“ပင္လယ္ကမ္းေျခက ခ႐ုခြံေလးေတြကို မေကာက္ယူသင့္တဲ့ အေၾကာင္းအရင္း”
ပင္လယ္ကမ္းေျခတစ္ခုကို သြားရင္ ခ႐ုခြံေတြေကာက္ၿပီး ေပ်ာ္ေပ်ာ္ႀကီး အိမ္ျပန္သယ္လာဖူးလား Mandalarians တို႔ေရ။ ယဥ္ေႏွာင္းလည္း အရင္တုန္းက အဲ့အက်င့္ရွိခဲ့ဖူးတယ္။
ဒါေပမယ့္ေလ ကမ္းေျခကျပန္လာတဲ့အခါ အိမ္ေရာက္ရင္ အဲ့ခ႐ုခြံေတြကို ဘာမွမလုပ္ဘဲ ေခ်ာင္ထိုးထားမိတာပဲမဟုတ္ဘူးလား။ဒီေနာက္ပိုင္းမွာ ယဥ္ေႏွာင္းဆို ကမ္းေျခေတြသြားရင္ ခ႐ုမေကာက္တတ္ေတာ့ဘူး။ ဘာျဖစ္လို႔ခ႐ုေတြမေကာက္ျဖစ္ေတာ့တာလဲဆို youtube မွာ BBC earth ကတင္ထားဖူးတဲ့ video အတိုေလး ၾကည့္လိုက္ၿပီးကတည္းကပဲ။

အဲ့ဒီထဲမွာေလ ကမ္းေျခတစ္ခုမွာ လာတဲ့ ဧည့္သည္ေတြက ခ႐ုခြံေတြေကာက္သြားၾကတာနဲ႔ ဝင္ကစြပ္ေလးေတြအတြက္ ေနစရာ အိမ္မရွိေတာ့လို႔ voulunteer ေတြက ခ႐ုခြံေတြ လိုက္ရွာၿပီးထားေပးရတယ္ဆိုတဲ့အေၾကာင္းေပါ့။
ဝင္ေအာင္းစရာ ခ႐ုခြံေတြမရွိေတာ့တဲ့ ဝင္ကစြပ္ေလးေတြဟာ ညဘက္ေတြမွာဆို ႏို႔ဆီဘူးခြံ၊ ငါးေသတၱာဗူးခြံေတြလိုက္ရွာရၿပီး အခ်င္းခ်င္း လုယက္ၾကရင္း သတ္ျဖတ္ရသတဲ့။
ဒါေတြသိၿပီးေနာက္ပိုင္းမွာ ယဥ္ေႏွာင္း ခ႐ုေကာက္တဲ့အက်င့္ကို လုံးဝစြန႔္လႊတ္လိုက္ပါတယ္။ ဘာလို႔ ကမ္းေျခက ခ႐ုခြံေတြကို မေကာက္သင့္/မဝယ္သင့္တာလဲဆိုေတာ့
(1) ကမ္းေျခက ခ႐ုခြံေတြဟာ ဝင္ကစြပ္ေလးေတြရဲ႕အိမ္ျဖစ္ပါတယ္။
“ဝင္ကစြပ္ ျမင္ဆြတ္ကၾကည္ဖို႔ရာ”ဆိုတဲ့ ဦးၾကင္ဥ ကဗ်ာထဲကလိုပဲ ခ်စ္စရာဝင္ကစြပ္ေလးေတြဟာ အရမ္းႏူးညံ့တာမို႔ သူတို႔ခႏၶာကိုယ္ကို ကာကြယ္ဖို႔ရာ ခ႐ုခြံေတြကို လြယ္ပိုးၿပီး သြားၾကရပါတယ္။
ဝင္ကစြပ္ေလးေတြရဲ႕ဘဝဟာ ငယ္ရာကေနႀကီးတဲ့အထိ သူတို႔ခႏၶာကိုယ္နဲ႔လိုက္ဖက္မယ့္ ခ႐ုခြံေတြကို ရွာေဖြရင္း ဒီခ႐ုခြံထဲမွာပဲ သူတို႔ဘဝကုန္ဆုံးရတာပါ။ ခ႐ုခြံေတြဟာ ဝင္ကစြပ္ေလးေတြအတြက္ အိမ္လည္းျဖစ္သလို အဝတ္အစားလည္းျဖစ္ပါတယ္။
ေကာက္ၿပီးလည္း ကိုယ့္အတြက္အသုံးမဝင္မယ့္တူတူ ခ႐ုခြံေလးေတြကို ဝင္ကစြပ္ေလးေတြရဲ႕ ေက်ာေပၚမွာပဲ တဖန္ျပန္လည္ ရွင္သန္ခြင့္ေပးလိုက္ပါေနာ္။
