Knowledge

အိမ္ေထာင္ျပဳၾကတဲ့အခါ ၾကာ သုံး ၾကာ၊ ခ်ာ သုံး ခ်ာ၊ ပါ သုံး ပါဆို တဲ့ ဗဟုသုတ အေၾကာင္းေလးပါ

ကြာ သုံး ကြာ၊ ခ်ာ သုံး ခ်ာ၊ ပါ သုံး ပါဆို တဲ့ အေၾကာင္း ဗဟုသုတေလး ပါ လြတ္လပ္စြာ ရွယ္ယူ ႏိုင္ပါသည္ ။

“အိမ္ေထာင္ျပဳ၊ ဘုရားတည္၊ေဆးမွင္ရည္ စုပ္ထိုး၊ ေက်ာင္းထိုင္ပင့္၊ျမတ္သံဃာ၊စာခ်ဳပ္ရန္ခက္သည့္အမ်ိဳး။” ဆိုတဲ့ ေရွးပညာရွိမ်ားဆိုမိန႔္စကားရွိပါတယ္။

အ႐ြယ္ေရာက္လာၾကသူ အမ်ိဳးသား အမ်ိဳးသမီးတိုင္း (အပ်ိဳႀကီး၊လူပ်ိဳႀကီးကလြဲရင္)အိမ္ေထာင္ျပဳၾကမွာျဖစ္ပါတယ္။

အိမ္ေထာင္ျပဳၾကတဲ့ အခါမွာလည္း မိဘေပးစားလို႔ အိမ္ေထာင္ျပဳျခင္း၊ ကိုယ္အခ်င္းခ်င္း ေမတၱာမွ်ၾကလို႔ အိမ္ေထာင္ျပဳျခင္းဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။

ဘယ္လိုပုံစုံမ်ိဳးျဖင့္ အိမ္ေထာင္ျပဳျပဳ အထူးဆင္ျခင္သင့္၊ ေရွာင္ရွားသင့္သည့္ “ကြာသုံးကြာ၊ခ်ာသုံးခ်ာ၊ပါသုံးပါ” ကိုေတာ့ အထူးေရွာင္ရွားၾကပါလို႔ ေရွးပညာရွိမ်ားက သတိေပးေျပာဆိုဆုံးမခဲ့ၾကပါတယ္။

ဘာလို႔လဲဆိုရင္ အိမ္ေထာင္ေရးအဆင္မေျပမႈေတြျဖစ္မွာဆိုးသည့္အတြက္ေၾကာင့္ပါ။ဒါေၾကာင့္ အိမ္ေထာင္ျပဳတဲ့အခါမွာ “ကြာသုံးကြာ၊ ခ်ာသုံးခ်ာ၊ ပါသုံးပါ”ကို သတိထားလိုက္နာၾကဖို႔လိုပါတယ္။

ကြာသုံးကြာဆိုတာ..

၁။ လူမ်ိဳးကြာျခားျခင္း။

၂။ အယူဘာသာကြာျခားျခင္း။

၃။ စိတ္ေနသေဘာထားတို႔ ကြာျခားျခင္းတို႔ ျဖစ္ပါတယ္။

၁။ လူမ်ိဳးကြာျခားျခင္း ဆိုတာ လူမ်ိဳးျခားကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္မိတဲ့ မိန္းကေလး၊ေယာက္်ားေလးေတြဟာ ကိုယ့္ေမြးဖြားလာမယ့္

ရင္ေသြးငယ္ေလးေတြက လူမ်ိဳးျခားစိတ္ေပါက္သြားရင္ ကိုယ့္လူမ်ိဳးတေျဖးေျဖးတုံးၿပီး ေပ်ာက္ကြယ္သြားႏိုင္လို႔ပါ။

၂။ အယူဘာသာကြာျခားသူကို အိမ္ေထာင္

ဖက္အျဖစ္ေ႐ြးခ်ယ္မိတဲ့ သူမ်ားဟာ ကိုယ္ကဗုဒၶဘာသာ ကိုယ့္အိမ္ေထာင္ဖက္က အျခားဘာသာျဖစ္ေနရင္ အိမ္ေထာင္ေရးအဆင္မေျပမႈေတြ အနည္းနဲ႔အမ်ားျဖစ္တတ္ပါတယ္။

