ရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့်ခဲ့သောအိမ်ထောင်ရေး စီးပွားရေး၊ လူမှုရေး
အတိုက်အခိုက်ကင်းလိုလျှင်။ ရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့်သော အစွမ်းထက်သော ကျောက်ခဲကျင့်စဉ်။
ဤ အစွမ်းထက်သော ကျောက်ခဲကျင့်စဉ်သည် သီးသန့် ချီးမြှင့်ခဲ့သော ကျင့်စဉ်ထူးဖြစ်သည်။ လူသိနည်း ၍ ရှားပါးသော ကျင့်စဉ် ဖြစ်သည်။အထူးသဖြင့် ဤကျင့်စဉ်မှာ လွယ်ကူပြီး ထိရောက်မှု့ရှိသည်။
ထူးခြားပြီး လွယ်ကူသည့်ကျင့်စဉ်ဖြစ်သဖြင့် အခြားအခြားသော ကျင့်စဉ်များကဲ့သို့ ဂါထာမန္တန်များ ရွတ်ဖတ်ရခြင်း ပုတီးစိပ်ရခြင်း မွေးနံ အညွန့်အခက် အရွက်ပန်းများ ဘုရားအား ဆက်ကပ်လှုဒါန်းရခြင်။
အုန်း ငှက်ပျော လက်ဖတ် ကွမ်းယာ အလင်းတိုင် အချိူရည် ပန်း စသည်တို့ ဆက်ကပ်ရခြင်းတို့မပါရှိပါ။ ရိုးရိုး ရှင်းရှင်းဖြစ်ပြီး လွယ်ကူသည့် အကျိူးပေးမြန်ဆန်သော စရဏ ကျင့်စဉ် ဖြစ်သည်။
ဤ အစွမ်းထက်သောကျောက်ခဲကျင့်စဉ်ကို ကျင့်မည့် (၈)ရက်သားသမီးများ သည် ရေတသွင်သွင် စီးနေသည့်မြစ်ချောင်းအနီးရှိ ကျောက်ခဲကို ကောက်ယူရန်ဖြစ်ပါသည်။
ထိုကျောက်ခဲများကောက်ယူသည့်အခါ မိမိ မွေးနံအရ ကောက်ယူရပါမည်။ရေတသွင်သွင်စီးနေသည့် မြစ်ချောင်းများမှ ကျောက်ခဲကို မိမိတို့၏ မွေးနံအရ ကောက်ယူပြီးပါက
ကြေးဖလားတွင်ဖြစ်စေ ငွေဖလားတွင်ဖြစ်စေ မတ်ခွက်တွင်ဖြစ်စေ ရေသန့်သန့်ထည့်၍ အဆိုပါ ကျောက်ခဲကိုထည့်ထားရပါမည်။
ရေနှင့် ကျောက်ခဲ ထည့်ထားသည့် ဖလားကို မိမိမွေးနေ့ နံနက် (၉) နာရီမှ (၁၀:၃၀)အတွင်း တိတိကျကျ ကိုယ်တိုင် ဆောင်ရွက်ပြီး အောက်ပါအတိုင်း ရွတ်ဆိုဆုတောင်းရပါမည်။
အချိန်တိကျစွာဆောင်ရွက်ရပါမည်။ ဘုရားတပည့်တော်သည် ဘုရား တရား သံဃာ ဆရာ မိဘ ဟုဆိုအပ်သော အနန္တော အနန္တ ၅ ပါးတို့၏ ဂုဏ်ကျေးဇူးတော်များကို အာရုံပြု့ပြီး
ကျေးဇူးတော်ရှင် ရွှေပေါ်ကျွန်း ဆရာတော်ကြီး၏ ကျောက်ခဲကျင့်စဉ်ကို ယနေ့အချိန်မှစ၍ ကျင့်ဆောင်ပါမည် အရှင်ဘုရား “ဤ ကျောက်ခဲကျင့်စဉ် ကျင့်ဆောင်သည့်နေ့မှ စ၍
မိမိတို့တွင် တွေ့ကြုံ ခံစားနေရသော ရန်ဓာတ် မာန်ဓာတ် အတိုက်အခိုက်ဓာတ် ဟူ၍ အမြန်ဆုံး ချူပ်ငြိမ်းပပျောက်ပါစေသတည်း” ဟုစိတ်ဆန္ဒ ထက်သန်စွာဖြင့် ဆုတောင်း ရွတ်ဆိုပြီး ထိုရေကို မကြာခဏ သောက်ရန် ဖြစ်ပါသည်။
ဤ ကျောက်ခဲကျင့်စဉ်ကို ကျင့်ဆောင်နေသည့် ပုဂ္ဂိုလ်သည် အလုပ်ကိစ အတွက်ဖြစ်စေ စီးပွားရေးအတွက်ဖြစ်စေ စကားပြောဆိုရန် အကြောင်းကိစ္စများအတွက်ဖြစ်စေ အနှောက်အယှက် အတိုက်အခိုက်များအတွက်ဖြစ်စေ
မည်သည့် အကြောင်းကိစ္စအတွက်ဖြစ်စေ ပြု့လုပ်ဆောင်ရွက်မည်ဆိုပါက ဖော်ပြပါခွက်ထဲမှ ထည့်ထားသော ”ရေ” ကို သောက်သွားရန် ဖြစ်သည်။ ထို့နောက် ရေကို အသစ်ထည့် ၍ အမြဲ ဖြည့်ထားရန်ဖြစ်ပြီး..
ဖြစ်နိုင်ပါက မိမိ သောက်နေသည့် ရေအစား အဆိုပါရေကို အမြဲ မကြာခန သောက်ရန်ဖြစ်သည်။ရရှိစေနိုင်သော အကျိူးတရားမှာ မိမိအပေါ် တစ်ဘက်ရန်သူက စီးပွားရေး အရဖြစ်စေ အိမ်ထောင်ရေးအရဖြစ်စေ လုပ်ငန်းကိစ္စအရဖြစ်စေ ။
လူမှုရေးအရဖြစ်စေ အခြားအကြောင်းများကြောင့်ဖြစ်စေ တိုက်ခိုက်လာပါက တိုက်ခိုက် ၍ မရရှိကြောင်း ထူးခြားစွာ သိရှိရသည်။ ဥုံ သြောင်း (ဝေ ဒါ သာ ကု) အစရှိသော
ဒဏ်ပြန်ဂါထာတော်များ ရွတ်ဆိုစရာမလိုသည့် အစွမ်းထက် ကျင့်စဉ် ဖြစ်ပါသည်။ ထူးခြားအစွမ်းထက်သည့် ကျောက်ခဲ ကျင့်စဉ်အား ဆရာတော်ကြီးကိုယ်တိုင် ကျင့်ကြံအားထုပ်ပြီး သိရှိလာသော ကိုယ်တွေ့ကျင့်စဉ် တစ်ခုလည်း ဖြစ်ပါသည်။
တနင်္ဂနွေ ကျောက်ခဲ (၁)လုံး၊ တနင်္လၤာ (၂)လုံး၊ အင်္ဂါ (၃)လုံး၊ ဗုဒ္ဓဟူး (၄)လုံး၊ ကြာသပတေး (၅)လုံး၊ သောကြာ (၆)လုံး၊ စနေ (၇)လုံး၊ ရာဟု( ၄ )လုံး။ မိမိ မွေးနံအတိုင်း ကောက်ယူရမည် ဖြစ်သည်။
Credit to Original Writer