(2)ဝင္ကစြပ္ေလးေတြရွိမွ ကမ္းေျခေတြ သာယာလွပမယ္
လူသိနည္းတဲ့အခ်က္တစ္ခုကေတာ့ ဝင္ကစြပ္ေလးေတြရွိေနမွ ကမ္းေျခတစ္ခုဟာ လွပေနမွာပါ။ ဝင္ကစြပ္ေလးေတြဟာ ကမ္းေပၚတင္လာတဲ့ ငါးေသအပုပ္ေတြလိုအေကာင္ေတြကို စားသုံးျခင္းျဖင့္ ကမ္းေျခသန႔္ရွင္းေရးေဆာင္႐ြက္ေနၾကသူေလးေတြျဖစ္ပါတယ္။
လူကိုလည္း ဒုကၡမေပးတတ္ဘဲ သဘာဝေဂဟစနစ္ကို အက်ိဳးျပဳေနတဲ့ ဝင္ကစြပ္ေလးေတြတိုးပြားလာဖို႔ရာ သူတို႔ခိုေအာင္းႏိုင္မယ့္ ခ႐ုခြံေတြ အမ်ားႀကီးရွိဖို႔လိုပါတယ္။ ကမ္းေျခမွာ တေ႐ြ႕ေ႐ြ႕ပတ္သြားေနတဲ့ ဝင္ကစြပ္ေလးေတြကို ၾကည့္ရတာကိုက ကမ္းေျခဟာ ပိုအသက္ဝင္ေနတယ္မဟုတ္လား။
(3)ခ႐ုခြံေတြဟာ ပင္လယ္ေရေအာက္ေဂဟစနစ္ေတြအတြက္အေရးပါတယ္
ပင္လယ္ၾကမ္းျပင္မွာ နစ္ျမႇဳပ္ေနတဲ့ ခ႐ုခြံေတြဟာ ပင္လယ္ေနသတၱဝါေလးေတြစားသုံးတဲ့ ေရညႇိ၊ေရေမွာ္ေတြ ေပါက္ဖြားဖို႔ အေျခခံမ်က္ႏွာျပင္ေတြျဖစ္သလို ေသးငယ္တဲ့ ပင္လယ္သတၱဝါေလးေတြ ခိုေအာင္းဖို႔ေနရာ၊ ေနထိုင္ဖို႔အိမ္လည္းျဖစ္ပါေသးတယ္။
ပင္လယ္ခ႐ုခြံေတြသာ ေလ်ာ့နည္းလာမယ္ဆို အေသးဆုံးငါးမ်ိဳးစိတ္ေလးေတြမ်ိဳးသုဥ္းလာမယ္။ ဒီလိုနဲ႔ အစာကြင္းဆက္ေတြ၊ ေဂဟစနစ္ေတြ ပ်က္စီးလာမွာျဖစ္ၿပီး ပင္လယ္ေနသတၱဝါေတြအတြက္ တျဖည္းျဖည္းေလ်ာ့နည္းလာမယ့္ အႏၲရာယ္ရွိလာႏိုင္ပါတယ္။
(4)ပင္လယ္ခ႐ုခြံေတြဟာ ပင္လယ္ေပ်ာ္ငွက္ေတြရဲ႕အသိုက္လည္းျဖစ္တယ္
ပင္လယ္နားတဝိုက္မွာ ေနထိုင္တဲ့ ငွက္မ်ိဳးစိတ္မ်ားစြာဟာ သူတို႔ေနထိုင္ဖို႔အသိုက္ကို ခ႐ုခြံေတြစုေဆာင္းၿပီးေဆာက္လုပ္ၾကပါတယ္။ခ႐ုခြံေတြနည္းပါးလာျခင္းဟာ ငွက္ေတြအတြက္ အသိုက္ေဆာက္စရာကုန္ၾကမ္းေလ်ာ့နည္းလာေစၿပီး ကမ္းေျခေတြမွာ ငွက္ေတြမလာၾကေတာ့ရင္
ကမ္းေျခေတြတိတ္ဆိတ္ကုန္ပါလိမ့္မယ္။ ေက်းငွက္သံေတြနဲ႔ သာယာတဲ့ကမ္းေျခတစ္ခုျဖစ္ဖို႔ ခ႐ုခြံေတြကို ငွက္ကေလးေတြအတြက္လည္း ထားခဲ့ၾကရေအာင္။
(5)လွပတဲ့ ဧရာမခ႐ုခြံႀကီးေတြဟာ ပင္လယ္ၾကမ္းျပင္က သႏၲာေက်ာက္တန္းေတြပ်က္စီးတဲ့အထိ တူးေဖာ္ရပါတယ္။
