Knowledge

သင့်ဖုန်း အားအမြန်ပြည့်ချင်ရင် ဒီနည်းလမ်းတွေသုံးလိုက်ပါ

သင့်ဖုန်း အားအမြန်ပြည့်ချင်ရင် ဒီနည်းလမ်းတွေသုံးလိုက်ပါ

ဖုန်းတစ်လုံး လက်ထဲမှာ ပိုင်ထားပြီဆိုရင် အဲဒီလူရဲ့စိတ်ထဲမှာ မသိမသာ စိုးရိမ်စိတ်လေးတစ်ခု တိုးပွားလာပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ဖုန်း အားကုန်သွားမှာ စိုးတာပါ။ ဖုန်းအားသွင်းတဲ့အခါမှာလည်း ကိုယ့်ရဲ့ဖုန်းကို အလျှင်အမြန် အားပြည့်စေချင်ကြပါလိမ့်မယ်။ ဒီလျှို့ဝှက်ချက် (၇)ခုကတော့ ဖုန်း အမြန်အားသွင်းလိုသူတွေအတွက် အသုံးဝင်ပါလိမ့်မယ်။

(၁) ဝိုင်ယာလက်စ် (Wireless) အားသွင်းတဲ့စနစ်ကို အသုံးမပြုပါနဲ့

မျက်မှောက်ခေတ်မှာ ဖုန်းတွေကို Wireless အားသွင်းတဲ့စနစ်တွေ တပ်ဆင်လာကြပါတယ်။ ဒါပေမယ့် ပညာရှင်တွေရဲ့ အဆိုအရတော့ ဒီနည်းဟာ သာမန်ရိုးရိုး အားသွင်းတဲ့ပုံစံထက် (၂)ဆလောက် အားဝင်မှု ပိုနှေးစေပါတယ်တဲ့။ ဒီတော့ အားအမြန်သွင်းချင်ရင် ယခင်နည်းဟောင်းကိုပဲ သုံးတာ အဆင်ပြေဆုံးပါ။

(၂) အားသွင်းစက်ကောင်းကောင်း သုံးပါ

တချို့သူတွေက အားသွင်းတဲ့ Adopter ဝယ်ယူတဲ့အခါ သုံးလို့ရရင် ပြီးတာပဲဆိုပြီး ပိုက်ဆံချွေတာကာ အရည်အသွေးညံ့တဲ့အရာတွေကို ဝယ်ယူတတ်ပါတယ်။ သိထားရမှာက သာမန် USB Adopter တစ်ခုဟာ Power output 2.5W သာရှိပါတယ်။ ဒီထက်ပိုပြီး အရည်အသွေးကောင်း၊ ဈေးလည်းမြင့်တဲ့ အားသွင်းစက်တွေဟာ Power output မှာ 18W ကနေ 100W ထိရှိနိုင်ပါတယ်။ ပိုကောင်းတဲ့ အားသွင်းစက်က ဖုန်းအားအမြန်ပြည့်စေဖို့ ကူညီမှာပါ။

(၃)Power-saving mode ကို ဖွင့်ထားပါ

ဖုန်းတစ်လုံး ပိုင်ဆိုင်ပြီဆိုတဲ့အခါ Setting ထဲကို တတ်သလောက်မှတ်သလောက် ကလိဖို့ လိုပါတယ်။ အခု Power-saving mode ဖွင့်ထားဖို့ ပြောတဲ့အခါ တချို့တော့ သိပ်သိမှာ မဟုတ်ပါဘူး။ ကလိနေကျလူတွေကတော့ ဘယ်နေရာမှာ သွားလုပ်ရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ အားချွေတာဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဖုန်းအားသွင်းတဲ့အခါ အဲဒီ Mode ကို ဖွင့်ထားရင် အားပြည့်တာ မြန်ပါတယ်။

(၄) App တွေကို စီမံခန့်ခွဲပါ

ဖုန်းဘက်ထရီ သက်သာစေဖို့အတွက် အခြားနည်းလမ်းတစ်ခုကတော့ မလိုအပ်တဲ့ App တစ်ချို့ကို Background မှာ Run နေတာမျိုးတွေ မဖြစ်အောင် ပိတ်ထားဖို့ လိုပါတယ်။ နောက်ပြီး မလိုအပ်ဘဲ ဖုန်းရဲ့အလင်းကို အများကြီး တင်ထားတာကိုလည်း ရှောင်သင့်ပါတယ်။ ဒါဟာ မျက်လုံးအတွက်လည်း ကောင်းသလို၊ ဖုန်းဘက်ထရီအတွက်လည်း ကောင်းပါတယ်။

(၅) သန့်ရှင်းရေး

အားသွင်းတဲ့ Port အပေါက်လေးတွေကိုလည်း မကြာခဏ သန့်ရှင်းရေး လုပ်သင့်ပါတယ်။ အလွန်နုနယ်တဲ့ သန့်ရှင်းရေးပစ္စည်းတွေနဲ့ အထဲမှာ ကပ်နေတဲ့ ဖုန်တွေ၊ အညစ်ကျေးတွေကို ပွတ်တိုက်ဖယ်ရှားပေးရပါမယ်။ ဒါမှသာ အားသွင်းတဲ့အခါ အနှောက်အယှက်ကင်းကင်းနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

