Health Care

သေနေ့မစေ့သေးသောနေ့ (သို့မဟုတ်) သေကံမပါသေးသော … ည

သေနေ့မစေ့သေးသောနေ့ (သို့မဟုတ်) သေကံမပါသေးသော … ည

စာဖတ်သူတို့အတွက် စေတနာနဲ့ တင်ပေးလိုက်ပီနော် သေနေ့မစေ့သေးသောနေ့(သို့မဟုတ်)သေကံမပါသေးသော ည…အိမ်ကိုညနေခြောက်နာရီခွဲလောက်မှ ပြန်ရောက်တော့ အမျိုးသားက ညစာစားဖို့ဟင်းနွှေး ဘာညာ သူပြင်လိုက်မယ်ဆိုပီး အောက်ထပ်မှာ ပြင်ဆင်နေခဲ့တယ်။ကျမတို့အိမ်က အပေါ်ထပ်နဲ့ အောက်ထပ် အတော်လေးအော်ပြောမှ ကြားနိုင်တာပါ….သမီးလေးနဲ့ ကျမ အိမ်အပေါ်တက်လာခဲ့ပီး ကျမလုပ်စရာလေးရှိလို့သမီးလေးကို တီဗီ ဖွင့်ပေးပီး….လုပ်စရာရှိတာလေးလုပ်နေခဲ့ပါတယ်။

သမီးလေးကတော့ အိပ်ရာပေါ်မှာ ဆော့ရင်းကစားရင်း သူစိတ်ဝင်စားတဲ့သီချင်းလေးတွေလာရင် တီဗီငေးရင်းပေါ့….သမီးလေးက အိပ်ရင် ဟိုကျော်ဒီခွအိပ်တတ်လို့ကုတင်ကိုဖြုတ်ပီး သံမံတလင်းမှာ ဖယောင်းပုဆိုးခင်းပီး မွေ့ယာခင်းပီး ကျမတို့အိပ်ကြပါတယ်။အိပ်ယာတစ်နေရာထဲ အခင်းရှိပါတယ်…ကျန်တဲ့အပေါ်ထပ်တစ်ထပ်လုံး ဖယောင်းပုဆိုးခင်းထားတာပါ….ကျမတို့အိပ်ယာရဲ့ ခေါင်းရင်းမှာ မီးပလပ်ပေါက်ရှိပါတယ်…အဲ့မီးပလပ်ပေါက်ကနေ ဘုတ်ခုံ(extension)ကြိူးခွေချပီး အမျိုးသားရဲ့ ဖုန်းကိုအားသွင်းထားပါတယ်။

ကျမ လုပ်စရာရှိတာလေးတွေလက်စသတ်ပီး သမီးလေးနားထိုင်ရင်း ဘုတ်ခုံမှာ ကျမဖုန်းကို ထပ်အားသွင်းလိုက်ပါတယ်….သမီးလေးက လှည့်ကြည့်ပီးမြင်သွားတော့….ဂိမ်း…ဂိမ်းဆိုပီး သူ့အဖေ ဖုန်းကိုလှမ်းဆွဲပါတယ်။အဲ့ဒီအချိန်မှာ ဖျစ်…ဖျစ်..ဖျစ် ဆိုပီး ညှော်နံတွေ မီးခိုးတွေ အများကြီးထွက်လာပါတယ်….ကျမလဲ ဖုန်းနှစ်လုံးကို ဆွဲဖြုတ်ပီး….သမီးနဲ့ဝေးရာကို ပစ်ထုတ်လိုက်ပီး သမီးကို ခြင်ထောင်အပြင်ကို ဆွဲထုတ်လိုက်ပါတယ် ပြန်လှမ်းကြည့်လိုက်တော့ ရွက်ဖျင်တဲခြင်ထောင်တစ်ခုလုံး မီးခိုးတွေနဲ့ ပြည့်နေပါတယ် အထဲကို မမြင်ရတော့ပါဘူး…