အေရာင္အေသြးစုံစုံလင္လင္နဲ႔ လွလိုက္တာဆိုတဲ့ ဧရာမခ႐ုခြံႀကီးေတြဟာ ခ႐ုေတြေသၿပီးမွရလာတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ခ႐ုခြံေတြမေဆြးျမည့္ခင္ ခ႐ုေတြသက္ရွိစဥ္ကာလမွာပဲ သူတို႔ေနထိုင္ရာ ပင္လယ္ၾကမ္းျပင္အထိ ပိုက္နဲ႔ဆြဲတာ၊ သႏၲာေက်ာက္တန္းေတြၾကား တူးဆြတာမ်ိဳးလုပ္မွ ရလာတာမို႔ပါ။
အိမ္တစ္အိမ္ရဲ႕ ဧည့္ခန္းမွာ ခ႐ုခြံတစ္ခု လွလွပပထားရွိဖို႔အတြက္ သဘာဝပင္လယ္ၾကမ္းျပင္ရဲ႕ အလွအပေတြပ်က္စီးရတာကို လက္မခံဘူးဆိုရင္ ခ႐ုခြံႀကီးေတြကို လုံးဝမဝယ္ပါနဲ႔၊ ေကာက္လည္းမေကာက္ပါနဲ႔။
ကမာၻအႏွံ႔က ပင္လယ္ကမ္းေျခေတြမွာ ခရီးသြားဧည့္သည္ေတြဟာ ခ႐ုခြံနဲ႔ျပဳလုပ္ထားတဲ့ အိမ္ျပန္လက္ေဆာင္ေတြကို အမွတ္တရဝယ္တတ္ၾကၿပီး ဒါေတြဟာ မဝယ္သင့္တဲ့အေၾကာင္း သိတဲ့သူအလြန္နည္းပါတယ္။တခ်ိဳ႕ႏိုင္ငံေတြမွာ ခ႐ုခြံေရာင္းဝယ္မႈကို လုံးဝပိတ္ပင္ထားၿပီး ခ႐ုခြံေတြေကာက္ၿပီး ယူေဆာင္သြားျခင္းဟာလည္း တရားမဝင္ပါဘူး။
ျမန္မာႏိုင္ငံဟာ CITES(Convention on International Trade of Endangered Species of Wild Fauna and Flora)ရဲ႕ အဖြဲ႕ဝင္ႏိုင္ငံျဖစ္တာမို႔ ခ႐ုခြံေရာင္းဝယ္မႈေတြဟာ သဘာဝသယံဇာတကိုမဖ်က္ဆီးတဲ့တူးေဖာ္မႈဆိုတာ အခိုင္အမာျပႏိုင္တဲ့အေထာက္အထားရွိမွ ေရာင္းဝယ္တဲ့ ခ႐ုခြံဟာ တရားဝင္ပါတယ္။
ခ႐ုခြံအမ်ိဳးမ်ိဳးကို ဝယ္ယူစုေဆာင္းသူေတြမ်ားလာရင္ ခ႐ုခြံေတြကို အေျမာက္အမ်ားေကာက္ယူၾကဖို႔အားေပးသလိုျဖစ္ၿပီး သဘာဝတရားႀကီးယိုယြင္းလာပါမယ္။
ဒီေတာ့ကိုယ့္အတြက္လည္းအသုံးမဝင္၊သဘာဝပတ္ဝန္းက်င္ကိုလည္းထိခိုက္ေစၿပီးတရားလည္းမဝင္တဲ့အတြက္ ခ႐ုခြံေကာက္တာေတြ၊ ခ႐ုခြံ ဝယ္ယူစုေဆာင္းတာေတြ မလုပ္ၾကဖို႔ Mandalarians တို႔ကို မွ်ေဝလိုက္ပါတယ္ေနာ္။
ခ႐ုခြံေလးေတြကို ပင္လယ္ကမ္းေျခေတြမွာပဲ ရွင္သန္ခြင့္ေပးလိုက္ရေအာင္လား
BBC earthက တင္ဆက္ထားတဲ့ ဝင္ကစြပ္ေလးေတြအတြက္ ခ႐ုခြံေတြရွားပါးလာတဲ့အေၾကာင္း ႐ုပ္သံ
ခရက္ဒစ္
Unicode
“ပင်လယ်ကမ်းခြေက ခရုခွံလေးတွေကို မကောက်ယူသင့်တဲ့ အကြောင်းအရင်း”