ဘာျဖစ္လို႔လဲဆိုရင္ ကိုယ္က ဗုဒၶဘာသာျဖစ္သည့္အားေလ်ာ္စြာ ဒါန သီလ ဘာဝနာတရားမ်ားကို က်င့္ႀကံေနတဲ့ သမၼာဒ႒ိ အယူမွန္ေနသူျဖစ္လင့္ကစား

ထိုေကာင္းမႈမ်ားကိုျပဳလုပ္ျခင္းရွင္ျပဳ ရဟန္ခံျခင္းစတဲ့ဗုဒၶဘာသာႏွင့္ဆိုင္တဲ့ကုသိုလ္အလုပ္တို႔ကိုလုပ္ေပမယ့္လို႔ ကိုယ့္အိမ္ေထာင္ဖက္က အယူဘာသာမတူညီေသာေၾကာင့္ ဝိုင္းဝန္းေဆာင္႐ြက္ေပးျခင္း မရွိႏိုင္ပါဘူး

ကိုယ္က ေန႔ထူးေန႔ျမတ္၊ကိုယ့္ရဲ႕ေမြးေန႔တို႔မွာ ဘုရားသြားေက်ာင္းတတ္ ကုသိုလ္ေရစက္ေတြ လုပ္ျခင္တယ္။

ကိုယ့္အိမ္ေထာင္ဖက္က ဘာသာျခားျဖစ္ေနသည့္အတြက္ လိုလားႏွစ္သက္မွာ မဟုတ္ပါဘူး။

ဒီလိုဆိုရင္ေရရွည္မွာ ကိုယ့္အိမ္ေထာင္ဖက္နဲ႔ကိုယ္ဟာဘာသာေရးနဲ႔ပတ္သက္လို႔ အဆင္မေျပမႈေတြျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

၃။ စိတ္သေဘာထားကြာျခားသူဆိုတာ –

ကိုယ္က လႉခ်င္ တန္းခ်င္၊ သီလေစာင့္ခ်င္၊ဘာဝနာတရားပြားမ်ားအားထုတ္ခ်င္ေသာ္လည္း ကိုယ့္အိမ္ေထာင္ဖက္က ကိုယ့္လိုစိတ္ထားမ်ိဳးမရွိဘူးဆိုရင္

ထိုကုသိုလ္အလုပ္မ်ားကို ကိုယ့္အေနနဲ႔ ျပဳလုပ္ဖို႔မလြယ္ကူႏိုင္ေတာ့ပါဘူး။ ထိုကုသိုလ္ေကာင္းမႈမ်ား ျပဳလုပ္ခြင့္မရလွ်င္ ကိုယ္ရဲ႕ဘဝသံသရာအတြက္ဘာမွ အားကိုးစရာရွိေတာ့မွာ မဟုတ္ေတာ့ပါဘူး။

လက္ရွိဘဝမွာလည္း စိတ္ခ်မ္းသာမႈေတြ ေပ်ာက္ဆုံးသြားႏိုင္ပါတယ္။ ဒါေၾကာင့္ေဖာ္ျပပါ “ကြာသုံးကြာ”ကို အိမ္ေထာင္ဖက္အျဖစ္ အေ႐ြးခ်ယ္ၾကဖို႔ ေရွးပညာရွိမ်ားဆုံးမထားခဲ့ျခင္းျဖစ္ပါတယ္။

ခ်ာသုံးခ်ာ

၁။ အသိဉာဏ္ပညာ ႏုံခ်ာသူ။

၂။ စာရိတၱ ႏုံခ်ာသူ။

၃။ ဘဝေပး ႏုံခ်ာသူ။

၁။ အသိဉာဏ္ႏုံခ်ာသူဆိုတာ-

အသိဉာဏ္ ဗဟုသုတ အေတြးအေခၚ ႏုံခ်ာေနသူကို အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္မိၿပီဆိုရင္ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္ဟာ စီးပြားေရး၊ လူမႈေရး၊က်န္းမာေရး၊ဘာသာေရး၊မိသားစုအေရး စတဲ့အေရးေတြမွာအဆင္ေျပေခ်ာေမြ႕ေအာင္ တိုးတတ္ႀကီးပြားေအာင္ မႀကံစည္ႏိုင္၊ မေဆာင္႐ြက္ႏိုင္ေတာ့ပါဘူး၊

