Knowledge

အိပ်ခါနီးရေမသောက်ရင် သင့်အသက်ကို သေစေနိုင်ပါတယ်

”အိပ်ခါနီးရေမသောက်ရင် သင့်အသက်ကို သေစေနိုင်ပါတယ်”

ခုရက်ပိုင်း ကွယ်လွန်သူတွေဟာ မနက်၃နာရီဝန်းကျင်မှာ ကွယ်လွန်ကြတာ တွေ့ရတယ် ၃နာရီ မှ ၈နာရီ ကြားမှာ ရေသောက် အနဲဆုံးဖြစ်ပြီး သွေးအပြစ်ဆုံးအချိန်မို့ နှလုံးတိုက်ခိုက်ခံရနိုင်ခြေပိုများတဲ့အချိန်ပါအိပ်ရေးပျက်မှာစိုးလို့ ညဖက်ရေမသောက်တဲ့ အကျိုးဆက်ပါ နှလုံးဆရာဝန်ကြီးတွေပြောပါတယ်၊ နှလုံးအားနည်းလို့ နှလုံးရပ်သွားတာထင်ပါတယ် သွေးမပျစ်အောင် ရေကိုသတိရတိုင်း သောက်ပေးကြပါ ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။

ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်_။ ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။ မမှန်ဘူးခင်ဗျာ။ နှလုံးနာတဲ့ ဝေဒနာ (Heart Attack) နှင့် ရေဆိုတာ ဒွန်တွဲနေပါတယ်။ လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့် ဆီးပိုသွားတတ်သလဲ နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။ ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။ ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။

လှဲနေ အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ကျောက်ကပ် (Kidney)နှင့် တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီးဝင်ဖို့ ပိုလွယ်ကူသွားတာပေါ့ ခင်ဗျား။ ကျောက်ကပ်နှင့် ရေက ဘယ်လို ဆက်စပ်နေကြလဲ။

ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့။ ရေပိုသောက်ပေးသင့်တဲ့အချိန်မနက် အိပ်ရာနိုးနိုးချင်း ရေ(၂)ခွက် သောက်ပါ။ သင့်ခန္ဓာအတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြ ပါလိမ့်မည်။ နံနက်စာ မစားခင် မိနစ်(၃၀)အလိုမှာ ရေ (၁)ခွက် သောက်ပါ။ အစာကြေ လွယ်တာကို ခံစားရပါမယ်။ ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။ သွေးတိုး (blood pressure) ကျစေပါလိမ့်မည်။ အိပ်ရာမဝင်ခင် ရေ (၁)ခွက် သောက်ပါ။

လေဖြတ်ရောဂါနှင့် နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်။အဲ ပြောရအုံးမယ် ။အိပ်ရာမဝင်ခင် ရေ (၁)ခွက် သောက်ခြင်းဟာ အထက်ပါရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။ ညဘက် ခြေထောက် ကြွက်တက်တဲ့ ဒုက္ခ Leg Cramp မှလည်း ကင်းဝေးစေပါတယ်။ဘာကြောင့်လဲ။

ညဘက် ခြေထောက်ကြွက်သားတွေ တင်းလာတယ်ဆိုတာ ရေငတ်လာကြတဲ့အတွက်ပါ။ ဒီအကြောင်းတွေကို အကျယ်သိချင်လျှင် (၂၉.၇.၂၀၀၉) ခုနှစ်ထုတ် (The Journal of American College of Cardiology)မှာ ဖတ်ကြည့်ပါ။ နှလုံးနာတဲ့ရောဂါ heart attack ဆိုတာဟာ နေ့ဘက်မှာပဲ ဖြစ်လေ့ ပိုရှိပါတယ်။ နံနက် (၆)နာရီနှင့် မွန်းတည့်အချိန် အတွင်းမှာ ဖြစ်တတ်ပါတယ်။ ညဘက် မဖြစ်ဘူးလား။ အဖြစ် နည်းပါတယ်။

