ေငြသုံးၾကမ္းတဲ့သူေတြအတြက္ေတာ့ ပိုက္ဆံစုရတာ လြယ္ကူတဲ့ကိစၥ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ တခ်ိဳ႕ေတြက လက္ထဲ ပိုက္ဆံရွိရင္ သုံးခ်င္စိတ္က ထိန္းမရၾကဘူးေလ။ လက္ထဲက ေငြယားေလးေတြ ကုန္သြားမွ ေနသာထိုင္သာရွိသူေတြေတာင္ ရွိၾကပါတယ္။ အဲဒီေတာ့ တစ္ဆင့္ခ်င္းသြားၿပီး တစ္ႏွစ္အတြင္း ပိုက္ဆံ မ်ားမ်ားစားစား စုမိေစမယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
တစ္ဆင့္ခ်င္းစုနည္း
ဒီနည္းလမ္းကေတာ့ သီတင္းပတ္တစ္ပတ္ခ်င္းစီ ပိုက္ဆံစုရမွာ ျဖစ္ပါတယ္။ တစ္ႏွစ္ကို သီတင္းပတ္ ၅၂ ပတ္ရွိေတာ့ ၅၂ ခါ စုရမွာေပါ့။ ပထမဆုံး စစုတဲ့အပတ္မွာ ၅၀၀ ဒါမွမဟုတ္ ၁၀၀၀ နဲ႔ စတင္ႏိုင္ပါတယ္။ဒါေပမဲ့ တစ္ပတ္ထက္ တစ္ပတ္ ဆတိုးစုသြားရမွာျဖစ္ပါတယ္။ ပထမဆုံး အပတ္မွာ ၁၀၀၀ စုရင္ ေနာက္တစ္ပတ္ ၂၀၀၀၊ေနာက္တစ္ပတ္က် ၃၀၀၀ …..အစရွိသလို ဆတိုး တိုးသြားရမွာပါ။အဲဒီလိုဆိုရင္ တစ္ႏွစ္ကုန္တာနဲ႔ ၁၃၇၈၀၀၀ စုမိမွာျဖစ္ပါတယ္။ ဒီနည္းလမ္းကေတာ့ ပိုက္ဆံမသုံးဘဲ ပုံမွန္စုသြားမွ အဆင္ေျပမွာပါ။တကယ္လို႔ အပတ္တိုင္း ပိုက္ဆံမစုႏိုင္ဘူးဆိုရင္လည္း စုမယ့္ပိုက္ဆံ ပမာဏကို တိုးၿပီး လတိုင္း စုသြားတာမ်ိဳး လုပ္ႏိုင္ပါတယ္။
သုံးတဲ့ပိုက္ဆံရဲ႕ ရာခိုင္ႏႈန္းအလိုက္ ျပန္စုတာ
ဒီနည္းလမ္းကေတာ့ ပိုက္ဆံ စုမိေစ႐ုံတင္မကဘဲ ကိုယ့္ရဲ႕ အသုံးစရိတ္ ဘယ္ေလာက္ရွိလဲဆိုတဲ့အခ်က္ကိုပါ တိတိက်က် သိေစႏိုင္မွာျဖစ္ပါတယ္။ ဘယ္လိုလုပ္ရမလဲဆိုေတာ့ကိုယ္ဝယ္ယူမယ့္ ပစၥည္းတစ္ခုခု ဒါမွမဟုတ္ ကိုယ့္စားမယ့္ စားစရာတစ္ခုခုရဲ႕ ၁၀ ပုံ၊ ၁ ပုံ(၁၀ ရာခိုင္ႏႈန္း)ကို စုထားဖို႔ပါပဲ။ဥပမာ ၃၀၀၀၀ တန္ လက္ဆြဲအိတ္တစ္လုံး ဝယ္ၿပီဆိုတာနဲ႔ ၃၀၀၀၀ ရဲ႕ ၁၀ ပုံ၊ ၁ ပုံျဖစ္တဲ့ ေငြ ၃၀၀၀ စုဖို႔ပါပဲ။
အဲဒီနည္းလမ္းအရ တစ္လကို တစ္သိန္း သုံးတယ္ဆိုရင္ တစ္ႏွစ္ကို ၁၂၀၀၀၀ စုမိမွာပါ။ တကယ္လို႔ စုမိတဲ့ေငြကနည္းတယ္လို႔ ထင္ရင္ေတာ့ ပိုက္ဆံစုတဲ့ ရာခိုင္ႏႈန္းကို ၂၀ ရာခိုင္ႏႈန္း၊ ၃၀ ရာခိုင္ႏႈန္း တိုးတာမ်ိဳး လုပ္ႏိုင္ပါတယ္။ ဥပမာ ၃၀၀၀၀ တန္ လက္ဆြဲအိတ္ ဝယ္မယ္ဆိုရင္ ၆၀၀၀(၂၀ ရာခိုင္ႏႈနး္)၊ ၉၀၀၀(၃၀ ရာခိုင္ႏႈန္း) စုႏိုင္ပါတယ္။ အဲဒါဆိုရင္ေတာ့ ပိုက္ဆံ ပိုစုမိမွာပါ။
