Local News

မနေ့ညနေ Rose Garden Hotel ကနေအပြန် လမ်းမကြီးမှာ ဖြစ်သွားတဲ့ ကြောက်စရာဖြစ်ရပ်

မနေ့ညနေ Rose Garden Hotel ကနေအပြန် လမ်းမကြီးမှာ ဖြစ်သွားတဲ့ ကြောက်စရာဖြစ်ရပ်သတိရှိကြပါ။

ဒီညနေ Rose Garden Hotel ကအပြန် ဒေါ်သိန်းတင်လမ်းမကြီးဘက်ကိုကားလမ်းကူးပြီးပြီးချင်း ညာဘက်ကားလမ်းအခြမ်း

၈၉လမ်းနားမရောက်ခင်မှာ လည်ပင်းကိုဓားထောက်ပြီးဆွဲကြိုးဖြတ်ခံရပါတယ်

အလုပ်ပြန်ချိန်ဆို Rose Garden Hotel ရဲ့ဟိုဘက်ကားလမ်းမှာက အိမ်ခြေယာမဲ့တွေ၊တစ်ခါတစ်လေ

ကော်ထိုင်ရှူနေတဲ့သူတွေပါရှိလို့ ဘယ်တော့မှဟိုတယ်ကထွက်ထွက်ချင်း ကားလမ်းတန်းမကူးပါဘူး

အဲ့လူတွေရှိနေတဲ့နေရာကိုကျော်ပြီးမှ ကားလမ်းကူးပြီး လမ်းမတန်းဘက်ကလျှောက်တာပါ

ဒီနေ့လဲကားလမ်းကူးပြီး လမ်းမတန်းဘက်ကလျှောက်တဲ့အချိန်

ပလက်ဖောင်းပေါ်ကလူနှစ်ယောက်ကထလာပြီး လမ်းထောင့်ကအမှိုက်ပုံးနားမှာအမှိုက်ပစ်မလိုလိုလိုလို

အရှေ့ဘက်ကိုလမ်းဆက်လျှောက်မလိုလိုနဲ့မနီးမဝေးနားရောက်

လာလို့ လူတွေရောဆိုင်တွေရောရှိတဲ့ ဟိုဘက်ကားလမ်းကိုချက်ချင်းကူးလိုက်ပါတယ်

ဟိုဘက်ကားလမ်းရောက်တော့ အရှေ့ကိုဆက်လျှောက်နေတုန်း ၈၉လမ်းနားမရောက်ခင်မှာ အင်္ကျီကော်လံဆောင့်ဆွဲခံရပြီး

စက္ကန့်ပိုင်းလေးမှာလည်ပင်းကိုဓားနဲ့ထောက်ပြီးဆွဲကြိုးဆွဲဖြုတ်သွားတာပါ

အသံထွက်ကြည့်ဆောင့်ထိုးပစ်မယ်လို့လဲပြောပါတယ်စုစုပေါင်းလူ၃ယောက်ပါ ဓားကလည်ပင်းမှာဆိုတော့

ခြစ်ပစ်လိုက်မှာလဲကြောက် ထိုးခံလိုက်ရမှာလဲကြောက်တာနဲ့ မအော်ရဲလိုက်ပါဘူး

လည်ပင်းက ကုတ်ဆွဲခံလိုက်ရတဲ့ဒဏ်ရာပါ လူတွေရှိပေမယ့်အော်လဲမအော်ရဲ အကူအညီတောင်းဖို့ကြည့်တော့လဲ

တစ်ယောက်မှကိုယ်နဲ့မျက်နှာချင်းဆိုင်ရှိမနေတော့

လူကတကယ်အဲ့နေရာမှာတင်သေတော့မယ်ထင်တာ လူဘာမှမဖြစ်သွားပေမယ့် လက်သည်းနဲ့ကုတ်ဆွဲခံလိုက်ရလို့

လည်ပင်းဘေးပွန်းသွားပါတယ်5နာရီ10မိနစ်ဝန်းကျင်လောက်ကပါ

Phoo Pyae Sone Wai

Unicode,

မေန႔ညေန Rose Garden Hotel ကေနအျပန္ လမ္းမႀကီးမွာ ျဖစ္သြားတဲ့ ေၾကာက္စရာျဖစ္ရပ္သတိရွိၾကပါ။

