Health Care

မျက်နှာအသားအရေကောင်းနေစေဖို့ လျှို့ဝှက်ချက် (၈) ခု

အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ ဆဲလ်ပေါင်း ၁၉ မီလီယံနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်လိုမိတ်ကပ်အမျိုးအစားကို ရွေးရွေး အသားအရေလှပဖို့၊ အသားအရေ ကောင်းဖို့က အဓိကပါပဲ။

အဲဒါကြောင့် မျက်နှာအသားအရေကို အမြဲတမ်းလှပနေအောင် ပြုလုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မျက်နှာကို ဆန်ဆေးရည်နဲ့ သစ်ပါ။

ဆန်ဆေးရည်က မျက်နှာအသားအရေအတွက် အများကြီးအကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ဆန်ဆေးရည်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အရေးအကြောင်းနဲ့ အသားအရေ ပြဿနာတွေကို နည်းပါးသွားစေပါတယ်။

ဆန်ဆေးရည်ကို တိုနာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာကို ပုံမှန်သစ်ပေးရုံနဲ့ အချိန်အနည်းငယ်အတွင်း အသားအရေက ကောင်းမွန်လာပါတယ်။

၂။ မနက်တိုင်းနဲ့ ညတိုင်းမှာ skin care ပါ။

မနက်ခင်းပိုင်း skin care တာနဲ့ ညပိုင်း skin care တာက အဆင့်ချင်းအတူတူပါပဲ။ ဒါပေမယ့် မတူတဲ့အရာတော့ ရှိပါတယ်။ မနက်ပိုင်းမှာ အသားအရေကို နေဒဏ်ကနေ ကာကွယ်ဖို့အတွက် အဓိကထားသင့်ပြီး ညပိုင်းမှာတော့ အသားအရေသန့်စင်ဖို့နဲ့ အာဟာရပြည့်ဖို့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။

၃။ Mask

မျက်နှာမှာ အသားအရေက တစ်နေရာနဲ့တစ်နေရာ လိုအပ်ချက်ချင်းမတူနိုင်ပါဘူး။ T-zone မှာ အဆီပြန်တတ်တာကြောင့် အဆီပြန်တာကို ထိန်းပေးတဲ့ mask ကို အသုံးပြုပါ…..။ အဆီမပြန်လွယ်တဲ့ ပါးပြင်နေရာတွေအတွက်တော့ ရေဓာတ်ဖြည့်ပေးမယ့် mask ကို အသုံးပြုပါ။

၄။ Sunscreen

အသားအရေကို အမြဲတမ်းလှနေဖို့ မဖြစ်မနေလိုအပ်တာကတော့ sunscreen ပါ။ SPF ပါဝင်တဲ့ sunscreen တွေက အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ Sunscreen ကို လိမ်းတဲ့အခါမှာ လက်ချောင်းသုံးချောင်းမှာ တင်ထားတဲ့ပမာဏအတိုင်း လိမ်းပေးပါ။

၅။ Facial mist

မျက်နှာအသားအရေ လှပဖို့ဆိုရင် Facial mist ကလည်း လိုအပ်ပြန်ပါတယ်။ ရေဓာတ်ဖြည့်ပေးတာ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေကာကွယ်ပေးတာ၊ မိတ်ကပ်သားတက်စေတာ စသဖြင့် အသားအရေလိုအပ်ချက်ပေါ် မူတည်ပြီး Facial mist ကို ရွေးချယ်နိုင်ပါတယ်။

၆။ ပုဝါကို အိပ်ခန်းထဲမှာပဲ ထားပါ။

မျက်နှာသုတ်ပုဝါကို ရေချိုးခန်းထဲထားတာက မျက်နှာအသားအရေကို မလှမပဖြစ်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါ။

ရေချိုးခန်းထဲမှာ စိုထိုင်းဆများပြီး ဘက်တီးရီးယားတွေ များပြားနေတာကြောင့် မျက်နှာသုတ်ပုဝါမှာလည်း ဘက်တီးရီးယားတွေ ကပ်နေနိုင်ပါတယ်။ အဲဒါကြောင့် မျက်နှာသုတ်ပုဝါကို လေဝင်လေထွက်ကောင်းတဲ့ အိပ်ခန်းထဲမှာသာ ထားပါ။

၇။ ပက်လက်အိပ်ပါ။

အိပ်ရာထလာတိုင်း မျက်လုံးတွေက ဖောင်းအစ်နေတယ်ဆိုရင် အိပ်တဲ့ပုံစံကို ပြောင်းလဲသင့်ပါပြီ။ ဘေးကို စောင်းပြီး အိပ်တာက မျက်နှာမှာ အရေးအကြောင်းတွေနဲ့.. ဝက်ခြံတွေ ဖြစ်လာစေပါတယ်…..။ ပက်လက်အိပ်တဲ့ပုံစံက အသားအရေကို ခေါင်းအုံးနဲ့ ပွတ်တိုက်မှုကနေ သက်သာသွားစေပါတယ်။

၈။ အိပ်ရေးဝဝအိပ်ပါ။

 

skin care လုပ်ပေမယ့်အိပ်ရေးမဝရင်တော့ အလဟဿဖြစ်သွားမှာပါ…..။ အိပ်ရေးဝဝအိပ်တာ၊ အာဟာရမျှတအောင်စားတာ၊ လေ့ကျင့်ခန်းကိုပုံမှန်လုပ်တာတို့က အသားအရေလှပဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။

Zombie (love media)