အိမ်မှာ အကြောင်း တစ်ခုခုရှိရင်လဲ စုပ်ထိုးတက်ပါတယ် မိမိ ဘုရားရှိခိုးနေတဲ့ အချိန် အမျှဝေတဲ့အချိန် ဆွမ်းကပ်တဲ့ အချိန်တွေမှာ အိမ်မြောင် စုပ်ထိုးရင် ကောင်းပါတယ်
ဆရာ ထူးမြတ်အောင်
Crd
==========
Zawgyi
မိမိ ဘုရားရှိခိုးတဲ့ အချိန်မှာ အိမ်မြောင်စုပ်ထိုး ပြီဆိုရင်တော့..
အိမ်မြောင်ဆိုတာ အိမ်တော်တော်များများမှာရှိတက်ပါတယ် အိမ်မြောင်ဟာ အလကားနေရင်း အားတိုင်း စုပ်မထိုးပါဘူး
အိမ်မှာ အကြောင်း တစ်ခုခုရှိရင်လဲ စုပ်ထိုးတက်ပါတယ်…။ မိမိ ဘုရားရှိခိုးနေတဲ့ အချိန် အမျှဝေတဲ့အချိန် ဆွမ်းကပ်တဲ့ အချိန်တွေမှာ အိမ်မြောင် စုပ်ထိုးရင် ကောင်းပါတယ်
တစ်ခါတစ်လေ သူဘာသူ စုပ်ထိုးတက်တာလဲရှိပါတယ်…။ ကိုယ်စောင့်နတ် အိမ်စောင့်နတ် နတ်ကောင်းနတ်မြတ်များဟာ မိမိ ဘုရားရှိခိုးတာ ဆွမ်းကပ်တာ အမျှဝေတာကို လိုလား နှစ်သက်ကြပါတယ်
မိမိက အမျှဝေတာ မေတ္တာ ပို့တာတွေကြောင့် နတ်ကောင်း နတ်မြတ်တွေဟာ ကိုယ်ရောင် ကိုယ်ဝါ တောက်ပလာခြင်း ဘုန်းတန်ခိုး ကြီးမာလာခြင်း ကုသိုလ်ထက်တူရခြင်း ဖြစ်ပေါ်လာတက်ပါတယ်
ဒါကြောင့် မိမိ ဘုရားရှိခိုးတဲ့ အချိန်မှာ အိမ်မြောင် စုပ်ထိုးခြင်းသည် နတ်များက မိမိအား နှစ်သက်ခြင်းကြောင့် သာဓု ခေါ်ခြင်းဖြစ်ပါတယ် မိမိ စိတ်အေးချမ်းလာစေပါတယ်…
ညဘက် မိမိဟာ ဘုရားရှိခိုးဖို့ မေ့နေတက်ရင်လဲ အိမ်မြောင်က ကောင်းမှု ကုသိုလ်ပြုလုပ်ရင် သတိပေးခြင်းဖြင့် စုပ်ထိုးလေ့ရှိပါတယ်…
ကောင်းမှုများများလုပ်ရင် ကုသိုလ်များများလုပ်ရင် နတ်တွေက မိမိကို စောင့်ရှောက်တယ် ဆိုတာကို ပြစေချင်လို့ မကြာကြာ စုပ်ထိုးတဲ့ အသံကြားရလေ့ရှိပါတယ်…
ဒါကလဲ ယုံကြည်မှုနဲ့လဲဆိုင်ပါတယ် ဆရာ့ ယုံကြည်မှုအရ ပြောပြပေးခြင်းဖြစ်ပါတယ်…။
ဆရာ ထူးမြတ်အောင်