နှလုံးရောဂါသည်တွေကို လေဖြတ်မှာ စိုးရိမ်တဲ့အတွက် (baby asipirin) ဆေးပြားကို တနေ့(၁)ပြား သောက်ခိုင်းပါတယ်။ ညအိပ်ရာ မဝင်ခင် သောက်ပါ။ ဘာကြောင့်လဲ နေ့ဘက်မှ ပိုပြီး ဆေးစွမ်းပြစေချင်တဲ့ အတွက်ပါ။ (baby aspirin) တပြားဟာ (၂၄)နာရီ အာနိသင် ရှိပါတယ်။ လေဖြတ်နိုင်တဲ့ အခွင့်အလမ်း အများဆုံးက မနက်စောစောပိုင်း အချိန်တွေပါ။ (အက်စပလင်) ဆေးပြားတွေက အချိန်ကြာကြာ သိမ်းထားရင် ရှာလကာရည် (Vineger) အနံ့ထွက်လာလေ့ ရှိပါတယ်။

ဒီ(အက်စပလင်)ကို အသက်ကယ်ဆေးတမျိုးလို့လဲ မှတ်ယူနိုင်ပါတယ်။ မှန်ပါတယ် ။ လေဖြတ်ပြီး ဘဝပျက်ရမဲ့ ဒုက္ခကို ဒီဆေးပြားက ကယ်နိုင်တယ် မဟုတ်လား။ ဒါကြောင့် ဒီဆေးပြားကို မိမိ အိပ်ရာနှင့် မလှမ်းမကမ်းမှာ အမြဲ ဆောင်ထားသင့်ပါတယ်။ မိမိ လျှာအပေါ်တင်လိုက်တာနှင့် သွေးကြောထဲ အလွယ်တကူ ပျော်ဝင်သွားနိုင်တဲ့ (အက်စပလင်)အမျိုးအစားကို ရှာဖွေပြီး သုံးသင့်ပါတယ်။ Heart attack နှလုံးနာရောဂါ ဖြစ်တော့မယ် ဆိုတာနှင့် ကြိုတင်သတိပေးတဲ့ ရောဂါလက္ခဏာတွေ အများကြီး ရှိပါတယ်။ ဘယ်လက်မောင်းရင်းမှာ ကိုက်လာမယ်။ မေးစေ့အောက်မှာ မခံမရပ်နိုင်အောင် နာလာမယ်။ မူးမယ်။ ချွေးစေးတွေ ရုတ်တရက် ခန္ဓာကိုယ်မှာ ထွက်လာမယ်။

အဲ ဒါပေမဲ့ တခါတရံ နှလုံးနာဝေဒနာ စဖြစ်နေပြီ ဖြစ်ပေမဲ့ ဒီလက္ခဏာတွေ မပေါ်တာလဲ ရှိတတ်ပါတယ်။နှလုံးရှိတဲ့ ရင်ဘတ်နေရာမှာတောင် မနာဘူး။ မကိုက်ဘူးတဲ့။ မှန်ပါတယ်။ အိပ်ပျော်နေတဲ့ ဝေဒနာသည် ၆၀% ရာခိုင်နှုန်းက နှလုံးနာဝေဒနာ စတင် ဖိစီးနေကြပေမဲ့ သူတို့ အိပ်ပျော်နေကြရာမှတောင် မနိုးဘူးတဲ့။ မြန်မာတွေ ပြောလေ့ရှိတဲ့ အိပ်ပျော်နေရင်းနှင့် အသက်ထွက်သွားတယ်ဗျာ ဆိုတာ ဒီလို သေတာမျိုးတွေပေါ့ ခင်ဗျား။ ဒါပေမဲ့ နိုးသွားကြတဲ့ လူတွေက များပါတယ်။အိပ်ရာက နိုးနိုးချင်း ဘာလုပ်သင့်ပါသလဲ။

(အက်စပလင်) ဆေး (၂)ပြားကို ပါးစပ်ထဲ ပစ်ထည့်ပြီး ရေသောက်ချလိုက်ပေါ့ ခင်ဗျား။အဲ ဒီမှာ ရေက အရေးကြီးလာပြီ။ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိ စားပွဲပေါ် တွင် ရေပုလင်း အဲ ရေဗူးကို အမြဲ အဆင်သင့် ဆောင်ထားပြီး အိပ်သင့်ကြပါတယ်။နောက် ဘာဆက်လုပ်သင့်ပါသလဲ။

