ခရေရှိလျှင် ဆီးချိုမကြောက်တော့ပါ
ဦးဇင်းရဟန်းအစ်မတစ်ယောက်က အသံတိတ် လူသတ်ရောဂါလို့နာမည်ကြီးတဲ့ ဆီးချိုရောဂါ ရှိပါတယ်။ ငွေကြေလည်းပြည့်စုံတော့ အင်္ဂလိပ်ဆေးတွေသောက်နေရပါတယ် တစ်ခါဝယ်ရင် သောင်းဂဏန်း သိန်းဂဏန်းထိကုန်ကျပါတယ်။
အသက်ကို ငွေနဲ့ဝယ်ထားရတယ်ဆိုရင်လည်း မမှားပါဘူး။ ဒီဝေဒနာကိုခံစားနေရတာ ဦးဇင်းကို သိက္ခာမထပ်ခင်ကဆိုပါတော့ အခုဆို ၆ နှစ်မကတော့ပါဘူး။
ဦးဇင်းလည်းဒီဝေဒနာခံစားနေရတာ မကြည့်ရက် လို့ ငွေကြေးလည်းသက်သာ ဆိုးကျိုးလည်း မဖြစ်မယ့် ဆေးနည်းတွေရှာပေးပါတယ်။
ရုံးပတေသီး ရေစိမ်သောက်နည်း၊ သင်္ဘောသီးအစိမ်းကို ရေနွေးဖြင့်သောက်နည်း တွေကိုလမ်းညွန်ပေးပါတယ်။ သင်္ဘောသီးကိုရေနွေးစိမ်းသောက်တာ တစ်ပတ် နှစ်ပတ်လောက်ကြာပါတယ်…
မသက်သာပါဘူး။
ဆီးချိုတစ်ခါတက်ရင် ၅၀၀ထိတက်ပါတယ်။ ဒီလောက်ဆီးချိုတက်ရင် ခေါင်းမထူနိုင်တော့ပါဘူး ။သာမန်လူတစ်ယောက်ဆိုရင် လေဖြတ်ရုံတင်မက အသက်ပါသွားနိုင်တဲ့အခြေနေပါပဲ ။
သူကတော့ ကုသိုလ်ကောင်းမှုတွေများနေလို့လား ဒါမှမဟုတ် ဒီရောဂါကိုခံနိုင်ရှိသွားလို့လား မပြောတတ်ပါဘူး ။
အင်္ဂၤလိပ်ဆရာဝန်နှင့်ပြလိုက်လျှင်သက်သာ သွားပါတယ်… ၃၀၀ထိပြန်ကျသွားပါတယ် ။
လွန်ခဲ့တဲ့ ၂၀၁၄,၁၂ ပိုင်းက ရဟန်းအစ်မနှင့်အတူ ပဲခူး ကျောက်တန်း မဟာဗောဓိတောရကျောင်း ဆယ်ရက်တရားစခန်းပွဲမှာ တစ်ညအိပ် အချိုပွဲသွားလှူကြပါတယ်။
တောရကျောင်းမှာ ဦးဇင်းကို ပထမဦးဆုံးရဟန်းခံပေးတဲ့ ရဟန်းအစ်မနဲ့ တွေလို့ ရဟန်းအစ်မနှစ်ယောက် စကားကောင်းနေကြပါတယ်။ စကားပြောရင် စပ်မိလို့ဆီးချိုရောဂါဘက်ရောက်သွားပါတယ်။
ပဲခူးကရဟန်းအစ်မက သူဆီမှာဆီးချိုရောဂါရှိနေကြောင့် အချိုမှန်သမျှဘာမှ မစားရကြောင့် စာချင်ရက်နဲ့မစားရတာ ရှေးဘဝကသူများစား တာကိုမနာလိုခဲ့လိ့ုဖြစ်မီထင်ကြောင့် ဆီးချိုတစ်ခါ တက်ရင် အနည်းဆုံး ၃၅၀ထိရှိကြောင့် အသက်ကိုငွေနဲ့ဝယ်ထားရကြောင့် စသည်ဖြင့် ပြောပြပါတယ် ။