(၆) ဖုန်းအပူမခံပါနဲ့

အားသွင်းတဲ့အခါ ဖုန်းဟာ ခဏလေးနဲ့ ပူလာတယ်ဆိုရင် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ပြသသင့်ပါတယ်။ ဖုန်းဘက်ထရီ မကောင်းတော့တာလား၊ ဒါမှမဟုတ် အားသွင်းတဲ့ Adopter မှာ ချို့ယွင်းချက်ရှိနေသလား၊ ဖုန်းကနေ လက်ခံနိုင်တဲ့ input ပါဝါထက် ပိုပြီးလွှတ်နေသလား၊ ဒါမှမဟုတ် လိုပြီး လွှတ်နေတာလား၊ ဖုန်းရဲ့ ချို့ယွင်းချက်လားဆိုတာ စစ်ဆေးသင့်ပါတယ်။ မဟုတ်ရင် အန္တရာယ် ရှိနိုင်လို့ပါ။

(၇) အရည်သွေးမြင့် ဘက်ထရီကို အသုံးပြုပါ

ဘက်ထရီလဲဖို့ လိုအပ်တဲ့အခါ လမ်းဘေးမှာ ဖြန့်ခင်းတဲ့လူတွေဆီမှာတော့ သင့်ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုတဲ့ ဘက်ထရီရဲ့ပုံစံအတိုင်း ဆင်တူယိုးမှား ဝယ်လို့ရနိုင်ပါတယ်။ ဈေးကလည်း တကယ့် အစစ်အမှန်ဈေးနဲ့ အလွန်ကွာခြားနေမှာပါ။ ခဏလောက်သုံးရ ပြီးရောဆိုပြီး ဖြစ်ကတတ်ဆန် ဘက်ထရီကို ဝယ်ထည့်တာမျိုး မလုပ်သင့်ပါဘူး။ တကယ့် အော်ရီဂျင်နယ်ဘက်ထရီမျိုးကိုသာ သုံးသင့်ကြောင်း အကြံပြုပါရစေ။

Credit original

သင့္ဖုန္း အားအျမန္ျပည့္ခ်င္ရင္ ဒီနည္းလမ္းေတြသုံးလိုက္ပါ

ဖုန္းတစ္လုံး လက္ထဲမွာ ပိုင္ထားၿပီဆိုရင္ အဲဒီလူရဲ႕စိတ္ထဲမွာ မသိမသာ စိုးရိမ္စိတ္ေလးတစ္ခု တိုးပြားလာပါတယ္။ အဲဒါကေတာ့ ကိုယ့္ရဲ႕ဖုန္း အားကုန္သြားမွာ စိုးတာပါ။ ဖုန္းအားသြင္းတဲ့အခါမွာလည္း ကိုယ့္ရဲ႕ဖုန္းကို အလွ်င္အျမန္ အားျပည့္ေစခ်င္ၾကပါလိမ့္မယ္။ ဒီလွ်ိဳ႕ဝွက္ခ်က္ (၇)ခုကေတာ့ ဖုန္း အျမန္အားသြင္းလိုသူေတြအတြက္ အသုံးဝင္ပါလိမ့္မယ္။

(၁) ဝိုင္ယာလက္စ္ (Wireless) အားသြင္းတဲ့စနစ္ကို အသုံးမျပဳပါနဲ႔

မ်က္ေမွာက္ေခတ္မွာ ဖုန္းေတြကို Wireless အားသြင္းတဲ့စနစ္ေတြ တပ္ဆင္လာၾကပါတယ္။ ဒါေပမယ့္ ပညာရွင္ေတြရဲ႕ အဆိုအရေတာ့ ဒီနည္းဟာ သာမန္႐ိုး႐ိုး အားသြင္းတဲ့ပုံစံထက္ (၂)ဆေလာက္ အားဝင္မႈ ပိုေႏွးေစပါတယ္တဲ့။ ဒီေတာ့ အားအျမန္သြင္းခ်င္ရင္ ယခင္နည္းေဟာင္းကိုပဲ သုံးတာ အဆင္ေျပဆုံးပါ။

(၂) အားသြင္းစက္ေကာင္းေကာင္း သုံးပါ

တခ်ိဳ႕သူေတြက အားသြင္းတဲ့ Adopter ဝယ္ယူတဲ့အခါ သုံးလို႔ရရင္ ၿပီးတာပဲဆိုၿပီး ပိုက္ဆံေခြၽတာကာ အရည္အေသြးညံ့တဲ့အရာေတြကို ဝယ္ယူတတ္ပါတယ္။ သိထားရမွာက သာမန္ USB Adopter တစ္ခုဟာ Power output 2.5W သာရွိပါတယ္။ ဒီထက္ပိုၿပီး အရည္အေသြးေကာင္း၊ ေဈးလည္းျမင့္တဲ့ အားသြင္းစက္ေတြဟာ Power output မွာ 18W ကေန 100W ထိရွိႏိုင္ပါတယ္။ ပိုေကာင္းတဲ့ အားသြင္းစက္က ဖုန္းအားအျမန္ျပည့္ေစဖို႔ ကူညီမွာပါ။

