အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင်မိန်းမပျိုတစ်ယောက် ကားတစ်စီးကို ကိုယ်တိုင်မောင်းနှင်နေသည်။
သူမဘေးထိုင်ခုံမှာတော့ သူမ၏အဖေထိုင်နေ၏။
သူမသည်ကားမောင်းလာခဲ့ရာ ခရီးအတော်ရောက်လာတော့
သူမတို့သားအဖနှစ် ယောက် မုန်တိုင်းတစ်ခုထဲ ရောက်မှန်းမသိ ရောက်လာမိကြတယ်။
မိန်းကလေးက သူမအဖေကို မေးလိုက်တယ်။
” အခု ဘာလုပ်သင့်သလဲ… ဖေဖေ ”
” ကားကို….ထိန်း မောင်း…သမီး”
ဒီလိုနဲ့…သူမက ကားကိုထိန်းမောင်းရင်း… မီတာအတော်ရောက်လာတော့
တခြားကားတွေ လမ်းဘေးမှာ ရပ်နားဖို့ပြင်ဆင်နေတာကို တွေ့ရတယ်..
မုန်တိုင်းက အတော်လေးဆိုးလာတာကိုး။
မိန်ကလေးလည်း အနည်းငယ် ကြောက်စိတ်ဝင်လာပြီး
သူမအဖေကို ထပ်မေးတယ်။
” ဖေဖေ ….သမီးတို့လည်းပဲ …
လမ်းဘေးမှာ ရပ်နားရင် ကောင်းမယ်နဲ့တူတယ်နော် ”
” မရပ်နဲ့သမီး…ကားကို ထိန်းမောင်း..ပါကွယ်”
မိန်းကလေးလည်း ကားကို ထိန်းသိမ်းမောင်း နှင်လာရာ
မိုင်အတော်များများ ခရီးရောက်ခဲ့၏။
မုန်တိုင်းလည်း အတော်လေးပြင်းပြင်းထန်ထန် တိုက်နေ၏။
ကားအတော်များများလမ်းဘေးမှာ ရပ်နားနေတာကို သူမကြည့်ရင်း ကားအရှိန်လျှော့လိုက်ပြီး
”ဖေဖေ ….အခုချိန်ဟာ ကားကိုလမ်းဘေးမှာ ရပ်နားဖို့သင့်ပြီလို့ထင်တယ်…
မုန်တိုင်းကပိုဆိုးလာပြီး ရှေ့မြင်ကွင်းကလည်း
ဖုန်တွေနဲ့ လမ်းကိုသဲသဲကွဲကွဲ… မမြင်ရတော့ဘူး ” ဟု သူမ၏ အဖေကို ထပ်ပြောလိုက်သည်။
” မရပ်နဲ့သမီး…ကားကို ထိန်းမောင်း..ပါကွယ်”
သူမသည်သူမ၏အဖေပြောသလို ကားကိုဆက်လက်ထိန်းမောင်းခဲ့တယ်။
မုန်တိုင်းကလည်း….ပို၍ပို၍ ဆိုးလာသလို
သူမ ရှေ့ မြင်ကွင်းကိုကြည့်ပြီး…
ကားကိုထိန်းမောင်းရတာပိုမိုပြီး ခက်ခဲလာတယ်
လမ်းဘေးလုံခြုံတဲ့နေရာမှာ ကားကိုရပ်လိုက်ပြီး နားနေရင်
ကောင်းမယ်လို့ သူမစဉ်းစားနေမိတယ်
ဒါပေမယ့်…သူမက …
ကားကိုဆက်လက်ပြီး ထိန်းမောင်းလာခဲ့တယ်…
သူမက …ဆိုးဝါးတဲ့မုန်တိုင်းထဲမှာ ကားကိုသတိကြီးစွာထိန်းမောင်းရင်း…
သူမရှေ့မြင်ကွင်းဟာ တဖြည်းဖြည်းကြည်လင်လာတယ်
အတော်လေးမောင်းမိတော့…
သူမတို့ မုန်တိုင်း ကင်းလွတ်ပြီးခြောက်သွေ့သာယာတဲ့
လမ်းမပေါ်ရောက်နေတာကိုတွေ့ရတယ်…
ဒီအချိန်မှာ…သူမအဖေကပြောတယ်
“သမီးရေ.ကားကိုလမ်းဘေးချရပ်ပြီး အပြင်ထွက် ကြရအောင် ”
