၂၀၁၅ နှစ်သမီး ရလိုက်တဲ့ ရည်းစားစာ ကို အမေရဲ့တုံ့ပြန်ချက် အရမ်းကောင်းပါတယ် သမီးရှင်တို့
သမီးက အသက် ( ၁၅ ) နစ်ပြည့်ခါစ( ၉ ) တန်းတက်ပါတယ်။ ခါတိုင်းဆိုရင် ကျောင်းဆင်းရင် တတွတ်တွတ်နဲ့ သူငယ်ချင်းများ အကြောင်း၊
အတန်းထဲကအကြောင်း၊ ဆရာဆရာမများအကြောင်း၊ သင်ခန်းစာအကြောင်း၊ သူဖတ်နေတဲ့ စာအုပ်များရဲ့ အကြောင်း ဘာကိစ္စပဲ ရှိရှိ၊
သမီးဖြစ်သူက မိခင်ကို ပြောပြလေ့ရှိပါတယ်။
ဒါပေမဲ့ အခုရက်ပိုင်းမှာ သမီးဖြစ်သူက ငိုင်ငိုင် ငိုင်ငိုင်နဲ့ တစ်ခုခုတော့ လွဲနေတယ်လို့ မိခင်ဖြစ်သူက ရိပ်စားမိလိုက်ပါတယ်။ ဒါနဲ့ မိခင်ဖြစ်သူက သမီးကိုခေါ် ယူပြီး မေးပါတယ်။
“ သမီး အခုရက်ပိုင်းမှာ ရည်းစားစကား အပြောခံရတာ ရှိသလား”
“ မရှိပါဘူး မေမေ” သမီးက မလုံမလဲနဲ့ ဖြေဆိုပါတယ်။
“ သမီးကို မေမေ ဘာကူညီပေးရမလဲ”
သမီးတစ်ချက် တွေဝေသွားပါတယ်။ ပြီးမှ မဝန့်မရဲနဲ့ မေမေကို မေးပါတယ်။
“ သမီး ရည်းစားစာ တစ်စောင်ရထားတယ်။ အဲဒါဘယ်လို လုပ်ရမလဲ အမေ” တဲ့၊ သမီးမျက်နာတစ်ခုလုံး နီရဲသွားပါတယ်။
အမေက သမီးပုခုန်းလေးကို ကိုင်ပြီး သူရှေ့ ကကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းလိုက်ပါတယ်။ သမီးမျက်စိကို စိုက်ကြည့်လိုက်ပါတယ်။
ပြီးမှ ညင်သာတဲ့အသံနဲ့ အောက်ပါအတိုင်းပြောဆိုလိုက်ပါတယ်။ အမေ တစ်ချက်ချင်း ပြောမယ်နော် သမီး၊ သေသေချာချာ နားထောင်။
၁။ ဒီကိစ္စဟာ ဘာကိုညွန်ပြသလဲဆိုတော့ အမေ့သမီး အပျိုဝင်ပြီ၊ ဆွဲဆောင်စရာ ရှိပြီဆိုတာ သက်သေပြလိုက်တာပဲ၊ ဒီရူ့တောင့်ကနေကြည့်ရင် ဒါသိပ်ကောင်းတယ် သမီး၊
၂။ သမီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရပါလိမ့်မယ်။ သမီး ဘယ်မှာ ဆွဲဆောင်စရာ ဖြစ်တယ်။ ဘယ်မှာ ဆွဲဆောင်မူရှိတယ်ဆိုတာကို ဆန်းစစ်ရပါလိမ့်မယ်။
စာတော်တာကြောင့်လား၊အကျင့်စာရိတ္တ ကောင်းတာကြောင့်လား၊ ကျက်သရေ ရှိတာလား၊သဘောကောင်းတာလား၊ ချောမောလှပတာကြောင့်လား၊စသည်ဖြင့်ပေါ့၊ တကယ်လို့များ..
