မျက်နှာအသားရေပျက်စီးနိုင်လို့ မျက်နှာအရေပြားပေါ်မှာ လုံးဝမသုံးသင့်တဲ့ ပစ္စည်း၅မျိုး
မင်မင် ဒီရက်ပိုင်းမအားလို့ အရင်ဟာလေးတွေ ပြန်တင်ပေးလိုက်ပါတယ် DIY တွေ Homemade တွေဆိုပြီး အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ Skin Care ကြတဲ့သူတွေရှိမှာပေါ့
မင်မင်က ဒီနေ့ Homemade တွေနဲ့ပတ်သက်ပြီး သတိထားစရာတွေ ပြောပြသွားပါ့မယ် မျက်နှာအရေပြားပေါ်မှာ လုံးဝမသုံးသင့်တဲ့ ပစ္စည်း၅မျိုးအကြောင်းပါ
၁- ခန္ဓာကိုယ်လိမ်းတဲ့ Body Lotion
ဘာလို့ထိပ်ဆုံးတင်ထားလဲလို့မေးရင် လူတွေအလုပ်များဆုံးအရာမို့လို့ပါပဲ မျက်နှာလိမ်းစရာကုန်သွားတဲ့အခါ မျက်နှာပြောင်ကြီးမနေတတ်တဲ့သူတွေက လိုးရှင်းတွေလိမ်းတတ်ကြပါတယ်။
လိုးရှင်းတွေနဲ့ မျက်နှာလိမ်း Cosmetic တွေရဲ့ မတူတဲ့အချက်က လိုးရှင်းတွေဟာ ပြစ်နှစ်တယ်၊ အဆီများတယ် အနံ့ပြင်းပါတယ်။
အဲဒါတွေကြောင့်ပဲ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တာတွေနဲ့ ဓာတ်မတည့်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်
၂- သကြား
သကြားဆိုရင် တချို့လူတွေတန်းပြေးမြင်မိကြမှာပေါ့ ဘာတဲ့လဲ ပရိတ်သတ်ကြီး Scrub ပါဘုရားသကြားဆိုတာ မင်မင်တို့ဝယ်သုံးနေတဲ့ Cosmetic Scrub နဲ့ တခြားစီပါ အရမ်းကြမ်းပါတယ်
မျက်နှာကို ကော်ပတ်စားသလိုပါပဲ မမြင်နိုင်တဲ့ စုတ်ပြဲဒဏ်ရာသေးသေးလေးတွေ အများကြီးဖြစ်သွားစေနိုင်ပါတယ် ကြာလာရင် အဆီမပြန်တဲ့သူတောင် အဆီပြန်တဲ့အကျင့်ဖြစ်လာပါလိမ့်မယ်
၃- ရေပူ၊ရေနွေး
မျက်နှာကိုရေနွေးနဲ့ သွားမသစ်နဲ့နော် မျက်နှာခြောက်ကပ်ကုန်လိမ့်မယ် ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ခိုင်းတာ။
ကြက်သီးနွေးဆိုတာ သာမန်ရေထက်နည်းနည်းပဲနွေးတဲ့ဟာနော် ပြီးတော့မျက်နှာကို ရေနွေးငွေ့ရိုက်လို့လည်းရပါတယ် ရေနွေး၊ ရေပူနဲ့သာမသစ်ကြပါနဲ့ Common Sense ရှိကြပါ။
၎- သံပုရာသီး
သံပုရာသီးသခင်မတွေရှိတာပေါ့နော် ငယ်ငယ်တုန်းကကျောင်းမှသင်ရတာ ပြန်စဉ်းစားကြည့်ရအောင်သံပုရာသီးက Citrus Fruit ပေါ့၊ အဲ့တော့ Citrus Acid ပါတာပေါ့ အက်စစ်ဆိုတာဘာဖြစ်လဲဆိုတော့ လောင်တာပေါ့
သံပုရာသီးမျက်နှာပေါ်တင်တာ အသားဖြူမှာပေါ့ Chemical Burn နဲ့လောင်သွားတဲ့ဟာကိုဘဝကသံပုရာသီးပေးရင် ဖျော်ရည်ပဲလုပ်သောက်ပါနော်၊ မျက်နှာပေါ်တော့မတင်လိုက်ပါနဲ့။
အသီးတွေမျက်နှာပေါ်တင်ရတာ ဝါသနာပါရင် ပိုတေးတိုးနဲ့ တိုမှတိုတင်လို့ရတယ်နော် တကယ်လည်းအသားဖြူစေပါတယ်။
၅- သွားတိုက်ဆေး
နာမည်ကိုကြည့်လေ သွားတိုက်ဆေး တဲ့ မျက်နှာတိုက်ဆေးမှမဟုတ်တာ တချို့ဝက်ခြံသမားတွေ သွားတိုက်ဆေးတစ်တောင့်နဲ့ လက်ကမြင်းနေကြတာ မင်မင်ဖြင့်အသဲယားလိုက်တာ
သွားတိုက်ဆေးသွားလိမ်းရင် Chemical Burn နဲ့ လောင်ပါတယ်၊ ပိုးလည်းဝင်ပါတယ် စဉ်းစားကြည့်ပေါ့ သွားတိုက်ပြီးတာတောင် ပလုတ်ကျင်းရတာ မျက်နှာပေါ်အကြာကြီးသွားထားတော့ လောင်ကုန်မှာပေါ့လို့။
ဒါကတော့ မျက်နှာပေါ်မတင်ရမယ့် ပစ္စည်း၅မျိုးပါ။