”ဘာလို့လဲ…ဖေဖေ… သမီးတို့ မုန်တိုင်းထဲက လွတ်လာပြီလေ ”
အဖေက ပြုံးပြီး…ပြန်ပြောတယ်
” သမီးရေ….စောစောက လမ်းဘေးမှာ ရပ်ထားခဲ့တဲ့ကားတွေဟာ
အခုချိန်ထိ မုန်တိုင်းထဲမှာ ပိတ်မိ ရုန်းကန်နေကြရသေးတာကို
သမီးကားထဲကနေ.. အပြင်ထွက်ကြည့်တဲ့အခါ တွေ့လိမ့်မယ်
သမီးရဲ့ဘဝမှာလည်း..
မုန်တိုင်းလိုမျိုး ဆိုးဝါးတဲ့ အခက်အခဲတွေကို
ဘယ်တော့မှ အရှုံးမပေးနဲ့ သမီး
ရှေ့ဆက်သွားပါ အခုလို..မုန်တိုင်းကိုဖြတ်ကျော်ခဲ့သလိုမျိုးပေါ့…ကွယ် ”
ဘဝခရီးလမ်းတလျှောက်မှာ စိတ်ဖိစီးမှုတွေ
စိတ်ပျက်အားငယ်စရာ အတွေ့အကြုံတွေ၊
တွေ့ကြရမှာအသေအချာပါပဲ။
ဘဝရဲ့ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်ကျော်နေစဉ်မှာ
လူအများစုက စိတ်ပျက် အားလျှော့တတ်ကြတယ်
မုန်တိုင်းထဲမှာ ပိတ်မိခံပြီး ရပ်နားနေတဲ့ကားတွေလိုပဲ
ရုန်းမထွက်နိုင်ကြတော့ အချိန်အကြာကြီး ပိုမိုခက်ခဲစွာ ရုန်းကန်နေကြရတယ်။
အခက်အခဲတွေကို အရှုံးမပေးပဲ ရုန်းကန် ဖောက်ထွက်ခြင်းဟာ
အောင်မြင်မှုတံခါးကို ဖွင့်တဲ့သော့ချက်တစ်ခုဖြစ်တယ်
လူတိုင်း လူတိုင်းမှာ အောင်မြင်မှုတံခါးကို
ဖွင့်လှစ်တဲ့သော့တစ်ချောင်းစီ ပါကြပါတယ်.
အဲ့ဒါကတော့
ခက်ခဲတဲ့အချိန်တွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပြီး ဖောက်ထွက်တဲ့နည်းပါပဲ
သင်ကြိုးစားရုန်းကန်နေသ၍ အောင်မြင်မှု တံခါးဆီကို တရွေ့ရွေ့ချဉ်းကပ်နေတာပါ
ကြိုးစားမှု အားထုတ်မှု ရပ်တန့်လိုက် မှသာ ရှုံးနိမ့်သွားတာပါ…
သင်တို့ဘဝမှာ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်နိုင်ကြပါစေ…
credit
အေဝးေျပးလမ္းမႀကီးတစ္ခုေပၚတြင္မိန္းမပ်ိဳတစ္ေယာက္ ကားတစ္စီးကို ကိုယ္တိုင္ေမာင္းႏွင္ေနသည္။
သူမေဘးထိုင္ခုံမွာေတာ့ သူမ၏အေဖထိုင္ေန၏။
သူမသည္ကားေမာင္းလာခဲ့ရာ ခရီးအေတာ္ေရာက္လာေတာ့
သူမတို႔သားအဖႏွစ္ ေယာက္ မုန္တိုင္းတစ္ခုထဲ ေရာက္မွန္းမသိ ေရာက္လာမိၾကတယ္။
မိန္းကေလးက သူမအေဖကို ေမးလိုက္တယ္။
” အခု ဘာလုပ္သင့္သလဲ… ေဖေဖ ”
” ကားကို….ထိန္း ေမာင္း…သမီး”
ဒီလိုနဲ႔…သူမက ကားကိုထိန္းေမာင္းရင္း… မီတာအေတာ္ေရာက္လာေတာ့
တျခားကားေတြ လမ္းေဘးမွာ ရပ္နားဖို႔ျပင္ဆင္ေနတာကို ေတြ႕ရတယ္..