အိပ်ရာပေါ်တွင် ဆက်ပြီး လှဲမနေသင့်ပါဘူး။အိပ်ရာမှ ဖြည်းဖြည်း ထထိုင်ပြီး အနီးဆုံး ကုလားထိုင် တလုံးပေါ်မှာ သက်သက်သာသာ ငြိမ်ပြီး ထိုင်နေပါ။ အနီးပတ်ဝန်းကျင်မှ လူတွေကို နှိုးပြီး အကူအညီ တောင်းပါ။ ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ခိုင်းပါ။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ (Heart attack and water)ဆိုတဲ့ ဆောင်းပါးက ဒီလောက်ပါပဲ..။တိုတိုလေးပါ။ဒါပေမဲ့_ ဆောင်းပါးရှင်က ပြောထားပါတယ်။ ဒီဆောင်းပါးကို သင် လူ (၁၀)ယောက်ထံကို မျှဝေပို့ပေးပါ။ လူတယောက်ရဲ့ အသက်ကို သင်ကယ်ကောင်း ကယ်နိုင်ပါလိမ့်မယ်။ မှန်ပါတယ်။ ကျွန်တော်လည်း ဒီအတိုင်းပင် ယုံကြည်ပါတယ်။

စာရှုသူ ။ ဒီနေ့ ကမ္ဘာကြီးမှာ နှစ်စဉ် နှလုံးရောဂါဖြင့် သေသူ လူဦးရေ ဘယ်လောက် ရှိတယ်လို့ သင် ထင်ပါသလဲ။ (၂၀၁၇) ခုနှစ်မှာ (၁၇)ဒဿမ (၃)သန်း ရှိပါတယ်။ (၂၀၃၀)ခုနှစ်မှာ (၂၃)ဒဿမ (၆)သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

(၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သေတဲ့လူ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းက နှလုံးရောဂါဖြင့် သေကြပါတယ်..။ ဒီသေတဲ့ လူတွေအထဲက (၈၀)ရာခိုင်နှုန်း ဦးရေက ဆင်းရဲတဲ့ တိုင်းပြည်က သေကြတဲ့ လူတွေပါ။ အမေရိကန်ပြည်ထောင်စု တခုထဲမှာ ဒီရောဂါဖြင့် သေတဲ့ဦးရေက ၈(ရှစ်)သိန်းနီးပါး ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တရက်ကို နှလုံးရောဂါဖြင့် သေတဲ့ ပျှမ်းမျှ ဦးရေက ၂၁၅၀ (နှစ်ထောင့် တစ်ရာ့ငါးဆယ်) ရှိပါတယ်။ စက္ကန့် (၄၀)မှာ (၁)ယောက်နှုန်း သေနေကြတယ်ပေါ့ ခင်ဗျား။

(ကင်ဆာ) ရောဂါကို ဒီနေ့ လူတိုင်း အလွန်ကြောက်လန့်ကြပါတယ်။ အဲ ဒါပေမဲ့ ဒီကင်ဆာရောဂါ ကြောင့် ဒီနေ့ သေနေတဲ့ ဦးရေက နှလုံးရောဂါကြောင့် သေကြရတဲ့ ဦးရေလောက် မများပါဘူး။အမေရိကန်ပြည်ထောင်စုမှာ နှလုံးနှင့် နွယ်တဲ့ ရောဂါတမျိုးမျိုးကို ခံစားနေကြတဲ့ လူဦးရေက ၈၅ ဒဿမ ၆သန်းကျော် ရှိပါတယ်။ မှန်ပါတယ်။ ဒါကြောင့်လည်း ဒီနှလုံးရောဂါသည်တွေအတွက် အသုံးပြုနေရတဲ့ ဆေးကုသစရိတ်က အမေရိကန် ဒေါ်လာ (ဗေလီယံ)ပေါင်း ၃၂၀ (သုံးရာ့နှစ်ဆယ်) ကျော် ရှိပါတယ်။

Credit to Original Writer