>>>Unicode<<<
ကလေးငယ်များဘာဖြစ်ရင် ဘယ်နေရာကို နှိပ်ပေးရမယ်ဆိုတဲ့ နည်းလမ်းများ(မေမေများ အထူးသိထားသင့်ပါတယ်)
ကလေးငယ်တွေအတွက် နှိပ်နည်း ကလေးငယ်ရှိတဲ့ မိဘများသိထားသင့်တဲ့.. ဘာဖြစ်ရင် ဘယ်နေရာကို နှိပ်ပေးရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်..။
Places to press if something happens to infants.
(၁) ဦးခေါင်းနဲ့ သွားများ အတွက်
ခန္ဓာကိုယ်ရဲ့ reflexology မြေပုံညွှန်ပြပုံ အရ ဦးခေါင်းနဲ့ အံသွားများက ခြေချောင်းတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ အဆိုပါ ခြေချောင်းလေးတွေကို နှိပ်နယ်ပေးခြင်းဖြင့် သွား နဲ့ ဦးခေါင်းနာကျင်ခြင်း ဝေဒနာများကို
သက်သာစေပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ ဘယ် ညာ ခြေမလေးတွေ၊ ခြေဖျားလေးတွေကို ညင်ညင်သာသာ ဖျစ်ညစ်ပြီး ပတ်ပတ်လည် နှိပ်နယ်ပေးလိုက်ပါ။ နှိပ်တဲ့အခါ ခြေချောင်းအောက်ဘက် ဧရိယာ တစ်ဝှိုက်ကို ညင်ညင်သာသာ နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။
(၂) နှာခေါင်း အတွက်
ခြေချောင်းတစ်ချောင်းချင်းစီဟာ နှာခေါင်းနဲ့ပတ်သက်တဲ့ အစိတ်အပိုင်းအချို့နဲ့ ဆက်စပ်မှုရှိပါတယ်။ ဒါ့ကြောင့် နှာစေး၊ နှာပိတ် စတဲ့ ရောဂါဝေဒနာမျိုးခံစားရတဲ့အခါ သင့်ကလေးရဲ့ ခြေချောင်းအောက်ဘက်ဧရိယာတည့်တည့်ကို
လက်ညိုးနဲ့ လက်မကို အသုံးပြုပြီး ပတ်ပတ်လည် ညင်ညင်သာသာ နှိပ်နယ်ပေးလိုက်ပါ။ ညာဘက်နှိပ်ပြီးတဲ့အခါ ဘယ်ဘက်ကိုလည်း ထိုကဲ့သို ထပ်နှိပ်ပေးဖို့လိုအပ်ပါတယ်။
(၃) အဆုတ် အတွက်
အဆုတ်ကြောင့် ချောင်းဆိုးရင်ဘက်အောက်တဲ့အခါ ပုံမှာဖော်ပြထားတဲ့ ခြေချောင်းအောက်ဘက်ဧရိယာရဲ့ အောက်ဘက်နေရာတစ်ဝှိုက်ကို နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်။ ညာမှ ဘယ်သို့ ဆွဲပွတ်ပြီး
အသာအယာနှပ်ပေးဖို့လိုအပ်ပါတယ်။ အဆိုပါနေရာကို နှိပ်တဲ့အခါ မိမိရဲ့ လမ်းချောင်းများဖြင့် ကလေးကို ညင်ညင်သာသာနှိပ်နယ်ပေးဖို့လိုအပ်ပါတယ်။
(၄) ဝမ်းဗိုက် အတွက်
