Knowledge

သင့်အိမ်ကသရက်ပင် အပွင့်မြန်ဖို့အတွက်

သင့်အိမ်ကသရက်ပင် အပွင့်မြန်ဖို့အတွက်

သရက်အပွင့်ထွက်ဖို့ကို ရှေ့လူကြီးတွေက ဓါးထစ်ခိုင်းကြပါတယ်။ဓါးထစ်လို့အပင်က ကြောက်လန့်ပြီးအပွင့်ထွက်တာတော့ မဟုတ်ပါ။အပင်တွေရဲ့သဘောသဘာ၀က အရွက်ကနေ အစာချက်လုပ်ပြီး အမြစ်ကို ပြန်ပို့ပေးပါတယ်။

ပုံမှန်ဆိုရင် အပင်တွေက ရှင်သန်ရေး အပင်သန်မာရေးကိုဦးစားပေးလေ့ရှိတယ်။ အသီးအပွင့်အတွက် ဦးစားပေးလေ့မရှိဘူး။မအပင်အများစုက အေးတဲ့ဆောင်းရာသီမှာ အပွင့်ထွက်တာများပါတယ်။ အကြောင်းအရင်းတခုက အရွက်တွေနှင်းရည်စိုနေချိန် လေထုက ပါလာတဲ့မြေသြဇာကိုအရွက်တွေမှာကပ်ပြီး.. အရွက်တွေကမြေသြဇာတိုက်ရိုက်ရသွားတယ်။

နေထွက်ချိန်မှ မနက် 11 နာရီလောက်အထိမှာ အရွက်တွေက အစာချက်လုပ်ပါတယ်။ဒါပေမယ့် ဆောင်းတွင်း အအေးဓါတ်ကြောင့် ပင်စည်နဲ့အခေါက်ဆဲလ်တွေက ကျုံ့သွားပြီးအရွက်တွေက ချက်လုပ်တဲ့ အစာအဟာရတွေ အမြစ်ကို ပြန်ပို့ရတာခက်ခဲ သွားတယ်။

အရွက်တွေက ချက်လုပ်တဲ့ မြေသြဇာ အဟာရတွေကို အောက်ပိုင်းကို ပြန်ပို့ခက်ခဲသွားတဲ့အတွက် အရွက်အခက်တွေက အဟာရအပြည့်အ၀ရသွားပြီး အပွင့်ထွက်လေ့ရှိပါတယ်။

ဒါကြောင့် ဓါးနဲ့ထစ်လိုက်ရင် အရွက်တွေချက်လုပ်တဲ့ အစာအဟာရလမ်းကြောင်းပြတ်သွားပြီး အမြစ်ဆီကိုပြန်မပို့နိုင်တော့လို့အပွင့်ထွက်တာဖြစ်ပါတယ်။ဓါးနဲ့ထစ်တာက အထစ်များရင် မှိုပိုး၀င်တတ်ပါတယ်။ အထစ်မမှန်ရင် အစာအဟာရ လမ်းကြောင်းမပြတ်ဘူးဖြစ်တတ်ပါတယ်။

ပင်စည် ကိုဖြစ်ဖြစ် အကိုင်းကိုဖြစ်ဖြစ် အခွံအခေါက် ပတ်ပတ်လည်ကို ဓါးနဲ့ရစ်ပြီးဖြတ်တာက အစာအဟာရ လမ်းကြောင်းကိုလုံး၀ ပြတ်သွားစေပါတယ်။

ဓါးဒဏ်ရာအနည်းငယ်သာဖြစ်လို့မှိုပိုး၀င်ဖို့အခွင့်အလမ်းနည်းတယ်။ အနားကျက်မြန်ပြီးပန်ဆက်မြန်တယ်။ အပွင့်ထွက်နောက် အသီးကို မြေသြဇာ အစာအဟာရတွေ အမြစ်ကနေ ပို့ဖို့လိုအပ်တာကြောင့် ဖြတ်ရာ အမြန်ပြန်ဆက်ဖို့လည်းလိုအပ်ပါတယ်။

အပင် လောင်းရိပ် ကျရင့် အသီးအပွင့် မထွက် ဘူးဆိုတာက အလင်းရောင် မရလို့ဖြစ်တယ်။ အလင်းရောင်မရင် အရွက်က အစာချက်လုပ်တဲ့ အ ပေါက်တွေ မပွင့်ပဲ အစာ ချက်လုပ်ချင်းအားနည်းသွားတာကြောင့်ဖြစ်တယ်။