ပင်လယ်ကမ်းခြေတစ်ခုကို သွားရင် ခရုခွံတွေကောက်ပြီး ပျော်ပျော်ကြီး အိမ်ပြန်သယ်လာဖူးလား Mandalarians တို့ရေ။ ယဉ်နှောင်းလည်း အရင်တုန်းက အဲ့အကျင့်ရှိခဲ့ဖူးတယ်။
ဒါပေမယ့်လေ ကမ်းခြေကပြန်လာတဲ့အခါ အိမ်ရောက်ရင် အဲ့ခရုခွံတွေကို ဘာမှမလုပ်ဘဲ ချောင်ထိုးထားမိတာပဲမဟုတ်ဘူးလား။ဒီနောက်ပိုင်းမှာ ယဉ်နှောင်းဆို ကမ်းခြေတွေသွားရင် ခရုမကောက်တတ်တော့ဘူး။ ဘာဖြစ်လို့ခရုတွေမကောက်ဖြစ်တော့တာလဲဆို youtube မှာ BBC earth ကတင်ထားဖူးတဲ့ video အတိုလေး ကြည့်လိုက်ပြီးကတည်းကပဲ။
အဲ့ဒီထဲမှာလေ ကမ်းခြေတစ်ခုမှာ လာတဲ့ ဧည့်သည်တွေက ခရုခွံတွေကောက်သွားကြတာနဲ့ ဝင်ကစွပ်လေးတွေအတွက် နေစရာ အိမ်မရှိတော့လို့ voulunteer တွေက ခရုခွံတွေ လိုက်ရှာပြီးထားပေးရတယ်ဆိုတဲ့အကြောင်းပေါ့။
ဝင်အောင်းစရာ ခရုခွံတွေမရှိတော့တဲ့ ဝင်ကစွပ်လေးတွေဟာ ညဘက်တွေမှာဆို နို့ဆီဘူးခွံ၊ ငါးသေတ္တာဗူးခွံတွေလိုက်ရှာရပြီး အချင်းချင်း လုယက်ကြရင်း သတ်ဖြတ်ရသတဲ့။
ဒါတွေသိပြီးနောက်ပိုင်းမှာ ယဉ်နှောင်း ခရုကောက်တဲ့အကျင့်ကို လုံးဝစွန့်လွှတ်လိုက်ပါတယ်။ ဘာလို့ ကမ်းခြေက ခရုခွံတွေကို မကောက်သင့်/မဝယ်သင့်တာလဲဆိုတော့
(1) ကမ်းခြေက ခရုခွံတွေဟာ ဝင်ကစွပ်လေးတွေရဲ့အိမ်ဖြစ်ပါတယ်။
“ဝင်ကစွပ် မြင်ဆွတ်ကကြည်ဖို့ရာ”ဆိုတဲ့ ဦးကြင်ဥ ကဗျာထဲကလိုပဲ ချစ်စရာဝင်ကစွပ်လေးတွေဟာ အရမ်းနူးညံ့တာမို့ သူတို့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ရာ ခရုခွံတွေကို လွယ်ပိုးပြီး သွားကြရပါတယ်။
ဝင်ကစွပ်လေးတွေရဲ့ဘဝဟာ ငယ်ရာကနေကြီးတဲ့အထိ သူတို့ခန္ဓာကိုယ်နဲ့လိုက်ဖက်မယ့် ခရုခွံတွေကို ရှာဖွေရင်း ဒီခရုခွံထဲမှာပဲ သူတို့ဘဝကုန်ဆုံးရတာပါ။ ခရုခွံတွေဟာ ဝင်ကစွပ်လေးတွေအတွက် အိမ်လည်းဖြစ်သလို အဝတ်အစားလည်းဖြစ်ပါတယ်။
ကောက်ပြီးလည်း ကိုယ့်အတွက်အသုံးမဝင်မယ့်တူတူ ခရုခွံလေးတွေကို ဝင်ကစွပ်လေးတွေရဲ့ ကျောပေါ်မှာပဲ တဖန်ပြန်လည် ရှင်သန်ခွင့်ပေးလိုက်ပါနော်။
(2)ဝင်ကစွပ်လေးတွေရှိမှ ကမ်းခြေတွေ သာယာလှပမယ်
