Knowledge

ဘာ့ကြောင့် လူသေ ရင် ၃ ရက် ထားကြတာလဲ….?

ဒီဓလေ့ဟာ သီရိမာ ကစတာပါ၊ သီရိမာ ဆိုတာ ပြည့်တန်ဆာတစ်ဦး သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်၊သူကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက သံဃာတော်တွေပါ ပါဝင်ခဲ့တယ်။

ဥတ္တရာ ရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီး သံဃာ ၈ပါးကိုနေ့စဉ်ဆွမ်းလှူ ခဲ့တယ်။သူမသေဆုံးသွားတဲ့အခါ ဘုရားရှင် က ဗိဗ္မိသာရ မင်းကြီးကို ချက်ချင်းမမြှတ်စေပဲ လင့်စင်ထိုးပြီး သုဿ န်မှာ ၃ရက်ထားစေတယ်။၃ ရက်မြောက်တဲ့နေ့မှာ နာမကျန်းတဲ့သူနဲ့ ကလေးငယ်မှလွဲ၍ အားလုံး သီရိမာရဲ့မြေမြုတ်ပွဲကို လာရောက်ကြည့်ရှု့ရမည်၊ ပျက်ကွက်ပါကဒဏ်ငွေ ၈ ကျပ် ဆောင်ရမည်ဆိုပြီး မောင်းလှည့်ခတ်စေတယ်။

ဘုရားကလည်း သံဃာအားလုံး လာရောက်၍ ကြည့်ရှု့ရမည်ဟုအမိန့်ထုတ်တယ်။ ၃ ရက်မြောက်တဲ့နေမှာ သိရိမာ ရဲ့ ရုပ်ကတော်တော်လေးပျက်စီးနေပြီ၊ဒွာရပေါက် အပေါင်းမှစီးထွက်လာတဲ့ အရည်နံ့ကလဲ ထောင်းထောင်းထနေခဲ့ပြီ။အဲ့ဒီအခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံးလေလံပွဲကို စတင်ပါတယ်။သီရိမာကို လိုချင်တဲ့သူရှိရင် အဿ ပြာ တစ်ထောင်နဲ့ အပိုင်ယူနိုင်ပါတယ်တဲ့။

တစ်ယောက်မှ မလှုပ်ကြပါ၊ ဒါနဲ့ ၅၀၀ – ၂၅၀ – အလကားပေးမယ်ဆိုတာတောင် မယူကြတော့ဘူး။ဒီတော့နောက်တစ်မျိုးပြောင်းပြီ သိရိမာကို ကြင်ကြင်နာနာနဲ့ခေါ်ထားမယ်ဆိုရင် အသပြာ ၁၀၀၀ ပေးမယ်ဆိုတာတောင် ဘယ်သူမှ ယူမယ့်သူမရှိဘူး။ ဒီတော့မှ ဘုရား က မရဏသဘောကိုတရားဟောတယ်၊ အားလုံးကိုလဲ သရဏံဂုံတင်ပေးတယ်။

လူအများ ကျွတ်တန်းဝင်ကြတယ်ပေါ့ဗျာ….

အဲ့ဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘ ရှု့တဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။

မှတ်ချက်။ ။ သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ။ ယခုအခါမှာယွင်းစွာ သေသူကိုတင်သည်ဟုထင်နေကြသည်။

နောက်တစ်ခုက

မသာ တစ်ခေါက် ကျောင်း ဆယ်ခေါက်ဆိုတာကို မသာ တစ်ခေါက်ပို့ခြင်းဟာ ကျောင်း ဆယ်ခေါက်သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်၊ တကယ်က မသာ တစ်ခေါက်ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်း ကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ။

မူရင်း Credit

ဒီဓေလ့ဟာ သီရိမာ ကစတာပါ၊ သီရိမာ ဆိုတာ ျပည့္တန္ဆာတစ္ဦး သူမနဲ႔ ေပ်ာ္ပါးခ်င္ရင္ အႆ ျပာ ၁၀၀၀ ေပးရတယ္၊သူကိုသေဘာက်ႏွစ္သက္ၾကတဲ့အထဲမွာ လူတင္မက သံဃာေတာ္ေတြပါ ပါဝင္ခဲ့တယ္။

