လမ်းဘေးခွေးလေးတွေကိုအစာကျွေးတာ ဘယ်လောက်ကုသိုလ်ရလဲ ဖတ်ကြည့်နော်
ဘယ် နေရာရောက်ရေ ာက် ခွေးကျွေးတဲ့ အလုပ်ကလေးကိုတော့ ဝတ်တစ်ခုလိုကိုထားပြီးလုပ်ဖြစ်ပါတယ်။
တစ်ခါတလေ ဆို လမ်းပေါ်မှ ာခွေးပိန်ကလေးတွေ တွေ့ ရရင်တောင် နီးစပ်ရာမုန့်ဆိုင်ကဝယ်ပြီး ကျွေးခဲ့ဖူးပါတယ်။
တစ်နေ့တော့ ဒီခွေးကျွေးတာနှင့်ပတ်သက်ပြီး သူငယ်ချင်းကမေးခွန်းတစ်ခုမေးလာပါတယ်။
တနင်္လာနံမို့ ခွေးကျွေးတာလားတဲ့၊မိမိက တနင်္လာနံဆိုတာဘာလဲလို့ ပြန်မေးတော့ သူငယ်ချင်းက ငွေနံလေတဲ့။ဒီတော့မှမိမိလည်းသဘောပေါက်သွားပြီး တနင်္လာနံကြောင့်တော့မဟုတ်ဘူး။
သီဟိုဠ်ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်ဖူးထားလို့ပါလို့ပြောပြီး အဲဒီသီဟိုဠ်ဝတ္ထုလေးကိုပါ သူငယ်ချင်းကိုပြောပြဖြစ် လိုက်ပါတယ်။
သူငယ်ချင်းကသြော်… ဒါကြောင့်ကိုးလို့ အတည်လိုလိုနောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိမှတ်မိနေပါသေးတယ်။
သူငယ်ချင်းကိုပြောပြဖူးခဲ့တဲ့ သီဟိုဠ်ဝတ္ထုလေးကို ဓမ္မမိတ်ဆွေတွေကိုလည်း ပြန်ပြောပြချင်ပါတယ်။တစ်ခါတုန် းက သီဟိုဠ်ကျွန်းမှာ “အရှင်စူဠနာဂ” လို့အ မည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။
သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ မြတ်စွာဘုရားရဲ့ညှပ်ရိုးတော်ကို ဌာပနာထားရာလည်းဖြစ်၊ ဒေဝါနံပိယတိဿမင်းကြီးရဲ့ ကောင်းမှုလည်းဖြစ်တဲ့ ထူပါရုံစေတီဆို တာရှိပါတယ်။
ထူပါရုံစေတီတော်ရဲ့အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။
အရှင်စူဠနာဂဟာ အဲဒီထူပါရုံကျောင်းတိုက်ကြီးမှာ တ ခြားရဟန်းတော်တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ။
တစ်နေ့ မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ခွေးမကိုသေချာကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။
ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေးသ နားသွားပါတယ်။
ဒါပေမယ့်ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့ ကျွေးစရာဆွမ်းကျန်လည်းမရှိတော့ပါဘူး။
ဒါကြောင့် ဘာလုပ်လိုက် သလဲဆိုတော့ ငါသည်စားအပ်ပြီး သော အ စာ မှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏လို့ နှလုံးပိုက်ပြီး မိမိရဲ့ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါ တယ်။
အရှင်စူဠနာဂဟာ ခွေးမကိုအန်ကျွေးရုံတင်မကပါဘူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီးရေလဲတိုက်လိုက်ပါသေးတယ်။
အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကိုကြည့်ပြီး အရှင်စူဠနာဂလည်း တစ်ခါမှမဖြစ်ဖူးတဲ့ ပီတိတွေဖြစ်လာပါတယ်။
ဒါကြောင့် ဆုတစ်ခုကိုကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။သူ့ရဲ့ဆုတောင်းက…“ ငါသည်..ဤခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးလိုက်ရသော ကုသို လ်ကောင်းမှု ကြောင့်နိ ဗ္ဗာန်ရောက်ရပါလို၏။
နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘပေါများရပါလို၏” တဲ့။စာမှာတော့ အရှင်စူဠနာ ဂရဲ့ ဒါနစေတနာ ဟာ ပထမ ဇောအ ဆ င့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ဆိုပါတယ်။
အရှင်စူဠနာဂဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ၊ တင်လဲခဲတွေ၊ သကာတွေ၊ ပျားရည်တွေ ယူလာပြီး အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲလို့မေးပြီး ရောက်လာကြပါတယ်။
အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။အရှင်စူဠနာဂဟာ ရောက်လာ တဲ့ ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲ ဝေလှူဒါန်း လိုက်ပါတယ်။
နောက်မကြာခင်မှာ ဒကာဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ သီဟိုဠ် ခေတ်မှာ အသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးတွေကို ယူလာပြီးကပ်လှူပြန်ပါတယ်။
အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။နံန က်လ င်းလို့ ဆွမ်း ခံကြွတဲ့အခါမှာတော့ ဒကာဒကာမတွေဟာ ရေ တွက်လို့မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။
ဘယ်လောက်အထိ ဆွမ်းတွေရသ လဲဆို ရင် ထူပါရုံ ကျောင်း တိုက်မှာ သီ တင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ဆိုပါတယ်။
ဒါကြောင့် အရှင်စူဠနာဂက ကျောက်စည်ကိုတီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူ လိုက် ပါတယ်။နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီးနေ့စဉ်ပြန်လှူခဲ့ပါတယ်။
တစ်နေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကိုအခြခံပြီး ဝိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာဝနာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားခဲ့ပါ တယ်။
တက်ကြွထ က် သန်တဲ့ “ဒါနစေတနာ” ဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ အရဟတ္တဖိုလ်အထိ အကျိုးပေးသွားတာပါပဲ။အရှင်စူဠနာဂ ရဟန္တ ာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလကြာကြာ ရက်တစ်ရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော်ငါးရာကြွလာပြီး၊
မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။အရှင်စူဠနာဂ ကလည်း လိုက် ပို့ပေးပါမယ် လို့ ပြန်ဝန်ခံ လိုက်ပါတ ယ် ။အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။
အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။လမ်းခရီးတစ်လျှောက်မှာ နတ်ကောင်းနတ်မြ တ်တွေက ကူညီစောင့်ရှောက်သလိုရောက်ရာဒေသက ဒကာဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ်လောင်းလှူကြပါတယ်။
မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေဝမ်းရောဂါကို အပြင်းအထန်ခံစားရပါတော့တယ်။ဒီတော့ အတူပါလာသူ ရဟန်းတော်တွေလ ည်း စိတ်မကောင်းဖြစ်ကြရပါတယ်။
သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့ အကြောင်းကတော့ အကယ်၍အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရ င် သူတို့အတွ က် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။
ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့်သလဲဆိုတော့ အရှင်ဘုရားတို့၊ အ ထွေအထူး မစိုးရိ မ်ကြပါနဲ့။တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ဓါတ်တော်ကို
ရှေ့ဆုံးကကြွတဲ့ မထေရ်ရဲ့ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြ စ် ဖွဲ့ချည်ပြီးမြို့ ရွာထဲဝင်ပါဘုရား။ဒါဆို အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်းဖြစ်ရပါလိမ့်မယ်ဘုရားလို့ အကြံပေးတော်မူပါတယ်။
အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ကျန်ခဲ့တဲ့ သတင်းသုံးဖော်ရဟန်းတော် တွေက အရှင်စူဠနာဂရဲ့ အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကိုယူပြီးကြွတော်မူကြပါတယ်။
ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့.. မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်းထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ် ။စေတနာကြီးမားလှတဲ့
သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မဝတ္ထုလေးပါ။
စေတနာရဲ့ သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ဝတ်ထုလေးအဖြစ်လည်း ပူးတွဲသဘောပေါက်လိုက်ရပါတယ်။အရှင်စူဠနာဂရဲ့ဝတ္ထုလေးကို သတိရနေသမျှတော့ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။ ခွေးတွေကို ကျွေးဖြစ်နေသမျှတော့ အရှင်စူဠနာဂရဲ့ ဝတ္ထုလေးကို သတိရနေဖြစ်အုံးမှာပါ။
#အရှင်ရာဇိန္ဒ (ရဝနွယ်အင်းမ)