Knowledge

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ သွားနေဖို့ ကြံနေသူတွေအတွက် သိထားသင့်တဲ့ လက်ရှိ နှစ်ရှည်ဗီဇာများ….

ျမန္မာႏိုင္ငံကေန ထိုင္းႏိုင္ငံ သြားေနဖို႔ ႀကံေနသူေတြအတြက္ သိထားသင့္တဲ့ လက္ရွိ ႏွစ္ရွည္ဗီဇာမ်ား..

🔶 LTR Visa – ၁၀ ႏွစ္ Visa သက္တမ္းတိုးႏိုင္ၿပီး LTR Visa ကိုင္ထားသူရဲ႕ ခင္ပြန္း..၊ ဇနီး ႏွင့္ အသက္ ၂၀ ေအာက္ ကေလးမ်ား အႀကဳံးဝင္ၿပီး LTR Visa ကိုင္ေဆာင္ထားသူ ၁ ေယာက္ အတြက္ မွီခိုသူ ၄ ေယာက္အထိ အက်ဳံးဝင္ပါတယ္။

ဒီဗီဇာကို ကိုဗစ္ကာလေနာက္ပိုင္းမွ အတည္ျပဳေပးခဲ့တာျဖစ္ၿပီး အရည္အခ်င္း ျပည့္ဝတဲ့ ႏိုင္ငံျခားသားေတြအတြက္ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလ ၁ ရက္က စတင္ကာ Long-term Resident (LTR) Visa ကို စတင္ထုတ္ေပးေနၿပီျဖစ္ပါတယ္။

🔷ခ်မ္းသာတဲ့ ႏိုင္ငံျခားသားမ်ား ၊ အနည္းဆုံး အေမရိကန္ ေဒၚလာ ၁ သန္း ပိုင္ဆိုင္ထားသူမ်ား..။

🔷ခ်မ္းသာတဲ့ ပင္စင္စားမ်ား၊ ပုံမွန္ ပင္စင္လစာ သို႔မဟုတ္ ပုံမွန္ ဝင္ေငြ ရွိတဲ့ အသက္ ၅၀ နဲ႔အထက္ ႏိုင္ငံျခားသားမ်ား။

🔷ထိုင္းမွာ အလုပ္လာလုပ္မယ့္သူမ်ား၊ ႏိုင္ငံျခားက ကုမၸဏီေတြအတြက္ ထိုင္းမွာ လာေရာက္ အလုပ္လုပ္သူမ်ား။

🔷ပညာအရည္အခ်င္း ျမင့္မားတဲ့ ပေရာက္ဖက္ရွင္နယ္မ်ား၊ စီးပြားေရး လုပ္ငန္းမ်ား၊ အဆင့္ျမင့္ ပညာသင္ၾကားေရး ေက်ာင္းမ်ား၊ သုေတသန စင္တာမ်ားအတြက္ အလုပ္လုပ္ေနတဲ့ သက္ဆိုင္ရာ နယ္ပယ္မွ ပညာရွင္မ်ား။

🔶 Thailand Elite Visa – ထိုင္းမွာဇိမ္က်က်အနားယူလိုသူမ်ားအတြက္ Elite Visa ေစ်းႏႈန္းေတြက 🔷၅ ႏွစ္ ေနထိုင္ခြင့္ ဘတ္(၆)သိန္း၊ 🔷၁၀)ႏွစ္ေနထိုင္ခြင့္ – ဘတ္(၈)သိန္း၊ 🔷၂၀ ႏွစ္ ဘတ္ (၁) သန္း၊ 🔷 ၂၀)ႏွစ္ေနထိုင္ခြင့္ (မိသားစု) – ဘတ္(၂)သန္း ျဖစ္ပါတယ္ ။

Elite Visa ကို Thailand Privilege Card ေအာက္က အစီအစဥ္ ျဖစ္ၿပီး Thai Elite Visa Office မွာဗီဇာကိစၥေလ်ာက္ထားႏိုင္ပါတယ္။

🔶 Investment Visa – ဘတ္ ၁၀ သန္းနဲ႔ အထက္ ရင္းႏွီးျမႇပ္ႏွံတဲ့ ႏိုင္ငံျခားသားေတြဟာ ၁ ႏွစ္ Non-immigrant Investment Visa ကိုေလ်ာက္ထားႏိုင္ပါတယ္။