ဥတၱရာ ရဲ႕ေက်းဇူးေၾကာင့္ သူမဟာ ဘာသာကိုင္းရႈိင္းသူျဖစ္ခဲ့ၿပီး သံဃာ ၈ပါးကိုေန႔စဥ္ဆြမ္းလႉ ခဲ့တယ္။သူမေသဆုံးသြားတဲ့အခါ ဘုရားရွင္ က ဗိဗၼိသာရ မင္းႀကီးကို ခ်က္ခ်င္းမျမႇတ္ေစပဲ လင့္စင္ထိုးၿပီး သုႆ န္မွာ ၃ရက္ထားေစတယ္။၃ ရက္ေျမာက္တဲ့ေန႔မွာ နာမက်န္းတဲ့သူနဲ႔ ကေလးငယ္မွလြဲ၍ အားလုံး သီရိမာရဲ႕ေျမျမဳတ္ပြဲကို လာေရာက္ၾကည့္ရႈ႕ရမည္၊ ပ်က္ကြက္ပါကဒဏ္ေငြ ၈ က်ပ္ ေဆာင္ရမည္ဆိုၿပီး ေမာင္းလွည့္ခတ္ေစတယ္။

ဘုရားကလည္း သံဃာအားလုံး လာေရာက္၍ ၾကည့္ရႈ႕ရမည္ဟုအမိန႔္ထုတ္တယ္။ ၃ ရက္ေျမာက္တဲ့ေနမွာ သိရိမာ ရဲ႕ ႐ုပ္ကေတာ္ေတာ္ေလးပ်က္စီးေနၿပီ၊ဒြာရေပါက္ အေပါင္းမွစီးထြက္လာတဲ့ အရည္နံ႔ကလဲ ေထာင္းေထာင္းထေနခဲ့ၿပီ။အဲ့ဒီအခါမွာေတာ့ ကမာၻေပၚမွာ ပထမဦးဆုံးေလလံပြဲကို စတင္ပါတယ္။သီရိမာကို လိုခ်င္တဲ့သူရွိရင္ အႆ ျပာ တစ္ေထာင္နဲ႔ အပိုင္ယူႏိုင္ပါတယ္တဲ့။

တစ္ေယာက္မွ မလႈပ္ၾကပါ၊ ဒါနဲ႔ ၅၀၀ – ၂၅၀ – အလကားေပးမယ္ဆိုတာေတာင္ မယူၾကေတာ့ဘူး။ဒီေတာ့ေနာက္တစ္မ်ိဳးေျပာင္းၿပီ သိရိမာကို ၾကင္ၾကင္နာနာနဲ႔ေခၚထားမယ္ဆိုရင္ အသျပာ ၁၀၀၀ ေပးမယ္ဆိုတာေတာင္ ဘယ္သူမွ ယူမယ့္သူမရွိဘူး။ ဒီေတာ့မွ ဘုရား က မရဏသေဘာကိုတရားေဟာတယ္၊ အားလုံးကိုလဲ သရဏံဂုံတင္ေပးတယ္။

လူအမ်ား ကြၽတ္တန္းဝင္ၾကတယ္ေပါ့ဗ်ာ….

အဲ့ဒီကစလို႔ ၃ ရက္ထားတဲ့ ဓေလ့၊ အသုဘ ရႈ႕တဲ့ဓေလ့၊ သရဏံဂုံတင္တဲ့ဓေလ့ေတြ စတင္ျဖစ္လာခဲ့တယ္လို႔ဆိုတယ္။

မွတ္ခ်က္။ ။ သရဏံဂုံတင္ျခင္းသည္ ေသသူကိုတင္ျခင္းမဟုတ္ပါ။ ယခုအခါမွာယြင္းစြာ ေသသူကိုတင္သည္ဟုထင္ေနၾကသည္။

ေနာက္တစ္ခုက

မသာ တစ္ေခါက္ ေက်ာင္း ဆယ္ေခါက္ဆိုတာကို မသာ တစ္ေခါက္ပို႔ျခင္းဟာ ေက်ာင္း ဆယ္ေခါက္သြားျခင္းနဲ႔ ကုသိုလ္တူတယ္လို႔ထင္ေနၾကတယ္၊ တကယ္က မသာ တစ္ေခါက္ပို႔တဲ့အတြက္ သံေဝဂရၿပီး ေက်ာင္း ကို ဆယ္ေခါက္ေရာက္သြားလိမ့္မယ္လို႔ဆိုတာပါ။

မူရင္း Credit