Knowledge

အီတလီနိုင်ငံသူ ခရစ်ယာန်ဘာသာကနေ ဗုဒ္ဓဘာသာကိုပြောင်းပြီး သာသနာပြုနေတဲ့ ဆရာလေး ” ဂေါတမီရတနာ”




















Credit


unicode

ခရစ်ယာန်ဘာသာကနေ ဗုဒ္ဓဘာသာကိုပြောင်းပြီး တရားကျင့်ကြံနေတဲ့ ” ဂေါတမီရတနာ”

“အယူက မိစ္ဆာ, အကျင့်က သမ္မာ”

(ဒို့နိုင်ငံမှာတော့ အယူက သမ္မာ, အကျင့်က မိစ္ဆာဖြစ်နေကြပြီ)

သူ့နိုင်ငံက “အီတလီ” သူ့အမည်က “ဂေါတမီရတနာ”

သူတို့မိသားစုက… အရင်က ခရစ်ယာန်၊ အခုတော့ ဗုဒ္ဓဘာသာ ပြောင်းလိုက်ပြီတဲ့၊

“ဗုဒ္ဓတရား”ကို မြတ်နိုးလွန်းလို့ “ဗုဒ္ဓတရားတော်”တွေကို သူတို့မိသားစုသာမက အများသူငါတွေလဲ သိစေဘို့ အင်္ဂလိပ်လိုတွေတောင် တစ်ဆင့် ပြန်ဟောနေပြီ။

မိသားစုအားလုံး ခရစ်ယာန်ထဲကနေ အဖွားရဲ့ကျေးဇူးကြောင့် ဗုဒ္ဓ ဘာသာကို သက်ဝင်ယုံကြည်ခွင့်ရကြတာတဲ့။

ယခုဆိုလျှင် အခါအားလျော်စွာ “ဗုဒ္ဓတရားတော်”တွေကို အင်္ဂလိပ်လို ဟောကြားနေပြီ ဖြစ်ပါတယ်။

မြန်မာတို့ရဲ့ အချစ်တော် “ဂေါတမီရတနာ” မြန်မာပြည်မှ သမီးလေးအား ဂုဏ်ယူ ကြိုဆိုနေကြပါတယ် …။

ဒို့နိုင်ငံမှာတော့…. ဗုဒ္ဓဆိုပြီး ဆုတောင်းပြည့် အလိုတော်ပြည့် တံဆိပ်တွေကပ်

ရွှေတွေချ ငွေတွေလှူ တကယ်ရ တကယ်ယူတာက စစ်ဘက်က ဂေါပက

ဘုရားသာ အသက်ရှိရင် ဘယ်လောက် စိတ်ဒုက္ခရောက်လိုက်မလဲ?

အခုတော့…. ငွေကြေး အကြပ်အတည်းဆိုက်နေတဲ့စစ်အာဏာရှင်တွေအတွက် စစ်လက်နက်ဖြစ်ကုန်ပြီး

အဲဒါတွေနဲ့ ဒို့ပြည်သူတွေကို သတ်နေကြတယ်။

အိမ်တွေကိုလဲ လေယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်တာ မီးရှို့ဖျက်ဆီးတာတွေ ခံနေကြရပြီ၊

နောက်ထပ် ရွှေလှူမယ် ငွေလှူမယ်ကြံရင် ပြန်စဉ်းစားပါဦး “ငါလှူတာ ဘုရားကြိုက်သလား? လို့၊

ဘုရားကြိုက်တဲ့ အကျင့်တရားကျတော့ ပျက်ချင်တိုင်းပျက် ဖျက်ချင်တိုင်းဖျက်

အဲဒါကြောင့်ပြောတာ… “အယူက သမ္မာ, အကျင့်က မိစ္ဆာ” တဲ့ !

Credit

မေတ္တာဖြင့် #KhinThanOo ပြန်လည်မျှဝေသည်🙏🙏🙏