲသိ ကၽြတ္ထိုက္သမၽွ

ေဝေနယ်ေတြကိုလည္း သိေအာင္ေဟာေျပာညႊန္ျပေတာ္မူနိုင္တဲ့ သမၼာ သမၺဳဒၶ ဘုရားရွင္ ေတြပါ။

သမၼာသမၺဳဒၶ ဘုရားရွင္အားလုံးရဲ့ အရိုးေတာ္ေတြဟာ တစ္ခုနဲ႔တစ္ခု ကြင္းဆက္ ဆက္ေနၾကပါတယ္။

သံကြင္း တစ္ကြင္းနဲ႔တစ္ကြင္းကိုဂေဟေဆာ္ၿပီး တြဲဆက္ထားသလို တစ္လုံးတစ္ခဲတည္း တစ္ဆက္တစ္စပ္တည္း ဆက္ေနၾကပါတယ္။

အလယ္အလတ္ျမင့္ျမတ္သူေတြ ဆိုတာကေတာ့ သစၥာေလးပါး အမွန္တရားကို ကိုယ္တိုင္သာသိျမင္ၿပီး

သတၱဝါ ေဝေနယေတြကို သိေအာင္ေဟာျပေတာ္မမူနိုင္တဲ့ပေစၥက ဗုဒၶါ ဘုရားရွင္ ေတြပါ။

ပေစၥကဗုဒၶါ ဘုရားရွင္ အားလုံးရဲ့.. အရိုးေတာ္ေတြဟာ တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ဆက္ေနၾကပါတယ္။

ခၽြန္းခ်ိတ္ေတြ အခ်င္းခ်င္း ၿငိကပ္ေနသလိုမ်ိဳး အရိုးေကြးေကြး တစ္ခုေပၚ အရိုးေကာက္ေကာက္တစ္ခုကခ်ိတ္တြယ္ၿငိကပ္ဆက္စပ္ေနၾကပါတယ္။

သာမန္ျမင့္ျမတ္သူေတြဆိုတာကေတာ့ သစၥာေလးပါးအမွန္တရားကို ကိုယ္တိုင္မသိျမင္နိုင္ပဲ၊ဘုရားေဟာတဲ့တရားကိုဘုရားထံက

တိုက္ရိုက္ျဖစ္ေစ သာဝက ဘုရားတပည့္ ထံက ထပ္ဆင့္ျဖစ္ေစနာယူရမွ သိျမင္နိုင္တဲ့ ေသာတပန္သကဒါဂါမ္ အနာဂါမ္ ရဟႏၲာ အရိယာ ပုဂၢိဳလ္ႀကီးေတြပါ။

ရိုးရိုးလူသားေတြဆိုတာကေတာ့ကံနဲ႔ ကံရဲ့ အက်ိဳးကို ႏွစ္ႏွစ္ကာကာယုံၾကည္ၿပီး

႐ုပ္နာမ္ျဖစ္ပ်က္ကို ျမင္နိုင္စြမ္းတဲ့ ကလ်ာဏ ပုထုဇဥ္ ပုထုဇဥ္အေကာင္း)ပုဂၢိဳလ္ေတြနဲ႔

ကံ ကံရဲ့ အက်ိဳးကို မယုံၾကည္ဘဲ ေဗဒင္ ယၾတာဓာတ္ရိုက္ဓာတ္ဆင္စတဲ့ ေလာကီမဂၤလာေတြကို

ယုံၾကည္တဲ့႐ုပ္နာမ္ျဖစ္ပ်က္ကိုမျမင္ဘဲ ပုဂၢိဳလ္သတၱဝါပညတ္ေတြမွာ

အစြဲအလန္းႀကီးေနတဲ့ အႏၶပုထုဇဥ္ ပုထုဇဥ္အကန္း ပုဂၢိဳလ္ေတြပါ။

ရဟႏၲာပုဂၢိဳလ္ႀကီးမ်းအပါအဝင္သာမန္ျမင့္ျမတ္သူေတြနဲ႔ ရိုးရိုးလူသားေတြအားလုံးရဲ့ အရိုးေတြဟာ တစ္ခုနဲ႔တစ္ခု ေတ့ဆက္ ဆက္ေနၾကပါတယ္။

အရိုးတစ္ခုနဲ႔တစ္ခုရဲ့ ထိပ္နဲ႔ တစ္ျခားအရိုးတစ္ခုရဲ့ထိပ္ထိပ္ ထိပ္ခ်င္းထိစပ္ၿပီး ေတ့တြဲ တြဲပူးကပ္ဆက္စပ္ေနၾကပါတယ္။