က။ စာတော်တာကြောင့်ဆိုရင်၊ ဒါဝမ်းသာစရာပဲ၊ ကျောင်းစာကို ဒီထက်ပိုပြီး အာရုံစိုက်ရမယ်။ ဘာသာတိုင်းထူးချွန်အောင် ဒီထက်ပို ကြိုုးစားသင့်ပါတယ်။
ခ။ အကျင့်စာရိတ္တ ကောင်းတာကြောင်ဆိုရင်လည်း အလွန်ကောင်းပါတယ်။ သမီးအရွယ်နဲ့ ဒီလောက်ထိ ဆင်ဆင်ခြင်ခြင်နဲ့ လိမ္မာတာ အမေတို့ ဂုဏ်ယူတယ်။
ဂ။ ကျက်သရေ ရှိတာကြောင့်ဆိုရင်၊ အဲဒါဆက်ထိန်းသိမ်းထားနိုင်အောင် ကြိုးစားရပါမယ်။ သန့်သန့်ပြန့်ပြန့်နေထိုင်ရမယ်။စာများများ ဆက်ဖတ်ရူ့ ရလိမ့်မယ်။
အတွင်းစိတ်ကလှပနေမှ ကျက်သရေ ရှိမှာ၊ ဟန်ဆောင်လို့ ကျက်သရေ မရှိနိုင်ဘူး။
ဃ။ သဘောထားကောင်းတာကြောင့်ဆိုရင် အားရစရာ ကောင်းတာပေါ့၊ သူများကို များများကူညီနိုင်အောင် ကြိုးစားရမယ်။
ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချတတ်ရမယ်။ပြည့်တဲ့အိုးဟာ ဘယ်တော့မှာ ဘောင်ဘင်မခတ်ပါဘူး၊ သမီး။
င။ ချောမောလှပတာကြောင့်လား၊ ဒီတစ်ချက်ကြောင့်ဆိုရင် သမီးသတိထားရလိမ့်မယ်။ အခုရက်ပိုင်းမှာ သမီးနည်းနည်း ခါးကိုင်းတာကို မေမေသတိထားမိတယ်။
လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ထိုင်ထိုင်တာပဲဖြစ်ဖြစ်၊ ခါးမတ်မတ် ထားသင့်တယ်။ ပြီးရင် မျက်စိကို ဂရုစိုက်ပါ။ အနီးမူန်တာကို သတိထားပါ။
ပြီးရင် အိမ်မူကိစ္စ ကို နိုင်နင်းအောင်လုပ်ပါ။ အဲဒါဆိုရင် မေမေ့သမီးက ကျက်သရေ ရှိပြီး ဆွဲဆောင်စရာ အပြည့်ဖြစ်သွားပြီ။
သမီးက အမေပြောသလောက် ဆွဲဆောင်စရာ အရည်အချင်းမရှိပါဘူး” သမီးဖြစ်သူက ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြောလိုက်ပါတယ်။ အမေက ပြုံးပြီးပြန်ပြောလိုက်ပါတယ်။
“ အမှန်တော့ အဲဒီဆွဲဆောင်စရာ ကောင်းပြီး ကျက်သရေ ရှိတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။ တကယ်ကြိုးစားရင် မခက်ခဲ့ပါဘူး ” အမေဖြစ်သူက ဆက်ပြောပါတယ်။
၃။ သမီး ဒီရည်းစားစားပေးတဲ့ ကောင်လေးကို ဘယ်လိုပဲ သဘောထားထား၊ တည်တည်ငြိမ်ငြိမ်နဲ့ ဘာဖြစ်လာမလဲဆိုတာကို စောင့်ကြည့်သင့်ပါတယ်။
အထက်တန်းကျောင်းသူကျောင်းသား အရွယ်ဆိုတာ ဘာမှမတည်ငြိမ်သေးဘူး။ သူက ဒီနေ့ သမီးကိုကြိုက်မယ်။