ဒီညေန Rose Garden Hotel ကအျပန္ ေဒၚသိန္းတင္လမ္းမႀကီးဘက္ကိုကားလမ္းကူးၿပီးၿပီးခ်င္း ညာဘက္ကားလမ္းအျခမ္း

၈၉လမ္းနားမေရာက္ခင္မွာ လည္ပင္းကိုဓားေထာက္ၿပီးဆြဲႀကိဳးျဖတ္ခံရပါတယ္

အလုပ္ျပန္ခ်ိန္ဆို Rose Garden Hotel ရဲ႕ဟိုဘက္ကားလမ္းမွာက အိမ္ေျခယာမဲ့ေတြ၊တစ္ခါတစ္ေလ

ေကာ္ထိုင္ရႉေနတဲ့သူေတြပါရွိလို႔ ဘယ္ေတာ့မွဟိုတယ္ကထြက္ထြက္ခ်င္း ကားလမ္းတန္းမကူးပါဘူး

အဲ့လူေတြရွိေနတဲ့ေနရာကိုေက်ာ္ၿပီးမွ ကားလမ္းကူးၿပီး လမ္းမတန္းဘက္ကေလွ်ာက္တာပါ

ဒီေန႔လဲကားလမ္းကူးၿပီး လမ္းမတန္းဘက္ကေလွ်ာက္တဲ့အခ်ိန္

ပလက္ေဖာင္းေပၚကလူႏွစ္ေယာက္ကထလာၿပီး လမ္းေထာင့္ကအမႈိက္ပုံးနားမွာအမႈိက္ပစ္မလိုလိုလိုလို

အေရွ႕ဘက္ကိုလမ္းဆက္ေလွ်ာက္မလိုလိုနဲ႔မနီးမေဝးနားေရာက္

လာလို႔ လူေတြေရာဆိုင္ေတြေရာရွိတဲ့ ဟိုဘက္ကားလမ္းကိုခ်က္ခ်င္းကူးလိုက္ပါတယ္

ဟိုဘက္ကားလမ္းေရာက္ေတာ့ အေရွ႕ကိုဆက္ေလွ်ာက္ေနတုန္း ၈၉လမ္းနားမေရာက္ခင္မွာ အက်ႌေကာ္လံေဆာင့္ဆြဲခံရၿပီး

စကၠန႔္ပိုင္းေလးမွာလည္ပင္းကိုဓားနဲ႔ေထာက္ၿပီးဆြဲႀကိဳးဆြဲျဖဳတ္သြားတာပါ

အသံထြက္ၾကည့္ေဆာင့္ထိုးပစ္မယ္လို႔လဲေျပာပါတယ္စုစုေပါင္းလူ၃ေယာက္ပါ ဓားကလည္ပင္းမွာဆိုေတာ့

ျခစ္ပစ္လိုက္မွာလဲေၾကာက္ ထိုးခံလိုက္ရမွာလဲေၾကာက္တာနဲ႔ မေအာ္ရဲလိုက္ပါဘူး

လည္ပင္းက ကုတ္ဆြဲခံလိုက္ရတဲ့ဒဏ္ရာပါ လူေတြရွိေပမယ့္ေအာ္လဲမေအာ္ရဲ အကူအညီေတာင္းဖို႔ၾကည့္ေတာ့လဲ

တစ္ေယာက္မွကိုယ္နဲ႔မ်က္ႏွာခ်င္းဆိုင္ရွိမေနေတာ့

လူကတကယ္အဲ့ေနရာမွာတင္ေသေတာ့မယ္ထင္တာ လူဘာမွမျဖစ္သြားေပမယ့္ လက္သည္းနဲ႔ကုတ္ဆြဲခံလိုက္ရလို႔

လည္ပင္းေဘးပြန္းသြားပါတယ္5နာရီ10မိနစ္ဝန္းက်င္ေလာက္ကပါ

Phoo Pyae Sone Wai