Knowledge

အိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လားမဆိုင်လား?

အိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လားမဆိုင်လား

ကျနော်တို့အိမ်ပြောင်းပြီးမှအိမ်စီးပွားရေးသိသိသာသာကျသွားတယ်မိသားစုအိမ်ထောင်ရေးတွေလည်းအဆင်မပြေဖြစ်နေတယ်မှန်မမှန်ပြောပြပေးပါနော်အိမ်ဆောက်တေါ့မည်ဆိုလျှင်လှေခါးဘယ်နှစ်ထစ်လုပ်မလဲအိမ်တွေအဆောက်အဦးတွေအမျိုးမျိုးဆောက်လုပ်ကြတယ်

အိမ်ဆောက်တဲ့အခါအိမ်သာဖို့နဲ့အိမ်မခိုက်ရအောင်လောကီမင်္ဂလာအရသတိပြုဆင်ခြင်စရာဆောင်ရန်ရှောင်ရန်တွေအတော်အများများရှိတဲ့အထဲကလှေခါးနဲ့ပတ်သက်ပြီးမှတ်သားရမိသလောက်တင်ပြပါရစေ။တိုက်အိမ်တွေ သစ်သားအိမ်တွေ ဝါးအိမ်တွေ အမျိုးမျိုးပေါ့ ဘယ်လိုအမျိုးအစားဘဲဆောက်ဆောက် တစ်ထပ်နှစ်ထပ်ကအစအထပ်မြင့်တွေဆောက်လဲလှေခါးကတော့လုပ်ရတာပါဘဲလှေခါးသုံးမျိုးရှိတယ်။

အဲဒါတွေက ဒီလိုဗျာ့(၁)လာဘလှေခါးထစ် (၂)သုခလှေခါးထစ် (၃)မရဏလှေခါးထစ်ဆိုပြီးရှိပါတယ်လှေခါးအထစ်အရေအတွက်ပေါ်မူတည်ပြီးအကျိုးပြုတာရှိသလိုအကျိုးမဲ့စေတဲ့လှေခါးရှိတယ်ဒီလိုဗျာ့ ၁ထစ် ၄ထစ် ရထစ် ၁ဝထစ်၁၃ထစ်လိုအရေအတွက်ရှိတဲ့လှေခါးမျိုးကို လာဘလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် လာဘ်လာဘရွှင်စေတဲ့အကျိုးကိုခံစားရသတဲ့။

၂ထစ် ၅ထစ် ၈ထစ် ၁၁ထစ်၁၄ထစ်လိုအရေအတွက်ရှိတဲ့လှေခါးကိုတော့ သုခလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် စိတ်ချမ်းမြေ့ခြင်းအကျိုးကို ခံစားရပါသတဲ့။၃ထစ် ၆ထစ် ၉ထစ် ၁၂ထစ် ၁၅ထစ်လိုအရေအတွက်ရှိတဲ့ လှေခါးကိုမရဏလှေခါးထစ်လို့ခေါ်ပြီးအိမ်ထောင်မိသားစုအတွက် ဘေးအန္တရာယ်ကြုံခြင်း အိမ်ခိုက်ခြင်းစတဲ့ မကောင်းတဲ့အကျိုးကိုခံစားရတတ်ပါတယ်လို့ဆိုတယ်။

အလွယ်မှတ်လို့ကောင်းတာကတော့လှေခါး၃မျိုးကို အစဉ်လိုက်၁၊၂၊၃မှတ်ပြီး၁ကို၃ဂဏန်းကိုအစဉ်လိုက်လိုက်ပေါင်းသွားရတဲ့ ပေါင်းလဒ်တွေဟာ လာဘလှေခါးထစ်တွေဘဲ အလားတူ၂ကသုခလှေခါးထစ် ၃ဂဏန်းတွေပေါင်းရတဲ့ပေါင်းလဒ်တွေဟာ

သုခလှေခါးထစ် ဒီလိုဘဲ ၃ကမရဏလှေခါးထစ်၃ဂဏန်းတွေပေါင်းရတဲ့ပေါင်းလဒ်တွေဟာ မရဏလှေခါးထစ်တွေပါဘဲလို့ တင်ပြရင် မိတ်ဆွေတို့အဆောက်အဦးဆောက်ရင် စဉ်းစားချင့်ချိန်ရွေးချယ်နိုင်ကြပါစေလို့။




အဲဒါတွေက ဒီလိုဗျာ့(၁)လာဘလှေခါးထစ် (၂)သုခလှေခါးထစ် (၃)မရဏလှေခါးထစ်ဆိုပြီးရှိပါတယ်လှေခါးအထစ်အရေအတွက်ပေါ်မူတည်ပြီးအကျိုးပြုတာရှိသလိုအကျိုးမဲ့စေတဲ့လှေခါးရှိတယ်ဒီလိုဗျာ့ ၁ထစ် ၄ထစ် ၇ထစ် ၁၀ထစ်၁၃ထစ်လိုအရေအတွက်ရှိတဲ့လှေခါးမျိုးကို လာဘလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် လာဘ်လာဘရွှင်စေတဲ့အကျိုးကိုခံစားရသတဲ့။