မနက်ဖန်ကျရင် နောက်တစ်ယောက်ကို ချက်ချင်းပြောင်းလဲသွားနိုင်တယ်။ဒီရည်းစားစာကို သိပ်ပြီး အလေးအနက်ထားစရာမလိုဘူး၊ စိတ်ဖိစီးမူ မဖြစ်စေနဲ့၊
ဘာမှ မဖြစ်သလိုပဲ ဆက်နေ၊ နိူ့မို့ရင် ကောင်လေးက အထင်လွဲသွားလိမ့်မယ်။
၄။ ဖြစ်နိုင်မယ်ဆိုရင်၊ သင့်တော်တဲ့အချိန်တစ်ခုကို ရှာဖွေပြီး သူ့ကိုပြောပြလိုက်၊ တက္ကသိုလ် မတက်ခင်မှာ ဘာမှမစဉ်းစားသေးဘူးဆိုတာ၊
နောင်သမီးမှာ ရွေးချယ်ဖို့ အခွင့်အရေး အများကြီးရှိသေးတယ်။ သစ်တစ်ပင်ကြောင့် သစ်တောတစ်ခုလုံး လက်မလွှတ်သင့်ဘူး။
၅။ သမီးဆီကို ရည်းစားစာရေးတဲ့ ကောင်လေးရဲ့ အပြုအမူမျိုးကို အချစ်လို့ မခေါ် နိုင်သေးဘူး၊ အစွမ်းကုန် သတ်မှတ်ရရင် ခံစားမူ တစ်မျိုးပေါ့၊
အချစ်စစ်ဆိုတာ တာဝန်ယူမူနဲ့ အမြဲတွန်တွဲထားရတယ်။ သူအခု ကိုယ့်ကိုယ်ကို တောင် ဘာမှ တာဝန်မယူနိုင်သေးဘူး၊အကုန်လုံးမိဘကို အားကိုးနေရသေးတယ်။
မင်းအပေါ် ဘာနဲ့ တာဝန်ယူမှာလဲ။ မိန်းကလေးတစ်ယောက်ကို လုံးဝတာဝန်မယူနိုင်သေးတဲ့ ကောင်လေးတစ်ယောက်ကို သူဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ လုံး၀ လက်မခံသင့်ဘူး။
နောက်ဆုံးမေမေပြောချင်တာကတော့ သမီးထူးချွန်တာကို ဆက်ထိန်းထားပါ။ လိုအပ်ချက်ကို ဖြည့်စွက် ကြိုးစားပါ။ နောင်သမီး သွားစရာလမ်းအကျယ်ကြီးရှိသေးတယ်။
ဒီလိုရည်းစားမျိုး အများကြီးတွေ့ အုံးမယ်။ အဲဒီအချိန်ကျရင် မျက်စိကိုဖွင့် နားကိုစွင့်ထားလိုက်၊ ဖြောင့်မတ် မှန်ကန်ပြီး တာဝန်ယူစိတ်ရှိတဲ့၊
အလုပ်ဂုဏ်ကို တန်ဖိုးထားတဲ့၊ အေးအတူ၊ ပူအမျှ၊ စိတ်တူကိုယ်တူ ခရီးနှင်နိုင်တဲ့ ဘဝခရီးဖေါ် ကို တွေ့ရှိနိုင်လိမ့်မယ်။ သမီးက အမေ့စကားကို နားထောင်ပြီး ပြန်ပြောလိုက်တာကတော့ “မေမေ စိတ်ချပါ။
သမီး ဒီထက်ထူးချွန်အောင် ဆက်ကြိုးစားပါ့မယ်။ နောင်သမီး ရှာဖွေမဲ့ ဘဝဖေါ် မေမေထက်သာရမယ်။” တဲ့
အဲလိုဖြစ်ပါစေလို့ မျှောလင့်ရတာပေါ့၊ ကဲ…မင်းအဖေတောင် အလုပ်ဆင်းတော့မယ်။ ဒီကနေ့ကိစ္စကို မင်းအဖေကို ပြောပြထားရမယ်။
ဒါမှ နောင်ဘယ်သူပိုသာတယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့” ဆိုပြီး ရီစရာ ပြောသလိုလိုနဲ့ ပြီးဆုံးသွားပါတယ်။
