Knowledge


(ဘယ်တော့မှ မလုပ်မိစေနဲ့)

အကျႌတွေ ဘယ်လောက်ပဲစုတ်စုတ် ပုဆိုးတွေဘယ်လောက်ပဲစုတ်စုတ် အိမ်ထောင်ဦးစီးရဲ့ဟာဆိုရင်ကြမ်းတိုက်ဝတ် လက်နှီးစုတ်ဝတ် ဘယ်တော့မှမလုပ်မိစေနဲ့။

မီးသွေးဝယ်မယ် ထင်းဝယ်မယ်အိမ်သာသုံးတစ်ရူးဝယ်မယ် အမျိုးသမီးလစဉ်သုံးပစ္စည်းဝယ်မယ် ဆိုရင် မနက်ခင်းမှာ ပထမဆုံးဝင်လာတဲ့စျေးဦးပေါက်ပိုက်ဆံနဲ့ဝယ်ခြင်းကိုဘယ်တော့မှမလုပ်မိစေနဲ့။

မနက်စောစောစီးစီးရန်ဖြစ်ခြင်း၊စကားများခြင်း၊ဆဲဆိုခြင်း..၊အိမ်ပူအိမ်ဆူဖြစ်ခြင်း၊အရက်သေစာသောက်စားခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

အကြီးအကဲ၊ လူကြီးမိဘ၊ဆရာသမားတို့အားဦးဦးဖျားဖျားထမင်း၊ဟင်းများကိုဦးမချပဲ စာသောက်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့..။

ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာသမားမှားကိုမကန်တော့ပဲ အိပ်ရာဝင်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့..။

ထီးစုတ်၊နာရီစုတ်၊ဖိနပ်စုတ်၊မီးလုံးအကျွမ်း၊မီးချောင်းအကျွမ်းများ၊စက်ပစ္စည်းအစုတ်များကို စွန့်ပစ်ခြင်းမပြုပဲ ကာလကြာရှည်စွာသိမ်းထားခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

မိဘဓာတ်ပုံမချိတ်ပဲ သားသမီးဓာတ်ပုံကိုအိမ်ခေါင်းရင်းမှာချိတ်ခြင်း၊ဧည့်ခန်းမှာချိတ်ခြင်း၊အမြင့်မှာချိတ်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

ကြွက်ကိုက်ထားသော၊ခွေးကိုက်ထားသော အကျႌ၊ ပုဆိုး၊ ထဘီများဝတ်ခြင်းကို ဘယ်တော့ မှမလုပ်မိစေနဲ့။

လူတွေ့တိုင်း ညီးညူသောစကား၊နိမိတ်မရှိ နမာမရှိသောစကား..၊ အာကြမ်းရှာကြမ်း ပြောဆိုခြင်းများကိုဘယ်တော့မှ မလုပ်မိစေနဲ

Credit

=====

Zawgyi

(ဘယ်တော့မှ မလုပ်မိစေနဲ့)

အကျႌတွေ ဘယ်လောက်ပဲစုတ်စုတ် ပုဆိုးတွေဘယ်လောက်ပဲစုတ်စုတ် အိမ်ထောင်ဦးစီးရဲ့ဟာဆိုရင်ကြမ်းတိုက်ဝတ် လက်နှီးစုတ်ဝတ် ဘယ်တော့မှမလုပ်မိစေနဲ့။

မီးသွေးဝယ်မယ် ထင်းဝယ်မယ်အိမ်သာသုံးတစ်ရူးဝယ်မယ် အမျိုးသမီးလစဉ်သုံးပစ္စည်းဝယ်မယ် ဆိုရင် မနက်ခင်းမှာ ပထမဆုံးဝင်လာတဲ့စျေးဦးပေါက်ပိုက်ဆံနဲ့ဝယ်ခြင်းကိုဘယ်တော့မှမလုပ်မိစေနဲ့။

မနက်စောစောစီးစီးရန်ဖြစ်ခြင်း၊စကားများခြင်း၊ဆဲဆိုခြင်း၊အိမ်ပူအိမ်ဆူဖြစ်ခြင်း၊အရက်သေစာသောက်စားခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

အကြီးအကဲ၊ လူကြီးမိဘ၊ဆရာသမားတို့အားဦးဦးဖျားဖျားထမင်း၊ဟင်းများကိုဦးမချပဲ စာသောက်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့..။

ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာသမားမှားကိုမကန်တော့ပဲ အိပ်ရာဝင်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့..။

ထီးစုတ်၊နာရီစုတ်၊ဖိနပ်စုတ်၊မီးလုံးအကျွမ်း..၊မီးချောင်းအကျွမ်းများ၊စက်ပစ္စည်းအစုတ်များကို စွန့်ပစ်ခြင်းမပြုပဲ ကာလကြာရှည်စွာသိမ်းထားခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

မိဘဓာတ်ပုံမချိတ်ပဲ သားသမီးဓာတ်ပုံကိုအိမ်ခေါင်းရင်းမှာချိတ်ခြင်း၊ဧည့်ခန်းမှာချိတ်ခြင်း၊အမြင့်မှာချိတ်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့..။

ကြွက်ကိုက်ထားသော၊ခွေးကိုက်ထားသော အကျႌ၊ ပုဆိုး၊ ထဘီများဝတ်ခြင်းကို ဘယ်တော့ မှမလုပ်မိစေနဲ့..။

လူတွေ့တိုင်း ညီးညူသောစကား၊နိမိတ်မရှိ နမာမရှိသောစကား၊ အာကြမ်းရှာကြမ်း ပြောဆိုခြင်းများကိုဘယ်တော့မှ မလုပ်မိစေနဲ..။

Credit