Unicode
အကျိတ်နှင့် ကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်တဲ့ ရဲယိုသီး
ရဲယိုသီး၏ ဆေးဖက်ဝင် အကျိုးကျေးဇူးများ-
(၁)ကိုယ်ခံစွမ်းအားကို ကောင်းစေပါတယ် ။
ရဲယိုသီးမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ ပပ်တိုက်နဲ့ အင်ဇိုင်းတွေ ဟန်ချက်ညီ ညီ ပါဝင်တာကြော င့် သဘာဝ အားဆေးတစ်လက်လို အသုံးဝင်ပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။
(၂)အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ရောဂါဝေဒနာ ကင်းစေပါတယ်
လေ့လာမှုအရ ရဲယိုသီး ဖျော်ရည်ဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ သဘာဝ အင်တီအောက်ဆီးဒင့်တွေ (ဥပမာ- ဗီတာမင်အီးနဲ့ ကိုအင်ဇိုင်ကျူ ၁၀) ကို အားကောင်းေ စတာကြောင့် ရောဂါဝေဒနာတွေ ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။
(၃) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ရဲယိုသီးမှ အကိုက်အခဲပျောက်ဆေး NSAIDs လို အစွမ်းမျိုး ပါတာကြောင့် ရောင်ရမ်းမှုကို တွန်းလှန် ဟန့်တားနိုင်တယ် လို့ လေ့လာမှုတွေအရ သိရပါတယ်။
(၄) အကိုက်အခဲ သက်သာစေပါတယ် ။
ရဲယိုသီးကို အကိုက်အ ခဲပျောက်ဆေးနဲ့ ခေါင်းကိုက်ေ ပျာက်စေတဲ့ အသီးလို့ ခေါ်ဆိုကြပါတယ်။ ရှေးခေတ်လူတွေက နာကျင်ကိုက်ခဲနေတဲ့ အဆစ်တွေကို ရဲယိုရွက်အုပ်ပြီး သက်သာအောင် ကုသခဲ့ကြတယ်လို့ သိရပါတယ်။ ရဲယိုမှာ အကိုက်အခဲပျောက်စေတဲ့ အစွမ်းတွေ ရှိပါတယ်။
အကိုက်အခဲ သက်သာစေတဲ့ မော်ဖင်းဆာလဖိတ်
(Morphine Sulfate) အာနိသင် ၇၅ ရာခိုင်နှုန်း ရှိပါတယ်။
(၅) ပိုးမွှားတွေကို တွန်းလှန်ပေးပါတယ် ။
ရဲယိုမှာ ပါတဲ့ အန်သရိုကွီနုန်း၊ စကိုပိုလက်တင်နဲ့ တာပင်းတို့ဟာ ဘက်တီးရီးယား၊ ဖန်းဂ ပ်စ်နဲ့ ကပ်ပါးကောင်တွေကို တွန်းလှန်ေ ပးနိုင်တဲ့ အစွမ်းတွေ ရှိတာကြောင့် ပိုးမွှားတွေကို တွန်းထုတ်ရာမှာ အလွန်အစွမ်းထက်ပါတယ်။
(၆) အကျိတ်နဲ့ ကင်ဆာ မဖြစ်အောင် ကကာကွယ်ပေးပါတယ် ။
ရဲယိုမှာပါတဲ့ အန်သရိုကွီနုန်းဟာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ ဒြပ်ပေါင်း တစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။
ကင်ဆာဖြစ်စေတဲ့ အရာတွေက DNA ကို ထိခိုက်စေမှု မဖြစ်ခင်မှာ အန်သရိုကွီနုန်းဟာ ကင်ဆာဆဲလ်တွေကို ချေဖျက်စွန့်ထုတ်ေ ပးတာကြောင့် ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ရဲယိုသီးရဲ့ ကင်ဆာကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အကြောင်းရင်းက ကျန်းမာနေတဲ့ ဆဲလ်တွေကို အဆိပ်မဖြစ်အောင် ကာကွယ်ပေးလို့ ဖြစ်တယ်လို့လည်း လေ့လာသူတွေက ယူဆကြပါတယ်။
(၇) သွေးဖိအားကို ထိန်းပေးပါတယ် ။
ရဲယိုဟာ သွေးတိုးနေတဲ့ သူတွေမှာ သွေးဖိအားကို တည်ငြိမ်အောင် ထိန်းပေးနိုင်တာကို တွေ့ရပါတယ်။
U Mya Kyaing,> Credit<