Knowledge













Credit

Unicode Version

ပန်းရံလုပ်ရင်း သားဘွဲ့ယူတဲ့ဆီ လိုက်သွားတဲ့အခါ

သားဖြစ်သူ ဘွဲ့ယူအမှီ အလုပ်ကနေပြေးရောက်လားတဲ့ ပန်းရန်သမားတစ်ဦးရဲ့ အဖြစ်အပျက်လေးပါ။မိဘဟာ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် မိဘဟာ မိဘပါပဲ။

မိဘဟာ ဆင်းရဲနွမ်းပါးလွန်းလို့ စွန်ပယ်ထားတက်ကြသော တချို့သော အရှက်အကြောက်ကြီးတဲ့ သားဆိုး သမီးဆိုးများလည်း ရှိနေသေး တက်ကြပါသေးတယ်။

မိဘရဲ့ တန်ဖိုးကို သိတက်တဲ့ သားသမီးများကျပြန်တော့လည်း မိဘဘယ်ဘဝရောက်နေပါစေ မိဘကျေးဇူးကို နားလည်သိတက်ကြပါတယ်။

မြန်မာပြည်က ပန်းရံဆရာ ဖခင်တစ်ဦးကတော့ သားဖြစ်သူ ဘွဲ့ယူဓါတ်ပုံ ရိုက်ကူးနေချိန်အမှီ မိမိပန်းရံလုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားပြီး

လုပ်ငန်းမှ အပြေးလာရောက်၍ သားဖြစ်နဲ့တွဲကာ အမှတ်တရ ဓါတ်ပုံလေး ရိုက်ကူးပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်ပေါ် မျှဝေပေးနိုင်ခဲ့ပါတယ်။

ကြည်နူးဖွယ်ရာ သားအဖ နှစ်ဦးရဲ့ ဘွဲ့ရဓါတ်ပုံလေးကတော့ လူမှုကွန်ယက် အင်တာနက်ပေါ်မှာLike တွေ Comment အများကြီးရရှိခဲ့ကာ မျှဝေရှယ်ယာလုပ်သူတွေလည်း များပြားခဲ့ပါတယ်။

အချို့သားသမီးတွေဆိုရင် ဖခင်က ပန်းရံသမားဆိုတာ သိစေချင်မှာ မဟုတ်ပါဘူး။ဒါပေမယ့် ဒီထဲက လူငယ်လေးကတော့ ဒီလို မဟုတ်ပါဘူး လေးစားစရာပါ။

ဒီလို နားလည်မှုရှိတဲ့ သားအဖကို မြင်ရတာလဲ စိတ်ချမ်းသာပါတယ်နော်။အတုယူစရာလဲ ကောင်းပါတယ်…။

ပရိတ်သတ်ကြီးလည်း ဒီသားအဖနှစ်ဦးရဲ့ ဘွဲ့ရဓါတ်ပုံလေးကို မိမိတို့ရဲ့ အမြင်လေးတွေ အောက်က Comment မှာ ရေးသားမှတ်ချက်လေးတွေ ပေးခဲ့ကြပါဦးနော်။

အရမ်းသဘောကျလို့ ဖတ်ရှုသူ ပရိတ်သတ်ကြီးလဲ အတွေးထဲမှာ တစ်ခုခု ကျန်ခဲ့ပါစေကြောင်း ထပ်လောင်း မျှဝေလိုက်ခြင်းဖြစ်ပါတယ်…။

Credit