အေကာင္းအဆိုး အေၾကာင္းအက်ိဳးေတြကို ကိုယ္တိုင္းစဥ္စားဆုံးျဖတ္ႏိုင္စြမ္းမရွိေတာ့ဘဲသူမ်ားေျပာတာအဟုတ္ထင္ၿပီး လုပ္မိလုပ္ရာ အက်ိဳးမဲ့ေစမယ့္အလုပ္ေတြကိုသာ လုပ္ကိုင္ေဆာင္႐ြတ္တတ္ၿပီးကိုယ့္ရဲ႕မိသားစုအေရး မိသားစုအေရး စတာေတြကို နိမ့္က်သထက္ နိမ့္က်ေအာင္ လုပ္ေနတတ္ပါတယ္။

၂။ စာရိတၱႏုံခ်ာသူ ဆိုတာ

အက်င့္စာရိတၱမရွိတဲ့ သူမ်ိဳးကို အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္မိရင္လည္း အိမ္ေထာင္ေရးအဆင္မေျပႏိုင္ပါဘူး။ ဆင္းရဲဒုကၡမ်ိဳးစုံေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ပါတယ္။

အိမ္ေထာင္ေရးေဖာက္ျပန္မႈေတြ၊ မိသားစုအရွက္တကြဲ အက်ိဳးနည္းမႈေတြျဖစ္ေစပါတယ္၊ ပတ္ဝန္းက်င္ရဲ႕အထင္ျမင္ေသးမႈ၊ သံသယမ်က္လုံးေတြနဲ႔ၾကည့္ခံရမႈ၊ ႐ြံရွာမုန္းတီးမႈေတြကိုပါလက္ရွိဘဝမွာ ခံရႏိုင္သလို ထိုသူအတြက္လည္းတမလြန္ဘဝမွာ အပါယ္ေလးပါးက်ေရာက္ႏိုင္ပါတယ္

၃။ ဘဝေပးႏုံခ်ာသူဆိုတာ

ေမြးလာကတည္းက မ်က္လုံးကန္းသူ၊ေျချပတ္၊လက္ျပတ္၊ဆြံ႕အ နားမၾကားသူမ်ားကို အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္မိရင္လည္း ေရရွည္မွာ အိမ္ေထာင္ေရးအဆင္ေျပႏိုင္ဖို႔ မလြယ္ပါဘူး။

တခ်ိဳ႕ ဇနီးေမာင္ႏွံေတြ ဖူးစာလို႔ေျပာရမလား၊ သနားတယ္လို႔ေျပာရမလား၊ အိမ္ေထာင္ဖက္ေ႐ြးခ်ယ္တာမ်ိဳးလည္း ရွိတတ္ၾကပါတယ္ဒါမ်ိဳးဆိုရင္လည္း ေနႏွင့္လ ေ႐ႊႏွင့္ျမဆိုတာမ်ိဳးမျဖစ္ႏိုင္ေတာ့ပါဘူး။

ဒါေၾကာင့္ ေရွးပညာရွိမ်ားက အိမ္ေထာင္ဖက္ေ႐ြးခ်ယ္ၾကတဲ့အခါထို”ခ်ာသုံးခ်ာ”ကို ေရွာင္ၾကပါလို႔ ဆုံးမခဲ့တာျဖစ္ႏိုင္ပါတယ္။

ပါသုံးပါ

၁။ အနာေရာဂါပါလာသူ။

၂။ အေႂကြးပါလာသူ။

၃။ အပိုစားမည့္သူ(လူပိုေတြ)ပါလာသူ။

၁။ အနာေရာဂါ ပါလာသူဆိုတာ

နာတာရွည္ အနာေရာဂါပါလာသူကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္လိုက္ရင္လည္းသူ႔ကို ေဆးကုေပးရမယ္၊ ဓာတ္စာ ေကာင္းေကာင္း ဝယ္ေကြၽးရမယ္၊တိုင္းရင္းေဆး၊ႏိုင္ငံျခားေဆး မ်ိဳးစုံနဲ႔ေဆးကုေပးရမယ္၊ေဆး႐ုံ ေဆးခန္းေကာင္းေကာင္းတတ္ၿပီးေဆးကုေပးရမယ္