မုန္တိုင္းက အေတာ္ေလးဆိုးလာတာကိုး။
မိန္ကေလးလည္း အနည္းငယ္ ေၾကာက္စိတ္ဝင္လာၿပီး
သူမအေဖကို ထပ္ေမးတယ္။
” ေဖေဖ ….သမီးတို႔လည္းပဲ …
လမ္းေဘးမွာ ရပ္နားရင္ ေကာင္းမယ္နဲ႔တူတယ္ေနာ္ ”
” မရပ္နဲ႔သမီး…ကားကို ထိန္းေမာင္း..ပါကြယ္”
မိန္းကေလးလည္း ကားကို ထိန္းသိမ္းေမာင္း ႏွင္လာရာ
မိုင္အေတာ္မ်ားမ်ား ခရီးေရာက္ခဲ့၏။
မုန္တိုင္းလည္း အေတာ္ေလးျပင္းျပင္းထန္ထန္ တိုက္ေန၏။
ကားအေတာ္မ်ားမ်ားလမ္းေဘးမွာ ရပ္နားေနတာကို သူမၾကည့္ရင္း ကားအရွိန္ေလွ်ာ့လိုက္ၿပီး
”ေဖေဖ ….အခုခ်ိန္ဟာ ကားကိုလမ္းေဘးမွာ ရပ္နားဖို႔သင့္ၿပီလို႔ထင္တယ္…
မုန္တိုင္းကပိုဆိုးလာၿပီး ေရွ႕ျမင္ကြင္းကလည္း
ဖုန္ေတြနဲ႔ လမ္းကိုသဲသဲကြဲကြဲ… မျမင္ရေတာ့ဘူး ” ဟု သူမ၏ အေဖကို ထပ္ေျပာလိုက္သည္။
” မရပ္နဲ႔သမီး…ကားကို ထိန္းေမာင္း..ပါကြယ္”
သူမသည္သူမ၏အေဖေျပာသလို ကားကိုဆက္လက္ထိန္းေမာင္းခဲ့တယ္။
မုန္တိုင္းကလည္း….ပို၍ပို၍ ဆိုးလာသလို
သူမ ေရွ႕ ျမင္ကြင္းကိုၾကည့္ၿပီး…
ကားကိုထိန္းေမာင္းရတာပိုမိုၿပီး ခက္ခဲလာတယ္
လမ္းေဘးလုံၿခဳံတဲ့ေနရာမွာ ကားကိုရပ္လိုက္ၿပီး နားေနရင္
ေကာင္းမယ္လို႔ သူမစဥ္းစားေနမိတယ္
ဒါေပမယ့္…သူမက …
ကားကိုဆက္လက္ၿပီး ထိန္းေမာင္းလာခဲ့တယ္…
သူမက …ဆိုးဝါးတဲ့မုန္တိုင္းထဲမွာ ကားကိုသတိႀကီးစြာထိန္းေမာင္းရင္း…
သူမေရွ႕ျမင္ကြင္းဟာ တျဖည္းျဖည္းၾကည္လင္လာတယ္
အေတာ္ေလးေမာင္းမိေတာ့…
သူမတို႔ မုန္တိုင္း ကင္းလြတ္ၿပီးေျခာက္ေသြ႕သာယာတဲ့
လမ္းမေပၚေရာက္ေနတာကိုေတြ႕ရတယ္…
ဒီအခ်ိန္မွာ…သူမအေဖကေျပာတယ္
“သမီးေရ.ကားကိုလမ္းေဘးခ်ရပ္ၿပီး အျပင္ထြက္ ၾကရေအာင္ ”