ယောက်ကျားရေ ယောက်ကျားရေ…..အသကုန်အော်ပီး …..သမီးရေ…နောက်ဆုတ် နောက်ဆုတ် ဆိုပီးအော်တော့ သမီးလေးက ခြင်ထောင်ခြေရင်းနား ခပ်ခွာခွာလေးရပ်ပီး ကျမကို ကြည့်နေပါတယ်….မီးပလပ်ပေါက်ကနေ ဘုတ်ခုံကြိုးကိုအလောတကြီးဆွဲဖြုတ်လိုက်တော့ ဖုန်းးဆိုပီး ကျမ ဖင်ထိုင်ရက်ကျသွားပါတယ်…..မီးပလပ်ကြိုးလဲ ကျမလက်ထဲပါလာပါတယ်။ကျမဖင်ထိုင်လဲအကျ အမျိုးသားက လှေကားကနေပြေးတက်လာသံကြားတော့ သမီးလေးက သူ့အဖေဆီ ပြေးသွားပါတယ်ကျမ အဲ့အချိန်ထိ အူကြောင်ကြောင်ဖြစ်နေတုန်းပါ….

ညှော်နံတွေမွှန်ထူနေတော့ အမျိုးသားက ဝရန်တာတံခါးတွေ လိုက်ဖွင့်ပီး ကျမကို ဆွဲထူပါတယ် ဖြစ်စဉ်ကိုပြောပြပီးနောက်….မီးခလုတ် အရင်ပိတ်ပီးမှ ကြိုးကိုဆွဲဖြုတ်သင့်ကြောင့် အမျိုးသားက ပြောမှ ကိုယ့်ဉာဏ်နည်းမှုကို ကိုယ်တွေ့မိပါတယ်…သမီးကို ခြင်ထောင်အပြင်ဆွဲထုတ်ချိန်နဲ့ အိပ်ယာခေါင်းရင်းကို သွားချိန် အချိန်စက္ကန့်ပိုင်းလေးမှာ…ကျမ တွေးနေမိတာက အောက်က သံမံတလင်းကြီး…. ရှော့ခ် တွေဖြစ်လို့လျှပ်စစ်တွေစီးကုန်ရင် ငါ့သမီးလေးကရပ်နေတာ ဆိုတဲ့အတွေးပဲရှိပါတယ်။မီးခလုပ်ကို ပိတ်ပီးမှ ဆိုတဲ့ဆင်ခြင်ဉာဏ်မရှိတော့ပါဘူး…

မီးပလပ်ပေါက်နဲ့ လောင်နေတဲ့ဘုတ်ခုံကြိုး မြန်မြန်ဝေးရမယ်ဆိုတဲ့အသိနဲ့ပဲ အလောတကြီးဆွဲဖြုတ်လိုက်မိတာ….တွန်းကန်လိုက်လို့သာ ကျမဖင်ထိုင်ရက်ကျသွားတာ…ဆွဲငင်လိုက်ရင်ကော….ဆွဲငင်နေတဲ့အချိန် သမီးလေးက သူ့အဖေဆီမပြေးဘဲ ခါတိုင်းလိုကျမခြေထောက်လေး လာကိုင်ထားရင်ကော ကျမ တော်တော်လေးထိတ်လန့်သွားတယ်…ခါတိုင်းလို သမီးလေးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန် ဖုန်အားသွင်းထားခဲ့ပီး အိမ်အောက်ထပ်ဆင်းပီး….အိပ်အလုပ်တွေ စိတ်ချလက်ချလုပ်နေချိန်များ ဒီလိုဖြစ်ခဲ့ရင်…….ဆိုတဲ့ အတွေးတွေနဲ့လဲ တုန်လှုပ်နေမိတယ်။ကိုယ့်အသုံးမကျမှုကြောင့် ဉာဏ်နည်းတာတွေကြောင့်တော့ ငါတို့မိသားစု မထိခိုက်စေရဘူး…သတိအမြဲထားပီး ဆင်ခြင် စောင့်ရှောက်ရမယ်ဆိုတဲ့အတွေးနဲ့ *ကလေးနား ဘယ်တော့မှ ဖုန်းအားမသွင်းတော့ဘူး*ကလေးနား ဘယ်တော့မှ မီးပလပ်ခုံတွေ မရှိစေဘူး*အိပ်ယာထဲ ဘယ်တော့မှ ဖုန်းအားသွင်းပီး ဖုန်းမသုံးတော့ဘူး။