ကိုယ္အိမ္ေထာင္ဖက္ကို ေဆးကုေပးေနရတာနဲ႔တင္ စီးပြားေရးေကာင္းေကာင္းမလုပ္ႏိုင္ေတာ့ဘဲ စီးပြားေရးနယ္ပယ္မွာ အႏုတ္လကၡဏာေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ပါတယ္။

၂။ အေႂကြးပါလာသူဆိုတာ-

အေႂကြးပါလာသူကို အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္မိရင္ သူ႔မွာတင္ေနတဲ့ အေႂကြးကိုကိုယ္က လိုက္ဆပ္ေပးရပါေတာ့မယ္။

အိမ္ေထာင္ျပဳခါစ ထိုထိုအိမ္ေထာင္ဖက္ရဲ႕ အေႂကြးမ်ားကို လိုက္ဆပ္ေနရမည္ဆိုလွ်င္ စီးပြားေရးနလံထူဖို႔ရာ အေတာ္ခက္ခဲ့သြားပါလိမ့္မယ္။

၃။ အပိုစားမည့္သူပါလာသူ

ထိုသူမ်ိဳးကို အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္ရင္လည္း ေရရွည္မွာ အဆင္မေျပႏိုင္ပါဘူး။စီးပြားေရးနယ္ပယ္မွာ ကုန္ေစ်းႏႈံေတြက အရမ္းႀကီးပါတယ္။

ဒါ့အျပင္ ကိုယ့္အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပျပန္ရင္လည္း လူမႈေရးအေျခအေန မေကာင္းႏိုင္ပါဘူး၊ လူမႈေရးအေျခအေနမေကာင္းရင္ေတာ့ ထိုဒဏ္ကိုသည္းမခံႏိုင္ၾကေတာ့သည့္အဆုံး လင္မယားခန္းျပတ္စဲတာေတြပါ ျဖစ္ႏိုင္ပါတယ္

ဒါမို႔ေၾကာင့္ အိမ္ေထာင္ျပဳမည္ဆိုလွ်င္ မိမိရဲ႕ အိမ္ေထာင္ဖက္မွာ “ကြာသုံးကြာ၊ခ်ာသုံးခ်ာ၊ပါသုံးပါ” ထဲတြင္ ပါမပါ သုံးသပ္ၿပီးေတာ့မွ ထို”ကြာ၊ခ်ာ၊ပါ”သုံးမ်ိဳးကို ေရွာင္ၿပီးေတာ့အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္ၾကဖို႔ ေရွးပညာရွိမ်ားက အေလးအနက္ ၫႊန္ၾကားဆုံးမခဲ့တာျဖစ္ပါတယ္။

မွတ္ခ်က္#အထက္ပါ စာစုသည္ ဘုရားေဟာေဒသနာမဟုတ္သည့္အတြက္ အခ်ိဳ႕သူေတြအတြက္ မွန္ခ်င္မွန္မယ္၊အခ်ိဳ႕သူေတြအတြက္ မွားေကာင္းမွားႏိုင္ပါတယ္။

ေရွးပညာရွိမ်ား

Unicode

ကွာ သုံး ကွာ၊ ချာ သုံး ချာ၊ ပါ သုံး ပါဆို တဲ့ အကြောင်း ဗဟုသုတလေး ပါ လွတ်လပ်စွာ ရှယ်ယူ နိုင်ပါသည် ။

“အိမ်ထောင်ပြု၊ ဘုရားတည်၊ဆေးမှင်ရည် စုပ်ထို..း၊ ကျောင်းထိုင်ပင့်၊မြတ်သံဃာ၊စာချုပ်ရန်ခက်သည့်အမျိုး။” ဆိုတဲ့ ရှေးပညာရှိများဆိုမိန့်စကားရှိပါတယ်..။