အမေရဲ့ ဆိုဆုံးမစကားများကတော့ ဒီလောက်နဲ့ ပြီးသွားပါတယ်။ တကယ်လို့ သင့်သမီး ရည်းစားစာ လက်ခံရရှိရင် သင်ကော ဘယ်လိုဆိုဆုံးမပါသလဲ။အားလုံးပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ် အပ်ပါတယ်။
Source – FB
================
zawgyi,
၂၀၁၅ ႏွစ္သမီး ရလိုက္တဲ့ ရည္းစားစာ ကို အေမရဲ႕တုံ႔ျပန္ခ်က္ အရမ္းေကာင္းပါတယ္ သမီးရွင္တို႔
သမီးက အသက္ ( ၁၅ ) နစ္ျပည့္ခါစ( ၉ ) တန္းတက္ပါတယ္။ ခါတိုင္းဆိုရင္ ေက်ာင္းဆင္းရင္ တတြတ္တြတ္နဲ႔ သူငယ္ခ်င္းမ်ား အေၾကာင္း၊
အတန္းထဲကအေၾကာင္း၊ ဆရာဆရာမမ်ားအေၾကာင္း၊ သင္ခန္းစာအေၾကာင္း၊ သူဖတ္ေနတဲ့ စာအုပ္မ်ားရဲ႕ အေၾကာင္း ဘာကိစၥပဲ ရွိရွိ၊
သမီးျဖစ္သူက မိခင္ကို ေျပာျပေလ့ရွိပါတယ္။
ဒါေပမဲ့ အခုရက္ပိုင္းမွာ သမီးျဖစ္သူက ငိုင္ငိုင္ ငိုင္ငိုင္နဲ႔ တစ္ခုခုေတာ့ လြဲေနတယ္လို႔ မိခင္ျဖစ္သူက ရိပ္စားမိလိုက္ပါတယ္။ ဒါနဲ႔ မိခင္ျဖစ္သူက သမီးကိုေခၚ ယူၿပီး ေမးပါတယ္။
“ သမီး အခုရက္ပိုင္းမွာ ရည္းစားစကား အေျပာခံရတာ ရွိသလား”
“ မရွိပါဘူး ေမေမ” သမီးက မလုံမလဲနဲ႔ ေျဖဆိုပါတယ္။
“ သမီးကို ေမေမ ဘာကူညီေပးရမလဲ”
သမီးတစ္ခ်က္ ေတြေဝသြားပါတယ္။ ၿပီးမွ မဝန႔္မရဲနဲ႔ ေမေမကို ေမးပါတယ္။
“ သမီး ရည္းစားစာ တစ္ေစာင္ရထားတယ္။ အဲဒါဘယ္လို လုပ္ရမလဲ အေမ” တဲ့၊ သမီးမ်က္နာတစ္ခုလုံး နီရဲသြားပါတယ္။
အေမက သမီးပုခုန္းေလးကို ကိုင္ၿပီး သူေရွ႕ ကကုလားထိုင္ေပၚမွာ ထိုင္ခိုင္းလိုက္ပါတယ္။ သမီးမ်က္စိကို စိုက္ၾကည့္လိုက္ပါတယ္။
ၿပီးမွ ညင္သာတဲ့အသံနဲ႔ ေအာက္ပါအတိုင္းေျပာဆိုလိုက္ပါတယ္။ အေမ တစ္ခ်က္ခ်င္း ေျပာမယ္ေနာ္ သမီး၊ ေသေသခ်ာခ်ာ နားေထာင္။
၁။ ဒီကိစၥဟာ ဘာကိုၫြန္ျပသလဲဆိုေတာ့ အေမ့သမီး အပ်ိဳဝင္ၿပီ၊ ဆြဲေဆာင္စရာ ရွိၿပီဆိုတာ သက္ေသျပလိုက္တာပဲ၊ ဒီ႐ူ႕ေတာင့္ကေနၾကည့္ရင္ ဒါသိပ္ေကာင္းတယ္ သမီး၊
၂။ သမီး ကိုယ့္ကိုယ္ကိုယ္ ျပန္ဆန္းစစ္ရပါလိမ့္မယ္။ သမီး ဘယ္မွာ ဆြဲေဆာင္စရာ ျဖစ္တယ္။ ဘယ္မွာ ဆြဲေဆာင္မူရွိတယ္ဆိုတာကို ဆန္းစစ္ရပါလိမ့္မယ္။
စာေတာ္တာေၾကာင့္လား၊အက်င့္စာရိတၱ ေကာင္းတာေၾကာင့္လား၊ က်က္သေရ ရွိတာလား၊သေဘာေကာင္းတာလား၊ ေခ်ာေမာလွပတာေၾကာင့္လား၊စသည္ျဖင့္ေပါ့၊ တကယ္လို႔မ်ား..