#ဆောင်လို့ရှောင်လို့ရအောင် မျှဝေပေးခြင်းသာ……….။

Zawgyi

ေသေန႔မေစ့ေသးေသာေန႔ (သို႔မဟုတ္) ေသကံမပါေသးေသာ … ည

စာဖတ္သူတို႔အတြက္ ေစတနာနဲ႔ တင္ေပးလိုက္ပီေနာ္ ေသေန႔မေစ့ေသးေသာေန႔(သို႔မဟုတ္)ေသကံမပါေသးေသာ ည…အိမ္ကိုညေနေျခာက္နာရီခြဲေလာက္မွ ျပန္ေရာက္ေတာ့ အမ်ိဳးသားက ညစာစားဖို႔ဟင္းေႏႊး ဘာညာ သူျပင္လိုက္မယ္ဆိုပီး ေအာက္ထပ္မွာ ျပင္ဆင္ေနခဲ့တယ္။က်မတို႔အိမ္က အေပၚထပ္နဲ႔ ေအာက္ထပ္ အေတာ္ေလးေအာ္ေျပာမွ ၾကားႏိုင္တာပါ….သမီးေလးနဲ႔ က်မ အိမ္အေပၚတက္လာခဲ့ပီး က်မလုပ္စရာေလးရွိလို႔သမီးေလးကို တီဗီ ဖြင့္ေပးပီး….လုပ္စရာရွိတာေလးလုပ္ေနခဲ့ပါတယ္။

သမီးေလးကေတာ့ အိပ္ရာေပၚမွာ ေဆာ့ရင္းကစားရင္း သူစိတ္ဝင္စားတဲ့သီခ်င္းေလးေတြလာရင္ တီဗီေငးရင္းေပါ့….သမီးေလးက အိပ္ရင္ ဟိုေက်ာ္ဒီခြအိပ္တတ္လို႔ကုတင္ကိုျဖဳတ္ပီး သံမံတလင္းမွာ ဖေယာင္းပုဆိုးခင္းပီး ေမြ႕ယာခင္းပီး က်မတို႔အိပ္ၾကပါတယ္။အိပ္ယာတစ္ေနရာထဲ အခင္းရွိပါတယ္…က်န္တဲ့အေပၚထပ္တစ္ထပ္လုံး ဖေယာင္းပုဆိုးခင္းထားတာပါ….က်မတို႔အိပ္ယာရဲ႕ ေခါင္းရင္းမွာ မီးပလပ္ေပါက္ရွိပါတယ္…အဲ့မီးပလပ္ေပါက္ကေန ဘုတ္ခုံ(extension)ႀကိဴးေခြခ်ပီး အမ်ိဳးသားရဲ႕ ဖုန္းကိုအားသြင္းထားပါတယ္။

က်မ လုပ္စရာရွိတာေလးေတြလက္စသတ္ပီး သမီးေလးနားထိုင္ရင္း ဘုတ္ခုံမွာ က်မဖုန္းကို ထပ္အားသြင္းလိုက္ပါတယ္….သမီးေလးက လွည့္ၾကည့္ပီးျမင္သြားေတာ့….ဂိမ္း…ဂိမ္းဆိုပီး သူ႔အေဖ ဖုန္းကိုလွမ္းဆြဲပါတယ္။အဲ့ဒီအခ်ိန္မွာ ဖ်စ္…ဖ်စ္..ဖ်စ္ ဆိုပီး ေညႇာ္နံေတြ မီးခိုးေတြ အမ်ားႀကီးထြက္လာပါတယ္….က်မလဲ ဖုန္းႏွစ္လုံးကို ဆြဲျဖဳတ္ပီး….သမီးနဲ႔ေဝးရာကို ပစ္ထုတ္လိုက္ပီး သမီးကို ျခင္ေထာင္အျပင္ကို ဆြဲထုတ္လိုက္ပါတယ္ ျပန္လွမ္းၾကည့္လိုက္ေတာ့ ႐ြက္ဖ်င္တဲျခင္ေထာင္တစ္ခုလုံး မီးခိုးေတြနဲ႔ ျပည့္ေနပါတယ္ အထဲကို မျမင္ရေတာ့ပါဘူး…

ေယာက္က်ားေရ ေယာက္က်ားေရ…..အသကုန္ေအာ္ပီး …..သမီးေရ…ေနာက္ဆုတ္ ေနာက္ဆုတ္ ဆိုပီးေအာ္ေတာ့ သမီးေလးက ျခင္ေထာင္ေျခရင္းနား ခပ္ခြာခြာေလးရပ္ပီး က်မကို ၾကည့္ေနပါတယ္….မီးပလပ္ေပါက္ကေန ဘုတ္ခုံႀကိဳးကိုအေလာတႀကီးဆြဲျဖဳတ္လိုက္ေတာ့ ဖုန္းးဆိုပီး က်မ ဖင္ထိုင္ရက္က်သြားပါတယ္…..မီးပလပ္ႀကိဳးလဲ က်မလက္ထဲပါလာပါတယ္။က်မဖင္ထိုင္လဲအက် အမ်ိဳးသားက ေလွကားကေနေျပးတက္လာသံၾကားေတာ့ သမီးေလးက သူ႔အေဖဆီ ေျပးသြားပါတယ္က်မ အဲ့အခ်ိန္ထိ အူေၾကာင္ေၾကာင္ျဖစ္ေနတုန္းပါ….

