Knowledge

သောက်တော်ရေကပ်ခြင်း သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိူးကျေးဇူးများ

သောက်တော်ရေ သောက်ပါ သောက်တော်ရေ ကပ်ပြီးတဲ့အခါ ဘေစင်ထဲဖြစ်ဖြစ် အိမ်ရှေ့တံစက်မြိတ်ကိုဖြစ်ဖြစ် ဗြန်းကနဲ သွန်ချလိုက်ပါတယ် အဲဒီလိုမလုပ်ပါနဲ့၊ စွန့်ပြီးသောက်ကောင်းပါတယ် ဘုရားရှင်ကိုယ်တော်မြတ်ကို ရိုရိုသေသေနဲ့ ကြည်လင်

သန့်ရှင်းသော သောက်တော်ရေတစ်ခွက်” နှစ်ခွက် သုံးခွက်” ကိုယ်အဆင်ပြေသလို ကပ်နိုင်ပါတယ်ဂုဏ်တော်ပွားပါ ပရိတ်ပဋ္ဌာန်းပူဇော်ပါ၊ ဘုရားရှင် ဘုဉ်းပေးပြီးလောက်သည့်အချိန်ကို မှန်းဆ၍ ပြန်စွန့်ပြီး တခြာခွက်ထဲလှယ်ပြီး သောက်ပါ

ဒါမမဟုတ် ရေသန့်ဗူးကြီးထဲ၊ ရေအိုးထဲ ပြန်ထည့်၍ သောက်ပါ

ရရှိမည့် အကျိုးတရားများကတော့ မှတ်ဉာဏ်အလွန်ကောင်းတယ်၊ ရူးနှမ်းပေါသွပ်မဖြစ်ပါဘူးသောက်တော်ရေ အစွမ်းကြောင့် အနာနဲ့ ဆေးတွေ့ပြီး ရောဂါမှန်သမျှ ကင်းရှင်းပါတယ် သေသည်

အထိ သတိကောင်းပါတယ်၊ အသားအရေ ဝါဝင်းစိုပြေတယ်၊ ဝိပဿနာ အားထုတ်ရင်လည်း လျှင်လျှင်မြန်မြန်ရရှိနိုင်ပါတယ် ။

Credit – ရွှေနံ့သာဓမ္မရိပ်သာဆရာတော်မေတ္တာဖြင့်

===============

Zawgyi