က။ စာေတာ္တာေၾကာင့္ဆိုရင္၊ ဒါဝမ္းသာစရာပဲ၊ ေက်ာင္းစာကို ဒီထက္ပိုၿပီး အာ႐ုံစိုက္ရမယ္။ ဘာသာတိုင္းထူးခြၽန္ေအာင္ ဒီထက္ပို ႀကိဳုးစားသင့္ပါတယ္။
ခ။ အက်င့္စာရိတၱ ေကာင္းတာေၾကာင္ဆိုရင္လည္း အလြန္ေကာင္းပါတယ္။ သမီးအ႐ြယ္နဲ႔ ဒီေလာက္ထိ ဆင္ဆင္ျခင္ျခင္နဲ႔ လိမၼာတာ အေမတို႔ ဂုဏ္ယူတယ္။
ဂ။ က်က္သေရ ရွိတာေၾကာင့္ဆိုရင္၊ အဲဒါဆက္ထိန္းသိမ္းထားႏိုင္ေအာင္ ႀကိဳးစားရပါမယ္။ သန႔္သန႔္ျပန႔္ျပန႔္ေနထိုင္ရမယ္။စာမ်ားမ်ား ဆက္ဖတ္႐ူ႕ ရလိမ့္မယ္။
အတြင္းစိတ္ကလွပေနမွ က်က္သေရ ရွိမွာ၊ ဟန္ေဆာင္လို႔ က်က္သေရ မရွိႏိုင္ဘူး။
ဃ။ သေဘာထားေကာင္းတာေၾကာင့္ဆိုရင္ အားရစရာ ေကာင္းတာေပါ့၊ သူမ်ားကို မ်ားမ်ားကူညီႏိုင္ေအာင္ ႀကိဳးစားရမယ္။
ကိုယ့္ကိုယ္ကို အၿမဲႏွိမ့္ခ်တတ္ရမယ္။ျပည့္တဲ့အိုးဟာ ဘယ္ေတာ့မွာ ေဘာင္ဘင္မခတ္ပါဘူး၊ သမီး။
င။ ေခ်ာေမာလွပတာေၾကာင့္လား၊ ဒီတစ္ခ်က္ေၾကာင့္ဆိုရင္ သမီးသတိထားရလိမ့္မယ္။ အခုရက္ပိုင္းမွာ သမီးနည္းနည္း ခါးကိုင္းတာကို ေမေမသတိထားမိတယ္။
လမ္းေလွ်ာက္တာပဲျဖစ္ျဖစ္၊ ထိုင္ထိုင္တာပဲျဖစ္ျဖစ္၊ ခါးမတ္မတ္ ထားသင့္တယ္။ ၿပီးရင္ မ်က္စိကို ဂ႐ုစိုက္ပါ။ အနီးမူန္တာကို သတိထားပါ။
ၿပီးရင္ အိမ္မူကိစၥ ကို ႏိုင္နင္းေအာင္လုပ္ပါ။ အဲဒါဆိုရင္ ေမေမ့သမီးက က်က္သေရ ရွိၿပီး ဆြဲေဆာင္စရာ အျပည့္ျဖစ္သြားၿပီ။
သမီးက အေမေျပာသေလာက္ ဆြဲေဆာင္စရာ အရည္အခ်င္းမရွိပါဘူး” သမီးျဖစ္သူက ရွက္ကိုးရွက္ကန္းနဲ႔ ျပန္ေျပာလိုက္ပါတယ္။ အေမက ၿပဳံးၿပီးျပန္ေျပာလိုက္ပါတယ္။
“ အမွန္ေတာ့ အဲဒီဆြဲေဆာင္စရာ ေကာင္းၿပီး က်က္သေရ ရွိတဲ့ မိန္းကေလး တစ္ေယာက္ျဖစ္ဖို႔ ႀကိဳးစားသင့္ပါတယ္။ တကယ္ႀကိဳးစားရင္ မခက္ခဲ့ပါဘူး ” အေမျဖစ္သူက ဆက္ေျပာပါတယ္။
၃။ သမီး ဒီရည္းစားစားေပးတဲ့ ေကာင္ေလးကို ဘယ္လိုပဲ သေဘာထားထား၊ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဘာျဖစ္လာမလဲဆိုတာကို ေစာင့္ၾကည့္သင့္ပါတယ္။
အထက္တန္းေက်ာင္းသူေက်ာင္းသား အ႐ြယ္ဆိုတာ ဘာမွမတည္ၿငိမ္ေသးဘူး။ သူက ဒီေန႔ သမီးကိုႀကိဳက္မယ္။
မနက္ဖန္က်ရင္ ေနာက္တစ္ေယာက္ကို ခ်က္ခ်င္းေျပာင္းလဲသြားႏိုင္တယ္။ဒီရည္းစားစာကို သိပ္ၿပီး အေလးအနက္ထားစရာမလိုဘူး၊ စိတ္ဖိစီးမူ မျဖစ္ေစနဲ႔၊