ေညႇာ္နံေတြမႊန္ထူေနေတာ့ အမ်ိဳးသားက ဝရန္တာတံခါးေတြ လိုက္ဖြင့္ပီး က်မကို ဆြဲထူပါတယ္ ျဖစ္စဥ္ကိုေျပာျပပီးေနာက္….မီးခလုတ္ အရင္ပိတ္ပီးမွ ႀကိဳးကိုဆြဲျဖဳတ္သင့္ေၾကာင့္ အမ်ိဳးသားက ေျပာမွ ကိုယ့္ဉာဏ္နည္းမႈကို ကိုယ္ေတြ႕မိပါတယ္…သမီးကို ျခင္ေထာင္အျပင္ဆြဲထုတ္ခ်ိန္နဲ႔ အိပ္ယာေခါင္းရင္းကို သြားခ်ိန္ အခ်ိန္စကၠန႔္ပိုင္းေလးမွာ…က်မ ေတြးေနမိတာက ေအာက္က သံမံတလင္းႀကီး…. ေရွာ့ခ္ ေတြျဖစ္လို႔လွ်ပ္စစ္ေတြစီးကုန္ရင္ ငါ့သမီးေလးကရပ္ေနတာ ဆိုတဲ့အေတြးပဲရွိပါတယ္။မီးခလုပ္ကို ပိတ္ပီးမွ ဆိုတဲ့ဆင္ျခင္ဉာဏ္မရွိေတာ့ပါဘူး…

မီးပလပ္ေပါက္နဲ႔ ေလာင္ေနတဲ့ဘုတ္ခုံႀကိဳး ျမန္ျမန္ေဝးရမယ္ဆိုတဲ့အသိနဲ႔ပဲ အေလာတႀကီးဆြဲျဖဳတ္လိုက္မိတာ….တြန္းကန္လိုက္လို႔သာ က်မဖင္ထိုင္ရက္က်သြားတာ…ဆြဲငင္လိုက္ရင္ေကာ….ဆြဲငင္ေနတဲ့အခ်ိန္ သမီးေလးက သူ႔အေဖဆီမေျပးဘဲ ခါတိုင္းလိုက်မေျခေထာက္ေလး လာကိုင္ထားရင္ေကာ က်မ ေတာ္ေတာ္ေလးထိတ္လန႔္သြားတယ္…ခါတိုင္းလို သမီးေလးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနခ်ိန္ ဖုန္အားသြင္းထားခဲ့ပီး အိမ္ေအာက္ထပ္ဆင္းပီး….အိပ္အလုပ္ေတြ စိတ္ခ်လက္ခ်လုပ္ေနခ်ိန္မ်ား ဒီလိုျဖစ္ခဲ့ရင္…….ဆိုတဲ့ အေတြးေတြနဲ႔လဲ တုန္လႈပ္ေနမိတယ္။ကိုယ့္အသုံးမက်မႈေၾကာင့္ ဉာဏ္နည္းတာေတြေၾကာင့္ေတာ့ ငါတို႔မိသားစု မထိခိုက္ေစရဘူး…သတိအၿမဲထားပီး ဆင္ျခင္ ေစာင့္ေရွာက္ရမယ္ဆိုတဲ့အေတြးနဲ႔ *ကေလးနား ဘယ္ေတာ့မွ ဖုန္းအားမသြင္းေတာ့ဘူး*ကေလးနား ဘယ္ေတာ့မွ မီးပလပ္ခုံေတြ မရွိေစဘူး*အိပ္ယာထဲ ဘယ္ေတာ့မွ ဖုန္းအားသြင္းပီး ဖုန္းမသုံးေတာ့ဘူး။

#ေဆာင္လို႔ေရွာင္လို႔ရေအာင္ မွ်ေဝေပးျခင္းသာ……