ဘယ်အချိန်မှာ ဓါးနဲ့ရစ်ဖြတ်ရမလဲ ။အပင် အမြစ်ကို မြေသြဇာ NPK အပြည့်အစုံ နဲ့ရေကို ပုံမှန်ပေးထားရပါမယ်။ အရွက်အတွက်က ကြက်ဥဟော်မုန်းဆေးရည် ဟင်းခတ်ဇွန်း 5 ဇွန်း (50 စီစီ)ကို ရေလီတာ 20 နဲ့ရောပြီး 3 ရက်တစ်ခါ ပေးထားရမယ်။

အရွက်အောက်ဘက်က အစာအဟာရစုပ်ယူတဲ့ အဖေါက်တွေရှိလို့အရွက်အောက်ဘက်ကို ထိအောင်ဖြန်းရပါမယ်။ အ ရွက် အ ပေါက်တွေပွင့်တဲ့ အချိန် နေထွက်ချိန်မှ မနက် 11 နာရီအတွင်းမှာ ဖြန်းရပါမယ်။

11 နာရီနောက်ပိုင်းမှာ အစာစုပ်ယူပြီး အစာချက်လုပ်တဲ့ အ ပေါက်တွေ ပြန်ပိတ်သွားပါတယ်။ကြက်ဥဟော်မုန်းဆေးရည်ကို အနည်းဆုံး 15 ရက်မှ ရက် 30 လောက်ကြိုပေးထားရပါမယ်။

အ အေး ဓါတ်များရင် ကြက်ဥ ဟော်မုန်း ဆေးရည်ဖြန်းတာနဲ့ပဲ အ ပွင့် ထွက်ပါမယ်။တကယ်လို့အပွင့်မထွက်ဘူးဆိုရင်တော့ အစာအဟာရလမ်းကြောင်းကို ဖြတ်ပေးရပါမယ်။

အရွက်နုရင်တော့ အပွင့်ထွက်မှာ မဟုတ်ပါ။ အရွက်တွေရင့်နေပြီး ဆိုရင် အစာအဟာရ လမ်းကြောင်းကို ဓါးနဲ့ရစ်ဖြတ်ပေးရပါမယ်။တချိန်ထဲမှာပဲ ကြက်ဥဟော်မုန်းဆေးရည်ကို 3 ရက်တစ်ခါဆက်တိုက်ဖြန်းပေးရပါမယ်။

15 ရက်မှ ရက် 30 အတွင်းအပွင့်ထွက်ပါမယ်။ပုံမှာလေ့လာကြည့်ပါ။တစ်ပင်တည်းမှာ အရွက်နု အကိုင်းက အပွင့်မထွက်ဘူး..။ အရွက်အရင့်အကိုင်းတွေကပဲ ပွင့်ပါတယ်။

ညအခါ မှာ မီးထွန်း ပေးရင်လည်း အပွင့်အမြန်ထွက်ပါတယ်။ ညမိုးချုပ်တာနဲ့မီးထွန်းပေးရပါမယ်။ နေ့လည် 11 နောက်ပိုင်း အစာစုပ်ယူပြီး အစာချက်လုပ်တဲ့ အ ပေါက်တွေ ပိတ် သွားပြီးနောက် မိုးချုပ်ချိန် မီးထွန်းပေးတော့ အလင်းရောင်ရပြီး အစာချက်လုပ်တဲ့ အပေါက်တွေပြန်ပွင့်လာတယ်။

ညပိုင်းလေထုမှာ ပါလာတဲ့ မြေသြဇာတွေက အစိုဓါတ်ရှိတယ်။ အရွက်တွေ နှင်းရည်နဲ့စိုနေချိန်ဖြစ်လို့ အရွက်တွေမှာ လေထုက မြေသြဇာတွေ အရွက်ကို လာကပ်ပြီး အရွက်တွေ မြေသြဇာရတယ်။ နေ့ရော ညမီးအလင်းကြောင့် အစာချက်လုပ်မှုက 2 ဆ 3 ဆ ဖြစ်ပြီး အရွက်အခက်တွေ အဟာရပိုရများပြီး အပွင့်အမြန်ပွင့်တာဖြစ်တယ်။

မီးထွန်းရင် အရွက်တွေ အလင်းအားလုံးရ အောင်ထွန်းပေးရပါမယ်။သရက်အပြင် တခြား သီးနှံပင်တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ဒီနည်းက ရာသီချိန်မဟုတ်ရင်လည်း အပွင့်ထွက်အောင်လုပ်နိုင်ပါတယ်။

Credit: Win Myint IQwin Farm