လူတွေ လုံးဝ သတိမထားမိတဲ့ ဗိုက်ပူရခြင်း အကြောင်းရင်း.အချိန်၁မိနစ်ပေးပီး ဖတ်ကြည့်ပါ
လူအများစုရဲ့အထင်က ဗိုက်ပူတာဟာဝမ်းဗိုက်မှာအဆီတွေ စုပါများပြီးအဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲထင်နေကြပါတယ်..အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။လူတွေ သတိမထားမိကြသေးတဲ့အကြောင်းတစ်ခု ရှိနေပါသေးတယ်။
အဲဒါကတော့ အူမကြီးတွေ ကြီးမားတုတ်ခိုင်လွန်း နေလို့ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။အထူးသဖြင့် အသက်ကြီးလာလို့ဗိုက်ပူထွက် လာကြရသူတွေဟာအဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့ဖြစ်ရတာ များပါတယ်..
အူမကြီးတွေ ဘာကြောင့် ကြီးမားတုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့အနှစ်နှစ်အလလ အစားအစာတွေကိုစားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာအူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။
အဲဒီ အစာဟောင်းတွေဟာရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ်ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။သို့သော်လဲ လူက ရေသောက်နည်းခြင်းအမျှင်စာ စားတာနည်းခြင်းလှုပ်ရှားမှု နည်းခြင်းတွေကြောင့်အစာဟောင်းတွေဟာရှေ့ကို မြန်မြန် မတိုးနိုင်ကြဘူး။
အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာမစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်…ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာကကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီးဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။
ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင် သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ..အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့လူတစ်ယောက်သေသွားလို့ သူ့အလောင်းကိုခွဲစိတ်ကြည့်ကြပါတယ်။ဗိုက်ကို ခွဲလိုက်ရာမှာသူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမားတုတ်ခိုင်နေတာကို တွေ့ကြပါတယ်..
အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့ကြောက်စရာကောင်းလောက်အောင်နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။အနှစ်နှစ်အလလကစုအောင်းလာတဲ့ မစင်ချိုးတွေကြောင့်အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီးဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့အူအရှည်ဟာ၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့..အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာလူကိုရောဂါများစေပြီး အသက်လည်းတိုတတ်ပါတယ်..
ဘာကြောင့်လဲဆိုတော့အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့အဆိပ်အတောက်တွေဟာ အူနံရံတွေကနေဝင်ပြီးတစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီးရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ဒါကြောင့် အဲဒီ မစင်ချိုးတွေကိုဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။
မစင်ချိုးတွေကို ဘယ်လို ရှင်းလင်းဖယ်ရှားပစ်ရမလဲ။နိုင်ငံခြားမှာတော့ဝမ်းချူတဲ့ စက်တွေနဲ့စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။ရကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာမစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ်နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့ဆိုပါတယ်..
ကျနော်တို့ တိုင်းပြည်မှာတော့အဲ့ဒီ့လောက် ခေတ်မမှီသေးဘူးဒါကြောင့်မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲလုပ်ကြတာပေါ့။မြန်မာတွေ အလွန်နှစ်သက်တဲ့ဟင်းအမယ်တွေရှိပါတယ်။အဲဒီ့ထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ..
ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်းချက်စားကြပါတယ်။ကင်ပွန်းသီးကိုလည်းတရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ်အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီးနေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူအားရပါးရစားပါသောက်ပါ။တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့..အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင်မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။
ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင် နောက်က တံမြက်စည်းနဲ့လှဲပြီးသန့်ရှင်းရေး လုပ်ပေးရပါတယ်။ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ဂေါရခါးညွန့်လို အရွက်အညွန့်တွေဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ..ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီးအိပ်လိုက်ပါ။
အူတွေ လှိုင်းထအောင်ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီးရေများများသောက်ဖို့လည်း လိုပါတယ်။အဲ နောက်နေ့ မနက်မှာတော့တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲကမစင်ချိုးတွေ အကျိအချွဲတွေအရိအရွဲတွေထွက်ကျလာလိမ့်မယ်။ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။
တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင်၁ နှစ်လောက်အကြာမှာသိသိသာသာ ဗိုက်ချပ်ပါတယ်။နေလို့လည်း ကောင်းသွားလိမ့်မယ်။အသက်ကြီးလာလို့ ဗိုက်ပူလာပြီးအစားလျှော့ပေမဲ့ ဗိုက်မချပ်သူများဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။ဗိုက်လေးချပ်မှလည်း ကြည့်ကောင်းတာ မဟုတ်လား??????
မူရင်းရေးသူ ကို credit ပေးပါတယ်
Zawgyi