ကျောက်တန်းကရဟန်းအစ်မလည်း သူ့ရဲအဖြစ်ပျက် လက်တွေ့တစ်ခုကိုပြောပြပါတယ် ။
သူပြောပြပုံံက သူမောင်လေး ဂျပန်မှာ နေစဉ် ဦးဏှောက်ပိုးဝင်ကြောင့် ခွဲစိတ်ဖို့ဆရာဝန်အား ပြကြည့်ရာ ဆီးချိုရှိနေသဖြင့် ခွဲမရဖြစ်နေကြောင့် ဂျပန်ဆရာဝန်က ခရေရွက်ကို သုံးခွက်တစ်ခွက် ကျိုသောက်ရန် တပတ်ပြည့်လျှင်ပြန်လာရန် မှာလိုက်ပါတယ်။
သူ့မောင်လည်း ဂျပန်နိုင်ငံမှာ ခရေပင်လိုက်ရှာကာ ဆရာဝန်မှာထားသည့်အတိုင်း ပြုလုပ်လိုက်ရာ အံ့သြဖွယ်ရာ ဆီးချိုရောဂါ မရှိတော့သဖြင့် ဦးဏှောက်ခွဲစိတ်မှုအောင်မြင် သွားကြောင့်ပြောပြပါသည် ။
ပဲခူးကရဟန်းအစ်မလည်း ခရေရွက်ကို သုံးခွက်တစ်ခွက်ကျိုသောက်လိုက်ရာ အခုဆိုရင် အတော်သက်သာသွားသည် ။ဆီးချိုပြန်တိုင်းလိုက်ရင် ၁၅၀ ထိပဲကျန်တော့သည် ။
ပိုက်ဆံအကုန်လည်းသက်သာ ဘေးထွက်ဆိုးကျိုးလည်းမဖြစ် ဘယ်လောက်ကောင်းလိုက်သနည်း ။
ခရေပင်က မြို့တိုင်း ရွာတိုင်း အပိုင်းတိုင်းမှာ ရှိပါတယ်။လိုက်ရှာစရာလိုမယ်မထင်ပါဘူး။
ဒါပေမယ့်ဆီးချိုရောပျောက်တယ်လို့တော့ လူတိုင်းသိမယ်မထင်ပါဘူး ။
ဦးဇင်းတို့ကျောင်းမှာလည်းတန်စီပြီးစိုက်ထားပါတယ် အရိပ်ရအောင်ရယ် ပန်းမွှေးတာကြောင့် ရယ် ဆိုပြီးစိုက်ထားတာပါ ဦးဇင်းလည်း ဆေးဖက်ဝင်တယ်ဆိုတာကို လက်တွေ့မှဘဲ သိတော့တယ်ဗျာ။
တန်ဖိုးမရှိပေါများတယ် ဆိုရင် လူတွေက အထင်မကြီးတာမဆန့်ပါဘူး ဈေးကြီးပြီး တန်ဖိုးမရှိတာကို အထင်ကြီးတတ်တာလည်းမဆန်းပါဘူး။ အထင်မကြီးလို့ မလိုက်နာလည်း မလိုက်နာသူရဲတာဝန်ပါပဲနော် ။
ဆေးသမားတော်ကြီးဆရာဇီဝက.က သူ့ဆရာရဲ့အမေးကို ပြန်ဖြေသလိုပဲ သစ်ပင်တိုင်းက ဆေးဖက်ဝင်ပါတယ် သိသူဖော်စား မသိသူကျော်သွားပေါ့နော် ?