အရွယ်ရောက်လာကြသူ အမျိုးသား အမျိုးသမီးတိုင်း (အပျိုကြီး၊လူပျိုကြီးကလွဲရင်)အိမ်ထောင်ပြုကြမှာဖြစ်ပါတယ်။

အိမ်ထောင်ပြုကြတဲ့ အခါမှာလည်း မိဘပေးစားလို့ အိမ်ထောင်ပြုခြင်း၊ ကိုယ်အချင်းချင်း မေတ္တာမျှကြလို့ အိမ်ထောင်ပြုခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။

ဘယ်လိုပုံစုံမျိုးဖြင့် အိမ်ထောင်ပြုပြု အထူးဆင်ခြင်သင့်၊ ရှောင်ရှားသင့်သည့် “ကွာသုံးကွာ၊ချာသုံးချာ၊ပါသုံးပါ” ကိုတော့ အထူးရှောင်ရှားကြပါလို့ ရှေးပညာရှိများက သတိပေးပြောဆိုဆုံးမခဲ့ကြပါတယ်။

ဘာလို့လဲဆိုရင် အိမ်ထောင်ရေးအဆင်မပြေမှုတွေဖြစ်မှာဆိုးသည့်အတွက်ကြောင့်ပါ။ဒါကြောင့် အိမ်ထောင်ပြုတဲ့အခါမှာ “ကွာသုံးကွာ၊ ချာသုံးချာ၊ ပါသုံးပါ”ကို သတိထားလိုက်နာကြဖို့လိုပါတယ်။

ကွာသုံးကွာဆိုတာ

၁။ လူမျိုးကွာခြားခြင်း။

၂။ အယူဘာသာကွာခြားခြင်း။

၃။ စိတ်နေသဘောထားတို့ ကွာခြားခြင်းတို့ ဖြစ်ပါတယ်။

၁။ လူမျိုးကွာခြားခြင်း ဆိုတာ လူမျိုးခြားကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိတဲ့ မိန်းကလေး၊ယောက်ျားလေးတွေဟာ ကိုယ့်မွေးဖွားလာမယ့်

ရင်သွေးငယ်လေးတွေက လူမျိုးခြားစိတ်ပေါက်သွားရင် ကိုယ့်လူမျိုးတဖြေးဖြေးတုံးပြီး ပျောက်ကွယ်သွားနိုင်လို့ပါ။

၂။ အယူဘာသာကွာခြားသူကို အိမ်ထောင်

ဖက်အဖြစ်ရွေးချယ်မိတဲ့ သူများဟာ ကိုယ်ကဗုဒ္ဓဘာသာ ကိုယ့်အိမ်ထောင်ဖက်က အခြားဘာသာဖြစ်နေရင် အိမ်ထောင်ရေးအဆင်မပြေမှုတွေ အနည်းနဲ့အများဖြစ်တတ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကိုယ်က ဗုဒ္ဓဘာသာဖြစ်သည့်အားလျော်စွာ ဒါန သီလ ဘာဝနာတရားများကို ကျင့်ကြံနေတဲ့ သမ္မာဒဋ္ဌိ အယူမှန်နေသူဖြစ်လင့်ကစား..

ထိုကောင်းမှုများကိုပြုလုပ်ခြင်းရှင်ပြု ရဟန်ခံခြင်းစတဲ့ဗုဒ္ဓဘာသာနှင့်ဆိုင်တဲ့ကုသိုလ်အလုပ်တို့ကိုလုပ်ပေမယ့်လို့ ကိုယ့်အိမ်ထောင်ဖက်က အယူဘာသာမတူညီသောကြောင့် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်း မရှိနိုင်ပါဘူး

ကိုယ်က နေ့ထူးနေ့မြတ်၊ကိုယ့်ရဲ့မွေးနေ့တို့မှာ ဘုရားသွားကျောင်းတတ် ကုသိုလ်ရေစက်တွေ လုပ်ခြင်တယ်။

ကိုယ့်အိမ်ထောင်ဖက်က ဘာသာခြားဖြစ်နေသည့်အတွက် လိုလားနှစ်သက်မှာ မဟုတ်ပါဘူး။

ဒီလိုဆိုရင်ရေရှည်မှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ကိုယ်ဟာဘာသာရေးနဲ့ပတ်သက်လို့ အဆင်မပြေမှုတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၃။ စိတ်သဘောထားကွာခြားသူဆိုတာ