လူသိနည်းတဲ့အချက်တစ်ခုကတော့ ဝင်ကစွပ်လေးတွေရှိနေမှ ကမ်းခြေတစ်ခုဟာ လှပနေမှာပါ။ ဝင်ကစွပ်လေးတွေဟာ ကမ်းပေါ်တင်လာတဲ့ ငါးသေအပုပ်တွေလိုအကောင်တွေကို စားသုံးခြင်းဖြင့် ကမ်းခြေသန့်ရှင်းရေးဆောင်ရွက်နေကြသူလေးတွေဖြစ်ပါတယ်။
လူကိုလည်း ဒုက္ခမပေးတတ်ဘဲ သဘာဝဂေဟစနစ်ကို အကျိုးပြုနေတဲ့ ဝင်ကစွပ်လေးတွေတိုးပွားလာဖို့ရာ သူတို့ခိုအောင်းနိုင်မယ့် ခရုခွံတွေ အများကြီးရှိဖို့လိုပါတယ်။ ကမ်းခြေမှာ တရွေ့ရွေ့ပတ်သွားနေတဲ့ ဝင်ကစွပ်လေးတွေကို ကြည့်ရတာကိုက ကမ်းခြေဟာ ပိုအသက်ဝင်နေတယ်မဟုတ်လား။
(3)ခရုခွံတွေဟာ ပင်လယ်ရေအောက်ဂေဟစနစ်တွေအတွက်အရေးပါတယ်
ပင်လယ်ကြမ်းပြင်မှာ နစ်မြှုပ်နေတဲ့ ခရုခွံတွေဟာ ပင်လယ်နေသတ္တဝါလေးတွေစားသုံးတဲ့ ရေညှိ၊ရေမှော်တွေ ပေါက်ဖွားဖို့ အခြေခံမျက်နှာပြင်တွေဖြစ်သလို သေးငယ်တဲ့ ပင်လယ်သတ္တဝါလေးတွေ ခိုအောင်းဖို့နေရာ၊ နေထိုင်ဖို့အိမ်လည်းဖြစ်ပါသေးတယ်။
ပင်လယ်ခရုခွံတွေသာ လျော့နည်းလာမယ်ဆို အသေးဆုံးငါးမျိုးစိတ်လေးတွေမျိုးသုဉ်းလာမယ်။ ဒီလိုနဲ့ အစာကွင်းဆက်တွေ၊ ဂေဟစနစ်တွေ ပျက်စီးလာမှာဖြစ်ပြီး ပင်လယ်နေသတ္တဝါတွေအတွက် တဖြည်းဖြည်းလျော့နည်းလာမယ့် အန္တရာယ်ရှိလာနိုင်ပါတယ်။
(4)ပင်လယ်ခရုခွံတွေဟာ ပင်လယ်ပျော်ငှက်တွေရဲ့အသိုက်လည်းဖြစ်တယ်
ပင်လယ်နားတဝိုက်မှာ နေထိုင်တဲ့ ငှက်မျိုးစိတ်များစွာဟာ သူတို့နေထိုင်ဖို့အသိုက်ကို ခရုခွံတွေစုဆောင်းပြီးဆောက်လုပ်ကြပါတယ်။ခရုခွံတွေနည်းပါးလာခြင်းဟာ ငှက်တွေအတွက် အသိုက်ဆောက်စရာကုန်ကြမ်းလျော့နည်းလာစေပြီး ကမ်းခြေတွေမှာ ငှက်တွေမလာကြတော့ရင်
ကမ်းခြေတွေတိတ်ဆိတ်ကုန်ပါလိမ့်မယ်။ ကျေးငှက်သံတွေနဲ့ သာယာတဲ့ကမ်းခြေတစ်ခုဖြစ်ဖို့ ခရုခွံတွေကို ငှက်ကလေးတွေအတွက်လည်း ထားခဲ့ကြရအောင်။
(5)လှပတဲ့ ဧရာမခရုခွံကြီးတွေဟာ ပင်လယ်ကြမ်းပြင်က သန္တာကျောက်တန်းတွေပျက်စီးတဲ့အထိ တူးဖော်ရပါတယ်။