(၃)Power-saving mode ကို ဖြင့္ထားပါ

ဖုန္းတစ္လုံး ပိုင္ဆိုင္ၿပီဆိုတဲ့အခါ Setting ထဲကို တတ္သေလာက္မွတ္သေလာက္ ကလိဖို႔ လိုပါတယ္။ အခု Power-saving mode ဖြင့္ထားဖို႔ ေျပာတဲ့အခါ တခ်ိဳ႕ေတာ့ သိပ္သိမွာ မဟုတ္ပါဘူး။ ကလိေနက်လူေတြကေတာ့ ဘယ္ေနရာမွာ သြားလုပ္ရမယ္ဆိုတာ သိပါတယ္။ အဓိကကေတာ့ အားေခြၽတာဖို႔ လုပ္ေဆာင္တာျဖစ္ပါတယ္။ ဖုန္းအားသြင္းတဲ့အခါ အဲဒီ Mode ကို ဖြင့္ထားရင္ အားျပည့္တာ ျမန္ပါတယ္။

(၄) App ေတြကို စီမံခန႔္ခြဲပါ

ဖုန္းဘက္ထရီ သက္သာေစဖို႔အတြက္ အျခားနည္းလမ္းတစ္ခုကေတာ့ မလိုအပ္တဲ့ App တစ္ခ်ိဳ႕ကို Background မွာ Run ေနတာမ်ိဳးေတြ မျဖစ္ေအာင္ ပိတ္ထားဖို႔ လိုပါတယ္။ ေနာက္ၿပီး မလိုအပ္ဘဲ ဖုန္းရဲ႕အလင္းကို အမ်ားႀကီး တင္ထားတာကိုလည္း ေရွာင္သင့္ပါတယ္။ ဒါဟာ မ်က္လုံးအတြက္လည္း ေကာင္းသလို၊ ဖုန္းဘက္ထရီအတြက္လည္း ေကာင္းပါတယ္။

(၅) သန႔္ရွင္းေရး

အားသြင္းတဲ့ Port အေပါက္ေလးေတြကိုလည္း မၾကာခဏ သန႔္ရွင္းေရး လုပ္သင့္ပါတယ္။ အလြန္ႏုနယ္တဲ့ သန႔္ရွင္းေရးပစၥည္းေတြနဲ႔ အထဲမွာ ကပ္ေနတဲ့ ဖုန္ေတြ၊ အညစ္ေက်းေတြကို ပြတ္တိုက္ဖယ္ရွားေပးရပါမယ္။ ဒါမွသာ အားသြင္းတဲ့အခါ အေႏွာက္အယွက္ကင္းကင္းနဲ႔ အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။

(၆) ဖုန္းအပူမခံပါနဲ႔

အားသြင္းတဲ့အခါ ဖုန္းဟာ ခဏေလးနဲ႔ ပူလာတယ္ဆိုရင္ ကြၽမ္းက်င္တဲ့ ပညာရွင္နဲ႔ျပသသင့္ပါတယ္။ ဖုန္းဘက္ထရီ မေကာင္းေတာ့တာလား၊ ဒါမွမဟုတ္ အားသြင္းတဲ့ Adopter မွာ ခ်ိဳ႕ယြင္းခ်က္ရွိေနသလား၊ ဖုန္းကေန လက္ခံႏိုင္တဲ့ input ပါဝါထက္ ပိုၿပီးလႊတ္ေနသလား၊ ဒါမွမဟုတ္ လိုၿပီး လႊတ္ေနတာလား၊ ဖုန္းရဲ႕ ခ်ိဳ႕ယြင္းခ်က္လားဆိုတာ စစ္ေဆးသင့္ပါတယ္။ မဟုတ္ရင္ အႏၲရာယ္ ရွိႏိုင္လို႔ပါ။

(၇) အရည္ေသြးျမင့္ ဘက္ထရီကို အသုံးျပဳပါ

ဘက္ထရီလဲဖို႔ လိုအပ္တဲ့အခါ လမ္းေဘးမွာ ျဖန႔္ခင္းတဲ့လူေတြဆီမွာေတာ့ သင့္ဖုန္းထဲမွာ ထည့္သြင္းအသုံးျပဳတဲ့ ဘက္ထရီရဲ႕ပုံစံအတိုင္း ဆင္တူယိုးမွား ဝယ္လို႔ရႏိုင္ပါတယ္။ ေဈးကလည္း တကယ့္ အစစ္အမွန္ေဈးနဲ႔ အလြန္ကြာျခားေနမွာပါ။ ခဏေလာက္သုံးရ ၿပီးေရာဆိုၿပီး ျဖစ္ကတတ္ဆန္ ဘက္ထရီကို ဝယ္ထည့္တာမ်ိဳး မလုပ္သင့္ပါဘူး။ တကယ့္ ေအာ္ရီဂ်င္နယ္ဘက္ထရီမ်ိဳးကိုသာ သုံးသင့္ေၾကာင္း အႀကံျပဳပါရေစ။

Credit original