ကိုယ်က လှူချင် တန်းချင်၊ သီလစောင့်ချင်၊ဘာဝနာတရားပွားများအားထုတ်ချင်သော်လည်း ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်လိုစိတ်ထားမျိုးမရှိဘူးဆိုရင်

ထိုကုသိုလ်အလုပ်များကို ကိုယ့်အနေနဲ့ ပြုလုပ်ဖို့မလွယ်ကူနိုင်တော့ပါဘူး။ ထိုကုသိုလ်ကောင်းမှုများ ပြုလုပ်ခွင့်မရလျှင် ကိုယ်ရဲ့ဘဝသံသရာအတွက်ဘာမှ အားကိုးစရာရှိတော့မှာ မဟုတ်တော့ပါဘူး။

လက်ရှိဘဝမှာလည်း စိတ်ချမ်းသာမှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့်ဖော်ပြပါ “ကွာသုံးကွာ”ကို အိမ်ထောင်ဖက်အဖြစ် အရွေးချယ်ကြဖို့ ရှေးပညာရှိများဆုံးမထားခဲ့ခြင်းဖြစ်ပါတယ်။

ချာသုံးချာ

၁။ အသိဉာဏ်ပညာ နုံချာသူ။

၂။ စာရိတ္တ နုံချာသူ။

၃။ ဘဝပေး နုံချာသူ။

၁။ အသိဉာဏ်နုံချာသူဆိုတာ..

အသိဉာဏ် ဗဟုသုတ အတွေးအခေါ် နုံချာနေသူကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိပြီဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဖက်ဟာ စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ဘာသာရေး၊မိသားစုအရေး စတဲ့အရေးတွေမှာအဆင်ပြေချောမွေ့အောင် တိုးတတ်ကြီးပွားအောင် မကြံစည်နိုင်၊ မဆောင်ရွက်နိုင်တော့ပါဘူး၊

အကောင်းအဆိုး အကြောင်းအကျိုးတွေကို ကိုယ်တိုင်းစဉ်စားဆုံးဖြတ်နိုင်စွမ်းမရှိတော့ဘဲသူများပြောတာအဟုတ်ထင်ပြီး လုပ်မိလုပ်ရာ အကျိုးမဲ့စေမယ့်အလုပ်တွေကိုသာ လုပ်ကိုင်ဆောင်ရွတ်တတ်ပြီးကိုယ့်ရဲ့မိသားစုအရေး မိသားစုအရေး စတာတွေကို နိမ့်ကျသထက် နိမ့်ကျအောင် လုပ်နေတတ်ပါတယ်။

၂။ စာရိတ္တနုံချာသူ ဆိုတာ..

အကျင့်စာရိတ္တမရှိတဲ့ သူမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိရင်လည်း အိမ်ထောင်ရေးအဆင်မပြေနိုင်ပါဘူး။ ဆင်းရဲဒုက္ခမျိုးစုံတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ မိသားစုအရှက်တကွဲ အကျိုးနည်းမှုတွေဖြစ်စေပါတယ်၊ ပတ်ဝန်းကျင်ရဲ့အထင်မြင်သေးမှု၊ သံသယမျက်လုံးတွေနဲ့ကြည့်ခံရမှု၊ ရွံရှာမုန်းတီးမှုတွေကိုပါလက်ရှိဘဝမှာ ခံရနိုင်သလို ထိုသူအတွက်လည်းတမလွန်ဘဝမှာ အပါယ်လေးပါးကျရောက်နိုင်ပါတယ်

၃။ ဘဝပေးနုံချာသူဆိုတာ

မွေးလာကတည်းက မျက်လုံးကန်းသူ၊ခြေပြတ်၊လက်ပြတ်၊ဆွံ့အ နားမကြားသူများကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိရင်လည်း ရေရှည်မှာ အိမ်ထောင်ရေးအဆင်ပြေနိုင်ဖို့ မလွယ်ပါဘူး။

