Knowledge

အသီး ၁၀ မျိုးကို တစ်ပင်တည်းမှာသာ သီးနိုင်တဲ့အပင်ကိုဖန်တီးသူအဖြစ် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစံချိန်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အမျိုးသား

အသီး ၁၀ မျိုးကို တစ်ပင်တည်းမှာသာ သီးနိုင်တဲ့အပင်ကိုဖန်တီးသူအဖြစ် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစံချိန်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အမျိုးသား (ရုပ်သံ)

ကမ္ဘာပေါ်မှာ အသီးမျိုးစုံလင်ဆုံးသစ်ပင်က ဘယ်မှာရှိမလဲလို့ တွေးဖူးတယ်ဆိုရင်တော့ သင့်အတွက် အဖြေရှိနေပါပြီ။ ဩစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားမြို့ရှိ ဥယျာဉ်မှူးတစ်ဦးဟာ ကမ္ဘာပေါ်တွင် အသီးအမျိုးအစား (၁၀)မျိုးထက်မနည်းပါဝင်တဲ့သစ်ပင်တစ်ပင်မှ အသီးမျိုးစိတ်အများဆုံး အသီးမျိုးစိတ်(၅)မျိုးသီးလာနိုင်အောင်ဖန်တီးနိုင်ခဲ့သည့်အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်ကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

အဆိုပါ Husam Saraf အမည်ရှိ အီရတ်နိုင်ငံမှ ရွှေ့ပြောင်းအခြေချသူဟာ Shepparton လမ်းရှိ ၎င်းရဲ့အိုအေစစ်ပန်းခြံအတွင်းမှ အဖြူရောင်မက်မွန်သီး၊ အဖြူရောင်မက်မွန်အပွသီး၊ သွေးဇီးသီး၊ အဝါရောင်မက်မွန်သီး၊ အဝါရောင် မက်မွန်အပွသီး ၊ အဝါရောင်ဇီးသီး၊ ဗာဒံစေ့၊ peachcots ၊ apricots နှင့် ချယ်ရီသီးတို့ပါဝင်တဲ့အသီးပင်ကိုစိုက်ပျိုးခဲ့တာဘဲဖြစ်ပါတယ်။

Saraf ၏အဆိုအရ ၎င်းသစ်ပင်ဖန်တီးမှုလုပ်ငန်းစဉ်တစ်ခုလုံးဟာ မတူညီတဲ့အပင်များရဲ့တစ်ရှူးများကိုပေါင်းစပ်ဖန်တီးခြင်းပါဝင်တဲ့အလုပ်တစ်ခုဖြစ်ပြီး ရာသီပေါ် အသီးအနှံ 10 မျိုး ရရှိနိုင်သည်အထိ သုံးနှစ်နီးပါးကြာအောင် ဖြည်းညှင်းစွာလုပ်ဆောင်ခဲ့ရပါတယ်။အရင်ဆုံး ၎င်းအပင်ဟာ အဖြူရောင်မက်မွန်သီးပင်အဖြစ်စတင်ခဲ့ပြီး ထို့နောက်မှာ အခြားအပင်များမှ အကိုင်းအခက်များကိုပေါင်းထည့်ခြင်းဖြင့် ချဲ့ထွင်ခဲ့ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဆုရှင် Saraf က ၎င်း၏သစ်ပင်ဟာ မတူညီတဲ့ အသီးအနှံများ၊ အရွက်များနှင့်အရောင်များ ကွဲပြားသောယဉ်ကျေးမှုများကြား ညီညွတ်မှုနှင့်လေးစားမှုကိုကိုယ်စားပြုသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအယူအဆကိုမြှင့်တင်ရန် ဖန်တီးထားကြောင်း ပြောကြားခဲ့ပါတယ်။

Saraf ဟာ လွန်ခဲ့သည့်နှစ်အနည်းငယ်က ၎င်း၏သစ်ပင်အတွက် ၎င်း၏ကိုယ်ပိုင်လျှောက်လွှာကိုဝင်ရောက်ပေးသွင်းခဲ့စဉ်က သူ့အပင်မှာ အသီးအမျိုးအစား 10 မျိုးရှိကြောင်းဆိုခဲ့ပေမဲ့ အမှန်တကယ်မှာ မတူညီတဲ့မျိုးစိတ်ငါးမျိုးသာပါရှိနေခဲ့တာကြောင့် နောက်ဆုံးမှာ Saraf ရဲ့အပင်ဟာ ဇီးသီး၊ apricot ၊ ဗာဒံသီး၊ မက်မွန်သီးနှင့် ချယ်ရီသီးစတဲ့မျိုးစိတ်ငါးမျိုးပါရှိကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဤထူးခြားသောမှတ်တမ်းများအပြင်၊ Saraf က ဇီးသီး၊ မက်မွန်သီး၊ ချယ်ရီသီးစသည့် အခွံမာသီးတွေပါဝင်တဲ့အပင်တစ်ပင်နှင့် ကမ္ဘာပေါ်မှာ အရှည်လျားဆုံးလီလီပန်းများကိုလည်း ထပ်မံဖန်တီးစုဆောင်းလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။လီလီပန်းအများစုက ၄၀ မှ ၈၀ စင်တီမီတာကြား ကြီးထွားနိုင်ပေမဲ့လည်း Saraf က သူ့မှာ အရှည် ၁၅၃ စင်တီမီတာရှိသည့်နမူနာတစ်ခုရှိကြောင်းလည်း ဆိုခဲ့ပါတယ်။

Zawgyi(version)