ဘာမွ မျဖစ္သလိုပဲ ဆက္ေန၊ ႏိူ႔မို႔ရင္ ေကာင္ေလးက အထင္လြဲသြားလိမ့္မယ္။
၄။ ျဖစ္ႏိုင္မယ္ဆိုရင္၊ သင့္ေတာ္တဲ့အခ်ိန္တစ္ခုကို ရွာေဖြၿပီး သူ႔ကိုေျပာျပလိုက္၊ တကၠသိုလ္ မတက္ခင္မွာ ဘာမွမစဥ္းစားေသးဘူးဆိုတာ၊
ေနာင္သမီးမွာ ေ႐ြးခ်ယ္ဖို႔ အခြင့္အေရး အမ်ားႀကီးရွိေသးတယ္။ သစ္တစ္ပင္ေၾကာင့္ သစ္ေတာတစ္ခုလုံး လက္မလႊတ္သင့္ဘူး။
၅။ သမီးဆီကို ရည္းစားစာေရးတဲ့ ေကာင္ေလးရဲ႕ အျပဳအမူမ်ိဳးကို အခ်စ္လို႔ မေခၚ ႏိုင္ေသးဘူး၊ အစြမ္းကုန္ သတ္မွတ္ရရင္ ခံစားမူ တစ္မ်ိဳးေပါ့၊
အခ်စ္စစ္ဆိုတာ တာဝန္ယူမူနဲ႔ အၿမဲတြန္တြဲထားရတယ္။ သူအခု ကိုယ့္ကိုယ္ကို ေတာင္ ဘာမွ တာဝန္မယူႏိုင္ေသးဘူး၊အကုန္လုံးမိဘကို အားကိုးေနရေသးတယ္။
မင္းအေပၚ ဘာနဲ႔ တာဝန္ယူမွာလဲ။ မိန္းကေလးတစ္ေယာက္ကို လုံးဝတာဝန္မယူႏိုင္ေသးတဲ့ ေကာင္ေလးတစ္ေယာက္ကို သူဘယ္ေလာက္ပဲ ထူးခြၽန္ေနပါေစ၊ လုံး၀ လက္မခံသင့္ဘူး။
ေနာက္ဆုံးေမေမေျပာခ်င္တာကေတာ့ သမီးထူးခြၽန္တာကို ဆက္ထိန္းထားပါ။ လိုအပ္ခ်က္ကို ျဖည့္စြက္ ႀကိဳးစားပါ။ ေနာင္သမီး သြားစရာလမ္းအက်ယ္ႀကီးရွိေသးတယ္။
ဒီလိုရည္းစားမ်ိဳး အမ်ားႀကီးေတြ႕ အုံးမယ္။ အဲဒီအခ်ိန္က်ရင္ မ်က္စိကိုဖြင့္ နားကိုစြင့္ထားလိုက္၊ ေျဖာင့္မတ္ မွန္ကန္ၿပီး တာဝန္ယူစိတ္ရွိတဲ့၊
အလုပ္ဂုဏ္ကို တန္ဖိုးထားတဲ့၊ ေအးအတူ၊ ပူအမွ်၊ စိတ္တူကိုယ္တူ ခရီးႏွင္ႏိုင္တဲ့ ဘဝခရီးေဖၚ ကို ေတြ႕ရွိႏိုင္လိမ့္မယ္။ သမီးက အေမ့စကားကို နားေထာင္ၿပီး ျပန္ေျပာလိုက္တာကေတာ့ “ေမေမ စိတ္ခ်ပါ။
သမီး ဒီထက္ထူးခြၽန္ေအာင္ ဆက္ႀကိဳးစားပါ့မယ္။ ေနာင္သမီး ရွာေဖြမဲ့ ဘဝေဖၚ ေမေမထက္သာရမယ္။” တဲ့
အဲလိုျဖစ္ပါေစလို႔ ေမွ်ာလင့္ရတာေပါ့၊ ကဲ…မင္းအေဖေတာင္ အလုပ္ဆင္းေတာ့မယ္။ ဒီကေန႔ကိစၥကို မင္းအေဖကို ေျပာျပထားရမယ္။
ဒါမွ ေနာင္ဘယ္သူပိုသာတယ္ဆိုတာ ေစာင့္ၾကည့္ၾကတာေပါ့” ဆိုၿပီး ရီစရာ ေျပာသလိုလိုနဲ႔ ၿပီးဆုံးသြားပါတယ္။
အေမရဲ႕ ဆိုဆုံးမစကားမ်ားကေတာ့ ဒီေလာက္နဲ႔ ၿပီးသြားပါတယ္။ တကယ္လို႔ သင့္သမီး ရည္းစားစာ လက္ခံရရွိရင္ သင္ေကာ ဘယ္လိုဆိုဆုံးမပါသလဲ။အားလုံးပါဝင္ေဆြးေႏြးဖို႔ ဖိတ္ေခၚ အပ္ပါတယ္။
Source – FB