မေကာင္းတဲ့အက်င့္အလိုက္ ပိုက္ဆံစုမယ္
ေခါင္းစဥ္ဖတ္လိုက္ရင္ နည္းနည္းရႈပ္သြားႏိုင္ပါတယ္။ တကယ္ေတာ့ မေကာင္းတဲ့အက်င့္ မ်ားေလေလ ပိုက္ဆံစုမိေလေလ ျဖစ္ေအာင္ (ကိုယ့္စိတ္ကိုယ္ထိန္း)လုပ္တဲ့ နည္းလမ္းပါပဲ။ တကယ္လို႔ စာဖတ္သူက အလုပ္အၿမဲေနာက္က်တတ္တယ္၊ ဒါမွမဟုတ္ အိပ္ယာထတာ အၿမဲေနာက္က်တယ္ဆိုရင္ အဲဒီျဖစ္ရပ္ တစ္ခုခ်င္းစီအတြက္ ပိုက္ဆံစုရမွာပါ။
တစ္ခါ အိပ္ယာထေနာက္က်ရင္ ၁၀၀၀ ဒါမွမဟုတ္ ၂၀၀၀၊ ၃၀၀၀ စုရမွာပါ။ စစခ်င္းမွာ ပိုက္ဆံနည္းနည္းနဲ႔ စစုလို႔ ရေပမယ့္ ေနာက္ပိုင္းမွာ စုတဲ့ပိုက္ဆံပမာဏကို မေလွ်ာ့မိဖို႔ေတာ့ လိုပါတယ္။ ဒီနညး္လမ္းအရ မေကာင္းတဲ့ အက်င့္ေတြကို သတိျပဳမိၿပီးသား ျဖစ္သြားသလို မေကာင္းတဲ့ အက်င့္ေတြ မျပင္ႏိုင္ေသးခင္ ပိုက္ဆံစုမိၿပီးသားလည္း ျဖစ္သြားမွာပါ။ အလုပ္ေနာက္က်တိုင္း ပိုက္ဆံ ၁၀၀၀ စုမယ္ဆိုရင္ တစ္ႏွစ္အတြင္း အလုပ္ေနာက္က်တဲ့အႀကိမ္ (၅၀)ရွိမယ္ဆိုရင္ ၅၀၀၀၀ စုမိၿပီးသား ျဖစ္သြားမွာပါ
Unicode
ငွေသုံးကြမ်း တဲ့သူတောင် ပိုက်ဆံစုမိစေမယ့် နည်းလမ်းများ
ငွေသုံးကြမ်းတဲ့သူတွေအတွက်တော့ ပိုက်ဆံစုရတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့တွေက လက်ထဲ ပိုက်ဆံရှိရင် သုံးချင်စိတ်က ထိန်းမရကြဘူးလေ။ လက်ထဲက ငွေယားလေးတွေ ကုန်သွားမှ နေသာထိုင်သာရှိသူတွေတောင် ရှိကြပါတယ်။ အဲဒီတော့ တစ်ဆင့်ချင်းသွားပြီး တစ်နှစ်အတွင်း ပိုက်ဆံ များများစားစား စုမိစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
တစ်ဆင့်ချင်းစုနည်း
ဒီနည်းလမ်းကတော့ သီတင်းပတ်တစ်ပတ်ချင်းစီ ပိုက်ဆံစုရမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို သီတင်းပတ် ၅၂ ပတ်ရှိတော့ ၅၂ ခါ စုရမှာပေါ့။ ပထမဆုံး စစုတဲ့အပတ်မှာ ၅၀၀ ဒါမှမဟုတ် ၁၀၀၀ နဲ့ စတင်နိုင်ပါတယ်။ဒါပေမဲ့ တစ်ပတ်ထက် တစ်ပတ် ဆတိုးစုသွားရမှာဖြစ်ပါတယ်။ ပထမဆုံး အပတ်မှာ ၁၀၀၀ စုရင် နောက်တစ်ပတ် ၂၀၀၀၊နောက်တစ်ပတ်ကျ ၃၀၀၀ …..အစရှိသလို ဆတိုး တိုးသွားရမှာပါ။အဲဒီလိုဆိုရင် တစ်နှစ်ကုန်တာနဲ့ ၁၃၇၈၀၀၀ စုမိမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ပိုက်ဆံမသုံးဘဲ ပုံမှန်စုသွားမှ အဆင်ပြေမှာပါ။တကယ်လို့ အပတ်တိုင်း ပိုက်ဆံမစုနိုင်ဘူးဆိုရင်လည်း စုမယ့်ပိုက်ဆံ ပမာဏကို တိုးပြီး လတိုင်း စုသွားတာမျိုး လုပ်နိုင်ပါတယ်။