ႏိုင္ငံျခားသားေတြဟာ Investment Visa ရဖို႔ေအာက္ပါအခ်က္ေတြထဲက ၁ ခုမွာ ဘတ္ ၁၀ သန္း ရင္းႏွီးျမႇပ္ႏွံရမွာျဖစ္ပါတယ္။

✅ အနည္းဆုံး ဘတ္ ၁၀ သန္းတန္ ကြန္ဒိုမီနီယမ္ ဝယ္ယူျခင္း။ ✅ ထိုင္း အစိုးရနဲ႔ ႏိုင္ငံပိုင္ ကုမၸဏီေတြရဲ႕ Bond ေတြကို ဝယ္ယူျခင္း။ ✅ ထိုင္း ဘဏ္ရဲ႕ စာရင္းေသ အပ္ေငြ အေကာင့္မွာ ေငြ ထည့္သြင္းျခင္း တို႔ပဲျဖစ္ပါတယ္။

🔶 Retirement Visa အေၾကာင္း – Retirement Visa ေလ်ာက္ထားသူဟာ ထိုင္းႏိုင္ငံမွ Non Immgrant Visa ေတြထဲကတခုျဖစ္တဲ့ • Business (B-type) / • Marriage (O-type) / • Education (ED-type) မ်ားမွ visa တခုခုကို ရထားသူျဖစ္ၿပီး ၄င္း ဗီဇာမ်ားမွတစ္ဆင့္ ေျပာင္း ေလွ်ာက္ရမွာပါ။

🔷ေလွ်ာက္ထားသူဟာ အနည္းဆုံး အသက္ ၅၀ ႏွင့္အထက္ျဖစ္ရပါမည္။ 🔷Non-immigrant Visa တခုခုရထားရပါမည္။ 🔷လစဥ္ဝင္ေငြ (ပင္စင္လစာ) အနည္းဆုံး ဘတ္ ၆၅,၀၀၀ ရွ္ိရမည္။

(သို႔မဟုတ္ ) 🔷ဘဏ္ထဲမွာ အနည္းဆုံး ၃ လအၾကာက ထည့္ထားတဲ့ ဘတ္ ၈၀၀,၀၀၀ ရွိရပါမည္။ 🔷Retirement Visa ရၿပီဆိုရင္ ထိုင္းမွာ ၁ ႏွစ္ၾကာေနထိုင္ႏိုင္ၿပီး ႏွစ္စဥ္ သက္တမ္း တိုးသြားႏိုင္ပါသည္။

🔶 Marriage or Guardian Visa – ထိုင္း လူမ်ိဳးေတြနဲ႔ လက္ထပ္ထားတဲ့ လူေတြအတြက္ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒ B.E.2522 အရ ထိုင္း လူမ်ိဳးနဲ႔ လက္ထပ္ထားတဲ့ ႏိုင္ငံျခားသား ၁ ေယာက္ဟာ ထိုင္းမွာ Marriage Visa ေလွ်ာက္ထားႏိုင္ပါတယ္။

ေလွ်ာက္ထားသူအတြက္ ပထမဆုံး လိုအပ္ခ်က္က Non-immigrant Visa နဲ႔ ထိုင္းကို ဝင္လာဖို႔လိုအပ္ပါတယ္။

အဲဒီေနာက္မွာ Non-immigrant Visa ကိုင္ထားသူဟာ ထိုင္းကို လာၿပီး ရက္ ၉၀ အတြင္း လက္ထပ္တာ ကို အေျခခံကာ ၁ ႏွစ္သက္တမ္းတိုးႏိုင္ပါတယ္။

ဒါ့အျပင္ ေငြေၾကး လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီဖို႔ လိုပါတယ္။ ၁ ႏွစ္ေနထိုင္ခြင့္ကို ႏွစ္တိုင္း သက္တမ္းတိုးႏိုင္ပါတယ္။

🔷 လိုအပ္ခ်က္မ်ားနဲ႔ အက်ိဳးေက်းဇူးမ်ား – Marriage Visa ေလွ်ာက္ထားဖို႔အတြက္ ေအာက္ပါ လိုအပ္ခ်က္ေတြရွိပါယ္။