ကဲမိတ်ဆွေတို့လည်း သိသွားပြီ ပြန်လည်းမျှှဝေ လိုက်ကြအုံးနော် ကုသိုလ်ရပါတယ် ။
Credit ခရစ်ဒစ်
Zawgyi
ခေရရွိလၽွင္ ဆီးခ်ိဳမေၾကာက္ေတာ့ပါ
ဦးဇင္းရဟန္းအစ္မတစ္ေယာက္က အသံတိတ္ လူသတ္ေရာဂါလို႔နာမည္ႀကီးတဲ့ ဆီးခ်ိဳေရာဂါ ရွိပါတယ္။ ေငြေၾကလည္းျပည့္စုံေတာ့ အဂၤလိပ္ေဆးေတြေသာက္ေနရပါတယ္ တစ္ခါဝယ္ရင္ ေသာင္းဂဏန္း သိန္းဂဏန္းထိကုန္က်ပါတယ္။
အသက္ကို ေငြနဲ႔ဝယ္ထားရတယ္ဆိုရင္လည္း မမွားပါဘူး။ ဒီေဝဒနာကိုခံစားေနရတာ ဦးဇင္းကို သိကၡာမထပ္ခင္ကဆိုပါေတာ့ အခုဆို ၆ ႏွစ္မကေတာ့ပါဘူး။
ဦးဇင္းလည္းဒီေဝဒနာခံစားေနရတာ မၾကည့္ရက္ လို႔ ေငြေၾကးလည္းသက္သာ ဆိုးက်ိဳးလည္း မျဖစ္မယ့္ ေဆးနည္းေတြရွာေပးပါတယ္။
႐ုံးပေတသီး ေရစိမ္ေသာက္နည္း၊ သေဘၤာသီးအစိမ္းကို ေရေႏြးျဖင့္ေသာက္နည္း ေတြကိုလမ္းညြန္ေပးပါတယ္။ သေဘၤာသီးကိုေရေႏြးစိမ္းေသာက္တာ တစ္ပတ္ ႏွစ္ပတ္ေလာက္ၾကာပါတယ္…
မသက္သာပါဘူး။
ဆီးခ်ိဳတစ္ခါတက္ရင္ ၅၀၀ထိတက္ပါတယ္။ ဒီေလာက္ဆီးခ်ိဳတက္ရင္ ေခါင္းမထူနိုင္ေတာ့ပါဘူး ။သာမန္လူတစ္ေယာက္ဆိုရင္ ေလျဖတ္႐ုံတင္မက အသက္ပါသြားနိုင္တဲ့အေျခေနပါပဲ ။
သူကေတာ့ ကုသိုလ္ေကာင္းမႈေတြမ်ားေနလို႔လား ဒါမွမဟုတ္ ဒီေရာဂါကိုခံနိုင္ရွိသြားလို႔လား မေျပာတတ္ပါဘူး ။
အဂၤလႋပ္ဆရာဝန္ႏွင့္ျပလိုက္လၽွင္သက္သာ သြားပါတယ္… ၃၀၀ထိျပန္က်သြားပါတယ္ ။
လြန္ခဲ့တဲ့ ၂၀၁၄,၁၂ ပိုင္းက ရဟန္းအစ္မႏွင့္အတူ ပဲခူး ေက်ာက္တန္း မဟာေဗာဓိေတာရေက်ာင္း ဆယ္ရက္တရားစခန္းပြဲမွာ တစ္ညအိပ္ အခ်ိဳပြဲသြားလႉၾကပါတယ္။
ေတာရေက်ာင္းမွာ ဦးဇင္းကို ပထမဦးဆုံးရဟန္းခံေပးတဲ့ ရဟန္းအစ္မနဲ႔ ေတြလို႔ ရဟန္းအစ္မႏွစ္ေယာက္ စကားေကာင္းေနၾကပါတယ္။ စကားေျပာရင္ စပ္မိလို႔ဆီးခ်ိဳေရာဂါဘက္ေရာက္သြားပါတယ္။
ပဲခူးကရဟန္းအစ္မက သူဆီမွာဆီးခ်ိဳေရာဂါရွိေနေၾကာင့္ အခ်ိဳမွန္သမၽွဘာမွ မစားရေၾကာင့္ စာခ်င္ရက္နဲ႔မစားရတာ ေရွးဘဝကသူမ်ားစား တာကိုမနာလိုခဲ့လိ့ုျဖစ္မီထင္ေၾကာင့္ ဆီးခ်ိဳတစ္ခါ တက္ရင္ အနည္းဆုံး ၃၅၀ထိရွိေၾကာင့္ အသက္ကိုေငြနဲ႔ဝယ္ထားရေၾကာင့္ စသည္ျဖင့္ ေျပာျပပါတယ္ ။
