”သဘာဝ လိမ်းဆေးဆီ”
နောက်တနည်းက-
လက်ဖက်ရည်အေး
>>>>><<<<<
Unicode
အဆီကျိတ် ( lipomas) ကို သဘာဝဆေးဝါး တွေနဲ့ ဘယ်လိုကုကြမလဲ
(How to treat lipomas with natural medicine.)
ဒါကတော့ အဆီကျိတ် (lipomas) ကို သဘာဝ ဆေးဝါးတွေနဲ့ ဘယ်လိုကုကြမလဲပေါ့နော်။
သူ့ကို (fatty tumors) ဟူ၍လည်း ခေါ်ဆိုပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး လူတော်တော်များများက စာပို့ပြီး မေးထားကြပါတယ်။
ဒီရောဂါဟာ လူသားတို့၏ အရေပြားပေါ်၌ ဖြစ်တတ်ကြသလို တိရိစ္ဆာန် သတ္တဝါတွေများလည်း ဖြစ်တတ်ပါတယ်။
သဘာဝဆေးနည်းအရ ကုသမယ်ဆိုရင် ထိရောက်မှုရှိပြီး လက်တွေ့ ပျောက်ကင်းစေမည့် ဆေးနည်းအချို့ကို ဖော်ပြပေးချင်ပါတယ်။
”သဘာဝ လိမ်းဆေးဆီ”
တမာဆီ (Neem oil) သွေးကို တိတ်စေပြီး အရေပြားနဲ့ ပတ်သက်ပြီး များစွာ အထောက် အကူပြုပါတယ်။
နှမ်းကြတ်ဆီ (Flaxseed oil) ဟာ omega-3 and omega-6 များစွာကြွယ်ဝခြင်းကြောင့် အသားရေ ဖူးယောင်ခြင်းကို ကာကွယ်ေ ပးပါတယ်။
”ပျားရည်နဲ့ ဂျုံမှုန့်”
သဘာဝ ပျားရည်စစ်စစ် နဲ့ ဂျုံမှုန့်အနည်းငယ်ဖြင့် ရောစပ်ပြီး မိမိရဲ့အဆီကျိတ် အဖုပေါ်ကို ခပ်ထူထူလေး အုံပေးထားပါ။
နောက်တနည်းက-
နနွင်းမှုန့်(ဆနွင်းမှုန့်) လဘ္ဘက်စားဇွန်းနှ င့် တစ်ဇွန်း၊ သံလွင်ဆီ (olive oil) (၂) ဇွန်း၊ ပျားဖယောင်း (beeswax) အနည်းငယ်၊ ငှက်စာပင် ရွက်အမှုန့် (chickweed powder) တစ်ဇွန်း။
အားလုံးကို ရောစပ်ပြီး မီးဖိုပေါ်မှာ ပျစ်တွဲပျစ်ခဲ လာသည့်အထိ ကျိုချက်ပြီး အအေးခံ၍ ၎င်းအနှစ်ကို အဆီကျိတ်ပေါ် သို့ ဖိပြီး အုံပေးထား ပါက ပျောက်ကင်း သက်သာ စေပါတယ်။
လက်ဖက်ရည်အေး
လက်ဖက်ရည်အေး (Cooled green tea ) သောက်ခြင်းဟာ သွေးချို ကို လျော့ကျစေပြီး အကြောအမျှင် ထဲက အဆီတွေကို ကောင်းစွာ ဖယ်ရှားပေးနိုင်ပါတယ်။
Credit – Win Min Phyo (ဘဝခါးခါး)