• ထိုင္း ႏိုင္ငံသားကို တရားဝင္ လက္ထပ္ထားရမွာပါ။ • ေလွ်ာက္ထားသူဟာ ထိုင္း ဘဏ္ အေကာင့္ထဲမွာ အနည္းဆုံး ရက္ ၆၀ ၾကာ ဝင္ေငြ ဘတ္ ၄၀,၀၀၀ သို႔မဟုတ္ ၄၀၀,၀၀၀ ကို ထည့္ထားရမွာပါ။

• လစဥ္ဝင္ေငြလိုအပ္ခ်က္ကို ျပည့္မွီဖို႔ ထိုင္းျပင္ပက ဝင္ေငြဆိုရာမွာ ပင္စင္လစာ၊ ရင္းႏွီးျမႇပ္ႏွံမႈ ဝင္ေငြနဲ႔ တျခား အရင္းအျမစ္ေတြကေန ျဖစ္ပါတယ္။

လစဥ္ ဝင္ေငြဟာ လုံေလာက္ၿပီး သက္ေသခံစာ႐ြက္စာတမ္း ျပသႏိုင္ရင္ ေလွ်ာက္ထားသူဟာ အလုပ္လုပ္စရာ မလိုပါဘူး။ ထိုင္း အမ်ိဳးသားနဲ႔ လက္ထပ္ထားတဲ့ ႏိုင္ငံျခားသူဟာ လစဥ္ဝင္ေငြ ျပသစရာ မလိုပါဘူး။

ဒါေပမယ့္ အမ်ိဳးသမီးဟာ လက္ထပ္မႈကို အေျခခံကာ ေနထိုင္ခြင့္ သက္တမ္းတိုးတဲ့အခါ ထိုင္း အမ်ိဳးသားဟာ ဝင္ေငြခြန္ကို ေပးၿပီးေၾကာင္း သက္ေသျပရမွာပါ။

🔷 Marriage Visa ကိုင္ထားသူဟာ ေအာက္ပါ အက်ိဳးေက်းဇူးေတြရမွာပါ။

• ေနထိုင္ခြင့္ ၁ ႏွစ္အတြင္း ထိုင္းကို အႀကိမ္ႀကိမ္ လာေရာက္ႏိုင္ၿပီး သက္တမ္းတိုးရင္လည္း ထိုင္းကေန ထြက္ခြာစရာ မလိုပါဘူး။

• အလုပ္ ပါမစ္ကို ေလွ်ာက္ထားႏိုင္ပါတယ္။ • ထိုင္း ဘဏ္မွာ ေငြစု အေကာင့္ ဖြင့္ႏိုင္ပါတယ္။

မူရင္း ဘန္ေကာက္လမ္းၫြန္ကိုစိုင္း အား ေလးစားစြာ ခရက္ဒစ္ / ျပန္လည္မွ်ေဝပါသည္။

Credit

Zawgyi

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ သွားနေဖို့ ကြံနေသူတွေအတွက် သိထားသင့်တဲ့ လက်ရှိ နှစ်ရှည်ဗီဇာများ..

🔶 LTR Visa – ၁၀ နှစ် Visa သက်တမ်းတိုးနိုင်ပြီး LTR Visa ကိုင်ထားသူရဲ့ ခင်ပွန်း၊ ဇနီး နှင့် အသက် ၂၀ အောက် ကလေးများ အကြုံးဝင်ပြီး LTR Visa ကိုင်ဆောင်ထားသူ ၁ ယောက် အတွက် မှီခိုသူ ၄ ယောက်အထိ အကျုံးဝင်ပါတယ်။

ဒီဗီဇာကို ကိုဗစ်ကာလနောက်ပိုင်းမှ အတည်ပြုပေးခဲ့တာဖြစ်ပြီး အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံခြားသားတွေအတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်က စတင်ကာ Long-term Resident (LTR) Visa ကို စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။

🔷ချမ်းသာတဲ့ နိုင်ငံခြားသားများ ၊ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ သန်း ပိုင်ဆိုင်ထားသူများ..။