ေက်ာက္တန္းကရဟန္းအစ္မလည္း သူ႔ရဲအျဖစ္ပ်က္ လက္ေတြ႕တစ္ခုကိုေျပာျပပါတယ္ ။
သူေျပာျပပုံံက သူေမာင္ေလး ဂ်ပန္မွာ ေနစဥ္ ဦးေဏွာက္ပိုးဝင္ေၾကာင့္ ခြဲစိတ္ဖို႔ဆရာဝန္အား ျပၾကည့္ရာ ဆီးခ်ိဳရွိေနသျဖင့္ ခြဲမရျဖစ္ေနေၾကာင့္ ဂ်ပန္ဆရာဝန္က ခေရရြက္ကို သုံးခြက္တစ္ခြက္ က်ိဳေသာက္ရန္ တပတ္ျပည့္လၽွင္ျပန္လာရန္ မွာလိုက္ပါတယ္။
သူ႔ေမာင္လည္း ဂ်ပန္နိုင္ငံမွာ ခေရပင္လိုက္ရွာကာ ဆရာဝန္မွာထားသည့္အတိုင္း ျပဳလုပ္လိုက္ရာ အံ့ၾသဖြယ္ရာ ဆီးခ်ိဳေရာဂါ မရွိေတာ့သျဖင့္ ဦးေဏွာက္ခြဲစိတ္မႈေအာင္ျမင္ သြားေၾကာင့္ေျပာျပပါသည္ ။
ပဲခူးကရဟန္းအစ္မလည္း ခေရရြက္ကို သုံးခြက္တစ္ခြက္က်ိဳေသာက္လိုက္ရာ အခုဆိုရင္ အေတာ္သက္သာသြားသည္ ။ဆီးခ်ိဳျပန္တိုင္းလိုက္ရင္ ၁၅၀ ထိပဲက်န္ေတာ့သည္ ။
ပိုက္ဆံအကုန္လည္းသက္သာ ေဘးထြက္ဆိုးက်ိဳးလည္းမျဖစ္ ဘယ္ေလာက္ေကာင္းလိုက္သနည္း ။
ခေရပင္က ၿမိဳ႕တိုင္း ရြာတိုင္း အပိုင္းတိုင္းမွာ ရွိပါတယ္။လိုက္ရွာစရာလိုမယ္မထင္ပါဘူး။
ဒါေပမယ့္ဆီးခ်ိဳေရာေပ်ာက္တယ္လို႔ေတာ့ လူတိုင္းသိမယ္မထင္ပါဘူး ။
ဦးဇင္းတို႔ေက်ာင္းမွာလည္းတန္စီၿပီးစိုက္ထားပါတယ္ အရိပ္ရေအာင္ရယ္ ပန္းေမႊးတာေၾကာင့္ ရယ္ ဆိုၿပီးစိုက္ထားတာပါ ဦးဇင္းလည္း ေဆးဖက္ဝင္တယ္ဆိုတာကို လက္ေတြ႕မွဘဲ သိေတာ့တယ္ဗ်ာ။
တန္ဖိုးမရွိေပါမ်ားတယ္ ဆိုရင္ လူေတြက အထင္မႀကီးတာမဆန႔္ပါဘူး ေဈးႀကီးၿပီး တန္ဖိုးမရွိတာကို အထင္ႀကီးတတ္တာလည္းမဆန္းပါဘူး။ အထင္မႀကီးလို႔ မလိုက္နာလည္း မလိုက္နာသူရဲတာဝန္ပါပဲေနာ္ ။
ေဆးသမားေတာ္ႀကီးဆရာဇီဝက.က သူ႔ဆရာရဲ့အေမးကို ျပန္ေျဖသလိုပဲ သစ္ပင္တိုင္းက ေဆးဖက္ဝင္ပါတယ္ သိသူေဖာ္စား မသိသူေက်ာ္သြားေပါ့ေနာ္ ?
ကဲမိတ္ေဆြတို႔လည္း သိသြားၿပီ ျပန္လည္းမၽွွေဝ လိုက္ၾကအုံးေနာ္ ကုသိုလ္ရပါတယ္ ။
Credit ခရစ္ဒစ္