Health Care

ဒူးခေါင်းနှင့် တံတောင်ဆစ် မည်းတာတွေကို သဘာဝအတိုင်း ဖြူစေဖို့

စကတ်၊ ဘောင်းဘီအတိုဝတ်ချင်ပေမယ့် ဒူးခေါင်းတွေမည်းနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် သဘာဝအတိုင်း ဖြူဝင်းစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီနည်းလမ်းက 100%ထိရောက်ပြီး 10ရက်အတွင်းမှာ ရလဒ်ကောင်းတွေကို ရလာပါလိမ့်မယ်။

အဆင့် ၁ သန့်စင်ခြင်း

လိုအပ်တဲ့ပစ္စည်းတွေကတော့ – လိမ္မော်/သံပုရာ ၁လုံး ။ နည်းလမ်း – လိမ္မော်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပါ။

ဒူးခေါင်း သို့ တံတောင်ဆစ်ကဲ့သို့ မည်းနေတဲ့ နေရာတွေပေါ်မှာ လိမ္မော်သီးခြမ်းနဲ့ ပွတ်ပေးပါ။

လိမ္မော်သီးမှာ ဗီတာမင် စီနှင့် citric acid တို့ပါဝင်ပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

အဆင့်၂ Scrub

လိုအပ်တဲ့ပစ္စည်းများ – ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၃ဇွန်း။ မုန်လာဥနီရည် လက်ဖက်ရည်ဇွန်း ၄ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း။

နည်းလမ်း – ပန်းကန်လုံးသန့်သန့် တစ်လုံးထဲမှာ ဆန်မှုန့်၊ မုန်လာဥနီရည်နှင့် နနွင်းမှုန့်ကို ရောပါ။

ခပ်ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပြီး မည်းနေတဲ့ တံတောင်ဆစ်တွေ၊ ဒူးတွေမှာ လိမ်းပေးပါ။

၂မိနစ်လောက် ညင်သာစွာ ပွတ်တိုက်ပေးပြီး ၅မိနစ် လောက်နေလို့ ခြောက်သွေ့သွားလျှင် ရေနှင့်ဆေးကြောပေးပါ။

အဆင့်၃ moisturizing

လိုအပ်တဲ့ ပါဝင်ပစ္စည်းများ – နို့မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ နနွင်စစ်စစ်အရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း။

နည်းလမ်း – ပါဝင်ပစ္စည်းအားလုံးကို ကောင်းစွာရောနှောပါ။ ဒါဆိုရင် သင့်ရဲ့ moisturizing cream အဆင်သင့်ဖြစ်ပါပြီ။

မည်းနေတဲ့နေရာတွေကို လိမ်းပြီး ၃မိနစ်လောက် နှိပ်ပေးပါ။ တစ်ညလောက်ထားပြီးနောက်နေ့မနက်မှ ရေဖြင့် ဆေးကြောပေးပါ။

ဒူးေခါင္းႏွင့္ တံေတာင္ဆစ္ မည္းတာေတြကို သဘာဝအတိုင္း ျဖဴေစဖို႔

စကတ္၊ ေဘာင္းဘီအတိုဝတ္ခ်င္ေပမယ့္ ဒူးေခါင္းေတြမည္းေနလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမေတြအတြက္ သဘာဝအတိုင္း ျဖဴဝင္းေစမယ့္ နည္းလမ္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

ဒီနည္းလမ္းက 100%ထိေရာက္ၿပီး 10ရက္အတြင္းမွာ ရလဒ္ေကာင္းေတြကို ရလာပါလိမ့္မယ္။

အဆင့္ ၁ သန႔္စင္ျခင္း

လိုအပ္တဲ့ပစၥည္းေတြကေတာ့ – လိေမၼာ္/သံပုရာ ၁လုံး ။ နည္းလမ္း – လိေမၼာ္သီးတစ္လုံးကို ႏွစ္ျခမ္းျခမ္းပါ။

ဒူးေခါင္း သို႔ တံေတာင္ဆစ္ကဲ့သို႔ မည္းေနတဲ့ ေနရာေတြေပၚမွာ လိေမၼာ္သီးျခမ္းနဲ႔ ပြတ္ေပးပါ။

လိေမၼာ္သီးမွာ ဗီတာမင္ စီႏွင့္ citric acid တို႔ပါဝင္ၿပီး အေရျပားဆဲလ္ေသေတြကို ဖယ္ရွားေပးပါတယ္။

အဆင့္၂ Scrub

လိုအပ္တဲ့ပစၥည္းမ်ား – ဆန္မႈန႔္ လက္ဖက္ရည္ဇြန္း ၃ဇြန္း။ မုန္လာဥနီရည္ လက္ဖက္ရည္ဇြန္း ၄ဇြန္း နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၁ဇြန္း။

နည္းလမ္း – ပန္းကန္လုံးသန႔္သန႔္ တစ္လုံးထဲမွာ ဆန္မႈန႔္၊ မုန္လာဥနီရည္ႏွင့္ နႏြင္းမႈန႔္ကို ေရာပါ။

ခပ္ပ်စ္ပ်စ္ေလးျဖစ္ေအာင္ ေမႊေပးၿပီး မည္းေနတဲ့ တံေတာင္ဆစ္ေတြ၊ ဒူးေတြမွာ လိမ္းေပးပါ။

၂မိနစ္ေလာက္ ညင္သာစြာ ပြတ္တိုက္ေပးၿပီး ၅မိနစ္ ေလာက္ေနလို႔ ေျခာက္ေသြ႕သြားလွ်င္ ေရႏွင့္ေဆးေၾကာေပးပါ။

အဆင့္၃ moisturizing

လိုအပ္တဲ့ ပါဝင္ပစၥည္းမ်ား – ႏို႔မႈန႔္ လက္ဖက္ရည္ဇြန္း ၂ဇြန္း၊ နႏြင္စစ္စစ္အရည္ လက္ဖက္ရည္ဇြန္း ၂ဇြန္း။

နည္းလမ္း – ပါဝင္ပစၥည္းအားလုံးကို ေကာင္းစြာေရာေႏွာပါ။ ဒါဆိုရင္ သင့္ရဲ႕ moisturizing cream အဆင္သင့္ျဖစ္ပါၿပီ။

မည္းေနတဲ့ေနရာေတြကို လိမ္းၿပီး ၃မိနစ္ေလာက္ ႏွိပ္ေပးပါ။ တစ္ညေလာက္ထားၿပီးေနာက္ေန႔မနက္မွ ေရျဖင့္ ေဆးေၾကာေပးပါ။