🔷ချမ်းသာတဲ့ ပင်စင်စားများ၊ ပုံမှန် ပင်စင်လစာ သို့မဟုတ် ပုံမှန် ဝင်ငွေ ရှိတဲ့ အသက် ၅၀ နဲ့အထက် နိုင်ငံခြားသားများ။

🔷ထိုင်းမှာ အလုပ်လာလုပ်မယ့်သူများ၊ နိုင်ငံခြားက ကုမ္ပဏီတွေအတွက် ထိုင်းမှာ လာရောက် အလုပ်လုပ်သူများ။

🔷ပညာအရည်အချင်း မြင့်မားတဲ့ ပရောက်ဖက်ရှင်နယ်များ၊ စီးပွားရေး လုပ်ငန်းများ၊ အဆင့်မြင့် ပညာသင်ကြားရေး ကျောင်းများ၊ သုတေသန စင်တာများအတွက် အလုပ်လုပ်နေတဲ့ သက်ဆိုင်ရာ နယ်ပယ်မှ ပညာရှင်များ။

🔶 Thailand Elite Visa – ထိုင်းမှာဇိမ်ကျကျအနားယူလိုသူများအတွက် Elite Visa စျေးနှုန်းတွေက 🔷၅ နှစ် နေထိုင်ခွင့် ဘတ်(၆)သိန်း၊ 🔷၁၀)နှစ်နေထိုင်ခွင့် – ဘတ်(၈)သိန်း၊ 🔷၂၀ နှစ် ဘတ် (၁) သန်း၊ 🔷 ၂၀)နှစ်နေထိုင်ခွင့် (မိသားစု) – ဘတ်(၂)သန်း ဖြစ်ပါတယ် ။

Elite Visa ကို Thailand Privilege Card အောက်က အစီအစဉ် ဖြစ်ပြီး Thai Elite Visa Office မှာဗီဇာကိစ္စလျောက်ထားနိုင်ပါတယ်။

🔶 Investment Visa – ဘတ် ၁၀ သန်းနဲ့ အထက် ရင်းနှီးမြှပ်နှံတဲ့ နိုင်ငံခြားသားတွေဟာ ၁ နှစ် Non-immigrant Investment Visa ကိုလျောက်ထားနိုင်ပါတယ်။

နိုင်ငံခြားသားတွေဟာ Investment Visa ရဖို့အောက်ပါအချက်တွေထဲက ၁ ခုမှာ ဘတ် ၁၀ သန်း ရင်းနှီးမြှပ်နှံရမှာဖြစ်ပါတယ်။

✅ အနည်းဆုံး ဘတ် ၁၀ သန်းတန် ကွန်ဒိုမီနီယမ် ဝယ်ယူခြင်း။ ✅ ထိုင်း အစိုးရနဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေရဲ့ Bond တွေကို ဝယ်ယူခြင်း။ ✅ ထိုင်း ဘဏ်ရဲ့ စာရင်းသေ အပ်ငွေ အကောင့်မှာ ငွေ ထည့်သွင်းခြင်း တို့ပဲဖြစ်ပါတယ်။

🔶 Retirement Visa အကြောင်း – Retirement Visa လျောက်ထားသူဟာ ထိုင်းနိုင်ငံမှ Non Immgrant Visa တွေထဲကတခုဖြစ်တဲ့ • Business (B-type) / • Marriage (O-type) / • Education (ED-type) များမှ visa တခုခုကို ရထားသူဖြစ်ပြီး ၄င်း ဗီဇာများမှတစ်ဆင့် ပြောင်း လျှောက်ရမှာပါ။

🔷လျှောက်ထားသူဟာ အနည်းဆုံး အသက် ၅၀ နှင့်အထက်ဖြစ်ရပါမည်။ 🔷Non-immigrant Visa တခုခုရထားရပါမည်။ 🔷လစဉ်ဝင်ငွေ (ပင်စင်လစာ) အနည်းဆုံး ဘတ် ၆၅,၀၀၀ ရှ်ိရမည်။

(သို့မဟုတ် ) 🔷ဘဏ်ထဲမှာ အနည်းဆုံး ၃ လအကြာက ထည့်ထားတဲ့ ဘတ် ၈၀၀,၀၀၀ ရှိရပါမည်။ 🔷Retirement Visa ရပြီဆိုရင် ထိုင်းမှာ ၁ နှစ်ကြာနေထိုင်နိုင်ပြီး နှစ်စဉ် သက်တမ်း တိုးသွားနိုင်ပါသည်။