သုံးတဲ့ပိုက်ဆံရဲ့ ရာခိုင်နှုန်းအလိုက် ပြန်စုတာ
ဒီနည်းလမ်းကတော့ ပိုက်ဆံ စုမိစေရုံတင်မကဘဲ ကိုယ့်ရဲ့ အသုံးစရိတ် ဘယ်လောက်ရှိလဲဆိုတဲ့အချက်ကိုပါ တိတိကျကျ သိစေနိုင်မှာဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ်ဝယ်ယူမယ့် ပစ္စည်းတစ်ခုခု ဒါမှမဟုတ် ကိုယ့်စားမယ့် စားစရာတစ်ခုခုရဲ့ ၁၀ ပုံ၊ ၁ ပုံ(၁၀ ရာခိုင်နှုန်း)ကို စုထားဖို့ပါပဲ။ဥပမာ ၃၀၀၀၀ တန် လက်ဆွဲအိတ်တစ်လုံး ဝယ်ပြီဆိုတာနဲ့ ၃၀၀၀၀ ရဲ့ ၁၀ ပုံ၊ ၁ ပုံဖြစ်တဲ့ ငွေ ၃၀၀၀ စုဖို့ပါပဲ။
အဲဒီနည်းလမ်းအရ တစ်လကို တစ်သိန်း သုံးတယ်ဆိုရင် တစ်နှစ်ကို ၁၂၀၀၀၀ စုမိမှာပါ။ တကယ်လို့ စုမိတဲ့ငွေကနည်းတယ်လို့ ထင်ရင်တော့ ပိုက်ဆံစုတဲ့ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း တိုးတာမျိုး လုပ်နိုင်ပါတယ်။ ဥပမာ ၃၀၀၀၀ တန် လက်ဆွဲအိတ် ဝယ်မယ်ဆိုရင် ၆၀၀၀(၂၀ ရာခိုင်နှုနး်)၊ ၉၀၀၀(၃၀ ရာခိုင်နှုန်း) စုနိုင်ပါတယ်။ အဲဒါဆိုရင်တော့ ပိုက်ဆံ ပိုစုမိမှာပါ။
မကောင်းတဲ့အကျင့်အလိုက် ပိုက်ဆံစုမယ်
ခေါင်းစဉ်ဖတ်လိုက်ရင် နည်းနည်းရှုပ်သွားနိုင်ပါတယ်။ တကယ်တော့ မကောင်းတဲ့အကျင့် များလေလေ ပိုက်ဆံစုမိလေလေ ဖြစ်အောင် (ကိုယ့်စိတ်ကိုယ်ထိန်း)လုပ်တဲ့ နည်းလမ်းပါပဲ။ တကယ်လို့ စာဖတ်သူက အလုပ်အမြဲနောက်ကျတတ်တယ်၊ ဒါမှမဟုတ် အိပ်ယာထတာ အမြဲနောက်ကျတယ်ဆိုရင် အဲဒီဖြစ်ရပ် တစ်ခုချင်းစီအတွက် ပိုက်ဆံစုရမှာပါ။
တစ်ခါ အိပ်ယာထနောက်ကျရင် ၁၀၀၀ ဒါမှမဟုတ် ၂၀၀၀၊ ၃၀၀၀ စုရမှာပါ။ စစချင်းမှာ ပိုက်ဆံနည်းနည်းနဲ့ စစုလို့ ရပေမယ့် နောက်ပိုင်းမှာ စုတဲ့ပိုက်ဆံပမာဏကို မလျှော့မိဖို့တော့ လိုပါတယ်။ ဒီနညး်လမ်းအရ မကောင်းတဲ့ အကျင့်တွေကို သတိပြုမိပြီးသား ဖြစ်သွားသလို မကောင်းတဲ့ အကျင့်တွေ မပြင်နိုင်သေးခင် ပိုက်ဆံစုမိပြီးသားလည်း ဖြစ်သွားမှာပါ။ အလုပ်နောက်ကျတိုင်း ပိုက်ဆံ ၁၀၀၀ စုမယ်ဆိုရင် တစ်နှစ်အတွင်း အလုပ်နောက်ကျတဲ့အကြိမ် (၅၀)ရှိမယ်ဆိုရင် ၅၀၀၀၀ စုမိပြီးသား ဖြစ်သွားမှာပါ
Credit