ဝမ်းဗိုက် နာကျင်ခြင်းအတွက် ပုံမှာဖော်ပြထားသလို ညာဘက်ခြေဖဝါးအောက်နေရာကို နှိပ်နယ်ပေးခြင်းဖြင့်သက်သာနိုင်ပါတယ်။
သင့်ရဲ့လက်မဖြင့် ခြေဖဝါးနှစ်ခုစလုံးရဲ့အလယ်တည့်တည့်နေရာကို စက်ဝိုင်းပုံသဏ္ဍာန်ရွေ့လျားပြီး နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်။
(၅) အူပြဿနာ အတွက်
အူသိမ်အူမ ပြဿနာများကိုဖယ်ရှားပေးနိုင်ဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ခြေထောက်နှစ်ဖက်စလုံးကို နှိပ်ပေးဖို့လိုအပ်ပါတယ်။ ပထမဦးစွာ သင့်ရဲ့လက်မကို ကလေးရဲ့ ဘယ်ဘက်ခြေဖဝါးရဲ့ဘယ်ဘက်ခြမ်း
အောက်ဆုံးမှာထားပါ။ ပြီးလျှင် ထိုနေရာကနေ တဖြည်းဖြည်းအပေါ်ထိပ်ပိုင်းသို့ နှိပ်ပြီးတွန်းတင် ပုံမှာသတ်မှတ်ထားတဲ့နေရာရောက်တဲ့အခါ ခြေဖဝါးရဲ့ ညာဘက်ကို တဖန်နှိပ်ပြီး တွန်းတင်းပေးပါ။
ခြေဖဝါး အစွန်ဆုံးသွားတဲ့အခါတူညီတဲ့အဆင့်ကနေ ညာဘက်ခြေဖဝါးသို့ ပြောင်းပြီး ထိုကဲ့သို့ ဘေးကနေ အောက်သို့ တဖြည်းဖြည်းနှိပ်ပြီး ဖိဆွဲပေးပါ။
(၆) ဝမ်းချုပ်ခြင်း အတွက်
သင့်ကလေးရဲ့ ဗိုက်က ဖောင်းပြီး ဝမ်းလဲ မသွားဘဲ ဝမ်းချုပ်တဲ့ ဝေဒနာဖြစ်ပေါ်နေတဲ့အခါ မျိုးမှာ ပုံမှာဖော်ပြပေးထားတဲ့
ခြေဖဝါးအောက် နေရာတစ်ဝှိုက်ကို ကြောင်လိမ် ဒါမှမဟုတ် စက်ဝိုင်းပုံစံ ညင်ညင်သာသာ နှိပ်ပေးဖို့လိုအပ်ပါတယ်..။
(၇) နှိပ်သင့်တဲ့ လက်ရဲ့ အဓိကနေရာများ
အစာအိမ်ပြဿနာ ဒါမှမဟုတ် ချောင်းဆိုတဲ့အခါမျိုးမှာ သင့်ရဲ့ လက်မနဲ့ ကလေးရဲ့ လက်ဖဝါးအလယ်နေရာကို စက်ဝိုင်းပုံစံစွဲပြီး နှိပ်ပေးပါ။ မျက်စိရောင်ခြင်း၊ နာခြင်းဖြစ်ပေါ်တဲ့အခါ
လက်ညိုးရဲ့ အစွန်အဖျားကို နှိပ်နယ်ပေးပါ။ ကြို့ထိုးခြင်း၊ အန်ခြင်းဖြစ်ပေါ်တဲ့အခါ လက်မအစွန်အဖျားနေရာကိုနှိပ်နယ်ပေးပါ။ ဖျားနာခြင်းဖြစ်တဲ့အခါ
လက်ခလယ်အစွန်အဖားလေးကို နှိပ်နယ်ပေးပါ။ ချောင်းဆိုးခြင်းနဲ့ အခြားအသက်ရှူဆိုင်ရာ ပြဿနာများဖြစ်ပေါ်တဲ့အခါ လက်သူကြွယ်ဖျားကို နှိပ်နယ်ပေးပါ။ သွားကိုက်ခြင်း၊ နာခြင်းဖြစ်ပေါ်တဲ့အခါ လက်သန်းအစွန်အဖျားကို နှိပ်နယ်ပေးပါ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည် ။