တချို့ ဇနီးမောင်နှံတွေ ဖူးစာလို့ပြောရမလား၊ သနားတယ်လို့ပြောရမလား၊ အိမ်ထောင်ဖက်ရွေးချယ်တာမျိုးလည်း ရှိတတ်ကြပါတယ်ဒါမျိုးဆိုရင်လည်း နေနှင့်လ ရွှေနှင့်မြဆိုတာမျိုးမဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့် ရှေးပညာရှိများက အိမ်ထောင်ဖက်ရွေးချယ်ကြတဲ့အခါထို”ချာသုံးချာ”ကို ရှောင်ကြပါလို့ ဆုံးမခဲ့တာဖြစ်နိုင်ပါတယ်..။

ပါသုံးပါ

၁။ အနာရောဂါပါလာသူ။

၂။ အကြွေးပါလာသူ။

၃။ အပိုစားမည့်သူ(လူပိုတွေ)ပါလာသူ။

၁။ အနာရောဂါ ပါလာသူဆိုတာ-

နာတာရှည် အနာရောဂါပါလာသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်ရင်လည်းသူ့ကို ဆေးကုပေးရမယ်၊ ဓာတ်စာ ကောင်းကောင်း ဝယ်ကျွေးရမယ်၊တိုင်းရင်းဆေး၊နိုင်ငံခြားဆေး မျိုးစုံနဲ့ဆေးကုပေးရမယ်၊ဆေးရုံ ဆေးခန်းကောင်းကောင်းတတ်ပြီးဆေးကုပေးရမယ်

ကိုယ်အိမ်ထောင်ဖက်ကို ဆေးကုပေးနေရတာနဲ့တင် စီးပွားရေးကောင်းကောင်းမလုပ်နိုင်တော့ဘဲ စီးပွားရေးနယ်ပယ်မှာ အနုတ်လက္ခဏာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

၂။ အကြွေးပါလာသူဆိုတာ-

အကြွေးပါလာသူကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိရင် သူ့မှာတင်နေတဲ့ အကြွေးကိုကိုယ်က လိုက်ဆပ်ပေးရပါတော့မယ်။

အိမ်ထောင်ပြုခါစ ထိုထိုအိမ်ထောင်ဖက်ရဲ့ အကြွေးများကို လိုက်ဆပ်နေရမည်ဆိုလျှင် စီးပွားရေးနလံထူဖို့ရာ အတော်ခက်ခဲ့သွားပါလိမ့်မယ်။

၃။ အပိုစားမည့်သူပါလာသူ

ထိုသူမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ရင်လည်း ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။စီးပွားရေးနယ်ပယ်မှာ ကုန်ဈေးနှုံတွေက အရမ်းကြီးပါတယ်။

ဒါ့အပြင် ကိုယ့်အိမ်ထောင်ဘက်နဲ့ အဆင်မပြေပြန်ရင်လည်း လူမှုရေးအခြေအနေ မကောင်းနိုင်ပါဘူး၊ လူမှုရေးအခြေအနေမကောင်းရင်တော့ ထိုဒဏ်ကိုသည်းမခံနိုင်ကြတော့သည့်အဆုံး လင်မယားခန်းပြတ်စဲတာတွေပါ ဖြစ်နိုင်ပါတယ်

ဒါမို့ကြောင့် အိမ်ထောင်ပြုမည်ဆိုလျှင် မိမိရဲ့ အိမ်ထောင်ဖက်မှာ “ကွာသုံးကွာ၊ချာသုံးချာ၊ပါသုံးပါ” ထဲတွင် ပါမပါ သုံးသပ်ပြီးတော့မှ ထို”ကွာ၊ချာ၊ပါ”သုံးမျိုးကို ရှောင်ပြီးတော့အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ကြဖို့ ရှေးပညာရှိများက အလေးအနက် ညွှန်ကြားဆုံးမခဲ့တာဖြစ်ပါတယ်။

မှတ်ချက်#အထက်ပါ စာစုသည် ဘုရားဟောဒေသနာမဟုတ်သည့်အတွက် အချို့သူတွေအတွက် မှန်ချင်မှန်မယ်၊အချို့သူတွေအတွက် မှားကောင်းမှားနိုင်ပါတယ်။

#ရှေးပညာရှိများ