မြင်းလိုလူလား ၊ ငန်းလိုလူလား
တစ်ခါက စားကျက် တစ်ခုမှာ မြင်း တစ်ကောင်နဲ့ ငန်း တစ်ကောင် ဆုံမိကြတယ် ။ ငန်း က မြင်းကို ကြည့်ပြီး မြင်းရဲ့ အမူအရာကို လှောင်ပြောင် ပြောဆို သတဲ့ _။ မြင်းရဲ့ ပုံစံကို သဘောမကျ မထီမဲ့မြင် လို့ ထင်တယ်ဗျ ။ အဲဒါနဲ့ ဘဲငန်းတို့ရဲ့ ထုံးစံအတိုင်း အသံ စူးစူးဝါးဝါး နဲ့ပြောဆိုသတဲ့… ။
“ ဟဲ့ မြင်း ၊ ငါတို့က မင်းထက် ပိုကြီးကျယ် တဲ့ အကောင် ပါကွ၊ မင်း ခန္ဓာကိုယ် အကောင်ကြီးကြီး က ဘယ်လောက် ထိအောင်များ အသုံးကျ လို့လဲ ။ ငါဆိုရင် မြေကြီးပေါ်မှာလဲ ကောင်းကောင်း လမ်းလျှောက် နိုင်တယ် ။ လေမှာလည်း ဟောဒီ အတောင်နှစ် ဖက်နဲ့ ပျံချင်သလို ပျံနိုင်ရဲ့…။ အဲ ရေစပ်နားကို ရောက်လို့ ရေပြင်မှာလည်း ကူးခပ်လို့ အေးအေးဆေးဆေး ဆော့ကစား နိုင်တယ် ။
ငါက ကောင်းကင် ဆို ငှက် ၊ ရေ မှာက ငါး ၊ မြေကြီးမှာ ဆင်၊ ကျွဲ ၊ နွား လိုသတ္တဝါ သုံမျိုး လုံး ရဲ့ စွမ်အား တွေ ရှိတယ် ကွ မြင်းက သည်စကား ကြားတော့_ ဟက်ဟက်ပက်ပက် ရယ် ရင်း….။ “ကိုရွှေငန်းရယ် ခင်ဗျားက သတ္တဝါ သုံးမျိုးလုံးရဲ့ စွမ်အားတွေ ရှိသတဲ့ ။
ဟုတ်ပါပြီ ဘယ်နေရာမှာမဆို မဖြစ်ညစ်ကျယ်လေး လုပ်တတ် သလောက် ကြီးကြီးကျယ်ကျယ် ပြောတတ်ပါဘိ ။ မစို့မပို့ ခင်ဗျား စွမ်းအားလည်း ပြန်သုံးသပ်ပါဦး ။ ဝေဟင်မှာ ပျံ တယ် တဲ့ ။ ခန္ဓာကိုယ် မနိုင်မနင်း ကို မ သယ်ပြီး မြေကြီးက လွတ်ရုံလေး ပျံတတ် တာကိုပဲ ငှက်စာရင်း သွင်း ၊ စင်ရော် တွေ သိမ်းငှက်တွေ လို ဆိုချင်သေး ။
ဘာတဲ့ ရေပြင်မှာ ဆို ငါး ။ ဟုတ် စ ။ ငြိမ်နေတဲ့ ကန်ရေပြင်မှာ တောင် ရွေ့ရုံလေး လှုပ်ရှား လေထန် မိုးထန်တဲ့ အခါ တုန်လှုပ် ခြောက်ခြား ထွက်ပြေး ရတာ များဗျ ။ ရေကူး ချန်ပီယံ ကိုရွှေငါးတွေလို သူ့ကိုသူ ဆိုလို့…။ အဲ မြေကြီးပေါ် လမ်းလျှောက် ပြန်တော့ ရော ဗျာ ။ ခြေကားကားကြီးတွေကို ကားရား ကားရား နဲ့ မလှုပ်တလှုပ်လျှောက် ။ လည်ကြီး ဆန့်ငင် ဆန့်ငင် နဲ့ တွေ့တဲ့သူ ပေကြည့်ကြည့်ပြီး စူးစူးဝါးဝါး အော်ဟောက် မြည်တွန် တောက်တီး တတ်သေး ။
ခင်ဗျားကို ချစ်လှပါချည့်ရဲ့ ဆိုတဲ့ လူတွေ မရှိသလောက် ရှားတာကိုရော သတိထားမိရဲ့လား ကွယ် ။ ကျုပ်က ခင်ဗျားပြောသလို တစ်မျိုးတည်း.. စွမ်းတာ မှန်တယ် _။ ဒါပေမဲ့ တစ်မျိုးဆို တစ်မျိုး ဆိုသလောက် စွမ်းတယ်ဗျ ။ ကျုပ်ခန္ဓာကိုယ်က အပိုအလို အသုံးမဝင်တဲ့ နေရာမရှိ ၊ အရှိန်အဟုန်နဲ့ ပြေးဖို့ အားလုံး နေသားတကျ ဖြစ်ထွန်း လာတဲ့ ကောင်ဗျ ။
ကျုပ်ခြေတံ လက်တံ ကြွက်သားစိုင်တွေကို ကြည့်ပြီး ဘယ်လောက် ပြေးနိုင်သလဲ ဆိုတာ အကုန်သိတယ် ။ ပြေးရင် ပြေးသလောက် ခန္ဓာကိုယ်က ခွန်အားတွေ ကိန်းအောင်းလို့ ထွက်လာတယ်ဆိုတာ သိနိုင်တယ် ။
ဟုတ်တယ် ငါက တစ်မျိုးတည်း သမားပါ ။ တစ်မျိုးဆို တစ်မျိုး ဆိုသလောက် ထိပ်ဆုံးကို ရောက်အောင် စွမ်းတဲ့ ကောင်မျိုး ။ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တတ်သလို နပ်သလိုနဲ့ ဘယ်နေရာမှ တွက်တွင်ကျယ်ကျယ် အသုံးမကျ တတ်တဲ့ ကောင်မျိုးမဟုတ်ဘူး ´´မြင်းက ဒေါနဲ့မောနဲ့ ပြောလိုက် လေသည် ။
ကျွန်တော် တို့ရော ငန်းလား ၊ မြင်း လား..။ တစ်ခုဆို တစ်ခုဆိုသလောက် တစ်မျိုးဆို တစ်မျိုး ဆို သလောက် ပေါက်ရောက်အောင် အစွမ်းထက် ကိုရွှေမြင်းလိုမိမိစွမ်းတဲ့ ဘက်ကို ထိပ်ဆုံးရောက်အောင် တက်ကြပါစို့….။
Credit-Sayarlay(DDE)