တရားရိပ္သာနဲ႔ ေဆးခန္းပိုစတာေတြမွာျပသထားတဲ့ အဲဒီအရိုးေတြအားလုံးဟာ ဘုရား ပေစၥက ဗုဒၶါမဟုတ္တဲ့

လူသားေတြရဲ့ အရိုးေတြခ်ည္းျဖစ္လို႔ အရိုးအားလုံးဟာ ေတ့ဆက္ ဆက္ေနၾကတာခ်ည္းပါ။

အႏွစ္ခ်ဳပ္ျပန္ေျပာရရင္ သမၼာ သမၺဳဒၶ ဘုရားရွင္တို႔ရဲ့ အရိုးဟာ

ကြင္းဆက္ ပေစၥကဗုဒၶါဘုရားရွင္တို႔ရဲ့ အရိုးဟာခ်ိတ္ဆက္ရဟႏၲာအပါအဝင္ က်န္လူသားအားလုံးရဲ့အရိုးဟာ ေတ့ဆက္ ျဖစ္ပါတယ္။

ျမတ္စြာဘုရားရွင္ရဲ့ အရိုးေတာ္ေတြဟာ အဆက္ႀကီး တစ္ဆယ့္ႏွစ္ဆက္နဲ႔ လက္ေခ်ာင္းေတာ္ အဆစ္ေနရာေတြကလြဲရင္

တစ္ကိုယ္ေတာ္လုံး အရိုးဆက္ေတြအားလုံး သံကြင္းေတြလို တစ္လုံးတစ္ခဲတည္း တြဲဆက္ေနၾကပါတယ္။

အဆက္ႀကီး တစ္ဆယ့္ႏွစ္ဆက္ဆိုတာက လက္ဝဲ လက္ယာ လက္ေကာက္ဝတ္ႏွစ္ခုနဲ႔..

လက္ဆက္တဲ့အဆက္ႏွစ္ခု လက္ေကာက္ဝတ္ကေနတံေတာင္ဆစ္အထိ လက္နဲ႔ လက္ေမာင္းဆက္တဲ့ အဆက္ႏွစ္ခု ( လက္ဝဲ လက္ယာ )

လက္ေမာင္းနဲ႔ လက္ျပင္ရိုး ( ညႇပ္ရိုး ) ဆက္တဲ့အဆက္ႏွစ္ခု ( ဝဲ ယာ ) ေျခဖမိုးေတာ္နဲ႔ ေျခသလုံးေတာ္ ဆက္တဲ့အဆက္ႏွစ္ခု( ဝဲ ယာ )

ေျခသလုံးရိုးနဲ႔ေပါင္ရိုးဆက္တဲ့ အဆက္ႏွစ္ခု( ဝဲ ယာ)ေပါင္ရိုးနဲ႔ တင္ပါးဆုံရိုးဆက္တဲ့ အဆက္ႏွစ္ခု( ဝဲ ယာ ) တို႔ပါ

ျမတ္စြာဘုရားရွင္ရဲ့ လည္ပင္းအရိုးေတာ္ေတြဟာ သံကြင္းဆက္ေတြ ဂေဟေဆာ္ထားသလို

တစ္လုံးတစ္ခဲတည္း တြဲဆက္ေနတဲ့အတြက္ တစ္ေနရာရာကို ေနာက္ျပန္လွည့္ၾကည့္ေတာ့မယ္ဆိုရင္ လည္ပင္းေတာ္ခ်ည္း သက္သက္လွည့္ၾကည့္လို႔ မရပါဘူး။

တစ္ကိုယ္ေတာ္လုံးလွည့္ၾကည့္မွရပါတယ္ ။ “အရိုးကြင္းဆက္” ဆိုတာသမၼာသမၺဳဒၶ ဘုရားရွင္ေတြနဲ႔သာ

သက္ဆိုင္တဲ့ သီးျခားဂုဏ္ထူးတစ္ခုျဖစ္သလိုအရိုးခ်ိတ္ဆက္ ဆိုတာလည္း ပေစၥကဗုဒၶါ ဘုရားရွင္တို႔နဲ႔သာ သက္ဆိုင္တဲ့ သီးျခားဝိေသသတစ္ခု ျဖစ္ပါတယ္။

ရဟႏၲာဆိုတာ ဘုရား ပေစၥကဗုဒၶါတို႔နဲ႔ႏွိုင္းယွဥ္ရင္ ပါရမီခ်င္းေရာ အသိဉာဏ္ခ်င္းေရာအဆင့္အတန္းအမ်ားႀကီး နိမ့္တာမို႔

သာမန္လူေတြလိုအရိုးေတ့ဆက္ လို႔ပဲပိဋကတ္ေတာ္နဲ႔ အညီ သံသယမရွိ မွတ္သားထားသင့္ပါတယ္ ။

Credit to Original Writer