”ဘာလို႔လဲ…ေဖေဖ… သမီးတို႔ မုန္တိုင္းထဲက လြတ္လာၿပီေလ ”
အေဖက ၿပဳံးၿပီး…ျပန္ေျပာတယ္
” သမီးေရ….ေစာေစာက လမ္းေဘးမွာ ရပ္ထားခဲ့တဲ့ကားေတြဟာ
အခုခ်ိန္ထိ မုန္တိုင္းထဲမွာ ပိတ္မိ ႐ုန္းကန္ေနၾကရေသးတာကို
သမီးကားထဲကေန.. အျပင္ထြက္ၾကည့္တဲ့အခါ ေတြ႕လိမ့္မယ္
သမီးရဲ႕ဘဝမွာလည္း..
မုန္တိုင္းလိုမ်ိဳး ဆိုးဝါးတဲ့ အခက္အခဲေတြကို
ဘယ္ေတာ့မွ အရႈံးမေပးနဲ႔ သမီး
ေရွ႕ဆက္သြားပါ အခုလို..မုန္တိုင္းကိုျဖတ္ေက်ာ္ခဲ့သလိုမ်ိဳးေပါ့…ကြယ္ ”
ဘဝခရီးလမ္းတေလွ်ာက္မွာ စိတ္ဖိစီးမႈေတြ
စိတ္ပ်က္အားငယ္စရာ အေတြ႕အႀကဳံေတြ၊
ေတြ႕ၾကရမွာအေသအခ်ာပါပဲ။
ဘဝရဲ႕ခက္ခဲတဲ့ အခ်ိန္ကာလေတြကို ျဖတ္ေက်ာ္ေနစဥ္မွာ
လူအမ်ားစုက စိတ္ပ်က္ အားေလွ်ာ့တတ္ၾကတယ္
မုန္တိုင္းထဲမွာ ပိတ္မိခံၿပီး ရပ္နားေနတဲ့ကားေတြလိုပဲ
႐ုန္းမထြက္ႏိုင္ၾကေတာ့ အခ်ိန္အၾကာႀကီး ပိုမိုခက္ခဲစြာ ႐ုန္းကန္ေနၾကရတယ္။
အခက္အခဲေတြကို အရႈံးမေပးပဲ ႐ုန္းကန္ ေဖာက္ထြက္ျခင္းဟာ
ေအာင္ျမင္မႈတံခါးကို ဖြင့္တဲ့ေသာ့ခ်က္တစ္ခုျဖစ္တယ္
လူတိုင္း လူတိုင္းမွာ ေအာင္ျမင္မႈတံခါးကို
ဖြင့္လွစ္တဲ့ေသာ့တစ္ေခ်ာင္းစီ ပါၾကပါတယ္.
အဲ့ဒါကေတာ့ …
ခက္ခဲတဲ့အခ်ိန္ေတြကို တည္တည္ၿငိမ္ၿငိမ္ရင္ဆိုင္ၿပီး ေဖာက္ထြက္တဲ့နည္းပါပဲ
သင္ႀကိဳးစား႐ုန္းကန္ေနသ၍ ေအာင္ျမင္မႈ တံခါးဆီကို တေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္ေနတာပါ
ႀကိဳးစားမႈ အားထုတ္မႈ ရပ္တန႔္လိုက္ မွသာ ရႈံးနိမ့္သြားတာပါ
သင္တို႔ဘဝမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိပိုင္ဆိုင္ႏိုင္ၾကပါေစ…
credit