🔶 Marriage or Guardian Visa – ထိုင်း လူမျိုးတွေနဲ့ လက်ထပ်ထားတဲ့ လူတွေအတွက် လူဝင်မှုကြီးကြပ်ရေး ဥပဒေ B.E.2522 အရ ထိုင်း လူမျိုးနဲ့ လက်ထပ်ထားတဲ့ နိုင်ငံခြားသား ၁ ယောက်ဟာ ထိုင်းမှာ Marriage Visa လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားသူအတွက် ပထမဆုံး လိုအပ်ချက်က Non-immigrant Visa နဲ့ ထိုင်းကို ဝင်လာဖို့လိုအပ်ပါတယ်။

အဲဒီနောက်မှာ Non-immigrant Visa ကိုင်ထားသူဟာ ထိုင်းကို လာပြီး ရက် ၉၀ အတွင်း လက်ထပ်တာ ကို အခြေခံကာ ၁ နှစ်သက်တမ်းတိုးနိုင်ပါတယ်။

ဒါ့အပြင် ငွေကြေး လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။ ၁ နှစ်နေထိုင်ခွင့်ကို နှစ်တိုင်း သက်တမ်းတိုးနိုင်ပါတယ်။

🔷 လိုအပ်ချက်များနဲ့ အကျိုးကျေးဇူးများ – Marriage Visa လျှောက်ထားဖို့အတွက် အောက်ပါ လိုအပ်ချက်တွေရှိပါယ်။

• ထိုင်း နိုင်ငံသားကို တရားဝင် လက်ထပ်ထားရမှာပါ။ လျှောက်ထားသူဟာ ထိုင်း ဘဏ် အကောင့်ထဲမှာ အနည်းဆုံး ရက် ၆၀ ကြာ ဝင်ငွေ ဘတ် ၄၀,၀၀၀ သို့မဟုတ် ၄၀၀,၀၀၀ ကို ထည့်ထားရမှာပါ။

• လစဉ်ဝင်ငွေလိုအပ်ချက်ကို ပြည့်မှီဖို့ ထိုင်းပြင်ပက ဝင်ငွေဆိုရာမှာ ပင်စင်လစာ၊ ရင်းနှီးမြှပ်နှံမှု ဝင်ငွေနဲ့ တခြား အရင်းအမြစ်တွေကနေ ဖြစ်ပါတယ်။

လစဉ် ဝင်ငွေဟာ လုံလောက်ပြီး သက်သေခံစာရွက်စာတမ်း ပြသနိုင်ရင် လျှောက်ထားသူဟာ အလုပ်လုပ်စရာ မလိုပါဘူး။ ထိုင်း အမျိုးသားနဲ့ လက်ထပ်ထားတဲ့ နိုင်ငံခြားသူဟာ လစဉ်ဝင်ငွေ ပြသစရာ မလိုပါဘူး။

ဒါပေမယ့် အမျိုးသမီးဟာ လက်ထပ်မှုကို အခြေခံကာ နေထိုင်ခွင့် သက်တမ်းတိုးတဲ့အခါ ထိုင်း အမျိုးသားဟာ ဝင်ငွေခွန်ကို ပေးပြီးကြောင်း သက်သေပြရမှာပါ။

🔷 Marriage Visa ကိုင်ထားသူဟာ အောက်ပါ အကျိုးကျေးဇူးတွေရမှာပါ။

• နေထိုင်ခွင့် ၁ နှစ်အတွင်း ထိုင်းကို အကြိမ်ကြိမ် လာရောက်နိုင်ပြီး သက်တမ်းတိုးရင်လည်း ထိုင်းကနေ ထွက်ခွာစရာ မလိုပါဘူး။

• အလုပ် ပါမစ်ကို လျှောက်ထားနိုင်ပါတယ်။ ထိုင်း ဘဏ်မှာ ငွေစု အကောင့် ဖွင့်နိုင်ပါတယ်။

မူရင်း ဘန်ကောက်လမ်းညွန်ကိုစိုင်း အား လေးစားစွာ ခရက်ဒစ် ပြန်လည်မျှဝေပါသည်။