အရောင်အသွေးစုံစုံလင်လင်နဲ့ လှလိုက်တာဆိုတဲ့ ဧရာမခရုခွံကြီးတွေဟာ ခရုတွေသေပြီးမှရလာတာ မဖြစ်နိုင်သလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ခရုခွံတွေမဆွေးမြည့်ခင် ခရုတွေသက်ရှိစဉ်ကာလမှာပဲ သူတို့နေထိုင်ရာ ပင်လယ်ကြမ်းပြင်အထိ ပိုက်နဲ့ဆွဲတာ၊ သန္တာကျောက်တန်းတွေကြား တူးဆွတာမျိုးလုပ်မှ ရလာတာမို့ပါ။
အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းမှာ ခရုခွံတစ်ခု လှလှပပထားရှိဖို့အတွက် သဘာဝပင်လယ်ကြမ်းပြင်ရဲ့ အလှအပတွေပျက်စီးရတာကို လက်မခံဘူးဆိုရင် ခရုခွံကြီးတွေကို လုံးဝမဝယ်ပါနဲ့၊ ကောက်လည်းမကောက်ပါနဲ့။
ကမ္ဘာအနှံ့က ပင်လယ်ကမ်းခြေတွေမှာ ခရီးသွားဧည့်သည်တွေဟာ ခရုခွံနဲ့ပြုလုပ်ထားတဲ့ အိမ်ပြန်လက်ဆောင်တွေကို အမှတ်တရဝယ်တတ်ကြပြီး ဒါတွေဟာ မဝယ်သင့်တဲ့အကြောင်း သိတဲ့သူအလွန်နည်းပါတယ်။တချို့နိုင်ငံတွေမှာ ခရုခွံရောင်းဝယ်မှုကို လုံးဝပိတ်ပင်ထားပြီး ခရုခွံတွေကောက်ပြီး ယူဆောင်သွားခြင်းဟာလည်း တရားမဝင်ပါဘူး။
မြန်မာနိုင်ငံဟာ CITES(Convention on International Trade of Endangered Species of Wild Fauna and Flora)ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တာမို့ ခရုခွံရောင်းဝယ်မှုတွေဟာ သဘာဝသယံဇာတကိုမဖျက်ဆီးတဲ့တူးဖော်မှုဆိုတာ အခိုင်အမာပြနိုင်တဲ့အထောက်အထားရှိမှ ရောင်းဝယ်တဲ့ ခရုခွံဟာ တရားဝင်ပါတယ်။
ခရုခွံအမျိုးမျိုးကို ဝယ်ယူစုဆောင်းသူတွေများလာရင် ခရုခွံတွေကို အမြောက်အများကောက်ယူကြဖို့အားပေးသလိုဖြစ်ပြီး သဘာဝတရားကြီးယိုယွင်းလာပါမယ်။
ဒီတော့ကိုယ့်အတွက်လည်းအသုံးမဝင်၊သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပြီးတရားလည်းမဝင်တဲ့အတွက် ခရုခွံကောက်တာတွေ၊ ခရုခွံ ဝယ်ယူစုဆောင်းတာတွေ မလုပ်ကြဖို့ Mandalarians တို့ကို မျှဝေလိုက်ပါတယ်နော်။
ခရုခွံလေးတွေကို ပင်လယ်ကမ်းခြေတွေမှာပဲ ရှင်သန်ခွင့်ပေးလိုက်ရအောင်လား
BBC earthက တင်ဆက်ထားတဲ့ ဝင်ကစွပ်လေးတွေအတွက် ခရုခွံတွေရှားပါးလာတဲ့အကြောင်း ရုပ်သံ
ခရက်ဒစ်



