သစ်တံခါးဆရာတော်မှ မေတ္တာဖြင့်လမ်းညွန်သည့် စနေ သားသမီးများ လာဘ်ပွင့်အစီရင်
စနေသားသမီးများ ကံပိတ်၊ လာဘ်ပိတ်ဖြစ်နေပါကကုသိုလ်ကာမာဝစရ ကံစွမ်းဖွင့်၊ လာဘ်ပွင့်အစီရင်
စနေသားသမီး ကံပိတ်၊ လာဘ်ပိတ်ဖြစ်နေပြီး လုပ်သမျှ အဆင်မပြေ လွဲချော်နေပြီး ဒုက္ခဖြစ်နေပါက ဆောင်ရွက်ပုံ
– ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ၊ ၃ မိနစ်အချိန်တွင် လက်ဖက်ထမင်းပေါ်တွင် အကြော်မျိုးစုံ ၁၀ ခု စုပေါင်းတင်လှူကာ
– ဇွန်း ခက်ရင်းတစ်စုံတပ်ပြီး သစ်သီး ၅ မျိုး ပန်းကန် တစ်ချပ်တွင် လှူပြီး…
– တံခွန်၊ ဝါ၊ စိမ်း၊ နီ၊ ပြာ ဖြူ ပန်းအိုးတစ်ခုဖြင့် တင်လှူဘုရားကန်တော့ပြီး ဆုတောင်းပါ။
– ဂုဏ်တော် ၉ပါး ပုတီး ၁၀ ပတ်စိပ်ရပါမည်။ ဆုတောင်းကာ အမျှဝေပြီး ၁၀ ရက်ဆက်တိုက် လုပ်ရပါမည်။
သိသာထင်ရှားစွာ ထူးခြားလာမည်ဖြစ်ပါတော့၏။ အဓိဋ္ဌာန်ဆောင်ရွက်စဉ်ရက်ပိုင်းအတွင်းတွင် အိမ်မှာရှိသော သစ်ပင် သို့မဟုတ် မရှိပါက လမ်းဘေး သစ်ပင်တွင် ကံပွင့်အမွှေးတိုင်လှူပြီး ဆုတောင်းပါ။ သိကြား၊ ဗြဟ္မာ နတ်ဒေဝါတွေ ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေ အမျှပေးဝေပါ၊ ကံပွင့်ပါစေ၊ လာဘ်ပွင့်ပါစေ၊ အောင်မြင်ပါစေ၊ အဆင်ပြေပါစေ ဆုတောင်းပါ ထူးခြားလာမည်။ ဆောင်ရွက်ကြည့်ပါ။ အောင်မြင် ပါမည်။
– မှတ်ချက် ။ ။ ရာဟုသားသမီးများသည် ဗုဒ္ဓဟူးနည်းတူဖြစ်ပါသည်။ ဘာမှ မထူးခြားပါ။ ဆောင်ရွက်ရပါမည်။ မိမိလုပ်သောယတြာပေါ် ယုံကြည်မှုရှိပြီး စိတ်စေတနာပါပါစေ။ ယုံကြည်မှုအပြည့်ဖြင့် ဆောင်ရွက်ပါ။ အဓိဋ္ဌာန်လုပ်နေစဉ် အတွင်း သတ္တဝါတွေအပေါ် မေတ္တာပို့လွှတ်မှု၊ အမျှဝေမှု မိမိစိတ်ထဲမှ စွဲမြဲစွာ တည်မှီနေပြီး သတိရှိရှိ အသိရှိရှိဖြင့် ဆောင်ရွက်နေ၊ အာရုံပြုနေပါက ထူးခြားစွာ မြန်ဆန်စွာ ကောင်းကျိုးဖြစ်ရပြီး အောင်မြင်မှုရကာ အေးချမ်းရပါမည်။
“ယုံကြည်မှုသာ ပိုပါစေ . . .ယုံကြည်စွာဖြင့် သဒ္ဓါပိုပြီး နေ့စဉ်အထုံ ဆောင်ရွက်ပါက အောင်မြင်မှုပေါင်း သရဖူဆောင်း၏”
မေတ္တာ စေတနာဖြင့် သစ်တံခါး ဆရာတော် သစ်တံခါးဆရာတော်၏ ကံထူး
ကံမြင့်ကံပွင့်စေကြောင်း အဓိဌာန်ကျင့်စဉ်ကောင်း စာအုပ်မှ ကူးယူဖော်ပြပါသည်။
#မေနာမယ
Zawgyi
#မေနာမယ